၂၇ နှစ်မြောက် တံတားနီနေ့ အထိမ်းအမှတ် အောက်မေ့ဘွယ်


2015.03.16

၂၇ နှစ်မြောက် တံတားနီနေ့ အထိမ်းအမှတ် အောက်မေ့ဘွယ် အခမ်းအနားကို ရန်ကုန်မြို့ ပြည်လမ်းမပေါ်က တံတားဖြုအနီး အင်းယားကန်ဘောင်မှာ ဒီနေ့ညနေက ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၂၇ နှစ် ၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့က ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေက လှိုင်နယ်မြေက ကျောင်းသူ ကျောင်းသားတွေနဲ့ ပူးပေါင်းပြီး ရန်ကုန်စက်မှုတက္ကသိုလ် ဆီအရောက်သွားကြစဉ် တံတားဖြူအလွန်မှာ ပိတ်လိုက်ပါတယ်။ လုံထိမ်းတွေက ကျောင်းသားတွေ အနောက်ကနေ တံတားဖြူအနီးမှာ ပိတ်ပြီး ရိုက်နှက် ခဲ့ကြတာဖြစ်ပါတယ်။

ကျောင်းသူ ကျောင်းသားတွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ပြီး ရာနဲ့ချီတဲ့ ကျောင်းသူ ကျောင်းသားတွေကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။

အဲဒီနေ့ကို ကျောင်းသားလှုပ်ရှားမှု သမိုင်းမှာ တံတားနီနေ့ ဆိုပြီး သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

ကျောင်းသား ကျောင်းသူတွေအပေါ် အလားတူ သွေးမြေကျရတဲ့အဖြစ်မျိုးတွေ ထပ်မဖြစ်စေလိုကြောင်း (၇၄-၇၅) ကျောင်းသားဟောင်း ဦးဇော်ငြိမ်းလတ်က ပြောပါတယ်။

A!

တံတားနီနေ့ အထိမ်းအမှတ်ကို တက်ရောက်လာသူတွေက လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရတာကို ကန့်ကွက်ကြပါတယ်။

ဦးဝင်းမြင့်ဦး ပြောသွားတာပါ။

လွန်ခဲ့တဲ့ ၂၇နှစ်ကလည်း မဆလအစိုးရက ကျောင်းသား ကျောင်းသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းခဲ့တယ်လို့ ၈၈ ကျောင်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဦးဝင်းကျော့မှူး က အခုလိုပြောပါတယ်။

အဲဒီမတိုင်ခင် ၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ စက်မှုတက္ကသိုလ် အနီး အနာက်ကြိုကုန်းက လက်ဖက်ရည်ဆိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို တရားဥပဒေနဲ့အညီ ဖြေရှင်းပေးဖို့ကျောင်းသားတွေက တာင်းဆိုရာကနေ မဖြေရှင်းပေးခဲ့တဲ့အတွက် ကျောင်းသားတွေက စက်မှုတက္ကသိုလ်ဝင်းအတွင်းမှာ အစိုးရဆန့်ကျင်ရေး စတင်ခဲ့ပါတယ်။ မတ်လ ၁၃ ရက်နေ့ညမှာ စက်မှုတက္ကသိုလ်ကို ပိတ်လိုက်ပြီး ပစ်ခတ်ခဲ့ပါတယ်။

တံတားနီအရေးအခင်းဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပေါ်လာဖို့အတွက် ကနဦး ကျောင်းသားလှုပ်ရှားမှုတွေ ဖြစ်ပါတယ်။

ဒီနေ့ကျင်းပတဲ့ တံတားနီနေ့ အောက်မေ့ဖွယ် အခမ်းအနားကို အဲ့ဒီတံတားနီ အရေးအခင်းမှာပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား ၂၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ဒီနေ့ အခမ်းအနားမှာ ကျောင်းသားလှုပ်ရှားမှု တေးသီးချင်းတွေနဲ့ ကဗျာတွေကို ရွတ်ဖတ်ခဲ့ကြပါတယ်ခင်ဗျာ။

 

ဇော်ငြိမ်းလတ် (၇၄-၇၅) ကျောင်းသားဟောင်း

ဝင်းမြင့်ဦး (

ဝင်းကျော့မှူး (၈၈ ကျောင်သားဟောင်းတစ်ဦး)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။