သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-08-31
ထိုင်း ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ရဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်ဟာ မရေရာသေးဘူးလို့ The Nation သတင်းစာက ဖော်ပြပါတယ်။
2012-08-31
ပြည်ပရောက်ထင်ရှားတဲ့ နိုင်ငံရေးအတိုက်အခံ ခေါင်းဆောင်တွေ ဖြစ်တဲ့ ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်းနဲ့ ဦးညိုအုန်းမြင့်တို့ဟာ နှစ်ပေါင်း နှစ်ဆယ့်လေးနှစ်ကျော် ကာလအတွင်း ပထမဆုံးအကြိမ် ထိုင်းလေကြောင်းနဲ့ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာပါတယ်။
2012-08-31
မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု ဖျက်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကို ဒီကနေ့ သဝဏ်လွှာပေးပို့ တောင်းဆိုလိုက်ပါတယ်။
2012-08-31
အမေရိကန်ပြည်ထောင်စုရဲ့ ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အစီအစဉ်အရ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုက ဒုက္ခသည်တွေကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က ဟိုတယ်တစ်ခုမှာ လူတွေ့စစ်ဆေးမှုတွေ ဒီသီတင်းပတ်ထဲမှာ စတင်ပြုလုပ်မှာ ဖြစ်ပြီး အဲဒီမှာ လက်ဗွေနှိပ်တာတွေကိုပါ တခါတည်း ဆောင်ရွက်မယ်လို့ ဘန်ကောက်မြို့ အမေရိကန်သံရုံးရဲ့ ပြောဆိုချက်အရ သိရပါတယ်။
2012-08-31
၁၉၉၂ ခုနှစ်က ကချင်ပြည်နယ်၊ ပါဂျောင်ဒေသ၊ လိုင်စင်စခန်း ဌာနချုပ်မှာ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး တပ်ဖွဲ့ဝင် အမြောက်အများ ရက်စက်စွာ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2012-08-31
ဦးမိုးသီးဇွန် အပါအဝင် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုလှုပ်ရှားမှု နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်မှာ တောခိုပြီး လက်နက်ကိုင် တိုက်ပွဲ ဝင်ခဲ့ကြတဲ့ ကျောင်းသား တပ်မတော် ခေါင်းဆောင်ဟောင်း (၇) ဦးဟာ မနက်ဖြန် မနက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကနေ လေယာဉ်နဲ့ ရန်ကုန် မင်္ဂလာဒုံလေဆိပ် ရောက်ရှိမှာ ဖြစ်ပါတယ်။
2012-08-31
ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေ ဖြေရှင်းနည်း သင်တန်းကို တက်ရောက်ဖို့အတွက် NLD ပါတီဝင် ၂၀ ကျော် အပါအဝင် အဖွဲ့အစည်း အသီးသီးက လူပုဂ္ဂိုလ် ၅၀ ဟာ ဒီကနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံကနေ ပိုလန်နိုင်ငံကို ထွက်ခွာသွားပါတယ်။
2012-08-30
အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာန အကြီးအကဲ မစ္စတာ အာရီမူဟာဒီ ဦးဆောင်တဲ့ ၆ ဦးပါ ကူညီရေးအဖွဲ့ဟာ ဒုက္ခသည်စခန်းတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းကူညီဖို့အတွက် ဒီကနေ့ မနက်ပိုင်းက စစ်တွေမြို့ကို ရောက်ရှိသွားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနဲ့ မှတ်တမ်းပြုစုရေး ကော်မတီဝင် ဦးမျိုးသန့်က RFA ကို အတည်ပြု ပြောပါတယ်။
2012-08-30
အစိုးရတပ်နဲ့ KIA တပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်စိမ်းကုမ္ပဏီတစ်ခုက ကျောက်စိမ်းတူးဖော်ရာမှာ အသုံးပြုဖို့ သိုလှောင်ထားတဲ့ ယမ်းဂိုဒေါင်တစ်ခု မနေ့က မီးလောင်ပြီး ပြင်းထန်စွာ ပေါက်ကွဲခဲ့တဲ့ အတွက် ဒေသခံ ပြည်သူတွေကြားမှာ ထိတ်လန့် တုန်လှုပ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
2012-08-30
မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ကချင်ဒုက္ခသည်တွေကို အတင်းအကျပ် ပြန်မပို့ဖို့နဲ့ ယာယီ ခိုလှုံခွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2012-08-30
ဦးသိန်းစိန် အစိုးရအဖွဲ့အနေနဲ့ ယခင်အစိုးရ လက်ထက်က ပြည်ပနိုင်ငံတွေမှာ နိုင်ငံရေးခိုလုံခွင့်တောင်းခံခဲ့သူတချို့ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အမည်မဲစာရင်း Blacklist ထည့်သွင်းထားမှုကနေ ပယ်ဖျက်ပေးဖို့ လောလောဆယ် အစီအစဉ် မရှိသေးဘူးလို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကို ဒီကနေ့ ပြောပါတယ်။
2012-08-30
ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်း ခေါင်းဆောင်တချို့ဟာ သမ္မတဦးသိန်းစိန်ရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံကို နှစ်ပတ်ကြာ ခရီးစဉ်အဖြစ် မနက်ဖြန် သွားရောက်မှာ ဖြစ်ပါတယ်။
2012-08-30
ဖားကန့်မြို့နယ်အတွင်းရှိ ဒုက္ခသည် စခန်း ၃၁ ခုက စစ်ပြေးဒုက္ခသည်တွေကို ဖားကန့်မြို့ အင်န်အယ်လ်ဒီက ကူညီထောက်ပံ့နေတယ်လို့ သိရပါတယ်။
2012-08-30
ဧရာဝတီတိုင်းအတွင်းက ရေဘေး ဒုက္ခသည်တွေအတွက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဂီတအနုပညာရှင်တွေက စားနပ်ရိက္ခာနဲ့ တခြားအထောက်အပံ့ ပစ္စည်းတွေ ဒီကနေ့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
2012-08-30
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဆောက်လုပ်ရေး စီမံကိန်းတဝိုက်က အဓမ္မ ပြောင်းရွှေ့ခံရတဲ့ မုံရွာမြို့က အိမ်ခြေ (၇၀) ကျော်ရဲ့ နစ်နာဆုံးရှုံးမှုတွေကို အကူအညီပေးနိုင်ဖို့ ကိုထွန်းမြင့်အောင်၊ ကိုမျိုးသန့်စတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့တွေက ဒေသခံပြည်သူတွေနဲ့ မုံရွာမြို့မှာ ဒီကနေ့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။