စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပုလဲမြို့နယ်မှာ ရွာပေါင်းလေးဆယ်ကျော်က လူ သုံးသောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး လူတွေအသက်ဆုံးရှုံး ဒဏ်ရာရတာတွေရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ကူညီနေသူတွေကပြောပါတယ်။
ပုလဲမြို့နယ် မရိုးတုံးရွာအပါအဝင် မြောက်ဘက်ခြမ်းကရွာတွေကို ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့မှာ လေကြောင်းက တိုက်ခိုက်ခဲ့သလို အိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးတဲ့အတွက် ကလေးတစ်ဦးအပါအဝင် ခြောက်ဦး သေဆုံးခဲ့ပါတယ်။ ကနီမြို့နယ်မှာလည်း နတ်လာပို့တောင်ရွာကို မတ်လ ၇ ရက်နေ့က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ အလှူလုပ်နေတဲ့အိမ်ထိသွားတဲ့အတွက် အရပ်သား ခုနစ်ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒီလိုအခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာလို့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကိုပြောပါတယ်။
“လေယာဉ်တွေနဲ့ရော ဂျိုင်ရိုနဲ့ရော လာပစ်တာတွေရော လက်နက်ကြီးပစ်တာရော ရှိတာဆိုတော့ အနီးနားက ကျေးရွာတွေက ရှောင်ရတာပေါ့။ စစ်ကြောင်းဖြတ်သွားတဲ့နေရာနဲ့ အခုလက်ရှိမှာလည်း နဂိုက အေးအေး ဆေးဆေးဖြစ်နေတဲ့အခြေအနေတစ်ခုနဲ့ စစ်ကောင်စီအထိုင် ပျူရွာတွေနဲ့ နီးတဲ့ တချို့ရွာတွေက ခါတိုင်း အေးအေးဆေးဆေး ဖြစ်နေတဲ့အချိန်ကြတော့ တော်လှန်ရေးရဲဘော်တွေက ကာထားတဲ့အချိန်ကြတော့ သူတို့လည်းအေးအေးဆေးဆေး ရှိတာပေါ့။ ရွာမှာနေလို့ရတာပေါ့။ တချို့ကလည်း အခုစစ်ရေး စစ်ကြောင်း တွေနဲ့ ရှုတ်နေတဲ့အခါကျတော့ အနီးအနားမှာရှိတဲ့ကျေးရွာတွေကလည်း ရှောင်နေရတာရှိတယ်”
ဖေဖော်ဝါရီလ ၁၈ ရက်က ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့ တပ်ဖွဲ့ဝင်တချို့ စစ်ကော်မရှင်တပ်ဆီလက်နက်ချပူးပေါင်းသွားပြီးတဲ့နောက်နေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ကစလို့ အင်အား ၃၀၀ ကျော်ပါတဲ့ စစ်တပ်ဝင်လာပြီး ဒေသခံ တွေကို လူသားဒိုင်းအဖြစ်ဖမ်းဆီးတာ၊ လေကြောင်းကတိုက်လို့ သေကြေပျက်ဆီးတာတွေရှိလာတဲ့အတွက် ဘေးလွတ်ရာထွက်ပြေးနေရတာပါ။
စစ်ဘေးဒုက္ခသည်တွေထဲမှာ ကျန်းမာရေးမကောင်းတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေး သူငယ်တချို့ပါဝင်နေပြီး ရာသီဥတုပူပြင်းလွန်းတဲ့အတွက်ကြောင့် ဓာတ်ဆားလို အခြေခံဆေးဝါးတွေလည်းလိုအပ်တယ်လို့ပြောကြပါတယ်။
လူသားဒိုင်းအဖြစ်ဖမ်းထားတဲ့ဒေသခံတွေကိုလည်း ချင်ပြစ်ရွာထဲမှာချုပ်နှောင်ထားပြီး ဒီနေ့အထိ ပြန်လွှတ်မပေးသေးဘူးလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“လူသားဒိုင်း ဖမ်းသွားတာက ပုလဲအထွက်ကတည်းက ဖမ်းသွားတဲ့ ခုနစ်ယောက်ဖမ်းတဲ့အထဲက သုံးယောက် လောက် မလွတ်လာသေးဘူးလို့ ကြားတယ်။ အဲဒီကနေ ဟိုဘက်မှာလည်းတောက်လျှောက်ဖမ်းတယ်။ ပြန်လွတ် တာရောရှိတယ် မလွတ်တာရောရှိတယ်။ အခု သူတို့ ချင်ပျစ်ရွာထဲမှာဆက်ပြီးနေနေတယ်။ အဲဒီထဲမှာကို လူသား ဒိုင်းတွေ ပြန်မလွတ်သေးဘူးလို့ ကြားတယ်။ နောက်ပြီး ချင်ပြစ်ရွာမှာရှိတဲ့ ပြည်သူလူထုကိုလည်း ထွက်ခွင့် လုံးဝမပေးဘူးဆိုပြီး ပြောနေတယ်”
ချင်ပြစ်ရွာနားမှာ ဖေဖော်ဝါရီလ ၂၈ ရက်ကနေ မတ်လ ၁ ရက်နေ့အထိ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကော်မရှင်တပ်သားသုံးဦးသေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီကာလမှာ စစ်တပ်ကအင်အားဖြည့်နေလို့ အခြေအနေတင်းမာနေတယ်လို့ ယင်းမာပင်ခရိုင်အခြေစိုက် ဓားမဆိုင်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူ ဗိုလ်စွမ်းသူမောင်က RFA ကိုပြောပါတယ်။
“စစ်ရေးက ပုလဲနယ်တစ်ခုတည်းမဟုတ်ဘူး ယင်းမာပင်ခရိုင် တစ်ခရိုင်လုံးပေါ့။ မနေ့ကဆိုရင် မုံရွာဘက်နေပြီ တော့ ကူးလာတဲ့ကားလေးစီး၊ အင်အားနှစ်ရာက ယင်းမာပင်ခရိုင် ယင်းမာပင်မြို့ထဲဝင်သွားတယ်။ အဲဒါပြီးတော့ ကနီဘက်မှာလည်း စစ်ကြောင်းတစ်ကြောင်းပါ။ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးနေတာပေါ့။ အဲဒါကြောင့် စစ်ရေးကနှစ်ဖက်တင်းမာမှုတွေရှိပါတယ်”
ပုလဲမြို့မှာ ရပ်ကွက်တွေနဲ့ ကန့်ဒေါင့်၊ အင်မထီးနဲ့ မင်းတိုင်ပင်ရွာကို ပျူစောထီးနဲ့စစ်ကော်မရှင်တပ်က ထိန်းချုပ်ထားပြီး ကျန်တဲ့ရွာအများစုကိုတော့ တော်လှန်ရေးအင်အားစုတွေကထိန်းချုပ်ထားပါတယ်။
တော်လှန်ရေးအားကောင်းတဲ့ယင်းမာပင်ခရိုင်ကို စစ်ကော်မရှင်က ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာတွေ့ရတဲ့အတွက် တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။
“ယင်းမာပင်မှာရှိနေတဲ့ ထောင်ကျော်သောအင်အားတွေကို သူတို့က(စကစ) တိုက်စစ်ဆင်မယ်ဆိုရင် အင်အားသုံးဆနဲ့ ဆင်ရမှာမို့လို့ မြေပြင်စစ်ကြောင်းထိုးမယ်ဆိုရင် အင်အား သုံးထောင်ကျော်လောက်လိုမှာဖြစ်တဲ့အတွက် စုဖွဲ့နေရတုန်းလို့ကျွန်တော်တို့ကတော့ ခန့်မှန်းတယ်”
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခတွေကြောင့် ပြည်တွင်းမှာနေရပ်စွန့်ထွက်ပြေးရတဲ့သူ (၃.၆) သန်းကျော်ရှိနေပြီး ၂၀၂၁ ခုနှစ်ကထက်စာရင် သုံးဆမြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။
RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၁၅ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ။
ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ကျောင်းကုန်းရွာနဲ့ ရေတွင်းကုန်းရွာကို ၂၀၂၆ မတ်လ ၅ ရက်နေ့ မနက်ခင်းက စစ်ကော်မရှင် ကြည်းတပ်နဲ့ လေတပ် ပူးပေါင်းပြီး အလုံးအရင်းနဲ့ ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ရာမှာ ကျေးရွာဒေသခံ အမျိုးသမီးနဲ့ ကလေးသူငယ် အပါအဝင် အရပ်သား ၃၀ ခန့် သေဆုံးပြီး လူ ၁၅၀ ခန့်ကိုလည်း ဖမ်းဆီးသွားတယ်လို့ သတင်းရရှိပါတယ်။
စစ်ကော်မရှင်ရဲ့ ခြေမြန်တပ်ရင်း ၂၀၊ ခြေလျင်တပ်ရင်း ၂၆၄၊ ၄၃၉ တပ်ရင်း ၃ ရင်း ပူးပေါင်းစစ်ကြောင်းဟာ မတ်လ ၅ ရက်နေ့က ညောင်လေးပင်မြို့နယ်အတွင်း အင်အားသုံးပြီး စစ်ဆင်ရေးလုပ်ခဲ့ရာမှာ ရေတွင်း ကုန်းရွာက အရပ်သား ၁၅၀ ခန့်ကို ဖမ်းဆီးသွားခဲ့တယ်လို့ KNU က မတ်လ ၉ ရက်နေ့က သတင်းထုတ်ပြန် ပါတယ်။
နှစ်ရက်အကြာ မတ်လ ၇ ရက်နေ့မှာ စစ်ဆင်ရေးလုပ်နေတဲ့ ပူးပေါင်းစစ်ကြောင်းနဲ့ ကရင်လွတ်မြောက်ရေး တပ်မတော် KNLA တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ ရေတွင်းကုန်းရွာအတွင်း ဒရုန်း၊ ဂျက်တိုက်လေယာဥ်တို့နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အရပ်သား ၂၅ ဦး ထိခိုက်သေဆုံးခဲ့ပြီး နောက်ထပ် ၅ ဦးကတော့ စစ်ကော်မရှင် တပ်သားတွေက ပစ်သတ်ခဲ့တာလို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်ပါ အရေအတွက်နဲ့ ဖြစ်စဥ်အသေးစိတ်ကိုတော့ အတိအကျ မသိရသေးဘဲ စုံစမ်းနေဆဲလို့ ကရင်နီလူထုအသံ (Karenni People’s Voice) သတင်းက ရေးပါတယ်။
လက်ရှိအခြေအနေအရ စစ်တောင်းမြစ်နဲ့ တစ်မိုင်အကွာမှာ စစ်ကော်မရှင်တပ်နဲ့ ဒေသခံလက်နက်ကိုင် အဖွဲ့တွေ အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဖမ်းသွားတဲ့ အရပ်သား ၁၅၀ ကို တပ်ကတော့ ဓားစာခံအပြီး ဖမ်းထားတာလို့ သိရပါတယ်။
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်မှာ စစ်ကော်မရှင်ဆန့်ကျင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားးစုတွေ အားကောင်းတဲ့နေရာလို့လည်း သိရပါတယ်။
လူ ၃၀ ခန့် အသတ်ဖြတ်ခံရပြီး လူ ၁၅၀ ဓားစာခံဖမ်းထားတယ်လို့ပြောချက်တွေနဲ့ပတ်သက်လို့ စစ်ကော်မရှင် ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို RFA အနေနဲ့လည်း သီးခြား အတည်ပြုနိုင်ခြင်းမရှိပါဘူး။
မြန်မာစစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ မတ်လ ၄ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုမျတွေကြောင့် သက်ကြီးရွယ်အိုတွေ အပါအဝင် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီဒေသမှာ စစ်တပ်ဆန့်ကျင်ရေး လက်နက်ကိုင် လှုပ်ရှားခဲ့တဲ့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါး စစ်ကော်မရှင်တပ်ဆီ လက်နက်ချအပြီး ဖေဖော်ဝါရီ တတိယပတ်ကစလို့ ပုလဲမြို့နယ်ထဲမှာ စစ်တပ်က အင်အား ၃၀၀ ဝန်းကျင်နဲ့ စစ်ကြောင်း ထိုးနေခဲ့တာလို့ ဒေသခံတွေကို ကိုးကားပြီး မြန်မာနောင်းသတင်းက ဖေဖော်ဝါရီလ ၅ ရက်နေ့က ရေးသားပါတယ်။
စစ်ကော်မရှင် စစ်ကြောင်း တပ်စွဲထားတဲ့ ချင်ပြစ်ရွာနဲ့ အနီးဝန်းကျင်မှာရှိတဲ့ ပိတောက်ကုန်းရွာကို မတ်လ ၄ ရက်နေ့က စပြီး လေကြောင်းက ပစ်ခတ်တိုက်ခိုက်ရာမှာ ကျန်းမာရေး မကောင်းတဲ့ သက်ကြီး အဘိုးအဘွား နှစ်ဦး သေဆုံးပြီး နေအိမ် ၁၀ လုံးလည်းမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနေ့ည ၉ နာရီ ဝန်းကျင်မှာ မြောက် မရိုးတုန်းရွာကို စက်တပ်လေထီး ပါရာမော်တာနဲ့ ဗုံးကြဲခဲ့တဲ့အတွက် လူ ငါးဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရတယ်လို့လည်း သိရပါတယ်။
ဒီကျေးရွာတွေဟာ တစ်ရွာနဲ့တစ်ရွာအကြား ငါးမိုင်ပတ်လည်ခန့်သာ ဝေးပြီးတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက စက်ရုံအလုပ်ရုံတွေမှာ အမျိုးသမီးအလုပ်သမားတွေအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှု တွေနဲ့ အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် - မြန်မာ (STUM) က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်တဲ့ မတ်လ ၈ ရက်နေ့က RFA ကို ပြောပါတယ်။
အာဏာသိမ်း ငါးနှစ်အတွင်း လုပ်ငန်းခွင်အတွင်းမှာ အမျိုးသမီးအလုပ်သမားတွေ အလုပ်ရှင်တွေရဲ့ဖိနှိပ်မှုနဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်တချို့ရဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်ရိုက်နှက် နှိပ်စက်တာတွေအထိ ရှိလာတယ်လို့ဆိုပါတယ်။
ဒါကြောင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်တဲ့ မတ်လ ၈ ရက်နေ့မှာ အခုလို တောင်းဆိုတာလို့ RFA ကို ပြောပါတယ်။
“အမျိုးသမီးတွေအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ ချက်ချင်းရပ်တန့်ဖို့၊ ကျူးလွန်သူတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူဖို့၊ လုပ်ငန်းခွင်အတွင်း အမျိုးသမီးတွေအတွက် လုံလောက်တဲ့ ဘေးကင်းလုံခြုံမှု အာမခံချက်ပေးဖို့နဲ့ နစ်နာခဲ့ရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှုနဲ့ လျော်ကြေးတွေအပြည့်အဝပေးဖို့တွေဖြစ်ပါတယ်“
အခုတောင်းဆိုလိုက်တဲ့အချက်တွေကို STUM အနေနဲ့ နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းတွေ ထံကိုလည်းတင်ပြသွားမှာဖြစ်တယ်လို့ပြောပါတယ်။ အမျိုးသမီးတွေရဲ့ လုံခြုံရေးဟာ ညှိနှိုင်းရမယ့် ကိစ္စမဟုတ်ဘဲ “အခြေခံအခွင့်အရေး” သာဖြစ်တယ်လို့လည်း ဆိုပါတယ်။
STUM ဟာ ၂၀၁၆ ခုနှစ် ကတည်းက ရန်ကုန်၊ ဧရာဝတီနဲ့ မန္တလေးတိုင်းက အလုပ်သမားသမဂ္ဂတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
စစ်ကောင်စီ အာဏာသိမ်း ၅ နှစ်ကာလအတွင်းမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ရတဲ့အမှုပေါင်း ၁,၁၇၂ အမှု ( ၁၂၀၀ နီးပါး) ရှိတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအကြမ်းမှုတွေဟာ မြန်မာနိုင်ငံက စက်ရုံအလုပ်ရုံတွေအပြင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေနဲ့ စစ်ရှောင်စခန်းတွေမှာ ပိုမိုဆိုးရွားစွာ ဖြစ်ပွားနေတာဖြစ်တယ်လို့ အမျိုးသမီးအရေး ကူညီဆောင်ရွက် ပေးနေသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာတွေနဲ့ စီးပွားရေး အကျပ်အတည်းတွေကြားမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ ပိုမိုဆိုးရွားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ မတ် ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်အပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ထုတ်ပြန်ပါတယ်။
အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့၊ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုနဲ့ အကူအညီတွေကို လုံခြုံစိတ်ချစွာ လက်လှမ်းမှီရယူနိုင်ဖို့အတွက် အရေးကြီးကြောင်းလည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မှာ UNOCHA က ကြေညာချက်မှာ ပြောကြားထားပါတယ်။ ဒီကာလမှာ နေအိမ်၊ ဝင်ငွေနဲ့ အခြေခံ ဝန်ဆောင်မှုတွေ ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတွေဟာ ဘေးကင်းလုံခြုံစွာနဲ့ ကလေးမီးဖွားနိုင်မဲ့ ကိစ္စတွေမှာတောင် စိုးရိမ်မကင်းဖြစ်နေကြရ တယ်လို့ မြန်မာနိုင်ငံ ရဲ့ ကုလသမဂ္ဂ ဌာနညှိုနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဂွန် လူးဝစ် (Gwyn Lewis) က ပြောပါတယ်။
“အခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဟာ မြန်မာနိုင်ငံရဲ့ နက်ရှိုင်းတဲ့ အကျပ်အတည်းကာလအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ နေအိမ်၊ ဝင်ငွေနဲ့ အခြေခံဝန်ဆောင်မှုတွေ ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ ကျမစကားပြောခဲ့ရပါတယ်။ သူတို့ဟာ သူတို့ရဲ့ ရင်သွေးငယ်တွေ ကျွေးမွေးပြုစာရမဲ့ ကိစ္စတွေ ဒါမှမဟုတ် ဘယ်လို ဘေးကင်းလုံခြုံစွာမွေးဖွားရမလဲဆိုတဲ့ ကိစ္စတွေမှာတောင် စိုးရိမ်မကင်းဖြစ်နေကြရပါတယ်”
၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ သားဖွားနိုင်တဲ့ အသက်အရွယ်ရှိတဲ့ အမျိုးသမီးနဲ့ မိန်ကလေးငယ် ၅ ဒသမ ၉ သန်းခန့်ဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေပြီး အဲဒီအထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး လေးသိန်းခွဲကျော် ပါဝင်တယ်လို့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က ထုတ်ပြန်ထားပါတယ်။
အကျပ်အတည်းမျိုးစုံကို အကူအညီမပါဘဲ ရင်ဆိုင်ဖြတ်သန်းနေရတာမျိုး မဖြစ်သင့်ဘဲ အမျိုးသမီးတွေအတွက် တရားမျှတမှု၊ အကာအကွယ်ပေးမှုနဲ့ တာဝန်ခံမှုရှိတဲ့ အခွင့်အရေးတွေကို ဖော်ဆောင်ပေးနိုင်ဖို့ ကတိပြုကြောင်း သူက ပြောပါတယ်။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာနေထိုင်တဲ့ ကလေးမိခင်တစ်ဦးကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အမြန်ဆုံး အဆုံးသတ်စေချင်ပြီလို့ RFA ကို ပြောပါတယ်။
“အခက်အခဲတွေကတော့ ရှိတာပေါ့ မီးကလည်း လောင်ထားတာဆိုတော့ သွပ်လေးတွေ မိုးနေကြရတာ မီးလောင်ထားတဲ့ သွပ်တွေဆိုတော့ တာရှည်မခံဘူး။ ဘာတွေစိုးရိမ်လဲဆိုတော့ သားသမီးတွေအတွက် အဓိက ပူရတာပေါ့။ ပညာရေးကလည်း အဆက်ပြတ်တယ်။ နိုင်ငံရေးမြန်မြန်ပြီးပြီးတော့ လွတ်လွတ်လပ်လပ် နေချင်တယ်။ အခုကတော့ စိတ်တွေက မပျော်ဘူးပေါ့။ ကြောက်ကြောက်လန့်လန့်နဲ့ နေရတာလေ။ ဒီကနေ့တောင် လက်နက်ကြီးတွေနဲ့ ပစ်နေတာလေ”
အမျိုသမီးအခွင့်အရေးတွေကို ကာကွယ်ဖို့၊ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာ ထိန်းသိမ်းမြှင့်တင်ရေး အရေးပေါ် လုပ်ဆောင်ချက်တွေမှာ ပူးပေါင်းပါဝင်ဖို့၊ အမျိုးသမီးတွေရဲ့ အသံနဲ့ ဆုံးဖြတ်နိုင်စွမ်းတွေကို ဦးစားပေးတဲ့ နည်းလမ်းတွေကို ဆောင်ရွက်ဖို့အတွက် တော်လှန်ရေး အစုအဖွဲ့အားလုံးကို တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကလည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ထုတ်ပြန်ပါတယ်။
၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ သားဖွားနိုင်တဲ့အသက်အရွယ်ရှိတဲ့ အမျိုးသမီးနဲ့ မိန်ကလေးငယ် ၅ ဒသမ ၉ သန်းခန့်ဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေပြီး အဲဒီအထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး လေးသိန်းခွဲကျော် (၄၅၅,၀၀၀ ခန့်) ပါဝင်တယ်လို့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၆ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် အမျိုးသမီး နှစ်ထောင်ကျော် (၂၀၉၂ ဦး) သေဆုံးခဲ့ပြီး၊ အမျိုးသမီး ခြောက်ထောင်ကျော် ( ၆၃၁၅ ဦး) ဖမ်းဆီးခံခဲ့ရပါတယ်။
မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်နိုင်ဖို့ အာဆီယံအနေနဲ့ ကြိုးပမ်းနေတာတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ တင်ပြခဲ့ပြီး မြန်မာနိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အရေးတကြီးပေးဖို့ လိုအပ်နေတာကိုလည်း အထူးတလည် တင်ပြခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ထရီဇာ လာဇာရို (Theresa P. Lazaro) က ပြောကြားလိုက်ပါတယ်။
မတ်လ ၆ ရက်နေ့က X လူမှုကွန်ရက်မှာ ရေးသားလိုက်တာဖြစ်ပြီး မြန်မာနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအစည်းအဝေးကို ပထမဆုံး တက်‌ရောက် အစီအရင်ခံရတာလည်းဖြစ်တယ်လို့သိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက မြန်မာက ဦးဆောင်ပြီး မြန်မာတွေကပဲ ဆုံးဖြတ်စီရင်နိုင်တဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းတစ်ခု ပေါ်ထွန်းလာဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ တစ်ဖန်တိုးမြှင့်ကူညီပေးဖို့ကိုလည်း တင်ပြခဲ့တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံအရေး နဲ့ပတ်သက်ပြီး ဦးဆောင်အရေးဆိုတဲ့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ဗြိတိန်နိုင်ငံက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ (Julie Bishop) နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်တို့ကို တင်ပြဖို့ ဖိတ်ခေါ်တဲ့အတွက် အခုလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကြားနာပွဲ ပြုလုပ်တာဖြစ်ပါတယ်။
စစ်ကိုင်း၊ မကွေး၊ ချင်း၊ ရခိုင်နဲ့ ကယားပြည်နယ်က ကြားကာလပညာရေးကျောင်းတွေမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းအန္တရာယ်ကနေ အတတ်နိုင်ဆုံးကာကွယ်ဖို့ ဗုံးခိုကျင်းတွေအလုံအလောက်မရှိသေးတဲ့အတွက် သားသမီးတွေအတွက် မိဘတွေကလုံခြုံရေးစိုးရိမ်နေကြတယ်လို့ ဒုက္ခသည်အရေးအကူအညီပေးနေသူတွေနဲ့ ဒေသခံတွေကပြောပါတယ်။
မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထောက်လှမ်းရေးမိုးပျံဘောလုံး (SPY Balloon) တွေနဲ့ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ရွာတွေကို စုံစမ်းမှတ်သားပြီး ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် ပြည်သူတွေကလည်း ၂၀၂၄ ခုနှစ်ကစပြီး မြေအောက်စာသင်ကျောင်းတွေနဲ့ ဗုံးခိုကျင်းတွေ တည် ဆောက်လာကြတာြဖစ်ပါတယ်။
ဒါပေမဲ့ စစ်ကိုင်းတိုင်း အရာတော် မြို့နယ်မှာတော့ ဗုံးခိုကျင်းကောင်းကောင်းမရှိသေးတဲ့အတွက် လေကြောင်း အန္တရာယ် စိုးရိမ်ရတဲ့ရက်တွေမှာ သားသမီးကိုကျောင်းမလွှတ်ဘူးလို့ အမည်မဖော်လိုတဲ့မိဘတစ်ဦးက RFA ကိုပြောပါတယ်။
“မိဘတစ်ယောက်အနေနဲ့ဆိုရင်တော့ ဗုံးခိုကျင်းမရှိတဲ့ကျောင်းကို မလွှတ်ချင်ဘူးပေါ့။ ကျောင်းသား ကျောင်းသူတွေရဲ့ အသက်က ဒီဗုံးခိုကျင်းတွေပေါ်မှာ မူတည်နေတာဆိုတော့လေ”
NUG အစိုးရကဗုံးခိုကျင်းတစ်ကျင်းဆောက်ဖို့ ငွေကျပ်ငါးသိန်းထောက်ပံ့ပေမဲ့ တကယ့်ကုန်ကျစရိတ်က ငွေကျပ် သိန်းနှစ်ဆယ်ကျော်ရှိနေပါတယ်။ ဒေသခံတွေကိုယ်တိုင်လည်းဝင်ငွေမရှိဘဲရပ်တည်နေရတာကြောင့် စာသင် ကျောင်းတိုင်းမှာ ဗုံးခိုကျင်းမဆောက်နိုင်ကြဘူးလို့ပြောကြပါတယ်။
ကျောင်းတိုင်းမှာဗုံးခိုကျင်းတွေဆောက်ဖို့အခက်အခဲရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က RFA ကိုပြောပါတယ်။
“ဒီ ဗုံးခိုကျင်းတွေဆိုတာကလည်း အားလုံးကိုဆောင်ရွက်နိုင်ဖို့အခက်အခဲရှိတယ်။ တတ်နိုင်သမျှတော့ ဒီဟာကို လုပ်ကိုင်ဆောင်ရွက်နေတာရှိတယ်။ နောက်တစ်ခုက လေကြောင်းရန်ကာကွယ်ရေးပေါ့။ ဒါနဲ့ ပတ်သက်ပြီး တော့လည်း အသိပညာပေးတာတွေ နောက်ပြီးတော့ လေကြောင်းရန်ကိုအချိန်နဲ့အမျှသိနေဖို့ ဆောင်ရွက်တာ တွေပေါ့"
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ထဲမှာပဲ အရာတော်မြို့နယ်အတွင်းက စာသင်ကျောင်းတွေကိုနှစ်ကြိမ်ထက်မနည်း စစ်ကော် မရှင်တပ်က ဗုံးကြဲခဲ့ပါတယ်။ အဲဒီအချိန်က ကျောင်းပိတ်ရက်ဖြစ်နေလို့သာ ကလေးတွေအန္တရာယ်ကလွတ်ခဲ့ တာလို့ပြောပါတယ်။
စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုတွေအမြဲမပြတ်ရှိနေတတ်တဲ့ စစ်ကိုင်းတိုင်းမှာ အဖက်ဖက်ကလိုအပ် နေသလို၊ ပညာရေးကဏ္ဍမှာပိုအားနည်းလာတယ်လို့ မော်လိုက်မြို့နယ်က အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် တွေကိုကူညီနေတဲ့သူတစ်ဦးက ထောက်ပြပါတယ်။
“ပညာရေးဝန်ကြီးဌာနဘက်ကလည်း ကျွန်မအမြင်ကတော့ နည်းနည်းအားစိုက်မှုတွေနည်းနေသလိုထင်တယ်။ နောက်ပြီးတော့ လေကြောင်းရန်က ကျွန်မတို့ ကြောက်ရတယ်။ တချို့ မြို့နယ်တော်တော်မျာများက အခွန် ကောက်ခံရရှိတာတွေကိုလည်း စနစ်တကျ အသုံး မပြုနိုင်တဲ့အခါ ကျွန်မတို့စိတ်ထဲမှာ အားခဲထားသလောက် မျှော်မှန်းသလောက်မပေါက်မြောက်ဘူးလို့ မြင်တယ်"
စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ မော်လိုက်စတဲ့ ဒေသ တွေမှာတော့ တောတောင်တွေထဲမှာပဲ ကလေးတွေကို ရေးတတ်ဖတ်တတ်အောင် သင်ပေးနေရတယ်လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ကလေးတွေအတွက်ပညာရေးကဏ္ဍကို ရပ်ထားလို့မရဘူးလို့ CDM ကထိကဆရာမ ဒေါ်ရတီအုန်းက ပြောပါတယ်။
“တိုင်းပြည်ပြန်ပြီး ဦးမော့လာဖို့ ပြန်ပြီး နာလန်ထလာနိုင်ဖို့ အဲဒီအတွက်ကတော့ ပညာသင်ကြားရေးက မရှိမဖြစ်လိုအပ်တယ်။ ဒါကြောင့်မို့ ကျွန်မတို့ကလည်း နည်းလမ်းပေါင်းစုံကို သုံးပြီးတော့မှ ပညာသင်ကြား ရေးအတွက်အဆက်ပြတ် မသွားအောင် ကြိုးစားနေပါတယ်”
ကဘော်ချိုင့်ဝှမ်းဒေသ ကလေးနဲ့ တမူးမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အခမဲ့စာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားနေပေမဲ့ စစ်ကော်မရှင်က ကလေး-တမူး (အာရှလမ်းမကြီး) ကို ပိတ်ထားတာကြောင့် ကျောင်းသားငါးထောင်ကျော်အတွက် စာရေးကိရိယာပစ္စည်းတွေရဖို့ခက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းနဲ့နယ်မြေချင်းထိစပ်နေတဲ့ ချင်းပြည်နယ်က မြို့နယ်တချို့နဲ့ မကွေးတိုင်းက ယော၊ ဆော၊ ပေါက်၊ မြိုင် စတဲ့ဒေသတွေမှာတော့ စစ်ရေးပြင်းထန်တဲ့ကာလတွေမှာ စာသင်ကျောင်းတွေကို ရက်ရှည်ပိတ်ထားရတာ ကြောင့် ပညာရေးကဏ္ဍဟာ ဒီနေ့အထိ ပုံမှန်မလည်ပတ်နိုင်သေးဘူးလို့ ဆိုပါတယ်။
ကယားပြည်နယ်မှာတော့ စာသင်ကျောင်းတွေကိုနေရာအသေမထားပဲ ရွှေ့နေရတယ်လို့ ကရင်နီလူ့အခွင့်အရေး အဖွဲ့ (KnHRG) ရဲ့ ညွှန်ကြားရေးမှူး ကိုဗညား ကပြောပါတယ်။
" နံပါတ် (၁)အချက် ကျွှန်တော်တို့ ပညာရေးဌာနနဲ့ တစ်သီးပုဂ္ဂလပညာရေးလုပ်ငန်းလုပ်တဲ့သူတွေကတော့ ပုံမှန်အားဖြင့် အတတ်နိုင်ဆုံး ကျောင်းတွေရွှေ့တယ်။ ကျောင်းတွေပြောင်းတာကို လိုက်ကူထောက်ပံ့တယ်။ လူထုတွေကလည်း အတူဝန်းရံကြတယ်။ ရောက်တဲ့နေရာမှာ ပြန်ပြီးစာသင်တယ်"
အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၄ ခုနှစ်မှာ လေကြောင်းရန်ကာကွယ်ရေးအတွက် ငွေကျပ် ၁၈ ဒသမ ၂ ဘီလျံအသုံးပြုခဲ့တယ်လို့ ၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီအစည်းအဝေးမှာပြောဆိုထားပြီး ၂၀၂၅ ခုနှစ်ရော ၂၀၂၆ ခုနှစ်အတွက်အသုံးစရိတ်ကိုပါ အတိအကျ မသိရသေးပါဘူး။
RFA ကလက်လှမ်းမီသလောက် စုဆောင်းထားတဲ့အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးသူငယ်တွေ အနည်းဆုံး ၂၈၇ ယောက်အသက် ဆုံးရှုံးတာတွေ့ရပါတယ်။
RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၁၅ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ။
စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဒုက္ခသုက္ခတွေထဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစားရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘ၀တွေအကြောင်းတင်ပြနေတဲ့ “စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ်” ပေါ့ကတ်စ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်နေပါတယ်။
ဒီတစ်ပတ်အစီအစဉ်မှာတော့ မြို့ပြမှာ ပြည့်ပြည့်စုံစုံနေရတဲ့ဘ၀ကို စွန့်လွှတ်ပြီး စစ်မြေပြင်မှာ လူ့အသက်တွေကို ကယ်တင်ဖို့ကြိုးစားနေတဲ့ ဒေါက်တာလင်းနစ်ဇို အကြောင်းကြည့်ရှုနားဆင်နိုင်ပါပြီ။
ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ EU အနေနဲ့ မြန်မာစစ်ကော်မရှင်က လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ နိုင်ငံရေးအကျဥ်းသား အများအပြားကို လွှတ်ပေးခဲ့တာ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုတွေ ပိတ်သိမ်းပေးတာကို ကြိုဆိုကြောင်း မတ်လ ၅ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
ဒါပေမယ့် နိုင်ငံတော်အတိုင်ပင်ခံ ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေး အကျဥ်းသား အားလုံး ပြန်လွတ်‌မြောက်လာရေး အရပ်သားပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်နေတာ လျှော့ချရေးနဲ့ အားလုံးပါဝင်နိုင်တဲ့ နိုငင်ံရေး တွေ့ဆုံဆွေး‌နွေးပွဲ စတင်နိုင်ရေးတို့ကို ဆက်လက်တောင်းဆိုသွားမယ်လို့လည်း ရန်ကုန် EU သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကော်မရှင်ရဲ့ မတ်လ ၂ ရက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်မှာ အကျဥ်းသား ၁ သောင်းကျော် ပြန်လွှတ်ပေးခဲ့ကြောင်း စစ်ကော်မရှင်က ကြေညာခဲ့ပြီး နိုင်ငံရေးအကျဥ်းသား ၃၀၀၀ ကျော်ပဲ အတည်ပြုနိုင်ကြောင်း နိုင်ငံရေးအကျဥ်းသား စောင့်ကြည့်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၅ နှစ်ကြာတဲ့အထိ မြန်မာနိုင်ငံက ပဋိပက္ခဟာ အဆုံးသတ်မယ့် လက္ခဏာ မရှိကြောင်း၊ စစ်အာဏာပိုင်တွေရဲ့ ပြည်သူတွေအပေါ် ဖိနှိပ်အုပ်ချုပ်နေတာ အဆုံးသတ်နိုင်ရေးနဲ့ ဒီမိုကရေစီနဲ့ တည်တံ့ခိုင်မာတဲ့ ငြိမ်းချမ်းရေးရဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အရေးပေါ်ဖိအားပေးဆောင်ရွက်မှုတွေ လိုအပ်နေပါ တယ်လို့ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် အီဇာဘရန်းစ်ခါရစ် (Ilze Brands Kehris) က ပြောကြားလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကျင်းပတဲ့ ၆၁ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီး ကတည်းက မြန်မာနိုင်ငံမှာ အမျိူးသမီး ၁၆၅၀ ကျော်နဲ့ ကလေးသူငယ် ၁၀၀၀ ကျော်အပါအဝင် အရပ်သား ၇၇၀၀ ကျော် အသတ်ဖြတ်ခံခဲ့ရကြောင်း၊ စစ်အာဏာသိမ်းဆန့်ကျင်သူ ၃၀၀၀၀ ကျော် ဖမ်းဆီး အကျဥ်းချ ခံခဲ့ရပြီး ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေအပါအဝင် ၂၃၀၀၀ ကျော် ဆက်လက် အကျဥ်းချခံထားရဆဲ ဖြစ်ကြောင်းလည်း မစ္စခါရစ်က ပြောပါတယ်။
၂၀၂၅ ခုနှစ်မှာ အရပ်သား ၉၈၂ ဦး အသတ်ခံရပြီး အရင်တစ်နှစ်ကထက်စာရင် ၅၃ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း၊ ဒီအထဲ ကလေးသူငယ် ၂၈၇ ဦးသေဆုံးခဲ့ရပြီး စစ်အာဏာသိမ်းအပြီး ကလေးအများဆုံးသေရတဲ့ နှစ်ဖြစ်ကြောင်းလည်း လူ့အခွင့်အရေးကောင်စီကြားနာပွဲအတွင်း မှတ်ချက်မှာ ပြောကြားထားပါတယ်။
ဧပြီ ၁ ရက်နေ့မှစပြီး လက်ကိုင်ဖုန်းရဲ့ IMEI နံပါတ်ကို စစ်ကော်မရှင် အာဏာပိုင်တွေဆီမှာ မှတ်ပုံမတင်ပါက တယ်လီဖုန်း ဆက်သွယ်ရေးကွန်ယက်တွေနဲ့ ချိတ်ဆက် သုံးခွင့်မပြုတော့ကြောင်း စစ်ကော်မရှင်က မတ်လ ၅ ရက်နေ့က ကြေညာလိုက်ပါတယ်။
ဗဟိုမိုဘိုင်း စက်ပစ္စည်း သက်သေခံ မှတ်ပုံတင်စနစ် (CEIR) ခွင့်ပြုစာရင်းတွင်မပါရှိတဲ့ လက်ကိုင်ဖုန်းတွေကို ဖုန်းလိုင်းနဲ့ စတင်ချိတ်ဆက် အသုံးပြုချိန်ကနေရက်ပေါင်း ၃၀ တွင်းသာ ယာယီအသုံးပြုခွင့်ရရှိမှာ ဖြစ်ပြီး မတ်လ ၃၁ မတိုင်ခင်မှာ မှတ်ပုံတင်ရမယ်လို့ စစ်ကော်မရှင်က ကြေညာထားပါတယ်။ လက်ကိုင်ဖုန်း IMEI နံပါတ်ကို CEIR စနစ်မှာ မှတ်ပုံတင်မထားရင် မိမိရဲ့ဖုန်းဟာ ဘယ် sim card နဲ့ ထည့်သုံးလို့ မရနိုင်တော့ဘူးလို့ ဆိုပါတယ်။
CEIR စနစ်ဟာ နိုင်ငံတကာ စံချိန်စံညွှန်းမီ အခွန်ကောက်ဖို့ စစ်ကော်မရှင်က အကြောင်းပြထားပေမယ့် ဒီကန့်သတ်ချက်အသစ်ဟာ နိုင်ငံရေးနဲ့ ပက်သက်ဆက်နွှယ်သူ တွေအပါအဝင် ပြည်သူတွေကို ခြေရာခံ ထိန်းချုပ်ဖို့ ဆောင်ရွက်ချက်လို့ မြင်တဲ့အကြောင်း ရန်ကုန်မြို့က နည်းပညာသမား ကိုအောင်က RFA ကိုပြောပါတယ်။
“ဒီနိုင်ငံရေးအခြေအနေနဲ့ဆိုရင် လုံခြုံရေးအရနဲ့ အခွန်ရဖို့ဆိုတာထက် နိုင်ငံရေးနဲ့ပတ်သက်တဲ့သူတွေ၊ တခြားအကြောင်းတွေကို ခြေရာခံဖို့လုပ်တယ်ဆိုတာ ဖြစ်နိုင်ခြေပိုများတာပေါ့။ အရင်ကတည်းက sim card မှတ်ပုံတင်ခိုင်းထားရင် ပြီးနေတာဆိုတော့ အခုကပိုဆိုးသွားတာပေါ့။ အစကတော့ sim card တခုနဲ့သုံးပြီး sim card သုံးပြီးလွှင့်ပစ်ရင် လိုက်လို့မရတော့ဘူး။ အခုတော့ ဘယ် sim card ထည့်ထည့် IMEI နံပါတ်ကြီးရှိ နေတာဆိုတော့ ဒါဘယ်သူလဲဆိုတာ သူတို့ကသိနေတာပေါ့”
မဖြစ်မနေမှတ်ပုံတင်ရမှာဖြစ်တဲ့အတွက် အရေးကြီးကိစ္စနဲ့ ငွေကြေးကိစ္စပြောဆိုဆောင်ရွက်ရာမှာတော့ သတိထားရမယ့် အခြေအနေဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
လက်ရှိအသုံးပြုနေတဲ့မိုဘိုင်းဖုန်းတွေကိုတော့ အခွန်ဆောင်စရာမလိုပဲ ဆက်အသုံးပြုနိုင်ဖို့ CEIR ရဲ့ ခွင့်ပြုစာရင်းမှာ အလိုအလျောက်ထည့်သွင်းပေးမှာဖြစ်တယ်လို့ CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီက ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီခွင့်ပြုစာရင်းမှာ ထည့်သွင်းမှတ်ပုံတင်ဖို့ MPT, ATOM, U9, Ooredoo, Mytel စတဲ့ ပြည်တွင်း ပုဂ္ဂလိက ဆက်သွယ်ရေး ကုမ္ပဏီတွေရဲ့ Sim Card တစ်ခုခု ထည့်သွင်းထားပြီး အသုံးပြုဖို့လိုတယ်လို့ဆိုပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေကြောင့် စစ်ကော်မရှင်ရဲ့ လေယာဉ်ဆီ ရရှိနိုင်မှုအပေါ် သက်ရောက်မှုတွေကို စောင့်ကြည့်နေကြောင်းနဲ့ စစ်ကော်မရှင် လေယာဉ်ဆီရရှိနေတဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေအားလုံးကိုလည်း ပိတ်ဆို့ဒဏ်ခတ်ဖို့ လိုအပ်ကြောင်း Justice For Myanmar အဖွဲ့က မတ်လ ၅ ရက်နေ့မှာ RFA ကို ပြောပါတယ်။
စစ်ကော်မရှင်ကို လေယာဉ်ဆီ တန်ချိန်ပေါင်း သိန်းနဲ့ချီ ရောင်းချပေးခဲ့တဲ့ အီရန်နိုင်ငံဟာ စစ်မက် ဖြစ်ပွားနေတာကြောင့် လောင်စာဆီ မတင်ပို့နိုင်တော့ဘဲ အခက်ကြုံနေရချိန် စစ်ကော်မရှင်ရဲ့ စက်သုံးဆီနဲ့ လေယာဉ်ဆီ ရရှိမှုအပေါ် သက်ရောက်နိုင်မှုနဲ့ ပတ်သက်လို့ RFA ရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေဆိုခဲ့တာပါ။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာမဲ့ သက်ရောက်မှုအပြင် မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့ရာမှာပါဝင်တဲ့ ကုမ္ပဏီတွေ အခြေစိုက်ထားတဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံကို အီရန်ဘက်က ပစ်မှတ်ထား လက်တုန့်ပြန်မှုတွေကြောင့် ဖြစ်ပေါ်လာမဲ့ သက်ရောက်မှုတွေကိုပါ စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။ စစ်ကော်မရှင်ဟာ လေယာဉ်ဆီရရှိဖို့အတွက် ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ကျော်လွှားဖို့နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတယ်လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က RFA ကို ပြောပါတယ်။
“စစ်အုပ်စုနှင့် ၎င်းတို့၏ လေယာဉ်ဆီ ပံ့ပိုးသူများက လေကြောင်းတိုက်ခိုက်သတ်ဖြတ်မှုများတွင် အသုံးပြုသည့် လေယာဉ်ဆီများကို ဆက်လက် ရရှိနိုင်ရန် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ရှားနိုင်သည့် နည်းလမ်းမျိုးစုံကို ဖန်တီးအသုံးပြုလာကြပါတယ်။ မြန်မာ့အိမ်နီးချင်း နိုင်ငံများက စစ်အုပ်စုနှင့် ခရိုနီများအား လေယာဉ်ဆီ ဝယ်ယူနိုင်ရန်နှင့် ၎င်းတို့၏ ဘဏ်စနစ်များကို အသုံးပြုနိုင်ရန် ခွင့်ပြုနေသရွေ့၊ စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင်ကြံရာပါပတ်သက်နေသရွေ့ ထိုသို့ရှောင်ရှားမှုများကလည်း ဆက်လက်ရှိနေမှာ သေချာပါတယ်”
နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ စစ်ကော်မရှင်ရဲ့ ဘဏ္ဍာငွေရင်းမြစ်တွေကို ဖြတ်တောက်ဖို့၊ လေယာဉ်ဆီ ရောင်းဝယ်မှုတွေပါဝင်တဲ့ သင်္ဘာတွေ၊ သင်္ဘောပိုင်ရှင်တွေ၊ စီမံခန့်ခွဲသူတွေ၊ လောင်စာဆီဆိပ်ကမ်းတွေနဲ့ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းတို့အပါအဝင် လေယာဉ်ဆီထောက်ပံ့ရေး ကွင်းဆက်တစ်ခုလုံးကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့လိုအပ်တယ်လို့ သူက ဆိုပါတယ်။
စစ်ကော်မရှင်ကတော့ အရှေ့အလယ်ပိုင်းဒေသက စစ်ရေးပဋိပက္ခတွေအတွင်း လောင်စာဆီတင်သွင်းတဲ့ သင်္ဘောတွေ ရေလမ်းကြောင်းတစ်လျှောက် အတားအဆီး၊ အပိတ်အဆို့တွေ ဖြစ်ပေါ်နေတာကြောင့် ပြည်သူတွေ လောင်စာဆီ ခြိုးခြံချွေတာသုံးကြဖို့ဆိုပြီး မတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ ပုဂ္ဂလိက ကိုယ်ပိုင်ကားတွေ တစ်ရက်ခြားမောင်းနှင်ဖို့၊ စက်သုံးဆီ ဝယ်ယူစုဆောင်းတာ၊ စျေးတင်ရောင်းတာတွေလုပ်ရင် အရေးယူမယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
အခု အမေရိကန်အစ္စရေးတို့နဲ့ စစ်ဖြစ်နေတဲ့ အီရန်နိုင်ငံဟာ နိုင်ငံတကာကပိတ်ဆို့အရေးယူထားတဲ့ မြန်မာစစ်တပ်ကို လေယာဉ်ဆီ တန်ချိန်ပေါင်း သိန်းနဲ့ချီပြီး လျှို့ဝှက်တင်ပို့ရောင်းချခဲ့ကြောင်း ရိုက်တာစ် (Reuters) သတင်းဌာနက ၂၀၂၆ ဇန်နဝါရီလက ရေးသားခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်း ငါးနှစ်ကျော်ကာလမှာ နိုင်ငံတစ်ဝန်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၉၉၁ ဦးသေဆုံးခဲ့ပါတယ်။
ပုဂ္ဂလိက ယာဥ်မောင်းသူတွေအနေနဲ့ လောင်စာဆီခြိုးခြံချွေတာဖို့၊ ကိုယ်ပိုင်ကားတွေ တစ်ရက်ခြား မောင်းကြဖို့နဲ့ စက်သုံးဆီ ဝယ်ယူစုဆောင်းတာ၊ စျေးတင်ရောင်းတာတွေ မလုပ်ဖို့ မတ်လ ၃ ရက်နေ့က အမိန့်ထုတ်အပြီး စစ်ကော်မရှင် ရုံးစိုက်ရာ နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းမှာ စက်သုံးဆီ ဝယ်ယူရခက်ခဲသွားပြီး ပြင်ပပေါက် စျေးတွေလည်း အဆမတန် မြင့်တက်သွားတယ်လို့ စက်သုံးဆီ တန်းစီး ဝယ်ယူနေရသူတွေက RFA ကို မတ်လ ၅ ရက်နေ့မှာ ပြောပါတယ်။
နေပြည်တော်မြို့လယ်ဖြစ်တဲ့ ဇမ္ဗူသီရိမြို့နယ်မှာတောင် စက်သုံးဆီ အရောင်းဆိုင်တချို့ ပိတ်ထားရပြီး ရောင်းချပေးနေတဲ့ ဆိုင်တွေမှာလည်း ကားတန်းရှည်တွေနဲ့ တန်းစီဝယ်နေရကြတယ်လို့ နေပြည်တော်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
နေပြည်တော်မြို့ခံ - “ဆီက DENKO မှာသွာတိုးရတယ်။ နောက်ပြီးတော့ ဧည့်ရိပ်သာက ပိတ်ထားတယ်။ ဧည့်ရိပ်သာရှေ့တည့်တည့်က ဆီပန့်ကြီးက ပိတ်ထားတယ် သူကတော့ မရတော့ဘူး။ ဓတ်ဆီအကျပ်အတည်းကတော့ စိုးရိမ်ကြတာပဲ။ ဝန်ထမ်းတွေဆို ပိုဆိုးတာပေါ့ တချို့ဝန်ထမ်းတွေဆိုရင် ဆိုင်ကယ်ဆီဖြည့်ပြီးတော့ ဆိုင်ကယ်နဲ့ မသွားတော့ဘဲနဲ့ ဖယ်ရီကားပဲ စောင့်စီးတော့မယ်ဆိုပြီး လုပ်ကြရတာ အရင်က ကိုယ့်ဆိုင်ကယ်နဲ့ကိုယ် သွားကြတာလေ”
ရပ်ကွက်တွေထဲမှာ တစ်နိုင်တစ်ပိုင် ရောင်းချတဲ့ ဆိုင်တွေမှာ ဓာတ်ဆီတစ်လီတာကို ၄၀၀၀ ကနေ အမြင့်ဆုံး ကျပ် ၇၀၀၀ အထိ စျေးတက်သွားတယ်လို့ သူက ပြောပါတယ်။ အလားတူ ရန်ကုန်၊ မန္တလေး အပါအဝင် တိုင်းနဲ့ပြည်နယ် မြို့ကြီးတွေနဲ့ နယ်စပ်မြို့တွေပါမကျန် စက်သုံးဆီတွေကို တန်းစီဝယ်ယူနေရတာပါ။ တန်းစီဝယ်ယူချိန်မှာလည်း လိုသလောက် ရောင်းပေးတာမျိုးမဟုတ်ဘဲ ပမာဏအကန့်အသတ်နဲ့ပဲ ရောင်းချ ပေးတာလို့ စက်သုံးဆီ တန်းစီဝယ်ယူသူတွေက ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့မှာဆိုရင်လည်း စက်သုံးဆီ ပြင်ပပေါက်စျေးတွေ အဆမတန်မြင့်တက်သွားတာကြောင့် အခြေခံလူတန်းစားတွေ အခက်ကြုံနေရတယ်လို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
မြ၀တီမြို့ခံ-“တချို့ဆိုင်တွေဆိုရင် အဲဒီနား ပေးနေတယ်ကြားလို့ ကြားလို့ သွားတော့ ဟိုလည်းရောက်ရော ကုန်သွားပြီဆိုပြီး ပိတ်ပစ်လိုက်တယ်။ လိုင်းပေါ်မှာ တင်ရောင်းနေတာကျတော့ စျေးတွေက အော်ပျံနေတာပဲ လီတာ ၂၀ ပုံးဝါတစ်ပုံးကို ဘတ် ၁၅၀၀ တို့ ၁၈၀၀ တို့ အဲဒီလိုမျိုးပေါ့ ပါးစပ်ထဲစျေးတွေပေါ့ အဲဒီလိုမျိုးတွေတော့ ရှိတယ်။ အဓိက ဒုက္ခရောက်တာတော့ ဆိုင်ကယ် တက္ကစီတို့ဘာတို့ မောင်းစားတဲ့သူတွေပေါ့ အခြေခံလူတန်းစားတွေပေါ့ အဲဒီလိုမျိုးတွေကတော့ တော်တော် ဒုက္ခရောက်တယ်”
လောင်စာဆီခြိုးခြံချွေတာဖို့ မတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး မတ်လ ၇ ရက်နေ့မှာ စ အသက်ဝင်မှာ ဖြစ်ပါတယ်။ စစ်ကော်မရှင်ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်တွင်းသုံးဖို့ ရက် ၄၀ စာ အရန်စက်သုံးဆီ ရှိတဲ့အတွက် ပြတ်လတ်စရာမရှိဘူးလို့ မတ်လ ၄ ရက်နေ့မှာ မီဒီယာတွေကို ဖြေဆိုထားပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်း - “မြန်မာနိုင်ငံအတွင်းမှာ ရောက်ရှိနေတဲ့ စက်သုံးဆီ ပုံမှန်သုံးစွဲရင်တောင်မှပဲ ရက် ၄၀ စာ အရန်ရှိပါတယ်။ ဆိပ်ကမ်းမှာ မချရသေးတဲ့ သင်္ဘော ၂ စင်း ရှိပါတယ်။ စက်သုံးဆီများ ဝယ်ယူပြီးတော့ တင်ဆောင်ပြီးလာနေတဲ့ သင်္ဘော ၁၄ စင်း ရှိပါတယ်။ စက်သုံးဆီ ပြတ်တောက်စရာ အကြောင်းမရှိပါဘူးလို့ပဲ ပြောချင်ပါတယ်”
စက်သုံးဆီချွေတာဖို့ ထုတ်ပြန်ရတာက အီရန်စစ်ပွဲကြောင့် စက်သုံးဆီအကျပ်အတည်း ရေရှည်ဖြစ်လာခဲ့ရင် စနစ်တကျ ဖြတ်သန်းနိုင်ဖို့ ကြိုတင်ပြင်ဆင်တာလို့ သူကဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ စက်သုံးဆီ သုံးစွဲမှုဟာ တစ်ရက်ကို ဓာတ်ဆီ ဂါလံ ၁ ဒသမ ၅ သန်း၊ ဒီဇယ်ဆီ ဂါလန် ၁ ဒသမ ၇ သန်း စုစုပေါင်း ၃ ဒသမ ၂ သန်းခန့် ရှိတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ နေ့စဉ် ဂါလံသန်းချီ အသုံးပြုနေရတဲ့ စက်သုံးဆီတွေကို ပြည်ပက အဓိက တင်သွင်းရတာဖြစ်တဲ့အတွက် လောင်စာဆီ ပြဿနာကြုံလာတဲ့အခါ မြန်မာနိုင်ငံအတွက် အထိအခိုက်များနိုင်တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်း က သုံးသပ်ပါတယ်။
ဦးအောင်သူငြိမ်း- ISP Myanmar - “ကျနော်တို့ မြန်မာနိုင်ငံမှာ စွမ်းအင်လုံခြုံမှု သေချာမရှိပါဘူး။ မရှိတော့ ပြည်ပက ဝယ်သုံးရတယ်။ အထူးသဖြင့် ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံလောက်အထိ သွင်းရပါတယ်။ ပြည်ပကနေ သွင်းကုန် စုစုပေါင်းရဲ့ ပမဏဆိုရင် ၃၆ ရာခိုင်နှုန်းကျော်တယ်ဗျ။ အဲဒီလိုဖြစ်တဲ့ အခါကျတော့ လောင်စာစွမ်းအင် ပြဿာနရှိလာတဲ့အခါမှာ စျေးတွေ ပိုကြီးမြင့်လာမယ်။ ရေနံချက်ပြီး ပို့တဲ့နိုင်ငံတွေကစလို့ ရေနံရရှိမှုခက်ခဲလာရင် ဒါက အများကြီး ထိခိုက်နိုင်တဲ့ အနေအထားရှိပါတယ်”
အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့ဒေသ အီရန်၊ အစ္စရေး၊ အမေရိကန် စစ်ပွဲ ၅ ရက်ကျော်လာပြီး စစ်ပွဲကျယ်ပြန့် လာတာနဲ့အတူ ရေနံ ပင်ပသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြားမှာ ကုန်စည်စီးဆင်းမှုတွေလည်း ရပ်တန့်လုနီးပါးဖြစ်နေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။
အမေရိကန် စွမ်းအင်သတင်းအချက်အလက်ဌာန (EIA) ရဲ့ အချက်အလက်အရတွေအရ ဟော်မုဇ် ရေလက်ကြားကနေ နေ့စဉ် ရေနံစည် (petroleum liquids) ပေါင်း သန်း ၂၀ ခန့် ဖြတ်သန်းနေပြီး ဒါဟာ ကမ္ဘာ့ရေနံအသုံးပြုမှုရဲ့ ၅ ပုံ ၁ ပုံခန့်နဲ့ ညီမျှပါတယ်။ ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းနေတဲ့ ရေနံတွေရဲ့ ၈၄ ရာခိုင်နှုန်းခန့်ဟာ အာရှဈေးကွက်ကို ရောက်ရှိတယ်လို့လည်း EIA က ဖော်ပြပါတယ်။
ဒါ့ကြောင့် မြန်မာအပါအဝင် အာရှနိုင်ငံတွေဟာ အီရန်စစ်ပွဲကာလမှာ လောင်စာဆီအကျပ်အတည်းကို စစ်ပွဲမပြီးသရွေ့ ဆက်ပြီး ရင်ဆိုင်ရနိုင်တယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။ ။
RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၁၅ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ။
မတ်လ ၇ ရက်နေ့ကစပြီး မြန်မာနိုင်ငံအတွင်း လောင်စာစီ ခြိုးခြံချွေတာဖို့ လစဥ် စုံရက်တွေမှာ စုံနံပါတ် အက္ခရာပါတဲ့ ယာဥ်တွေသာမောင်းရမှာဖြစ်ပြီး မရက်တွေမှာ မနံပါတ်အက္ခရာပါတဲ့ ယာဥ်တွေသာ မောင်း ရမယ်လို့ စစ်ကော်မရှင် အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ(ကာလုံ)က မတ်လ ၃ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ဒီကန့်သတ်ချက်မှာ အများသုံးယာဥ်တွေ၊ အငှါးယာဥ်တွေ စတဲ့ ယာဥ်တွေ မဝါဝင်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် စက်သုံးဆီ ဝယ်ယူတာ၊ သိုလှောင်တာနဲ့ စျေးမြှင့်ရောင်းတာတွေ မလုပ်ဖို့ လုပ်ခဲ့ရင် ဥပဒေအရ အရေးယူ မယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အရှေ့အလယ်ပိုင်း ရေနံအများဆုံးထွက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အီရန်နိုင်ငံနဲ့ အမေရိကန်-အစ္စရေးတို့အကြား ဖြစ်နေတဲ့ စစ်ပွဲကြောင့် လောင်စာဆီ သယ်ယူပို့ဆောင်ရေး ခက်ခဲလာတဲ့အတွက် ဒီအမိန့်ထုတ်ပြန်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မတ်လ ၄ ရက်နေ့မှာတော့ ကာလုံ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက တစ်နိုင်ငံလုံး အတွက် စက်သုံးဆီ ရက် ၄၀ စာရှိပြီး ပူပန်စရာမလိုကြောင်း၊ လက်ရှိဆိပ်ကမ်းမှာ ရောက်ရှိနေသည့် စက်သုံးဆီ သင်္ဘော နှစ်စီးရှိပြီး ဝယ်ယူပြီး လမ်းမှာရောက်နေတဲ့ စက်သုံးဆီ သင်္ဘော ၁၄ စီးရှိတယ်လို့ ရုပ်သံကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာစစ်ကော်မရှင်ဟာ လေယာဥ်သုံးဆီနဲ့ တခြားလောင်စာဆီတွေကို နိုင်ငံတကာ ပိတ်ဆို့မှုနဲ့ ကန့်သတ်ချက် ဥပ‌ဒေ ချိုးဖောက်ပြီး အီရန်နိုင်ငံနေ တရားမဝင် ဝယ်ယူနေ တယ်လို့ ရိုက်တာသတင်းက ဇန်နဝါရီလက ရေးသားဖော်ထုတ်ထားပါတယ်။
မြန်မာနိုင်ငံမှာ အဆမတန် လောင်စာဆီစျေးမြင့်တက်သွားတဲ့အတွက် မြန်မာနိုင်ငံဘက်က ထောင်နဲ့ချီတဲ့ ယာဥ်မောင်းအများအပြား ထိုင်းနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ကို အလုံးအရင်းနဲ့ ကူးလာပြီး လောင်စာဆီလာရောက်ဝယ်ကြတယ်လို့ မတ်လ ၃ ရက်နေ့ ထိုင်းနိုင်ငံ ထုတ် the Nation သတင်းစာက ရေးသားပါတယ်။
မြန်မာဘက် မြဝတီမြို့ကလာရောက်ဆီဝယ်တဲ့ ကိုယ်ပိုင်ကားတွေ၊ လူစီဗင်ကားတွေဟာ အမှတ် ၁ ချစ်ကြည်ရေး တံတားပေါ်မှာ ကြပ်ညပ်နေခဲ့ပြီး ဓာတ်ဆီဆိုင်တွေမှာလည်း မြန်မာဘက်ခြမ်းက ကားတွေနဲ့ တန်းစီ ပိတ်နေခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒီလို မြန်မာဘက်က အလုအယက်လာဝယ်ချိန်ဟာ ထိုင်းနိုင်ငံမှာလည်း အရှေ့အလယ်ပိုင်း အီရန်စစ်ပွဲကြောင့် သာမန် ထိုင်းနိုင်ငံသားတွေနဲ့ ကုန်တင်ကုန်ပို့ကားသမားတွေ လောင်စာဆီ အလုအယက်ဝယ်ဖြည့် နေချိန်ဖြစ်သလို ထိုင်းအစိုးရကလည်း ၆၁ ရက်စာ အရံဆီ သိုလှောင်ထားပြီး ပြည်တွင်း သုံးလောက်င အောင် ပြည်ပရောင်းချတာကို ပိတ်ပင်ဖို့ စဥ်းစားနေချိန်လည်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံကနေ မြန်မာနယ်စပ် ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေမှာ ဆီအလုံးအရင်း မသုံးနိုင်အောင် ဖြတ်သုံးဖြတ် စနစ်နဲ့ မြန်မာဘက်ခြမ်းကို ဆီအပိုတင်ပို့ရောင်းချတာကို ပိတ်ထားပါတယ်။ ဒါပေမယ့် မြန်မာဘက်ခြမ်း သာမန် ဒေသခံတွေကတော့ ကိုယ်ပိုင်ကားတွေ ဆီဖြည့်နိုင်ဖို့ မဲဆောက်ခြမ်းက ဆီဆိုင်တွေကို လာရောက်တန်းစီဝယ်ခွင့် ထိုင်းနိုင်ငံက ခွင့်ပြုထားပါတယ်။
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ လိပ္ပုတ်ကျေးရွာမှာ မတ်လ ၁ ရက်နေ့က စစ်ကော်မရှင်တပ်က လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သား ၉ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်းအရ ရွာသူ၊ ရွာသားတွေ ကြိုတင်တိမ်းရှောင်နေကြပေမယ့် ကျေးရွာထဲပြန်ဝင်တဲ့ အချိန် ဗုံးကြဲတာနဲ့ ကြုံပြီး အခုလို သေဆုံးရတာလို့ ဒေသခံတွေကို ကိုးကားပြီး သတင်းနဲ့မီဒီယာကွန်ယက် သတင်းဌာနက သတင်းရေးသားဖော်ပြပါတယ်။ ဒီရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို အိပ်နေချိန် ရွာလယ်အိုးတွေပေါ် ဗုံးကြဲချတာလို့ ရွာခံတွေကပြောပါတယ်။
တံတားဦးလေတပ်စခန်းကလာတဲ့ ဂျက်တိုက်လေယာဥ် နှစ်စင်းဟာ မတ်လ ၁ ရက်နေ့ ည ၁၁ နာရီ နဲ့ ၁၂ နာရီအကြားမှာ နှစ်ကြိမ်လာရောက် ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လူ ၁၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၅ လုံးနဲ့ အိမ်မွေးတိရစ္ဆာန်တွေလည်း ပျက်စီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ် တောင်ခြမ်းမှာရှိတဲ့ လိပ္ပုတ်ရွာမှာ အိမ်ခြေ (၁၀၀) ကျော်လောက်သာရှိတယ်လို့ သိရပါတယ်။
နိုင်ငံရေးခိုလှုံခွင့် အလွဲသုံးစားလုပ်နေတာတွေကို တိုက်ဖျက်တဲ့ မူဝါဒ တစ်စိတ်တစ်ပိုင်းအနေနဲ့ အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ မြန်မာနဲ့ ဆူဒန် လေးနိုင်ငံကို ပညာရေးဗီဇာထုတ်ပေးနေတာတွေကို ရပ်ဆိုင်းတော့မယ်လို့ ဗြိတိန်အစိုးရက မတ်လ ၃ ရက်နေ့က ကြေညာလိုက်ပါတယ်။
၂၀၂၁ ခုနှစ်က စပြီး ဒီလေးနိုင်ငံက ကျောင်းသားဗီဇာနဲ့ ရောက်ရှိလာပြီး ဗြိတိန်မှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားကြတဲ့ အရေအတွက်ဟာ တစတစ မြင့်မားလာခဲ့ပြီး ခိုလှုံခွင့် တောင်းခံလွှာတင်တဲ့ အရေအတွက်ဟာ ၁၃၅၀၀၀ နီးပါးအထိ ရှိလာခဲ့တယ်လို့ ဗြိတိန် ပြည်ထဲရေးဝန်ကြီး ရုံးက ပြောပါတယ်။
ဗြိတိန်အစိုးရ ပြည်ထဲရေးဝန်ကြီး ရှာဘာနာ မာမွတ် (Shabana Mahmood) က
“ဗြိတိန်နိုင်ငံအနေနဲ့ စစ်ဘေးစစ်ဒဏ်နဲ့ ဖိနှိပ်မှုတွေကနေ ထွက်ပြေးလာကြရသူတွေကို အစောင့်အရှောက် အကာအကွယ် အမြဲတမ်းပေးပါတယ်။ ဒါပေမယ့် ကျွန်မတို့နိုင်ငံရဲ့ ပြည်ဝင်ခွင့်ဗီဇာစနစ်ကို အလွဲသုံးစား လုပ်တာတကိုတော့ လက်မခံနိုင်ပါဘူး” လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။
“ဒါ့ကြောင့် ကျွန်မတို့နိုင်ငံရဲ့ သဘောထားကောင်းမှုအပေါ် အလွဲသုံးစားလုပ်တဲ့ ဒီနိုင်ငံတွေကလာတဲ့ နိုင်ငံသားတွေကို ကျောင်းသားဗီဇာ ငြင်းပယ်တဲ့အထိ မထင်မှတ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ရတာဖြစ်ပါတယ်။”
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီလေးနိုင်ငံက ကျောင်းသားဗီဇာနဲ့လာရောက်ပြီး နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားတဲ့ ကျောင်းသားအရေအတွက်ဟာ ၂၀၂၁ ကနေ ၂၀၂၅ အထိ ၄၇၀ ရာနှုန်း မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK ကတော့ ဒီလို မြန်မာ ကျောင်းသားတွေကို ဗီဇာရပ်ဆိုင်းတဲ့ လုပ်ရပ်ဟာ ရက်စက်ပြီး အမျှော်အမြင်နည်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မတ်လ ၄ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ရှုတ်ချလိုက်ပါတယ်။
“ဗြိတိန်ကိုရောက်လာပြီး ပညာသင်တဲ့ အခွင့်အလန်းဟာ ကျောင်းသားတစ်ယောက်အတွက် ဘဝကို ပြောင်းလဲပေးနိုင်တဲ့ အခွင့်အရေးဖြစ်ပြီး မြန်မာနိုင်ငံအနာဂတ်အတွက် ရင်းနှီးမြုပ်နှံမှုတစ်ခုလည်းဖြစ်ပါတယ်။ ဒီကျောင်းသားဘဝက ရလာတဲ့ အရည်အချင်းသစ်တွေကနေ မြန်မာနိုင်ငံအနာဂတ်ကို တဖန်ပြန်လည် ကူညီမယ့်လူတွေလည်းဖြစ်ပါတယ်” လို့ Burma Campaign UK အစီအစဥ်ဒါရိုက်တာ မဇိုယာဖန်းက ပြောပါတယ်။
နိုင်ငံခြားသား ဝင်ရောက်အခြေချမှုများလာတာဟာ ဗြိတိန်နိုင်ငံရေးမှာ အဓိကပြဿနာတစ်ခုဖြစ်ပြီး နိုင်ငံခြားသားဆန့်ကျင်ရေး လက်ယာစွန်း Reform UK နိုင်ငံရေးအယူအဆဟာ ပြည်သူ့စစ်တမ်းတွေမှာ ထိပ်တန်းမှာ ရောက်လာနေပါတယ်။
ဒါ့အပြင် ဗြိတိန်အစိုးရအဆက်ဆက် ပြင်သစ်ရေလက်ျားဖြတ်ပြီး လှေစီးဝင်ရောက်လာတဲ့ အထောက်အထားမဲ့ နိုင်ငံခြားသားအရေအတွက်ဟာ တစ်စတစ်များလာပြီး ဖြေရှင်းလို့ မပြီးတဲ့ ပြဿနာတစ်ရပ်ရှိနေပါတယ်။ ဒါ့အပြင် တခြားနည်းနဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းတာတွေ လျှော့ချရေး ဖိအားပေးတာတွေလည်း ကြုံနေရပါတယ်။
မြန်မာနိုင်ငံဟာ နာတာရှည်ဖြစ်လာတဲ့ ကပ်ဘေးအစုံကျနေတဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံတကာက အလေးအနက်ထား ကူညီဖြေရှင်းပေးဖို့လိုနေတယ်လို့ အမေရိကန်အခြေစိုက် လေ့လာရေးအဖွဲ့တစ်ဖွဲ့က ပြောကြားလိုက်ပါတယ်။
နိုင်ငံအနှံ့အပြားမှာ အိုးအိမ်စွန့် ထွက်ပြေးနေရတဲ့ ဘေးတွေ၊ စဥ်ဆက်မပြတ် လက်နက်ကိုင် ပဋိပက္ခဘေးတွေ၊ ဆိုးဝါးတဲ့ စီးပွားရေး ပျက်စီးလာတဲ့ဘေးတွေနဲ့ သဘာဝဘေးတွေ စတဲ့ ကပ်ဘေးရှိနေတဲ့ လူသားချင်း စာနာမှု ဆိုင်ရာ အရေးအပေါ်အခြေအနေကို မြန်မာပြည်သူတွေ ကာလရှည်ကြာ ရင်ဆိုင်ခံစားနေရတဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက မပြတ်အလေးစိုက် ဖြေရှင်းပေးမှုနဲ့ ကဏ္ဍပေါင်းစုံ အကူအညီတွေလိုနေတယ်လို့ အမေရိကန်အခြေစိုက် Gannet လေ့လာရေးအဖွဲ့ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
Gannet လေ့လာရေး အဖွဲ့ဟာ ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်တွေက ရတဲ့ အချက်အလက်ထောင် ပေါင်းများစွာကို ဉာဏ်ရည်တု AI နည်းပညာနဲ့ လေ့လာခွဲခြမ်းပြီး ရှင်းလင်းပြတ်သားတဲ့ မူဝါဒရေးရာ အစီအရင်ခံစာတွေကို ထုတ်ဖော်ပေးတဲ့အဖွဲ့ဖြစ်ပါတယ်။
၂၀၂၆ ဖေဖော်ဝါရီလ ၉ ရက်ကနေ ၁၅ ရက်အထိ ၆ ရက်ကြာ သတင်းဓာတ်ပုံ အချက်အလက် ထောင် ပေါင်းများစွာကို လေ့လာပြီး ရေးသားထားတဲ့ ဒီအစီအရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ အခြေအနေကို ဖြေရှင်းနိုင်ဖို့ သံတမန်ရေးရာ၊ လူသားချင်းစာနာမှုရေးရာနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ စဥ်ဆက်မပြတ် အကူအညီတွေ လိုတယ်လို့လည်း ၃၃ မျက်နှာပါ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
မေး - စစ်ကော်မရှင်ရဲ့ ခံဝန်ကတိနဲ့လွှတ်ပေးတဲ့လွတ်ငြိမ်းသက်သာခွင့်အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ - “အဓိကကတော့ နိုင်ငံကပြည်သူအများစုမျှော်လင့်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ပြန်လွတ်လာမှ စစ်မှန်တဲ့ရည်ရွယ်ချက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးတယ်လို့ ကျနော်တို့ကတော့ဆုံးဖြတ်ပါမယ်။ ဒီလိုမဟုတ်သေးရင်တော့ နိုင်ငံတကာဖိအားတွေ သူတို့မှာတစ်စုံတစ်ခုတွေ့နေရတဲ့ အကျပ်အတည်းကြောင့် ယာယီထွက်ပေါက်ရှာတာ အရင်ထုံးစံအတိုင်းပဲလုပ်တယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်”
မေး - လက်ရှိအခြေအနေကို ဘယ်လိုအကြံပြုချင်ပါသလဲ။
ဖြေ - “တိုင်းပြည်အကျိုးကို အမြဲဦးစားပေးပြီးတော့ ဆုံးဖြတ်စေချင်ပါတယ်။ တစ်စုတစ်ဖွဲ့တည်းရဲ့အကျိုးထက် တိုင်းပြည်ရဲ့အကျိုးကို ဦးစားပေးအနစ်နာခံပြီးဆုံးဖြတ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ကို မဖြစ်မနေအမြန်ဆုံးပြန်လွှတ်မယ်။ နိုင်ငံရေးအရဆွေးနွေးတိုင်ပင်တာတွေလုပ်မယ်၊ အခုတိုင်းပြည်က ကြုံတွေ့နေရတဲ့အကြပ်အတည်းက နိုင်ငံရေးအရဘယ်လိုထွက်ပေါက်ရှာမယ်ဆိုတာကို အမြန်ဆုံးလုပ်သင့်ပါတယ်”
မေး - ဒီမိုကရေစီဘက်တော်သားတွေကို ဘာတိုက်တွန်းချင်ပါသလဲ။
ဖြေ - “လွတ်မြောက်လာတဲ့လူတွေအားလုံးအတွက်လည်း ဝမ်းသာပါတယ်။ ကျေးဇူးတင်ပါတယ်။ အရေးအကြီးဆုံးကတော့ ဘဘဦးဝင်းတင်ပြောခဲ့သလိုပဲ စုဖွဲ့မှုမကျိုးပဲ့စေဖို့ အရေးကြီးပါတယ် အချင်းချင်းညီညီညွတ်ညွတ်နဲ့ ဆက်လက်ပြီး ရပ်တည်သွားနိုင်ကြပါစေလို့ ဆုတောင်းပါတယ်”
နိုင်ငံရေးအရအရေးယူတဲ့ပုဒ်မတွေနဲ့ထောင်ချထားတဲ့ အကျဥ်းသား ခုနှစ်ထောင့်သုံးရာကျော်ကို ခံဝန်ကတိနဲ့လွှတ်ပေးမယ်လို့ စစ်ကော်မရှင်ကကြေညာခဲ့ပေမယ့် မတ်လ ၃ ရက်နေ့ညအထိ အယောက်သုံးထောင်ကျော်ပဲလွတ်သေးတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အဖွဲ့က ကိုသိုက်ထွန်းဦးက RFA ကိုပြောပါတယ်။
“အကျဥ်းထောင် ၄၂ ထောင်ကို ကျွန်တော်တို့စောင့်ကြည့်နေတာပေါ့လေ။ အဲတော့ ဒီနေ့ညနေအထိ ၃၆၀၀ ကျော်လွတ်လာတာကိုတွေ့ရတယ်။ စစ်တပ်ကြေညာထားတဲ့ ခုနှစ်ထောင်ကျော်ဆိုတာကတော့ လုံးဝမပြည့်ခဲ့ဘူး”
မတ်လ ၂ ရက်နေ့က အင်းစိန်ထောင်ကနေလွတ်လာတဲ့သူထဲမှာ NLD ပါတီက မနီမိုလှိုင် ပါလာတာ တွေ့ရပါတယ်။
“အစ်မနဲ့က တူဝရီးသုံးယောက်လုံးပေါ့နော် ပါလာတယ်၊ စုမြတ်ရော၊ တကသဥက္ကဌ ဆုရည်လင်းရော ပါလာတယ်”
စစ်ကိုင်းတိုင်း ကလေးထောင်ကနေ လူရာနဲ့ချီလွတ်လာတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၅ ယောက်လောက်ပဲပါဝင်ပြီး ထင်ရှားတဲ့နိုင်ငံရေးသမားတွေမပါဝင်ဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက RFA ကို ပြောပါတယ်။
“ပြောရရင်တော့ ရွေးချယ်ပြီးမှလွှတ်တာဗျ။ ၅၀ (ည) လို့သာပြောတာ အမှုတိုင်းလည်းမလွတ်ဘူး။ အဲ ၅၀ (ည) ထဲကနေ ရွေးကောက်လွှတ်တာ။ ကျွန်တော့်အသိထဲမှာ ကလေးဝကသူငယ်ချင်း ယောက်ျား လေး နှစ်ယောက်ပါတယ်။ ယောက်ျားလေးက ကိုးယောက်လို့ ပြောတာ ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းထဲက နှစ်ယောက်ပဲပါတာပေါ့။ မိန်းကလေး သုံးယောက်ပါတယ်။ နတ်ချောင်းကတစ်ယောက်ပါတယ်။ သူကတော့ကျောင်းသားသမဂ္ဂဗျ “
လက်ရှိကလေးအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား နှစ်ရာထက်မနည်းကျန်နေသေးတယ်လို့ သူကဆိုပါတယ်။
မုံရွာထောင်မှာလည်း နိုင်ငံရေးအကျဉ်းသား ၂၂၇ ဦးခန့်လွတ်မြောက်ခဲ့ပြီး ည ၁၂ နာရီအထိ တစ်သုတ်စီလွှတ်ပေးခဲ့တယ်လို့ မြို့ခံနိုင်ငံ​ရေးအကျဥ်းသား​ဟောင်းတစ်ဦးက RFA ကိုပြောပါတယ်။
“မနေ့ကတော့ ည ၁၂ လောက်အထိကို ဖြည်းဖြည်းချင်းလွှတ်တယ်လို့သိရတယ်။ ပုံမှန်ဆိုရင် တစ်လျှောက်လုံးလွှတ်လို့ရရက်သားနဲ့ သူတို့ အချိန်မကြာကြာအောင် ငါးယောက်ချင်း ငါးယောက်ချင်းလွှတ်တော့ ည ၁၂ လောက်အထိကိုရောက်သွားတယ်”
ဒီအထဲမှာ စစ်ကောင်စီလွတ်ငြိမ်းပေးထားတဲ့ ဥပဒေပုဒ်မ ၅၀ (ည) နဲ့ ၅၂ (က) တရားစွဲခံရတဲ့သူတွေ မုံရွာထောင်ထဲမှာကျန်နေသေးတယ်လို့ပြောပါတယ်။
မုံရွာထောင်ကနေ မကွေးထောင်ကိုပြောင်းရွှေ့ခံရသူတွေထဲမှာ ဥပဒေပုဒ်မ ၅၀ (ည) နဲ့ ၅၂ (က) တရားစွဲခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအများစုပါဝင်ပြီး အဲဒီထဲက ဆယ်ဦးခန့်သာလွတ်ငြိမ်းထဲပါဝင်တယ်လို့ ပြောပါတယ်။ မန္တလေးအိုးဘိုထောင်က ၁၃၀၀ ခန့်၊ မြင်းခြံထောင်က ၁၆၀ ခန့် လွှတ်ပေး ခဲ့ပေမယ့် လွတ်လာတဲ့သူအားလုံးက နိုင်ငံရေးအကျဉ်းသားတွေမဟုတ်ဘူးလို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
နိုင်ငံရေးအရအဓိကကျတဲ့ ခေါင်းဆောင်တွေမလွတ်ရင် ယာယီထွက်ပေါက်ရှာတာလို့ အရင်က NLD ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က RFA ကိုပြောပါတယ်။
“အဓိကကတော့ နိုင်ငံက ပြည်သူအများစုမျှော်လင့်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ ပြန်လွတ်လာမှ စစ်မှန်တဲ့ရည်ရွယ်ချက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးတယ်လို့ ကျနော်တို့ကတော့ ဆုံးဖြတ်ပါမယ်။ ဒီလို မဟုတ်သေးရင်တော့ နိုင်ငံတကာဖိအားတွေ သူတို့မှာ တစ်စုံတစ်ခု ကြုံတွေနေရတဲ့အကျပ်အတည်းကြောင့် ယာယီထွက်ပေါက်ရှာတာ အရင်ထုံးစံအတိုင်းပဲ လုပ်တယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်”
ပုဒ်မ ၅၀ (ည)နဲ့ ၅၂ (က) အရပြစ်ဒဏ်ကျခံနေရတဲ့သူတွေကိုလွှတ်ပေးမယ်လို့ ကြေညာထားပေမဲ့ အဲဒီပုဒ်မတွေနဲ့ ထောင်ချခံထားရတဲ့သူတွေမလွတ်တဲ့အကြောင်း မိသားစုဝင်တွေက လူမှုကွန်ယက် တွေမှာရေးနေကြတာလည်းတွေ့ရပါတယ်။
RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၁၅ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ။
ရိုဟင်ဂျာမူဆလင်တွေအပါအဝင် မြန်မာနိုင်ငံက အရပ်သားတွေကို စစ်တပ်က အကြမ်းဖက် တိုက်ခိုက်နေတာ တွေကို ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ EU အနေနဲ့ ရှုံ့ချကြောင်း၊ ၂၀၂၁ စစ်အာဏာသိမ်းအပြီး ဥပဒေမဲ့ ဖမ်းဆီး အကျဥ်းချထားသူအားလုံး ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ EU ကိုယ်စားလှယ်က ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြောကြားပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ၆၁ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအတွင်း မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေနဲ့ တခြားလူနယ်စုများဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ အစီအရင်ခံတင်ပြချက်အပြီး EU ကိုယ်စားလှယ်က အခုလို ပြောလိုက်တာဖြစ်ပါတယ်။
EU အနေနဲ့ ဒီမိုကရေစီနည်းမကျဘဲ စစ်တပ်ကို ဥပဒေဘောင်ဝင်အောင် ပြုလုပ်တဲ့ လွတ်လပ်ခြင်းမရှိ၊ တရားမျှတမှုမရှိတဲ့ ဘယ်ရွေးကောက်ပွဲမဆို အသိမှတ်မပြုဘူးလို့ မကြာခင်က ကျင်းပခဲ့တဲ့ စစ်ကော်မရှင် ရွေးကောက်ပွဲကို မှတ်ချက်ပေးခဲ့ပြီး၊ ဒီမိုကရေစီနည်းကျကျ အားလုံးပါဝင် ခွင့်ရှိပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ နိုင်ငံရေးဆောင်ရွက်ချက်မျိုး အမြန်အကောင်အထည်ဖော်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့တွေရဲ့ ကြိုးပမ်းမှုတွေကို အသိမှတ်ပြုကြောင်းလည်း EU ကိုယ်စားလှယ်အဖွဲ့ က အစည်းအဝေးပြီး ထုတ်ပြန်ချက်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စစ်ဘေးဒုက္ခသည် ဒေသခံ ခုနှစ်ဦးဟာ ရွာအခြေအနေ ပြန်ကြည့်စဥ် စုံစင်ဖျားရွာအနီး မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးဘေး ရာဘာတောမှာ အစုလိုက် သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေကို ကိုးကားပြီး မြန်မာနောင်း (Myanmar Now) သတင်းဌာနက မတ်လ ၁ ရက်နေ့က သတင်းရေးသားဖော်ပြထားပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ စုံစင်ဖျားရွာ ဇာတိ အသက် ၃၅ နှစ်ဝန်းကျင် ဇနီးမောင်နှံ နဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး၊ ကျွဲမင်းကုန်းရွာက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးသုံးဦးလို့ ဒေသခံ သတင်းအရင်းအမြစ် သုံးဦးကို ကိုးကားပြီး ဖော်ပြထားပါတယ်။
ဒီဒေသခံတွေဟာ ထားဝယ်မြို့ပေါ် မှာ ခေတ္တတိမ်းရှောင်နေရာကနေ ဗုံးကြဲတိုက်ခိုက်ခံထားရတဲ့ နေရပ်ရွာက အိုးအိမ်တွေကို ပြန်ကြည့်ဖို့ ပြန်အလာ စစ်ကော်မရှင် စစ်ကြောင်းနဲ့ တိုးပြီး သတ်ဖြတ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေရာအနီးမှာ ၂၀၂၅ ခုနှစ် ဧပြီလကတည်းက ဒေသအခြေစိုက် စစ်အာဏာသိမ်းဆန့်ကျင်ရေး လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ဝင်းဝရွာရဲစခန်းရှိပါတယ်။
ဒီဒေသဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာ (၄) နယ်‌မြေအတွင်း တည်ရှိပြီး KNLA တပ်၊ ဒေသကာကွယ်ရေး PDF တပ်တွေနဲ့ စစ်ကော်မရှင်တပ်တွေအကြား မကြာခဏ တိုက်ပွဲ ဖြစ်လေ့ရှိတဲ့ ဒေသဖြစ်ပါတယ်။ KNU ရဲ့ မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး အဖွဲ့ကတော့ ဝင်းဝရွာ ရဲစခန်းကို စစ်ကူပေးဖို့ လာတဲ့ ကလိန်အောင်အခြေစိုက် အမှတ် (၄၀၉) ခြေလျင် တပ်ရင်းက ဒီဒေသခံတွေကို သတ်ဖြတ်ခဲ့တာလို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
စုံစင်ဖျားရွာဟာ သရက်ချောင်းမြို့ တောင်ဘက် ၁၆ မိုင်ခန့်အကွာ မြိတ်-ထားဝယ် လမ်းမကြီးဘေးမှာ တည်ရှိပြီး ဖေဖော်ဝါရီ၂၄ ရက်နေ့တွင် စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ရွာလို့လည်း သတင်းမှာ ဖော်ပြ ထားပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာအပါအဝင် ဒေသတွင်း ငြိမ်းချမ်းရေးအတွက် အလေးအနက်ထား ဆောင်ရွက်နေပြီး ဖိလစ်ပိုင် တပ်မတော်က အလှည့်ကျ တာဝန်ယူထားတဲ့ အာဆီယံ ငြိမ်းချမ်းရေးလေ့လာမှုအဖွဲ့ ASEAN Observer Team (AOT) ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆတ် (Sihasak Phuangketkeow) က ပြောလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့က လက်ရှိအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်တဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇရို (Theresa Lazaro) နဲ့ တယ်လီဖုန်းကနေ ဆက်သွယ် ပြောကြားရာမှာ အခုလို ပြောကြား ခဲ့တာလို့ မတ်လ ၁ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာက ရေးသားပါတယ်။
ဒီလိုပြောကြားရာမှာ မြန်မာစစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဖူးခက်မှာ တွေ့ဆုံဆွေးနွေးခဲ့တာတွေနဲ့ ထိုင်းက အဆိုပြုထားတဲ့ မြန်မာနိုင်ငံအပေါ် အာဆီယံ ဆက်ဆံရေး ပြင်ဆင် ပြောင်းလဲဖို့အဆိုကိုလည်း ပြန်သုံး သပ်ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်လာဖို့ အာဆီယံအဖွဲ့ကြီးဝင်ပါနိုင်တဲ့ အခန်းကဏ္ဍကို ပြောကြားခဲ့သလို အာဆီယံနဲ့မြန်မာအကြား ဆက်ဆံရေးပေါင်းကူးတံတားအဖြစ် ဆောင်ရွက် သွားဖို့ အသင့်ရှိကြောင်းလည်း ပြောကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဖိလစ်ပိုင် တပ်မတော်ဟာ အာဆီယံဒေသတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေကို လေ့လာကြီးကြပ် စောင့်ကြည့်တဲ့ အာဆီယံ ငြိမ်းချမ်းရေးလေ့လာမှုအဖွဲ့ AOT ကို မလေးရှားနိုင်ငံတပ်မတော်ဆီက အခုနှစ် ဇန်နဝါရီမှာ လွှဲပြောင်းတာဝန်ယူထားပါတယ်။
မကွေးတိုင်း သရက်ခရိုင်ထဲက မင်းတုန်းမြို့နယ် ပြောင်းကျေးရွာအနီး မတ်လ ၁ ရက်နေ့က မကွေးအခြေစိုက် စစ်ကော်မရှင်လေတပ်က ဗုံးကျဲတိုက်ခိုက်တဲ့အတွက် လူ ၂၅ ဦးသေဆုံးခဲ့ရတယ်လို့ သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ ကိုဗဟိန်းက RFA ကိုပြောပါတယ်။
မကွေးလေတပ် ဂျက်တိုက်လေယာဥ် နှစ်စီးနဲ့ ပေါင် ၃၀၀ ဗုံး ၁၀ လုံး ကြဲချခဲ့တဲ့အပြင် ဒုံးကျည်တွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း အရပ်သား ၂၅ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော် ရှိတယ်လို့ ကိုဗဟိန်းက RFA ကိုပြောပါတယ်။
“တိုက်ပွဲမရှိဘဲ အရပ်သားပစ်မှတ်တွေကို စစ်မြေပြင်လိုကို သဘောထားပြီး အငြိုးကြီးကြီးနဲ့ကို ဗုံးကြဲ တိုက်ခိုက် သွားတာပါ၊ ဒဏ်ရာပြင်းထန်တဲ့သူတွေကို ဆေးကုသခွင့်ရဖို့ကလည်း ခက်ခဲနေပါတယ်”
ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးဟာ ဒဏ်ရာ ပြင်းထန်တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကုန်ပစ္စည်း အပြည့်ပါတဲ့ ခြောက်ဘီးကား ၁၀ စီးခန့်နဲ့ ကျပ်သိန်း နှစ်သောင်း တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေ မီးလောင်ပျက်စီး ခဲ့ရတယ်လို့လည်း သိရပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကော်မရှင်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ နေ့ကလည်း မင်းတုန်းမြို့နယ်မှာ စစ်ကော်ရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်ပေါင်း ၂၀၀ ကျော်ပျက်စီးခဲ့ပြီး ထောင်နဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။
စစ်တပ်က ဖမ်းဆီးအကျဉ်းချထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်မှာ အစိုးရဝန်ကြီး တာဝန်ယူခဲ့သူတချို့နဲ့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် (CEC) အဖွဲ့ဝင် ဒေါက်တာမျိုးအောင် တို့ မတ်လ ၂ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ NLD ပါတီ တာဝန်ရှိသူနဲ့ လွတ်မြောက်လာသူတွေရဲ့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
NLD အစိုးရလက်ထက် နေပြည်တော် မြို့တော်ဝန်လည်းဖြစ် NLD ပါတီရဲ့ CEC အဖွဲ့ဝင်လည်းဖြစ်တဲ့ ဒေါက်တာမျိုးအောင် လွတ်မြောက်လာတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ဒီအပြင် NLD အစိုးရလက်ထက် မကွေးတိုင်းလွှတ်တော်ဥက္ကဌ ဦးတာ လည်း မကွေးအကျဉ်းထောင်ကနေပြန်လည်လွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
ရန်ကုန် အင်းစိန်ထောင်ကနေလည်း NLD အစိုးရလက်ထက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ထဲက လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဦးဟံထွန်းတို့လည်း ပြန်လည် လွတ်မြောက်လာတယ်လို့ NLD ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က RFA ကို ပြောပါတယ်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း အမြန်ဆုံး လွှတ်ပေးစေချင်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
“အဓိကကတော့ နိုင်ငံက ပြည်သူအများစုမျှော်လင့်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ ပြန်လွတ်လာမှ စစ်မှန်တဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်လို့ ကျနော်တို့ကတော့ ဆုံးဖြတ်ပါမယ်။ ဒီလို မဟုတ်သေးရင်တော့ နိုင်ငံတကာဖိအားတွေ သူတို့မှာ တစ်စုံတစ်ခု ကြုံတွေနေရတဲ့ အကျပ်အတည်းကြောင့် ယာယီထွက်ပေါက်ရှာတာ အရင်ထုံးစံအတိုင်းပဲ လုပ်တယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်”
စစ်ကော်မရှင်ကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၇၃၃၇ ဦးကို လွတ်ငြိမ်းခွင့်ပြုလိုက်ပြီး အဲဒီပုဒ်မတွေနဲ့ တရားစွဲထားတဲ့ ၁၂၄၈၇ ဦးကို အမှုပိတ်သိမ်းပေးကြောင်း မတ်လ ၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ဒါဟာ အာဏာသိမ်းကာလငါးနှစ်အတွင်း အကြမ်းဖက်မှုတိုက်ရေးဥပဒေပုဒ်မတွေနဲ့ အရေးယူခံရသူတွေကို ပထမဆုံးအကြိမ် လွတ်ငြိမ်းခွင့်ပေးတာနဲ့ အမှုပိတ်သိမ်းပေးတာဖြစ်ပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ကျနိုင်တဲ့ပုဒ်မဖြစ်ပြီး အခု အာဏာသိမ်းကာလမှာ စစ်ကော် မရှင်ကိုဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို ငွေကြေးအပါအဝင် တစ်နည်းနည်းနဲ့ထောက်ပံ့တာ၊ အားပေးတာ၊ ထောက်ခံတာလုပ်တဲ့သူတွေကို အရေးယူလေ့ရှိတဲ့ပုဒ်မ ဖြစ်ပါတယ်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ကလည်း ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်သွယ်တာ၊ စည်းရုံးတာ၊ အဲဒီအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေ ကူညီလုပ်ကိုင်းပေးတဲ့သူတွေကို အရေးယူလေ့ရှိပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်း သားများကွန်ရက် (PPNM) ရဲ့ မတ်လ ၂ ရက်နေ့ ညနေပိုင်းအထိ စာရင်းတွေအရ အကျဉ်းထောင် ၂၅ ခုက နိုင်ငံရေးအကျဉ်းသား ၁၈၉၅ ဦး ပြန်လည်လွတ်မြောက်လာပါတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကလွှတ်ပေးဖို့တောင်းဆိုနေတဲ့ အသက် ၈၀ အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ စစ်တပ်ကဆက်လက်ဖမ်းဆီးအကျဉ်းချထားပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ထားပါတယ်။
ပြည်တွင်းစျေးကွက်မှာ ပြည်ပထုတ်ဆေးဝါးနဲ့ အခြေခံလူသုံးကုန်ပစ္စည်းတွေ ရှားပါးပြတ်လတ်နေတယ်လို့ အများပြည်သူတွေပြောဆိုနေကြပါတယ်။ ဒီလိုဖြစ်နေတာဟာ စစ်ကော်မရှင်က ဇန်နဝါရီလဆန်းပိုင်းကစလို့ ပြည်ပသွင်းကုန်တွေ တင်းကြပ်ထားတာကြောင့် ကုန်သည်တွေက RFA ကို ပြောပါတယ်။
လူအများစုမှီခိုနေရတဲ့ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်၊ အသည်း၊ အာရုံကြောဆေးတွေ စျေးကွက်ထဲမှာဝယ်လို့မရတာ၊ အဆမတန်စျေးတက်လာတာ၊ မူရင်းဆေးအမျိုးအစားမရလို့ အရေးအသွေးနိမ့်တဲ့အလားတူဆေးတွေကိုပဲ သောက်နေတာတွေနဲ့ ကြုံနေရတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးတွေအတွက် တချို့ဆေးတွေလည်း ဝယ်မရတဲ့အထိ ပြတ်လတ်နေတယ်လို့ မန္တလေးဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ဆေးဝယ်တဲ့နေရာမှာ ကလေးအတွက်ဝယ်တဲ့ဆေးတွေလည်းရှားတယ်။ ဝယ်ရတာတွေ တော်တော်ခက်ခဲ တယ်။ လိမ်းဆေးတောင်ဝယ်ရတာတော်တော်ခက်ခဲတယ် ကလေးအတွက်လေ။ ကလေးမီးဖွားပြီးတော့ မိခင်သောက်ရမဲ့ဆေးပေါ့။ အခုထက်ထိဝယ်မရဘူး”
သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ သွင်းကုန်လိုင်စင်သက်တမ်းတစ်ခုကို ၆ လ သတ်မှတ်လိုက်ပြီး၊ ကုမ္ပဏီ တစ်ခုကို ကုန်ပစ္စည်းအမျိုးအစားတူညီရင် လိုင်စင်တစ်စောင်ပဲထုတ်ပေးမယ်လို့ စစ်ကော်မရှင်က ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာကန့်သတ်လိုက်တာပါ။
အဲဒီအပြင် တရားမဝင်ကုန်သွယ်တာတိုက်ဖျက်ဖို့ဆိုပြီး ထိုင်း-မြန်မာနယ်စပ်ကတဆင့် ပြည်တွင်းကိုဝင်လာတဲ့ ပစ္စည်းတွေကို စစ်တပ်ဂိတ်တွေက ဖမ်းဆီးသိမ်းယူတာတွေလည်း ဆက်တိုက်လုပ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ဒါကြောင့် စစ်တပ်ဂိတ်တွေကို ငွေကြေးအမြောက်အများပေးပြီး ဖြတ်သန်းရတာကြောင့် ပစ္စည်းစျေးတက် လာတာလို့ ရန်ကုန်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဆေးပုံတစ်ပုံးကို သယ်မယ်ဆိုရင် လမ်းကြောင်းပေါ်မှာ သိန်း ၄၀၊ ၄၅ သိန်း အဲဒီလိုမျိုး တောင်းတယ်ပေါ့နော်။ ဒါကတော့ တရားမဝင်ပေါ့ ဂိတ်ကြေးတွေပေးတဲ့နေရာမှာလည်း အဆမတန်ပေးရတယ်ဆိုတဲ့ဟာတွေလည်း ကိုယ်တိုင်မျက်မြင်လည်းတွေ့ခဲ့ရပြီးပြီ။ အဲဒီတော့ စျေးနှုန်းတွေကအဆမတန်တက်လာတယ်”
ဆေးဝါးအပြင် ထိုင်းနိုင်ငံကတင်သွင်းတဲ့ ခေါက်ဆွဲခြောက်၊ စည်သွပ်ဘူး၊ ကော်ဖီမှုန့်၊ အစွန်းချွတ်ဆေး၊ အချိုရည် မျိုးစုံ၊ ဆပ်ပြာအမျိုးမျိုး၊ သွားတိုက်ဆေး၊ အလှကုန်မျိုးစုံနဲ့ အိမ်မွေးတိရစ္ဆာန်အစာလိုမျိုး ပစ္စည်းတွေပြတ်လတ် နေတယ်လို့ ရန်ကုန်မြို့က ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးပြောပါတယ်။
“ယိုးဒယားပစ္စည်းပြတ်တော့ ဘာတစ်ကျော့ပြန်လာလည်းဆိုတော့ ပြည်တွင်းကပစ္စည်းတွေပါ ပြတ်သွားရော၊ ပြည်တွင်းမှာ အလုံအလောက်မထုတ်နိုင်ဘူး မထုတ်နိုင်တော့ အဲဒါလည်းပြတ်။ ကော်ဖီမစ်က အခုပြန်ရပြီ။ ပြီးခဲ့တဲ့ သုံးလေးလောက်က လုံး၀ပြတ်ကျသွားတာ ခွဲတမ်းနဲ့တောင်မရဘူး အဲဒီပစ္စည်းတွေကလေ”
ကုန်စျေးနှုန်းတွေကြီးလာတာကြောင့် ပြည်သူတွေဘ၀ ပိုကြပ်တည်းလာတယ်လို့ မန္တလေးမြို့ခံအိမ်ရှင်မတစ်ဦး က RFA ကို ပြောပါတယ်။
“ပြတ်တာပေါ့ တချို့ဆိုလည်း အကုန်မရှိတာတွေက များနေတာ။ ဝယ်နေကျဆိုရင် သုံးဒါဇင်ပေးမဲ့ဟာတောင် နှစ်ဒါဇင်ပဲပေးတာ ကော်ဖီမစ်တောင် အဲဒီလိုတန်းစီဝယ်ရတာ။ ဂိတ်ပေါက်တွေ ပိတ်တာများလို့ပေါ့ နောက်ဆိုရင် ပိတ်မှာတွေရော ဘာတွေရော ပြောနေကြတာ။ ကြပ်တည်းလာတာ လူတွေတော်တော်များများက ညည်းတာပေါ့”
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကော်မရှင်ရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
လက်ရှိမှာ စစ်ကော်မရှင်က ပင်လယ်ရေကြောင်းကနေပဲကုန်ပစ္စည်းတင်သွင်းခွင့်ပြုထားပြီး လေကြောင်းနဲ့ကုန်းကြောင်းတင်သွင်းခွင့်တွေမှာ ကန့်သတ်ထားတယ်လို့ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လကလည်း လူသုံးကုန် ၊ စက်ပစ္စည်း ၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အိမ်ဆောက်ပစ္စည်းစတဲ့ ကုန်ပစ္စည်း ၃၅ မျိုးကို စစ်ကော်မရှင်က ပြည်ပကတင်သွင်းခွင့်ပိတ်ပင်ခဲ့ပါတယ်။