သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-07-31
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ မနေ့ မနက်က စစ်တွေနဲ့ မောင်တောမြို့နယ်တွေမှာ ရှိတဲ့ ကယ်ဆယ်ရေး စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။
2012-07-31
မြန်မာနိုင်ငံဟာ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းအတိုင်း ဆက်သွားနေဖွယ် ရှိတယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Robert Hormats က ဝါရှင်တန် နိုင်ငံတကာ ကုန်သွယ်ရေးအဖွဲ့ကို မနေ့က ပြောဆိုလိုက်ပါတယ်။
2012-07-31
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ ကော့သောင်း အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ ထိုင်းလူမျိုး (၉၂) ဦး အတွက် လိုအပ်နေတဲ့ ဆေးဝါးတွေ ပို့ပေးဖို့ ထိုင်းအစိုးရက တင်ပြထားတာကို မြန်မာအစိုးရက လိုက်လျော လိုက်တယ်လို့ သိရပါတယ်။
2012-07-31
မြန်မာနိုင်ငံရဲ့ အဆင့်မြင့် ပညာရေးစနစ်ကို နိုင်ငံတကာနဲ့ အညီ ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ကို ပညာရေးမြှင့်တင်မှု ကော်မတီက လက်ရှိတင်ပြထားတဲ့ ၂၀၁၂ တက္ကသိုလ် ပညာရေး ဥပဒေမူကြမ်းကို အသစ်ပြန်လည် ရေးဆွဲပြီး လွှတ်တော်မှာ ထပ်မံဆွေးနွေးတင်ပြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်ပါတယ်။
2012-07-31
ရန်ကုန်မြို့ တောင်ဒဂုံ စက်မှုဇုန် အမှတ် (၁) မှာရှိတဲ့ မလေးရှား နိုင်ငံသားပိုင် (tefel) တဖယ်လ် ပီနန်အိတ်စက်ရုံက အလုပ်သမား (၄၀၀) ကျော်ဟာ လုပ်ခလစာ တိုးမြှင့်ရေးအတွက် ဒီကနေ့ မနက်ပိုင်းက အလုပ်မလုပ်ဘဲ စက်ရုံတွင်း ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2012-07-31
ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့မှာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြတဲ့ လယ်သမား အယောက် (၂၀၀) နီးပါးကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့ပြီး လယ်သမား (၅) ဦးကို ခေတ္တ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
2012-07-31
ရန်ကုန်မြို့မှာ အပတ်စဉ် ထုတ်ဝေနေတဲ့ The Voice ဂျာနယ်နဲ့ အင်ဗွိုင်းဂျာနယ်တွေကို အစိုးရ စာပေစိစစ်ရေး ဌာနက စည်းမျဉ်း စည်းကမ်းတွေ မလိုက်နာဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ ဇူလိုင်လ (၃၁) ရက်နေ့ကစလို့ အကန့်အသတ်မရှိ ထုတ်ဝေခွင့် ပိတ်ပင်လိုက်ပါတယ်။
2012-07-31
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်များနဲ့ ရိုဟင်ဂျာ မူဆလင်များကြား အကြမ်းဖက်မှုတွေကို ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့မှာ သြဂုတ်လအတွင်း ကျင်းပမဲ့ OIC ခေါ် အစ္စလာမ် ဘာသာဝင် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ထိပ်သီး အစည်းအဝေးမှာ ဆွေးနွေး သွားမယ်လို့အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝါက ပြောဆိုလိုက်ပါတယ်။
2012-07-30
ရှမ်းပြည်နယ် တောင်ပိုင်း ကျိုင်းတုံမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့ထဲက ရပ်ကွက်နှစ်ခုနဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ အိမ်ခြေ တစ်ထောင်ကျော် ရေနစ်မြုပ်နေပြီး အစားအသောက် အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
2012-07-30
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်လှည်းဘီးရွာမှာ ဒေသခံ လယ်သမားတွေ ဆန္ဒပြမှာကို စိုးရိမ်ပြီး ဒေသခံ ခြေမြန်တပ်ရင်း ၁၄၈ က ပြီးခဲ့တဲ့ ၂၆ ရက်နေ့ကစပြီး အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
2012-07-30
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ရေကြီးနေတဲ့အတွက် အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ထားဝယ်ခရိုင်က စားနပ်ရိက္ခာနဲ့ ကျန်းမာရေးကိစ္စတွေ ကူညီနေတယ်လို့ သတင်းရရှိပါတယ်။
2012-07-30
မြန်မာနိုင်ငံ တစ်ဝှန်းမှာ ဘာသာရေးအရ ဖိနှိပ်မှုတွေ ရှိနေသေးကြောင်း မနေ့က ထုတ်ပြန်လိုက်တဲ့ အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေးဆိုင်ရာ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
2012-07-30
မနေ့ညက ရန်ကုန်မြို့ကို ရောက်လာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားဟာ ဒီကနေ့ မနက်က အင်းစိန်ထောင်ကို သွားရောက်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
2012-07-30
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနား အနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို သေချာစွာ စိစစ်လေ့လာပြီး တိကျမှန်ကန်တဲ့ အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ပေးဖို့ ရခိုင်အမျိုးသမီးများ အစည်းအရုံးက တောင်းဆိုလိုက်ပါတယ်။
2012-07-30
စစ်ကိုင်းမြို့မှာရှိတဲ့ စက်မှုဝန်ကြီးဌာန လက်အောက်ခံ ဆေးဝါးနဲ့ စားသောက်ကုန်လုပ်ငန်း စက်ရုံရှေ့မှာ ဒီကနေ့ မနက်ပိုင်းက ကျေးရွာ (၆) ရွာက တောင်သူ (၂၀၀) လောက် စုဝေးပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။