သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-10-30
ကေအိုင်အိုနဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ တရုတ်နိုင်ငံရွှေလီမြို့မှာ အောက်တိုဘာလ ၃၀ ရက် ဒီကနေ့တွေ့ဆုံကြရာမှာ နောက်တစ်ကြိမ်မှာ နိုင်ငံရေးအရ ဆွေးနွေးဖို့ သဘောတူညီမှုရရှိခဲ့ပြီး တပ်ပိုင်းဆိုင်ရာကိစ္စတွေကိုတော့ မဆွေးနွေးဖြစ်ဘဲ တစ်ရက်တည်းနဲ့ ဆွေးနွေးပွဲ ပြီးဆုံးသွားပါတယ်။
2012-10-30
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှာရှိတဲ့ ကျောက် နီမှော်ကျေးရွာအုပ်စုမှာ နေထိုင်တဲ့ မူဆလင် ဘာသာဝင်တွေကို နေရာပြောင်းရွှေ့ပေးဖို့ ဒေသခံ ရခိုင်လူမျိုး (၆၀၀၀) ကျော်က ကျောက်နီမှော် ရွာပတ်ပတ်လည်မှာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ရာမှာ လူတစ်ဦးသေးဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။
2012-10-30
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ ဆွေးနွေးဖို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရ အဖွဲ့ဝင်တွေ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ရောက်ရှိနေပါတယ်။
2012-10-29
၁၉၆၉ ခုနှစ်က နောက်ဆုံး ကျင်းပခဲ့ပြီး နှစ်ပေါင်း (၄၀) ကျော်အတွင်း မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပွဲတော် အတွက် ပြင်ဆင်ဆောင်ရွက်မှုတွေ ကြိုးပမ်းနေကြောင်း အားကစားဝန်ကြီး ဦးတင့်ဆန်းက RFA ကို ပြောပါတယ်။
2012-10-29
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်ကနေ ၂၆ ရက်နေ့လောက်အထိ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုမှာ သေဆုံးသူ ၈၈ ဦး နဲ့ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးရသူပေါင်း နှစ်သောင်း ခြောက်ထောင်လောက်ရှိနေပြီလို့ ဒီကနေ့ အစိုးရက ထုတ်ပြန်ကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖေါ်ပြပါတယ်။
2012-10-29
ကေအိုင်အိုနဲ့ အစိုးရ ငြိမ်းရေးဖေါ်ဆောင်ရေးအဖွဲ့တို့ အောက်တိုဘာလ ၃၀ ရက်နေ့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ၄ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမယ်လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေက ပြောပါတယ်။
2012-10-28
အစ္စလမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရုံးဖွင့်ခွင့်မပြုဘူးလို့ သမ္မတကြီး ဦးသိန်းစိန်က ဆုံးဖြတ်ချက် ချလိုက်တာကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ ဒီကနေ့မနက်ပိုင်းက ရဟန်းသံဃာတချို့အပါအဝင် လူ ၁၅၀၀ ကျော်လောက် ငြိမ်ချမ်းစွာ စီတန်းလမ်း လျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2012-10-28
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ကနေ ၂၆ ရက်နေ့လောက်အထိ ရခိုင်ပြည်နယ်က မြို့နယ် တစ်ချို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မီးရှို့တိုက်ခိုက်မှုတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ဒုက္ခသည်ဖြစ်ရသူ အရေအတွက်ဟာ ၂၂၀၀၀ (နှစ်သောင်းနှစ်ထောင်) နဲ့ မီးလောင်ပျက်စီးခဲ့ရတဲ့ အိုးအိမ်အရေအတွက်ဟာ ၄၆၀၀ ကျော် ရှိမယ်လို့အစိုးရ ထုတ်ပြန်တဲ့ ကိန်းဂဏန်းကို မှီငြိမ်းပြီး ကုလသမဂ္ဂက ထုတ်ပြန်တာကို အေအက်ဖ်ပီသတင်းမှာ ဒီကနေ့ ဖေါ်ပြထားပါတယ်။
2012-10-28
ကျွန်းလယ်သမဝါယမအသင်း ခေါင်းဆောင်ဟောင်းတွေရဲ့ ငွေကြေးအလွဲသုံးစားမှု၊ အသင်းသားတွေရဲ့ ဆန္ဒမပါဘဲ အသင်းပိုင် အဆောက်အဦးကို ဖျက်သိမ်းပြီး လူနေကန်ထရိုက်တိုက်တွေ တည်ဆောက်မှု စတာတွေကို မကြေနပ်တဲ့အတွက် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းမှာရှိတဲ့ အဲဒီသမဝါယမ အသင်းရုံးရှေ့မှာ အသင်းသားတွေ ဒီကနေ့ မနက်ပိုင်းက သွားရောက် စုရုံးဆန္ဒပြခဲ့ကြပါတယ်။
2012-10-27
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊လက်ပန်း တောင်းတောင် ကြေးနီစီမံကိန်းအနီးအနားက လယ်မြေတွေ မှာ တရုတ်နိုင်ငံသားပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီဖက်က အဆောက်အဦးတွေ နေ့ ည ဆက်လက် ဆောက်လုပ်နေတာကို ရပ်ဆိုင်းပေးဖို့ အောက်တိုဘာလ ၂၇ ရက် မနက်ပိုင်းက ဒေသခံ (၅၀၀) နီးပါးဟာ အဲဒီအဆောက်အဦးတွေ ဆောက်လုပ်နေတဲ့နေရာကို သွားရောက်တားမြစ်ခဲ့ကြပါတယ်။
2012-10-27
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုံမှာရှိတဲ့ တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမား(၂၀၀)ကျော်ဟာ တောင်းဆိုထားတဲ့ အချက် (၅) ချက်ကို အလုပ်ရှင်ဘက်က မလိုက်လျောမချင်း နေ့ရောညပါ စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုနေတာ ဒီကနေ့ဆိုရင် သုံးရက်မြောက်ရှိသွားပြီလို့ သိရပါတယ်။
2012-10-26
ရခိုင်ပြည်နယ်အရေးဖြစ်စဉ်တွေမှာ နောက်ကွယ်က ကြိုးကိုင်သူ၊လှုံဆော်သူတွေကို ပြည်သူတွေ အနေနဲ့ သိရှိပါက ဖော်ထုတ်ပေးဖို့ လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာလ ၂၆ ရက်နေ့ က မေတ္တာ ရပ်ခံလိုက်ပါတယ်။
2012-10-26
ရခိုင်ပြည်နယ် မြေပုံမြို့မှာ မကြာခင်ရက်ပိုင်းတွေအတွင်းက အကြမ်းဖက် ပဋိပက္ခတွေဖြစ်ပွား ခဲ့တာနဲ့ပတ်သက်ပြီး အမြန်ဆုံးဖြေရှင်းပေးဖို့ ရာဂဏန်းရှိတဲ့ အမျိုးသမီးတွေဟာ အောက်တိုဘာလ ၂၆ ရက်နေ့ နေ့လည်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2012-10-26
ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ ၂၁ ရက်ကနေ ၂၆ ရက်နေ့အထိ ၆ ရက်တာ အကြမ်းဖက်မှု တွေအတွင်း သေဆုံးသူ ၆၄ ယောက်လို့ ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြင်ဆင် ပြောဆိုကြောင်း ရိုက်တာ သတင်းဌာနက မနေ့က ရေးသားပါတယ်။
2012-10-26
ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ ၂၁ ရက်နေ့ကနေ ဒီနေ့ထိဖြစ်ခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေအတွင်း သေဆုံးသူစုစုပေါင်း (၁၁၂) ဦးရှိပြီး၊ ဒဏ်ရာရသူအရေအတွက်ဟာ ကလေး (၁၀) ယောက် အပါအဝင် (၇၂) ဦးရှိတယ်လို့ ရခိုင်ပြည်နယ်အစိုးရ-ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြိုင်က RFA ကို ပြောပါတယ်။