သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-05-31
မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရကို မေတ္တာရပ်ခံ ပြောဆိုခဲ့ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
2012-05-31
အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကိုယ်စားလှယ်အဖွဲ့တို့ဟာ ဒီကနေ့ ဇွန်လ (၁) ရက်နေ့ ကချင်ပြည်နယ် လွယ်ဂျယ်ဒေသမှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
2012-05-31
ကမ္ဘာတဝှမ်း အဓမ္မ ခိုင်းစေခံနေရသူ ဦးရေ (၂၁) သန်းနီးပါး ရှိတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2012-05-31
ထိုင်းနိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေခင်းက ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Chalerm Yoobamroong နဲ့ ထိုင်းအစိုးရ အိမ်တော်မှာ ၄၅ မိနစ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
2012-05-31
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ဘန့်နိမ်ရာ (ဘန့်နှစ်ရာလို့ မြန်မာအများအသံထွက်ပါသည်) အရပ်မှာရှိတဲ့ Royal Tax (ရိုင်ရယ် တပ်စ်) အထည်ချုပ်စက်ရုံက မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၀၀) ကျော် လုပ်ခတိုးတောင်းတဲ့အတွက် စက်ရုံတာဝန်ရှိသူတွေက အလုပ်ကနေ မောင်းထုတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။
2012-05-31
လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် စီမံကိန်းအတွက် ကန်ထရိုက်တွေ ရယူထားတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး လယ်သမားတွေကိုယ်စား လယ်သမား အရေးဆောင်ရွက်နေတဲ့ ဦးဝင်းချိုဟာ ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ မြိုရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနရှေ့မှာ ဒီနေ့ မနက်ပိုင်းကနေ မွန်းလွဲပိုင်း အထိ တောင်းဆို ဆန္ဒပြပါတယ်။
2012-05-31
ပြည်မြို့က လျှပ်စစ်မီးရရှိရေး ဆန္ဒပြရာမှာ ပါဝင်ခဲ့သူ တချို့ကို အကြမ်းဖက် ရိုက်နှက်ခဲ့တဲ့ ရဲနဲ့ မြို့နယ်တာဝန်ရှိသူတွေကို အရိုက်ခံရသူတွေက ဒီကနေ့ တရားစွဲဆို လိုက်ပါတယ်။
2012-05-31
မြန်မာအစိုးရနဲ့ KNU ကရင်အမျိုးသား အစည်းအရုံးတို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီထားကြပေမယ့် KNU ထိန်းချုပ် ဒေသအတွင်းမှာ မြန်မာ့ တပ်မတော်ဘက်က စစ်အင်အားနဲ့ ရိက္ခာ ဖြည့်တင်းနေတာတွေ ဆက်ရှိနေပြီး ဒါတွေဟာ နှစ်ဘက် အပြန်အလှန် ယုံကြည်မှု ရရှိရေးအတွက် အနှောင့်အယှက် ဖြစ်စေတယ်လို့ KNU တာဝန်ရှိသူတွေက ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။
2012-05-30
ဝါရင့်သတင်းသမားတွေ ဦးဆောင်တဲ့ ဂျာနယ်အသစ်တခုနဲ့ လူထုမိတ်ဆက်ပွဲကို ရန်ကုန်မြို့မှာ မနေ့က ကျင်းပခဲ့ရာမှာ အယ်ဒီတာတဦး က မြန်မာနိုင်ငံမှာ အရည်အချင်းပြည့်ဝတဲ့ သတင်းထောက်တွေနဲ့ အယ်ဒီတာတွေ လိုအပ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။
2012-05-30
နိုင်ငံခြားခရီး စတင်နေပြီဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အိုင်ယာလန်နိုင်ငံကို ရောက်ရှိတဲ့အခါ AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ချီးမြှင့်ခဲ့တဲ့ဆုကို U2 တေးဂီတအဖွဲ့က ကမ္ဘာကျော် အဆိုတော် Bono က ပေးအပ်မှာ ဖြစ်ပါတယ်။
2012-05-30
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်က ထိုင်းနိုင်ငံ စမွတ်ဆခွန် ခရိုင်၊ မဟာချိုင်မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထောင်ပေါင်းများစွာနဲ့ တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။
2012-05-30
မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဟာ အားရစရာ ဖြစ်ပြီးတော့ အဲဒီအပြောင်းအလဲတွေ ပိုမိုအားကောင်းလာဖို့ ဒေသတွင်း နိုင်ငံခေါင်းဆောင်တွေအနေနဲ့ ဝိုင်းဝန်း တွန်းအားပေးသင့်ကြောင်း ထိုင်းဝန်ကြီးချုပ် မီးစ် ယင်လတ် ရှီနာဝတ် က ပြောကြားလိုက်ပါတယ်။
2012-05-30
အခြေခံအလုပ်သမား အခွင့်အရေးတွေအတွက် ဆန္ဒပြတောင်းဆိုနေမှုတွေအပေါ် အလုပ်ရှင်နဲ့ အလုပ်သမားတွေအားလုံး အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်ပင်ညှိနှိုင်း ဖြေရှင်းကြဖို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။
2012-05-30
ဒီနေ့ ကျရောက်တဲ့ မေ ၃၀ ဒီပဲယင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို မန္တလေးအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ဦးစီးကျင်းပပြီး အဲဒီနေ့က အသက်သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေကို ငွေကြေး ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
2012-05-30
အစာငတ်ခံ ဆန္ဒထုတ်ဖော်နေကြတဲ့ မှော်ဘီ မြို့နယ် မြောင်းတကာ စက်မှုဇုန်က Yangon Crown သံမဏိစက်ရုံ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ အားလုံးကို စက်ရုံပိုင်ရှင်က လိုက်လျောလိုက်ပြီလို့ သိရပါတယ်။