သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-09-30
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကနေ စတင်ပြီး တိုက်ပွဲတွေနည်းသွားပြီး အခြေအနေ ငြိမ်သက်နေတာကြောင့် ဒုက္ခသည် စခန်းက စစ်ဘေးရှောင်နေတဲ့ လူတချို့ ရပ်ရွာနေအိမ် ပြန်သွားကြတယ်လို့ သိရပါတယ်။
2012-09-30
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးမင်းကိုနိုင်၊ ဦးမြအေး ၊ ဦးကိုကိုကြီး(စမ်းချောင်း)၊ ဦးဂျင်မီ၊ ဦးထွန်းမြင့်အောင်၊ မမီးမီး၊ မနီလာသိန်း၊ မစန်းစန်းအောင်၊ မနုနုအောင် အပါအဝင် စုစုပေါင်း (၁၅) ဦး ပါဝင်တဲ့အဖွဲ့ဟာ အောက်တိုဘာလ တစ်ရက် ဒီနေ့ကစတင်ပြီး မြန်မာပြည်အလယ်ပိုင်းက မြို့(၈) မြို့ကို ငါးရက်ကြာ ခရီးထွက်ခွာမယ်လို့ သိရပါတယ်။
2012-09-30
ပဲခူးတိုင်း၊ ပြည်ခရိုင် နိုင်ငံရေးအကျဉ်းသားဟောင်းများ ပထမအကြိမ် တွေ့ဆုံပွဲကို ပြည်မြို့က (Happy mark) စာအုပ်ဆိုင်မှာ စက်တင်ဘာလ ၃၀ ရက်နေ့ နေ့လည်က ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ခရိုင် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပါတယ်။
2012-09-30
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေက ရွေးချယ် တင်မြှောက်ရင် သမ္မတအဖြစ် မိမိအနေနဲ့ လက်ခံနိုင်ကြောင်း သမ္မတကြီး ဦးသိန်းစိန်က ပြောလိုက်ပါတယ်။
2012-09-30
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က လက်ပံတောင်းတောင်နဲ့ ချင်းတွင်းအလှ သဘာ၀ ကာကွယ် ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်း လုံးဝရပ်ဆိုင်းဖို့ သမ္မတ ဦးသိန်းစိန်ကို စုပေါင်းလက်မှတ်ထိုး တင်ပြတောင်းဆိုမယ့် လှုပ်ရှားမှုတစ်ခုကိုလည်း အဲဒီအခမ်းအနားမှာ တပြိုင်နက်တည်း ကျင်းပခဲ့ပါတယ်။
2012-09-30
ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့ဘဇားခရိုင်အတွင်းက ပန်းဝါလို့ လူသိများတဲ့ ရာမူးမှာ မနေ့ညက သောင်းဂဏန်းရှိတဲ့ မူဆလင် အစွန်းရောက်တွေက အနည်းဆုံး ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၁၀ ကျောင်းနဲ့ အိမ်အလုံးရေ ၄၀ နီးပါးလောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
2012-09-30
အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့မနက်ပိုင်းက ကယ်လီဖိုနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့နဲ့ အနီးတစ်ဝိုက်က မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2012-09-30
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အမျိုးသမီးဦးရေ ၂၀၀ လောက်က ငြိမ်းချမ်းရေးအတွက် စီတန်းလှည့်လည်ခွင့် လျှောက်ထားခဲ့ရာမှာ အဲဒီအမျိုးသမီးတွေကို အာဏာပိုင်တွေဘက်က မနေ့က ခေါ်ယူတွေ့ဆုံပြီး တားမြစ်လိုက်ပါတယ်။
2012-09-29
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခဟာ ပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ထိခိုက်စေနိုင်တဲ့အပြင် တိုင်းပြည်နယ်နိမိတ်ကို ကျော်လွန်ပြီး တခြားနိုင်ငံတွေဆီအထိပါ သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် သတိရှိရှိနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောလိုက်ပါတယ်။
2012-09-29
ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို ကူညီရေးအတွက် မလေးရှားနိုင်ငံက ပူထရာ ဝမ်း မလေးရှားအသင်းရဲ့ လူသားချင်းစာနာကူညီရေးအဖွဲ့ ပထမအသုတ်ဟာ စနေနေ့ ညနေပိုင်းက မြန်မာနိုင်ငံကို ထွက်ခွာလာခဲ့ပါတယ်။
2012-09-29
ရခိုင်လူငယ်တစ်ဦးကို ရိုဟင်ဂျာမွတ်စလင်တွေ ဖမ်းဆီးသတ်ဖြတ်တယ်ဆိုပြီး ကောလာဟလထွက်ခဲ့လို့ မနေ့က လူတွေထောင်နဲ့ချီ စုဝေးခဲ့ကြတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့တော့ အခြေအနေတွေ အတော်ငြိမ်သက်နေပြီဖြစ်ပါတယ်။
2012-09-29
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာသမ္မတကြီး ဦးသိန်းစိန်က စက်တင်ဘာလ ၂၈ ရက် သောကြာနေ့ မနက်ပိုင်းမှာ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံးမှာ RFA မြန်မာပိုင်းအစီအစဉ်ကို သီးသန့် တွေ့ဆုံမေးမြန်းခွင့် ပြုခဲ့တဲ့အတွက် သမ္မတကြီးရဲ့ ဖြေဆိုချက်တွေက ဒီကနေ့ စနေနေ့ မနက်ပိုင်းမှာ RFA က ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။
2012-09-29
မန္တလေး မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်းနဲ့ ၅၅ လမ်းမှာရှိတဲ့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ ကျင်းပခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံပွဲအပြီးမှာ အထက်မြန်မာပြည် နိုင်ငံရေး အကျဉ်းသားဟောင်းများ လူမှုကွန်ရက်ကို ကော်မတီ (၅)ခု လူအင်အား ၅၀ နဲ့ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
2012-09-29
စစ်ကိုင်းတိုင်း၊ မုံရွာဒေသတဝိုက်မှာ လုပ်ကိုင်နေတဲ့ ကြေးနီ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး မြန်မာ-ဝမ်ဘိုကုမ္ပဏီနဲ့ မြန်မာ-ယမ်စီကုမ္ပဏီတို့ ပူးပေါင်းပြီး ပထမဆုံးအကြိမ် ဂရင်းမီးရထား ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2012-09-29
မြင်းခြံမြို့က လူငယ်တွေ ခေတ်နဲ့အညီ စွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က စီစဉ်တဲ့ သင်တန်းတစ်ခုကို ဒီကနေ့မှာ စတင်လိုက်ကြောင်း သိရပါတယ်။