သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-04-30
အင်းစိန်ထောင်အတွင်းမှာ သေဒဏ် အပြစ်ပေးခံထားရတဲ့ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နိုင်ယက္ခ (ခေါ်) မင်းနေဝင်းနဲ့ နိုင်ချိန်းဂကောင်း (ခေါ်) မျိုးသွေးတို့ကို မော်လမြိုင်မြို့ ကမ်းနားလမ်း ဟော်တယ်မှာ ဒီကနေ့ နေ့လည်က တရားဝင် လွဲပြောင်းပေးအပ်ပွဲ ပြုလုပ်ခဲ့ပါတယ်။
2012-04-30
မြန်မာအစိုးရဟာ ပြည်ပနိုင်ငံတွေရဲ့ ပိတ်ဆို့ ပြစ်ဒဏ်ခတ်ထားတာကို ထောက်ပြ ဝေဖန်လေ့ရှိပေမယ့် အစိုးရကိုယ်တိုင်က မြန်မာပြည်သူတွေကို ပိတ်ဆို့ အရေးယူထားကြောင်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ဒီကနေ့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
2012-04-30
NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ်တွေ မကြာခင်မှာ ကျမ်းသစ္စာကျိန်ပြီး လွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကိစ္စကို ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့က ကြိုဆိုလိုက်ပါတယ်။
2012-04-30
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို အားပေးထောက်ခံတဲ့အနေနဲ့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို အခုထက်ပိုပြီး ဖယ်ရှား လျှော့ချပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက နိုင်ငံတကာကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2012-04-30
ယခုကျင်းပနေတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေးကို ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်မယ်လို့ NLD က ဒီကနေ့ ကြေညာလိုက်ပါတယ်။
2012-04-29
ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပြည်ထောင်စု လွှတ်တော် တက်ရောက်နိုင်ရေးအတွက် ကျမ်းသစ္စာ ကျိန်ဆိုမယ့်ကိစ္စ အမြန်ဆုံး ပြေလည်အောင် ဆောင်ရွက်နေတယ်လို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောဆိုလိုက်ပါတယ်။
2012-04-29
အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက ခရီးသွားတွေနဲ့ လုပ်ငန်းရှင်တွေအတွက် လာမယ့် ဇွန်လကစပြီး ဆိုက်ရောက် ဗီဇာတွေ ထုတ်ပေးတော့မယ်လို့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီက ပြောပါတယ်။
2012-04-29
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ လက်ရှိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှစ်ဖွဲ့ကို တစ်ဖွဲ့တည်းဖြစ်အောင် ပြန်လည်ဖွဲ့စည်းရာမှာ အကြီးတန်းတပ်မတော် အရာရှိကြီးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ ပါဝင်ကြမှာဖြစ်ပြီး ဒု သမ္မတ တစ်ဦးက ဦးဆောင်မှာဖြစ်ကြောင်း၊ အစိုးရ ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ တစ်ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
2012-04-29
ဒီကနေ့ မနက် ၁ နာရီ ၁၀ မိနစ်ခန့်က မန္တလေး - မြစ်ကြီးနားသွား အမှတ် ၃၃ အိပ်စင် အဆန်ရထားဟာ မိုးညှင်း မြို့နယ် မော်ဟန်ကျေးရွာကနေ တစ်မိုင်အကွာမှာ မိုင်းထိပြီး တိမ်းမှောက်သွားတယ်လို့သိရပါတယ်။
2012-04-29
ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ကို တဖွဲ့တည်း ထားရှိဖို့ စီစဉ်နေတယ်လို့ ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက သတင်းထောက်တွေကို ပြောဆိုပါတယ်။
2012-04-29
မြန်မာနိုင်ငံကို ဒီကနေ့ နေ့လည်ပိုင်းက ရောက်ရှိလာတဲ့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle ဟာ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက်တွေ့ဆုံပြီး EU ဥရောပ သမဂ္ဂရဲ့ရပ်တည်ချက်၊ သဘောထားတွေကို ဆွေးနွေးကြောင်း သိရပါတယ်။
2012-04-29
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Ban Ki-moon ဟာ မြန်မာနိုင်ငံကို ဒီနေ့ ရောက်ရှိလာပြီး မနက်ဖြန်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဖို့ အစီအစဉ်ရှိတယ်လို့ ရန်ကုန် UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ရုံးက ပြောကြားပါတယ်။
2012-04-28
အခု တစ်ပတ် အာအက်ဖ်အေ ဦးခင်မောင်ညိန်း စီစဉ်ထုတ်လွှင့်တဲ့ တနင်္ဂနွေဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ NLD ပါတီက ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်လောင်းတွေ လွှတ်တော်ဝင်ဖို့ ကျမ်းသစ္စာ ကျိန်ဆိုရေးအတွက် စာသားတချို့ ပြောင်းလဲပေးဖို့ တောင်းဆိုထားတဲ့ ကိစ္စအပေါ် ဝေဖန်သံမျိုးစုံ ထွက်ပေါ်နေတဲ့ အကြောင်းတွေကို အခြေခံပြီး တင်ပြ ဆွေးနွေးထားပါတယ်။
2012-04-28
ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ထွန်းရေး ဦးတည်လှုပ်ရှားမှုအဖြစ် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ရှမ်းပြည်တောင်ပိုင်း ခရီးစဉ် စတင်ဖို့ ဒီကနေ့ မနက်ပိုင်းမှာ မန္တလေးမြို့ကို ရောက်ရှိလာပါတယ်။
2012-04-28
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေအပေါ် စိတ်ဝင်စားကြောင်း ဂျပန်နိုင်ငံက ဒီကနေ့ ပြောလိုက်ပါတယ်။