သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-06-30
အစိုးရ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့် ဟာ တနင်္ဂနွေနေ့ နေ့လည်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ ကို ရောက်ရှိခဲ့ပါတယ်။
2012-06-30
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ငါးနိုင်ငံ ခရီးစဉ်က ပြန်လာအပြီး ခရီးပန်းတာကြောင့် လာမယ့် ရက်ပိုင်းအတွင်း ပြန်လည် ကျင်းပမယ့် လွှတ်တော် အစည်းအဝေးကို မတက်ရောက်နိုင်သေးကြောင်း ခွင့်တောင်းခံထားတယ်လို့ သိရပါတယ်။
2012-06-30
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဇွန်လ ၂၉ ရက် သောကြာနေ့ ညနေပိုင်းက ဗုံးတစ်လုံး ပေါက်ကွဲခဲ့လို့ လူတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
2012-06-30
ဆဲဗင်း ဇူလိုင် အောက်မေ့ဘွယ် ဆွမ်းကျွေးပွဲ ပြုလုပ်မယ့် မုံရွာမြို့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ဝင်တွေနဲ့ ကျောင်းသားတွေကို သက်ဆိုင်ရာ ကျောင်းအုပ် ဆရာတွေက တားမြစ်လိုက်ပြီး ကျောင်းတွေမှာ ထောက်လှမ်းရေးတွေ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
2012-06-30
ရခိုင်နဲ့ ကချင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲနဲ့ ရန်ပုံငွေပွဲတစ်ခု တောင်ကြီးမြို့မှာ ဒီနေ့မနက် ကျင်းပမယ့်ကိစ္စကို ရှမ်းပြည်နယ် အစိုးရက တားမြစ် ပိတ်ပင်လိုက်တယ်လို့ သတင်းရရှိပါတယ်။
2012-06-30
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ (၂) ပတ်ကျော်ကြာ ဥရောပခရီးစဉ်ကနေ ဒီကနေ့ မနက် (၁၀) နာရီကျော်မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိ လာပါတယ်။
2012-06-29
မြောက်ကိုရီးယားက မြန်မာနဲ့ ဆီးရီးယားနိုင်ငံတွေကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက မနေ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန် ခဲ့ပါတယ်။
2012-06-29
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြောက်ဦးမြို့ဒေသခံ (၈၀၀) ကျော်က သမ္မတ ဦးသိန်းစိန်ထံ စုပေါင်းလက်မှတ်ရေးထိုး တောင်းဆို လိုက်တယ်လို့ သိရပါတယ်။
2012-06-29
ရခိုင်ပြည်နယ်တွင်းက လွန်ခဲ့တဲ့ (၂) ရက်က မိုးအသည်းအထန် ရွာသွန်းခဲ့တဲ့အတွက် ဘူးသီးတောင်၊ မောင်တောနဲ့ ကျောက်တော်မြို့နယ်တွေမှာ ရေလွှမ်းမိုးပြီး အိမ်ခြေအများအပြား ပျက်စီးခဲ့ပါတယ်။
2012-06-29
ရခိုင်ပြည်နယ်ကပဋိပက္ခတွေ ဖြေရှင်းဖို့ဆိုရင် တင်းကြပ်ပြီး မျှတမှုရှိတဲ့ နိုင်ငံသားစိစစ်ရေးဆိုင်ရာ ဥပဒေ လိုအပ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက် ပါတယ်။
2012-06-29
မြန်မာနိုင်ငံကို အင်္ဂလိပ်ဘာသာနဲ့ ဘားမားလို့ ခေါ်ဝေါ်သုံးနှုန်းတာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မထီမဲ့မြင်ပြုရာ မရောက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောကြား လိုက်ပါတယ်။
2012-06-29
ရခိုင်ပြည်နယ်က အကြမ်းဖက်မှု တွေ အတွင်း သူတို့ရဲ့ဝန်ထမ်းတချို့ကို အစိုးရက ဖမ်းဆီးထိန်းသိမ်း ထားကြောင်းနဲ့ သူတို့ အားလုံး လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြောင်း ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ လူမှုရေး အကူ အညီ ပေးနေတဲ့ အဖွဲ့အစည်းတွေက ဒီကနေ့ ပြော လိုက်ပါတယ်။
2012-06-29
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်း ပတ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်း ဖက်မှုတွေမှာ သေဆုံးသူ ၈ဝ ခန့်ရှိခဲ့ တယ်လို့ အစိုးရထုတ်ပြန် တဲ့ စာရင်းကို ကိုးကားပြီး ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Martin Nesirky က ဒီကနေ့ ပြောလိုက်ပါတယ်။
2012-06-29
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ရေးသားဖော်ပြနေတဲ့ သတင်းမီဒီယာတွေအပေါ် အစိုးရရဲ့ အရေးယူ ဆောင် ရွက်မှုတွေကို ကြည့်ရင် မြန်မာနိုငံမှာ သတင်းလွတ် လပ်ခွင့်ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ခံ ထားရဆဲ ဖြစ်တယ် လို့ ပြင်သစ်အခြေစိုက် RSF နယ်စည်း မခြား သတင်းထောက်များ အဖွဲ့က ပြောကြားလိုက် ပါတယ်။
2012-06-29
ရခိုင်ပြည်နယ် မြေပုံမြို့မှာ ဒီကနေ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပေမယ့် အခြေအနေကို ထိန်းသိမ်းထားနိုင်တယ်လို့ သတင်းရရှိပါတယ်။