(Updated – 1:41 AM Sep 29,2026)
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် သေဆုံးသူ ၄၉ ဦးအထိရှိလာပြီး၊ ဒဏ်ရာရသူ ၅၈ ဦး ရှိတယ်လို့ ရခိုင်ပရဟိတသမား ကိုဝေဟင်အောင်က သူ့လူမှုကွန်ယက်စာမျက်နှာမှာတင်ထားပါတယ်။
စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၄၁ ဦး သေဆုံးပြီး ၅၃ ဦး ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က RFA ကို အတည်ပြုထားပါတယ်။
သေဆုံးသူအရေအတွက် ထပ်တိုးနိုင်ခြေရှိပြီး ဒဏ်ရာရသူတွေထဲမှာ စိုးရိမ်ရသူတွေ ပါတယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုမှာ ပါဝင်သူတွေကို ဖော်ထုတ်ပြီး လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။
“ကျွန်တော်တို့ ULA/AA အနေနဲ့ကတော့ ဒီဖြစ်စဉ်မှာ အသက်ပေးသွားခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ အပြစ်မဲ့ပြည်သူတွေအတွက် တရားမျှတမှုရရှိဖို့ ဒီအကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူ တစ်ယောက်ချင်းစီကို ဖော်ထုတ်ပြီးတော့မှ လက်တုံ့ပြန်တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်”
ဗုံးကြဲတိုက်ခိုက်ခံရသည့် ကစ္ဆပနဒီတံတားနှင့် အနီးက စျေးအား တွေ့ရစဉ်။
(အာရက္ခတပ်တော် (AA))
ကျောက်တော်မြို့ ကစ္ဆပနဒီတံတားပေါ်နဲ့ တံတားကနေ ကိုက် ၅၀၀ ခန့်အကွာမှာရှိတဲ့ အိန္ဒိယဈေးကို ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချခဲ့တာဖြစ်ပြီး ဈေးထဲက ကုန်သည်တွေနဲ့ လမ်းသွားလမ်းလာ ဒေသခံတွေ ထိမှန်သေဆုံးခဲ့တာလို့ AA က ဆိုပါတယ်။
အိန္ဒိယဈေးဟာ ပဲ၊ ငါးခြောက်၊ ငရုတ်သီး စတဲ့ ကုန်ခြောက်တွေနဲ့ စက်သုံးဆီကို အဓိက ရောင်းဝယ်တဲ့ ဈေးကြီးတစ်ခုဖြစ်ပြီး ကုန်သည်နဲ့ ဈေးဝယ်သူတွေ စည်ကားနေတဲ့အချိန်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာလို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ကိုဝေဟင်အောင်က RFA ကို ပြောပါတယ်။
“အခုဖြစ်သွားတဲ့နေရာက တကယ်လူထူထပ်တဲ့ နေရာပါ။ နယ်ဖက်က လူတွေ၊ ကုန်သည်တွေ အဓိက ဈေးလာဝယ်ရောင်းချတဲ့ နေရာပေါ့။ ကြဲသွားတာက နေ့လယ် ၁၂ နာရီလောက်က ပေါင် ၅၀၀ ဗုံးနှစ်လုံးဗျ။ တစ်လုံးက တံတားကို ထိမှန်ပြီး အောက်ကိုကျသွားတယ်။ နောက်တစ်လုံးက ဈေးတည့်တည့်ကို ထိတယ်။ သေဆုံးတဲ့အထဲမှာ လူဦးရေ တိုးလာနိုင်သေးတယ်ဗျ။ မီးလောင်အား အရမ်းပြင်းနေတော့ မီးထဲမှာ ပါသွားတဲ့လူတွေ ရှိနိုင်သေးတယ်လို့ ပြောလို့ရတယ်ဗျ”
ဒဏ်ရာရသူတွေကို ဆေးကုသပေးနေပြီး အများစုက ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ဗုံးစထိမှန်ဒဏ်ရာရထားသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ကျောက်တော်မြို့အပြင် AA ထိန်းချုပ်ထားတဲ့ မင်းပြား၊ သံတွဲနဲ့ ပုဏ္ဏားကျွန်းမြို့တွေကိုလည်း စက်တင်ဘာ ၂၈ ရက် တစ်ရက်တည်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံး၊ ဒဏ်ရာရသူတချို့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်တပ်ခန့်အစိုးရရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ၊ ပြည်နယ်သယံဇာတဝန်ကြီး ဦးစိုးမြင့်စိုးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးသလို သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း ရခိုင်ပြည်နယ် မြောက်ဦးဆေးရုံကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံတက်ကုသနေတဲ့ လူနာတွေအပါအဝင် အရပ်သား ၃၃ ဦး သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
(မှတ်ချက် - ဤသတင်းတွင် နောက်ဆုံးရရှိထားသည့် သေဆုံး၊ ဒဏ်ရာရသူစာရင်းကို ပြင်ဆင်ဖော်ပြထားပါသည်။)
တနင်္သာရီတိုင်း လောင်းလုံး၊ သရက်ချောင်းနဲ့ ထားဝယ်မြို့နယ်တွေမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် စက်တင်ဘာ ၂၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၁၇ ဦးရှိလာတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
လောင်းလုံးမြို့နယ်မှာ ၁၄ ဦး၊ သရက်ချောင်းမြို့နယ်မှာ တစ်ဦးနဲ့ ထားဝယ်မြို့နယ်မှာ နှစ်ဦး သေဆုံးခဲ့တယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ် ပြောခွင့်ရသူ ကိုယောနသံက RFA ကို ပြောပါတယ်။
“ပျောက်ဆုံးနေတဲ့သူကလည်း အနည်းဆုံး ၂၀ လောက်ရှိနေသေးတယ်။ တချို့သူတွေ အသက်ရှင်လျက် ပြန်တွေ့တာမျိုးတော့ရှိတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်။ ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကတော့ ဆက်သွယ်ရေးအခက်အခဲတွေကြောင့် အတည်ပြုနိုင်ဖို့ခက်ခဲနေတုန်းပဲ”
သေဆုံးသူတွေထဲမှာ အမျိုးသမီး လေးဦး၊ ကလေး သုံးဦးနဲ့ ဘုန်းကြီးတစ်ပါး ပါဝင်ပြီး ကျန်တဲ့သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို စိစစ်အတည်ပြုနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
လောင်းလုံးမြို့နယ်က ကျောက်နီမော်၊ ကဒက်ငယ်ထိန်၊ ကဒက်ငယ်ဆိတ်၊ ကဒက်ကြီး၊ ကရင်ကြီး၊ သဗျာ၊ ပဉ္စသီမော်၊ မင်းရပ်နဲ့ ညောပြင် စတဲ့ ကျေးရွာ ၂၀ ကျော်၊ သရက်ချောင်းမြို့နယ်က တီတွတ်ပြင်၊ ပဲဒက်၊ ရှင်မုတ္ထီး၊ ကြာအင်းအပါအဝင် ရပ်ကွက်နဲ့ ကျေးရွာတချို့၊ ထားဝယ်မြို့နယ်က ပကာရီ၊ ရမ္မဇူ၊ လိပ်ကြယ်ပြောင်နဲ့ သင်္ကန်းတုံး စတဲ့ ကျေးရွာတွေမှာ ရေကြီးနစ်မြုပ်နေတာဖြစ်ပါတယ်။
ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုကြောင့် ထိခိုက်မှုအများဆုံးဖြစ်နေတဲ့ လောင်းလုံးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်လှုပ်ရှားမှုတွေ ရှိနေတာကြောင့် အဲဒီဒေသတွေကို သွားမဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို စစ်တပ်က တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
ထားဝယ်-လောင်းလုံးလမ်းမပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်ရဲ့ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်မှာ နာရီနဲ့ချီကြာအောင် တားဆီးစစ်ဆေးနေတာလို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“အခြေအနေက တော်တော်လေးကို ဆိုးနေတာပါ။ မြေပြင်မှာ ကယ်ဆယ်ရေးက ရေကြီးမြေပြိုလို့ မသွားရတာကတစ်မျိုး၊ နောက်တစ်ခု အာဏာပိုင်တွေက မပေးသွားတာက တစ်မျိုးပေါ့။ စစ်ဆေးမှုတွေများတော့ လူတွေကကြောက်ပြီးတော့ မသွားရဲတဲ့နေရာတွေလည်း ရှိတယ်။ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်မှာဆိုရင် အာဏာပိုင်တွေက စစ်ဆေးမှုတွေကို တော်တော်လေးလုပ်တော့ ကူညီကယ်ဆယ်ရေးအဖွဲ့မှာ အရွယ်ရှိသူတွေက လောင်းလုံးဘက်ကို မဆင်းလာရဲကြဘူး”
အခုလို တားဆီးစစ်ဆေးနေတာနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ရေဘေးသင့်သူ သောင်းနဲ့ချီရှိနိုင်တယ်လို့ ကူညီကယ်ဆယ်နေသူတွေက ခန့်မှန်းထားပေမဲ့ အတိအကျကိုတော့ မသိရသေးပါဘူး။
ထားဝယ်အမျိုးသားအဖွဲ့ချုပ်ရဲ့ စာရင်းတွေအရ ထားဝယ်ဒေသတစ်ခုလုံးက ကျေးရွာ ၆၀ ကျော်မှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်နေပါတယ်။
စစ်တပ်ခန့်အစိုးရဘက်ကတော့ လောင်းလုံးမြို့ပေါ် ရပ်ကွက်လေးခုက ရေဘေးသင့်သူ ရှစ်ထောင်ကျော် (၈,၄၃၁ ဦး) ကို ပန်တောဝဘုန်းကြီးကျောင်းဆီ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်တပ်ခန့်အစိုးရရဲ့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာန ထုတ်ပြန်ချက်အရ စက်တင်ဘာ ၂၇ ရက်က ထားဝယ်မြို့မှာ ၂၇ နာရီအတွင်း မိုးရေချိန် ၂၈၀ မီလီမီတာ ရွာခဲ့ပြီး စက်တင်ဘာလအတွက် နှစ်ပေါင်း ၈၀ အတွင်း အများဆုံး စံချိန်သစ်တင်ခဲ့ပါတယ်။
စက်တင်ဘာ ၂၈ ရက်မှာတော့ မွန်-တနင်္သာရီကမ်းရိုးတန်းအနီးက လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဖြစ် အားကောင်းလာပြီး တနင်္သာရီတိုင်းမှာ မိုးကြီးတာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး၊ အကြမ်းဖက်မှုတွေလျော့ကျရေးနဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ့် အခြေအနေတွေ ဖော်ဆောင်ရေးဟာ လက်ရှိကာလမှာ အရေးကြီးဆုံးဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တည်ထောင်ခြင်း ၃၈ နှစ်ပြည့်တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ရေရှည်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရရှိဖို့ ပြည်သူ့ဆန္ဒ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စံနှုန်းတွေ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို အခြေခံပြီး တိုင်းရင်းသားအင်အားစုတွေအပါအဝင် သက်ဆိုင်ရာအင်အားစုအားလုံး ပါဝင်နိုင်ရေး ဖော်ဆောင်ဖို့လည်း NLD က တိုက်တွန်းထားပါတယ်။
နိုင်ငံရေးအခက်အခဲတွေ ဖြေရှင်းဖို့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်မယ်ဆိုရင် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာနိုင်ရေးကို ဦးစားပေးဖို့ လိုအပ်တယ်လို့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်က အွန်လိုင်းကနေ ကျင်းပတဲ့ ပါတီတည်ထောင်ခြင်း ၃၈ နှစ်ပြည့် အခမ်းအနားမှာ ပြောပါတယ်။
“အဓိကအားဖြင့် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ခြွင်းချက်မရှိ လွတ်မြောက်ရေးကို နည်းလမ်းပေါင်းစုံ အသုံးပြုပြီး ကြိုးစားဆောင်ရွက်လျက်ရှိသလို အခြားသော အဖွဲ့အစည်းများနှင့်လည်း ခေါင်းဆောင် လွတ်မြောက်ရေးကို အတူတကွ ပူးပေါင်း လုပ်ဆောင်လျက်ရှိပါတယ်။ ထို့အတူ လက်ရှိ နိုင်ငံရေးအခက်အခဲများကို ကျော်ဖြတ်နိုင်ဖို့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပါက အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာစေရေးကို အဓိက ဦးစားပေးဆောင်ရွက်နိုင်ကြရန်ကိုလည်း အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်များမှာရော ပါတီအစည်းအဝေးတိုင်းမှာလည်း ထည့်သွင်းပြောကြားလျက်ရှိပါတယ်”
ဒါ့အပြင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖယ်ရှားရေးအတွက် တိုင်းရင်းသားတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားမယ်လို့လည်း သူက ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် ပါတီဝင် သုံးထောင်နီးပါး (၂,၉၅၆) ဦး ဖမ်းဆီးခံခဲ့ရပြီး နောက်ထပ်ပါတီဝင် ၁၃၂ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ NLD ပါတီရဲ့ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT-NLD) က ပါတီတည်ထောင်ခြင်း ၃၈ နှစ်ပြည့် အခမ်းအနားကို ပေးပို့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက် စစ်တပ်က ဖွဲ့စည်းပေးခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်က NLD ပါတီဟာ သတ်မှတ်ကာလအတွင်း နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံမတင်ခဲ့တာကြောင့် ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ ပါတီကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။
NLD ပါတီကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၁၉၉၀၊ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေနဲ့ ၂၀၁၂၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ငှက်ချောင်းရွာကို စက်တင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး နှစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဆောမြို့နယ်မြောက်ပိုင်းကို ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဲဒီထဲက တစ်ကြိမ်မှာ ငှက်ချောင်းရွာကို ထိမှန်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ငှက်ချောင်းရွာထဲကိုပဲ ပစ်တယ်။ ကျွန်တော် လောလောဆယ် သိရသလောက်တော့ ကျေးရွာရုံးကို ပစ်တာ၊ ရုံးကို မထိဘဲ အိမ်တွေထိတယ်။ အခုကတော့ ကယ်ဆယ်ရေးတွေ လုပ်ကြတုန်း ပျောက်သွားတဲ့ လူတွေလည်း ရှိလို့ စိစစ်နေတုန်း အခြေအနေပေါ့ဗျာ”
သေဆုံးသူတွေဟာ ဒုက္ခသည်တွေဖြစ်ကြတဲ့ အသက် ၅၀ ဝန်းကျင် ဒေါ်သီတာဝင်းနဲ့ အသက် ၂၀ ဝန်းကျင် မချောစုခင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတာကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူ အရေအတွက် ထပ်တိုးလာနိုင်တယ်လို့လည်း ပြောပါတယ်။
ဒေသခံတွေ ပြောပြချက်အရ ငှက်ချောင်းရွာမှာ စစ်ဘေးဒုက္ခသည် ၆၀၀ နီးပါးခိုလှုံနေပြီး ဘုန်းကြီးကျောင်း၊ ဇရပ်၊ စာသင်ကျောင်းတွေနဲ့ ရွာထဲက နီးစပ်ရာနေအိမ်တွေမှာ ခိုလှုံနေကြတာ ဖြစ်ပါတယ်။
ဆော-လောင်းရှည် လမ်းပိုင်းမှာ စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်နေပြီး အနီးအနားရွာ ၁၀ ရွာခန့်က ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ဆောမြို့နယ်နဲ့ ချင်းပြည်နယ်အစပ် ကျောက်ထုမြို့အနီးတစ်ဝိုက်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာလည်း မကွေးတိုင်း ထီးလင်း၊ ဆောမြို့နယ်နဲ့ ချင်းပြည်နယ်အစပ်တွေမှာ စစ်တပ်နဲ့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ရွာပေါင်း ၃၀ ဝန်းကျင်က အရပ်သား သောင်းနဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနင်္သာရီတိုင်း လောင်းလုံး၊ ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ မိုးဆက်တိုက်များပြီး ရေကြီးမြေပြိုနေတာတွေကြောင့် ကျေးရွာပေါင်း လေးဆယ်ကျော် ရေနစ်မြုပ်နေသလို လူ ဆယ်ယောက်ဝန်းကျင် သေဆုံးပြီး နှစ်ဆယ်ဝန်းကျင် ပျောက်ဆုံးနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ဒီရေကြီးနစ်မြုပ်မှုကြောင့် ရေဘေးသင့်သူ သောင်းနဲ့ချီရှိနိုင်တယ်လို့ ကယ်ဆယ်ရေးသမားတွေက ခန့်မှန်းထားပေမဲ့ အရေအတွက်အတိအကျကိုတော့ မသိရသေးပါဘူး။
လောင်းလုံးမြို့နယ် တောင်ဘက်ခြမ်းက ကျေးရွာတွေမှာ စက်တင်ဘာလ ၂၆ ရက် ညပိုင်းကစပြီး ရေဝင်ရောက်လာတာလို့ ဆိုပါတယ်။
လောင်းလုံးမြို့နယ်က ကျေးရွာတွေမှာ ရေဘေးကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ အမည်မဖော်လိုသူတစ်ဦးက သေဆုံးသူ ဆယ်ယောက်ဝန်းကျင်နဲ့ ပျောက်ဆုံးသူ နှစ်ဆယ်ဝန်းကျင် ရှိတယ်လို့ RFA ကို ပြောပါတယ်။
“အသေ အပျောက်က တော်တော်လေး ရှိမယ်ဗျ။ မနက်က ငါးယောက် အခုဆိုရင် ငါးယောက်၊ ဆယ်ယောက် အဲဒီ ဝန်းကျင်မှာ ရှိမယ်။ ပျောက်ဆုံးနေတာ ၂၀ ကျော် ဝန်းကျင်လောက် ရှိဦးမယ်။ အတိအကျတော့ မရသေးဘူး ဖုန်းလိုင်းတွေက ပြတ်တောက်နေတဲ့ အခါကျတော့ ပြီးတော့ တစ်ရွာနဲ့ တစ်ရွာ သွားလာဖို့ အဆင်မပြေဘူး"
ဒီသေဆုံး၊ ပျောက်ဆုံးသူအရေအတွက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းမှာတော့ ကျောက်နီမော်၊ ကဒက်ငယ်ထိန်၊ ကဒက်ငယ်ဆိတ်၊ ကရင်ကြီး၊ သဗျာ၊ ပဉ္စသီမော်၊ မင်းရပ်နဲ့ ညောပြင် စတဲ့ ကျေးရွာ နှစ်ဆယ်ကျော် ရေနစ်မြုပ်နေပြီး တချို့နေရာတွေမှာ ရေအနက် ၁၄ ပေအထိ ရှိနေတယ်လို့လည်း ပြောပါတယ်။
ဒေသခံအများစုကတော့ ရေဘေးလွတ်ရာ အထပ်မြင့်အဆောက်အအုံတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ စုပေါင်းခိုလှုံနေကြပါတယ်။
လက်ရှိအချိန်အထိ ပျောက်ဆုံးနေသူတွေထဲက လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားနှစ်ယောက် စုစုပေါင်း သုံးယောက်ရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိထားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။ ပျောက်ဆုံးနေသူတွေထဲမှာတော့ အသက် လေးနှစ် ကနေ အသက်ခြောက်ဆယ်ဝန်းကျင်အရွယ်အထိ ပါဝင်တယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအင်အား နည်းနေတာကြောင့် ပျောက်ဆုံးသူတွေကို ရှာဖွေရေးထက် ရေဘေးထဲ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ဦးစားပေးပြီး လုပ်နေရတယ်လို့ ကူညီရေးသမားတွေက ပြောပါတယ်။
အိမ်ခြေနှစ်ရာနီးပါးရှိတဲ့ ကဒက်ငယ်ဆိတ်ကျေးရွာမှာလည်း တစ်ရွာလုံးနီးပါး ရေနစ်မြုပ်နေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ကဒတ်ငယ်ဆိတ်မှာတော့ တစ်ရွာလုံးနီးပါးပဲ မြုပ်တယ်။ တစ်ထပ်ပဲ ရှိတဲ့ အိမ်က နေလို့မရတဲ့ အတွက်ကြောင့် ရွာမှာ ရှိတဲ့ ဘုန်းကြီးကျောင်း နှစ်ကျောင်းကို ရွာက လူငယ်တွေ လူလတ်တွေက လှေနဲ့ ဟိုဘက်ကျောင်း ဒီဘက်ကျောင်း လိုက်ပြီး ပို့ပေးနေတယ်။ ရေ နှစ်တိုင်း မတက်ဘူး တစ်ခါမှ မတက်ဘူး။ အခုကတော့ လူ တစ်ရပ်လောက် တက်တယ်”
သရက်ချောင်းမြို့နယ်မှာလည်း မြိတ်-ထားဝယ်ကားလမ်း တချို့နေရာတွေ ရေဖုံးလွှမ်းနေတာကြောင့် သွားလာလို့မရတော့သလို တီတွတ်ပြင်၊ ပဲဒက်၊ ရှင်မုတ္ထီး၊ ကြာအင်းအပါအဝင် ရပ်ကွက်နဲ့ ကျေးရွာအတော်များများမှာ ရေဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လတ်တလော သရက်ချောင်းမြို့နယ်ဘက်မှာ လူသေဆုံးထိခိုက်တာ မရှိသေးပေမဲ့ စပါးခင်းတွေနဲ့ အိမ်တွင်းပစ္စည်းတွေ ပျက်စီးဆုံးရှုံးတာတွေရှိတယ်လို့ အမည်မဖော်လိုတဲ့ သရက်ချောင်းမြို့ခံတစ်ယောက်က ပြောပါတယ်။
“ပျက်စီး ဆုံးရှုံးမှုကတော့ အခုချိန်က ကျွန်တော်တို့မှာ လယ်တွေ မရိတ်ရသေးတဲ့အချိန် တန်ဆောင်မုန်းလောက်မှပဲ ရိတ်သိမ်းကြတာလေ။ အဲဒါကြောင့်မို့ အဲစပါးခင်းတွေ အကုန်လုံးဆိုရင် ဘာမှ သုံးစားလို့ ရတော့မှာ မဟုတ်ဘူး။”
လောင်းလုံးမြို့နယ်အတွင်းက ကဒက်ငယ်ဆိတ်၊ ကဒက်ငယ်ထိန်နဲ့ ကျောက်နီမော် စတဲ့ ကျေးရွာတွေမှာလည်း ဘုန်းကြီးကျောင်းနဲ့ နေအိမ် ရှစ်ဆယ်ကျော် ရွှံ့နွံဖုံးသွားတယ်လို့ ကူညီနေသူတွေက ဆိုပါတယ်။
ရေဘေးသင့်သူတချို့ကို ရိက္ခာခြောက် ဖြန့်ဝေထားပေမဲ့ သောက်သုံးရေသန့်နဲ့ အရေးပေါ်ဆေးဝါးတွေလည်း လိုအပ်နေပါတယ်။
စစ်တပ်ခန့်အစိုးရဘက်ကတော့ လောင်းလုံးမြို့ပေါ် ရပ်ကွက်လေးခုက ရေဘေးသင့်သူ ရှစ်ထောင်ကျော် (၈,၄၃၁ ဦး) ကို ပန်တောဝဘုန်းကြီးကျောင်းဆီ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ကျေးရွာတချို့မှာတော့ ဒေသခံတွေဟာ ကိုယ့်အစီအစဉ်နဲ့ ရေဘေးလွတ်ရာ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို ရွှေ့ပြောင်းခိုလှုံနေကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ လောင်းလုံးမြို့နယ် တောင်ဘက်ခြမ်းက ရေကြီးမြေပြိုမှု ပြင်းထန်တဲ့ ကျေးရွာတွေမှာ ကယ်ဆယ်ရေးနဲ့ အရေးပေါ်အကူအညီ မလုံလောက်သေးဘူးလို့ ဒေသခံတွေနဲ့ ကူညီရေးလုပ်နေသူတွေက RFA ကို ပြောပါတယ်။
ဒီအခြေအနေကို မေးမြန်းဖို့ တနင်္သာရီတိုင်း စစ်တပ်ခန့်အစိုးရ ပြောခွင့်ရသူ ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
စစ်တပ်လက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ တနင်္သာရီကမ်းရိုးတန်းနဲ့ ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် တနင်္သာရီမြောက်ပိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ စက်တင်ဘာလ ၂၈ ရက်အထိ မိုးဆက်ကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကလည်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းအပြင် ရခိုင်ပြည်နယ်တောင်ပိုင်းမှာ မိုးဆက်လက်ကြီးနိုင်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ သတိပေးထားပါတယ်။
အထူးသဖြင့် တနင်္သာရီရိုးမနဲ့ ရခိုင်ရိုးမဒေသတွေမှာ မိုးများနိုင်ပြီး ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်လာနိုင်တာကြောင့် သတိပေးမှုအဆင့် တိုးမြှင့်ထားသင့်တယ်လို့လည်း သူက ဆိုပါတယ်။
မိုးဆက်များနိုင်တာကြောင့် တောင်ကျရေ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေ ဆက်ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိနေပြီး ရေဘေးသင့်ဒေသတွေမှာ ကယ်ဆယ်ရေးနဲ့ အရေးပေါ်အကူအညီတွေ ဆက်လက်လိုအပ်နေပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှာ တိုက်ပွဲတွေ ပြင်းထန်လာချိန် ခရီးသွားလာခွင့် ကန့်သတ်ထားတာကြောင့် မြို့ခံ ရှစ်သောင်းကျော်ဟာ နေရပ်စွန့်ခွာ ရှောင်တိမ်းဖို့ အခက်အခဲကြုံနေရတဲ့ အကြောင်း သတင်းပေးပို့ချက်နဲ့ ထူးခြားတဲ့သတင်းတွေကို တင်ပြထားပါတယ်။
RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၃၀ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်နေပါတယ်။ ။
ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှာ စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်းထန်လာချိန် မြို့အဝင်အထွက်နဲ့ လေကြောင်း အသုံးပြုခွင့်တွေ တင်းကျပ်ထားတာကြောင့် မြို့မှာကျန်နေတဲ့ ဒေသခံ ရှစ်သောင်းကျော် နေရပ်စွန့်ခွာဖို့ ခက်ခဲနေကြတယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။
စစ်တွေမြို့နဲ့ မိုင်နှစ်ဆယ်နီးပါးအကွာ ဖရုံကာကျွန်းနဲ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ်တစ်လျှောက်က အမြင့်ကျွန်းရွာ၊ တောကန်ရွာနဲ့ ရဲရိုးပြင်ရွာ စတဲ့နေရာတွေမှာ စက်တင်ဘာ ၄ ရက်ကစပြီး စစ်တပ်နဲ့ AA တို့ တိုက်ပွဲတွေ ပြင်းထန်လာတာလို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
တိုက်ပွဲတွေ မြို့အနီးကို ကပ်လာချိန်မှာ စစ်တပ်က စစ်တွေမြို့အဝင်အထွက်ကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသလို ပင်လယ်ပြင်မှာ တစ်ပိုင်တစ်နိုင် ငါးဖမ်းခွင့်ကိုလည်း ပိတ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြို့တွင်းမှာလည်း ကင်းစခန်း ငါးခုထက်မနည်း ထပ်တိုးထားပြီး လုံခြုံရေးတင်းကျပ်ထားသလို ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတယ်လို့ ပြောပါတယ်။
ကုန်းလမ်းနဲ့ ရေလမ်းကနေ ထွက်ခွာဖို့ ကန့်သတ်ထားတာကြောင့် စစ်တွေမြို့ကနေ တခြားဒေသကို သွားလိုတဲ့ ခရီးသည်တွေအတွက် လေကြောင်းကသာ အဓိကထွက်ပေါက် ဖြစ်နေပါတယ်။ လက်ရှိ စစ်တွေလေဆိပ်ကနေ ပုံမှန်ခရီးသည်တင်လေယာဉ် တိုက်ရိုက်ပြေးဆွဲတဲ့ ခရီးစဉ်ဟာ စစ်တွေ-ရန်ကုန် လမ်းကြောင်းတစ်ခုတည်းသာ ရှိနေပါတယ်။
လေယာဉ်လက်မှတ်ဝယ်ဖို့ ထောက်ခံစာအဆင့်ဆင့်တွေ လိုအပ်တာကြောင့် လေယာဉ်နဲ့တောင် အလွယ်တကူ ထွက်လို့ မရဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့လက်မှတ်ရဖို့ ဘာတွေပြရလဲဆိုရင် အိမ်ထောင်စုစာရင်း မူရင်းပြရမယ်။ NVC ကတ်ကိုင်ရင် NVC ကတ်ကိုင်တဲ့ အထောက်အထားပြရမယ်။ မှတ်ပုံတင်ယူသွားရမယ်။ ပြီးရင် ရပ်ကွက်က ထောက်ခံစာပြရမယ်။ ဒီမှာနေကြောင်း ပြရမယ်။ လေယာဉ်ကတော့ နဂိုအတိုင်း သွားနေတယ်။ ပိုက်ဆံလည်း ရှိနေပြီ၊ ဒါပေမဲ့ ဘာမှလုပ်လို့မရဘူး”
အရင်က မှတ်ပုံတင်ပြပြီး လေယာဉ်လက်မှတ် ဝယ်လို့ရပေမဲ့ စက်တင်ဘာ ၄ ရက်နောက်ပိုင်းမှာ ရပ်ကွက်နဲ့ မြို့နယ်အဆင့် ထောက်ခံစာတွေပါ တင်ပြရပြီး လေယာဉ်စီးမယ့်သူ ကိုယ်တိုင် ထောက်ခံစာသွားယူရတာတွေ ရှိလာတယ်လို့လည်း ဆိုပါတယ်။
ဒီလိုကန့်သတ်ချက်တွေအပြင် ရန်ကုန်-စစ်တွေ လေယာဉ်လက်မှတ်ခဟာလည်း လူတစ်ဦးကို ကျပ် ကိုးသိန်းကျော်ကနေ သိန်းသုံးဆယ်အထိ ပေးရတဲ့အခြေအနေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှစ်နဲ့ချီ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေတဲ့ စစ်တွေမြို့မှာ ဒေသခံအများစုအတွက် ဒီလက်မှတ်ဈေးနှုန်းဟာ မတတ်နိုင်တဲ့ပမာဏ ဖြစ်နေသလို လက်မှတ်ရဖို့လည်း ခက်ခဲနေတယ်လို့ ဆိုပါတယ်။
နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေမြို့ခံတစ်ဦးကတော့ တိုက်ပွဲတွေ မြို့တွင်းအထိ ရောက်လာချိန်မှာ ဒေသခံတွေ ထွက်ခွာလို့မရဘဲ ပိတ်မိနေမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။
“စစ်ကောင်စီ လုပ်လေ့လုပ်ထရှိတဲ့ အလေ့အကျင့်တွေပေါ့။ ဒေသခံတွေကို ဓားစာခံလုပ်တယ်။ ပြီးတော့ သူတို့ရဲ့ လူသား Cover ပေါ့။ အဲဒါကြောင့် ထွက်ပေါက်တွေ အကုန်လုံးပိတ်တာ ရှိတယ်။ ဒေသခံတွေအနေနဲ့ စစ်ပွဲတွေ မြို့ထဲမှာဖြစ်ရင် ဘယ်သွားပြီး ဘယ်လာရမှန်း မသိဘူးပေါ့။ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်နေတာတော့ ရှိတယ်”
စစ်တပ်ကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ စက်တင်ဘာ ၄ ရက်က စတင်တဲ့ စစ်တပ်ရဲ့ ထိုးစစ်ကို “၄၉၂၆ စစ်ဆင်ရေး” လို့ အမည်ပေးဖော်ပြထားပြီး စစ်တွေ-ပုဏ္ဏားကျွန်းဘက်အပါအဝင် နေရာတချို့မှာ တပ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ ရေးသားထားကြပါတယ်။
“၄၉၂၆ စစ်ဆင်ရေး” နဲ့ပတ်သက်ပြီး စစ်တပ်ဘက်က တရားဝင်ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။
ဒီတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ စစ်တွေ-ပုဏ္ဏားကျွန်းကြား အမြင့်ကျွန်း (မင်းတံတား) အနီးက အရပ်သားတချို့ကို AA က ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပြောဆိုချက်ကို RFA က သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။ AA ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်ထားပေမဲ့ အကြောင်းပြန်တာ မရှိသေးပါဘူး။
ရခိုင်နိုင်ငံရေးသမား ကိုဝေဟင်အောင်က လက်ရှိတိုက်ပွဲတွေဟာ စစ်တွေမြို့နဲ့ နီးကပ်နေပြီး စစ်ရေးအခြေအနေက အချိန်မရွေး ပြောင်းလဲနိုင်တာကြောင့် အရပ်သားတွေအတွက် လုံခြုံရေးအခြေအနေ စိုးရိမ်စရာရှိနေတယ်လို့ RFA ကို ပြောပါတယ်။
“မြေပြင်အခြေအနေက စိုးရိမ်ဖို့တော့ အတော်ကောင်းတယ်။ စစ်ပွဲဆိုတာက ပုံသေကားချပ် တွက်လို့မရဘူး။ အချိန်မရွေး၊ စက္ကန့်မရွေး၊ နာရီမရွေး ပြောင်းသွားနိုင်တဲ့အတွက် မြေပြင်က အချိန်မရွေး တစ်မျိုးမျိုးဖြစ်သွားနိုင်တယ်။ အခု စစ်ဖြစ်တဲ့နေရာက မြို့နဲ့ တော်တော်နီးကပ်တယ်ဗျ။ ရဲရိုးပြင်၊ ခမောင်းတောတို့ဘက်က တွက်မယ်ဆိုရင် အဲဒီက ရွှေမင်းဂံရေတပ်ကျတာနဲ့ မြို့ထဲကို ဝင်ပြီလို့ ပြောလို့ရတယ်”
၂၀၁၄ သန်းခေါင်စာရင်းအရ စစ်တွေမြို့မှာ လူဦးရေ တစ်သိန်းခွဲခန့်ရှိပြီး ၂၀၂၃ ခုနှစ်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံအများအပြား နေရပ်စွန့်ခွာခဲ့ကြတာကြောင့် လက်ရှိ မြို့မှာ လူဦးရေ ရှစ်သောင်းကျော် ကျန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျန်နေသူအများစုဟာ ငွေကြေးအခက်အခဲကြောင့် မရွှေ့ပြောင်းနိုင်သူတွေနဲ့ အသက်အရွယ်ကြီးသူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး စစ်တပ်နဲ့ AA တို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိမှာ ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်ထဲက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်ကလွဲပြီး ကျန်တဲ့ ၁၄ မြို့နယ်ကို AA က ထိန်းချုပ်ထားပါတယ်။
စစ်တွေမြို့အဝင်အထွက်နဲ့ လေကြောင်းခရီးစဉ်တွေ ကန့်သတ်ထားတာ၊ ဆေးဝါးနဲ့ စက်သုံးဆီ သယ်ယူခွင့်ကန့်သတ်ထားတာတွေနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရရဲ့ ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်စိုးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒီတစ်ပတ်အစီအစဉ်မှာတော့ ၂၀၂၁ ခုနှစ် မတ်လက စစ်ကိုင်းတိုင်း ကလေးမြို့ လူထု ဆန္ဒပြပွဲကို စစ်တပ်ကပစ်ခတ်ဖြိုခွင်းချိန်မှာ ဒူးဆစ်ကိုသေနတ်ကျည်ဆန်မှန်ပြီး ခြေတစ်ဖက်ဆုံးရှုံးခဲ့ရတဲ့ လူငယ်အဆိုတော် ကိုမင်းလွန် နဲ့ စကားပြောထားပါတယ်။
ကိုမင်းလွန်ဟာ စစ်တပ်ရဲ့ ပစ်ခတ်ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးနောက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ ထောင်ချခံရပြီး ဒဏ်ရာတွေနဲ့အကျဉ်းထောင်ထဲထည့်ခံခဲ့ရပါတယ်။
အခုတော့ ဘဝကိုအရှုံးမပေးပဲ စစ်ပန်းနေကြာထုတ်လုပ်ရောင်းချပြီး ကူညီထောက်ပံ့တဲ့အလုပ်လုပ်နေပါတယ်။
စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဒုက္ခသုက္ခတွေထဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစားရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘ၀တွေအကြောင်း ပြောပြနေတဲ့ “စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ်” ပေါ့ကတ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်နေတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို RFA Burmese ရဲ့ ဝက်ဆိုဒ်၊ Facebook နဲ့ Youtube စာမျက်နှာတွေမှာ ကြည့်ရှုနားဆင်ရမှာဖြစ်ပါတယ်။
ပြည်တွင်းစက်သုံးဆီစျေးနှုန်းဟာ စက်တင်ဘာ ၂၅ ရက်နေ့မှာ ၁၅ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်းကျော်အထိ တစ်ရက်ထဲ ရုတ်တရက်ခုန်တက်သွားပါတယ်။ စက်တင်ဘာလဆန်းကစလို့ သုံးပတ်ကျော်အတွင်း တစ်လီတာကို ကျပ် ၁၀၀ ကျော်သာ မြင့်တက်ခဲ့ပြီး ဈေးနှုန်းအပြောင်းအလဲ အနည်းငယ်သာ ရှိခဲ့ပေမယ့် စက်တင်ဘာလ ၂၅ ရက်နေ့မှာတော့ တစ်ရက်တည်း ကျပ် ၇၀၀ ကျော်အထိ ရုတ်တရက် ခုန်တက်သွားတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ စက်တင်ဘာလ ၂၅ ရက် လက်လီတစ်လီတာဈေးနှုန်းတွေအနေနဲ့ ဓာတ်ဆီအောက်တိန်း ၉၂ (92 Ron) အမျိုးအစားက ၄,၄၅၀ ကျပ် နဲ့ ၁၆.၃၄ ရာခိုင်နှုန်း၊ ဓာတ်ဆီအောက်တိန်း ၉၅ (95 Ron) အမျိုးအစားက ၄,၆၀၀ ကျပ် နဲ့ ၁၆.၄၆ ရာခိုင်နှုန်း၊ ဒီဇယ်စျေးက တစ်လီတာ ၄,၇၉၀ ကျပ် ၁၅.၄၂ ရာခိုင်နှုန်းတွေတက်ခဲ့ပြီး ပရီမီယံဒီဇယ် ၅,၇၉၅ ကျပ်နဲ့ ၁၃.၇၅ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။
စက်တင်ဘာလ ၂၄ ရက်နေ့ က 92 Ron ၃,၈၂၅ ကျပ်၊ 95 Ron ၃,၉၅၀ ကျပ်၊ ဒီဇယ် ၄,၁၅၀ ကျပ်နဲ့ ပရီမီယံဒီဇယ် ၅,၀၅၀ ကျပ် ဖြစ်တာကြောင့် တစ်ရက်အတွင်း တစ်လီတာကို ၆၂၅ ကျပ်ကနေ ၇၄၅ ကျပ်အထိ ခုန်တက်သွားတာပါ။
စက်တင်ဘာလ ၁ ရက်နေ့က 92 Ron ၃,၇၁၀ ကျပ်၊ 95 Ron ၃,၈၁၅ ကျပ်၊ ဒီဇယ် ၄,၂၄၀ ကျပ်နဲ့ ပရီမီယံဒီဇယ် ၅,၁၄၀ ကျပ် ရှိခဲ့ပါတယ်။ ဒါကြောင့် စက်တင်ဘာလ ၁ ရက်ကနေ ၂၄ ရက်အထိ ရက်ပေါင်း ၂၀ ကျော်အတွင်း 92 Ron နဲ့ 95 Ron က တစ်လီတာကို ၁၁၅ ကျပ်နဲ့ ၁၃၅ ကျပ်သာ မြင့်တက်ခဲ့ပြီး ဒီဇယ်နဲ့ ပရီမီယံဒီဇယ်ကတော့ ၉၀ ကျပ်စီ ကျဆင်းခဲ့ပါတယ်။
လက်ရှိ ဈေးနှုန်းတွေ ရုတ်တရက်မြင့်တက်လာတဲ့ အကြောင်းရင်းကို သိနိုင်ဖို့ စစ်တပ်ခန့်အစိုးရရဲ့ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။
စက်သုံးဆီဈေး ရုတ်တရက်မြင့်တက်လာတာကြောင့် ယာဉ်စီးခတွေကို အရင်ထက် တိုးတောင်းရတာရှိသလို ခရီးသည်တွေလည်း မစီးနိုင်တော့ဘူးလို့ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“ဆီဈေးတက်တော့ ကားခတွေ တက်တယ်။ တက်တဲ့အတွက် သူတို့ မစီးနိုင်ဘူး။ အဲဒီလိုတက်တော့ မကိုက်ဘူးပေါ့။ ရပ်ပေါ့။ ရပ်ပြီးတော့ ခရီးသည်နဲ့ နည်းနည်း ဈေးပြောတောင်းရတာပေါ့။ ခရီးသည်တွေကလည်း မစီးနိုင်ဘူး။ အခုဆိုရင် တစ်မနက်လုံးတောင်မှ စီးတဲ့သူက ဘာမှမရသေးဘူး။ ၁၈,၀၀၀ ပဲ ရသေးတယ်။ ခရီးသည်က ပါးသွားပြီ။ အရေးအကြောင်းမရှိဘဲနဲ့ မစီးကြတော့ဘူး”
လက်ရှိ စက်သုံးဆီဈေးနှုန်းတွေကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ ဖြစ်လာသလို ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာမှာကိုလည်း စိုးရိမ်နေတယ်လို့ အဲဒီယာဉ်မောင်းက ပြောပါတယ်။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်က ကျေးလက်ဒေသတချို့မှာ ဓာတ်ဆီအောက်တိန်း ၉၂ (92 Ron) တစ်လီတာကို ၇,၅၀၀ ကျပ်အထိ ပေးဝယ်သုံးစွဲနေရတယ်လို့ ဒေသခံတွေက စက်တင်ဘာလ ၂၅ ရက်နေ့မှာ ပြောပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေရှိနေတဲ့ ဒေသတွေမှာတော့ 92 Ron တစ်လီတာကို ကျပ် ၁၅၀၀၀ ခန့် စျေးပေါက်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့က စစ်တပ်ခန့်အစိုးရအကြီးအကဲ ဦးမင်းအောင်လှိုင်နဲ့ တိုင်းမ် (Time) မဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းခန်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် သတင်းမီဒီယာတွေက ထုတ်ပြန်ရာမှာ အမေရိကန်ပြည်ထောင်စုက ဦးဆောင်အရေးယူထားတဲ့ စီးပွားရေး ပိတ်ဆို့မှု (sanctions) တွေကြောင့် စီးပွားရေးကဏ္ဍမှာ ထိခိုက်မှုတွေရှိနေတာကို ဝန်ခံပြောဆိုခဲ့ပြီး ဘဏ်စနစ်နဲ့ ငွေကြေးလွှဲပြောင်းမှု ကန့်သတ်ချက်တွေ၊ ကုန်ပစ္စည်းတင်သွင်းဖို့ခက်ခဲ့တာတွေကို ဝန်ခံပြောဆိုထားပါတယ်။ အမေရိကန်ပိတ်ဆို့ အရေးယူမှုတွေထဲမှာ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် စစ်အာဏာပိုင်တွေရဲ့ နိုင်ငံခြားငွေ ဝင်ပေါက်တွေကို အဓိက အရေးယူထားပါတယ်။
စစ်တပ်ခန့်အစိုးရကတော့ စက်သုံးဆီတွေကို နှစ်စဉ်ပြည်ပက တင်သွင်းနေရပြီး နိုင်ငံခြားငွေ အများအပြား သုံးစွဲနေရတာကြောင့် စက်သုံးဆီတင်သွင်းမှု လျှော့ချနိုင်ရေး နည်းလမ်းရှာဖွေမယ်လို့ နိုင်ငံပိုင်သတင်းစာ တွေကတဆင့် ထုတ်ပြန်ပြောဆိုထားပါတယ်။
မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်မှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အထူးတိုင်းစစ်ဌာနချုပ်ရုံးကို စက်တင်ဘာလ ၂၄ ရက်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် PDF တပ်ဖွဲ့ဝင် လေးဦးထက်မနည်း သေဆုံးပြီး နောက်ထပ် ငါးဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ RFA ရဲ့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
အထူးတိုင်းစစ်ဌာန လက်အောက်ခံ တပ်ရင်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးကလည်း ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေရှိတယ်လို့ RFA ကို အတည်ပြုပါတယ်။
“လေကြောင်းတိုက်ခိုက်ခံရတာကို အတည်ပြုပေးပါတယ်။ ထိခိုက်သေဆုံးမှုတွေရှိနေပေမဲ့ အသေးစိတ် မသိရသေးဘူး”
နောက်ထပ် သတင်းရင်းမြစ်တစ်ဦးကတော့ သေဆုံးသူလေးဦးထဲမှာ PDF တပ်ဖွဲ့ဝင် သုံးဦးပါဝင်ကြောင်း ပြောဆိုထားပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လေးဦးထက်မနည်း သေဆုံးခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူ အရေအတွက်ကို RFA က သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်နဲ့ အထူးတိုင်းစစ်ဌာနချုပ်ရုံးကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်မဖြေသေးပါဘူး။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် စံညိုဝင်းကိုလည်း RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
အဲဒီလေကြောင်းတိုက်ခိုက်မှုအပြီးမှာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်အခြေစိုက် အမြောက်တပ်ရင်း (အမတ-၃၁၀) အပါအဝင် စစ်တပ်တပ်စခန်းတွေကနေ အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အထူးတိုင်းစစ်ဌာနမှာ ကရင်နဲ့ မွန်ပြည်နယ်အခြေစိုက် PDF နည်းဗျူဟာတွေ၊ တပ်ရင်းတပ်ဖွဲ့တွေ၊ ဒရုန်းတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေ ပါဝင်ပြီး မွန်၊ ကရင်၊ ပဲခူးနဲ့ ရေး-ထားဝယ်ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားနေတာ ဖြစ်ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနက PDF တပ်ရင်းနဲ့ နည်းဗျူဟာတွေကို ပြန်လည်စုဖွဲ့ပြီး အထူးတိုင်းစစ်ဌာနကို ၂၀၂၅ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာပါ။
မြန်မာနိုင်ငံမှာ အခုနှစ်တွေအတွင်း လူငယ်တွေရဲ့ စရိုက်တွေ ရိုင်းစိုင်းကြမ်းတမ်းလာတာဟာ ယိုယွင်း ပျက်စီးနေတဲ့ နိုင်ငံရေးကြောင့်ဖြစ်တဲ့အကြောင်း သတင်းသုံးသပ်ချက်နဲ့ ထူးခြားတဲ့သတင်းတွေကို တင်ပြထားပါတယ်။
RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၃၀ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်နေပါတယ်။ ။
ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် ကိုးကန့်တပ်ဖွဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDDA)က သူတို့ထိန်းချုပ်ထားတဲ့ဒေသကို အထူးဒေသအဖြစ်သတ်မှတ်ပေးဖို့ စစ်တပ်ခန့်အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ စက်တင်ဘာလ ၂၄ ရက်က နေပြည်တော်မှာ တွေ့ဆုံပြီး တောင်းဆိုခဲ့တယ်လို့ MNDAA နဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်က RFA ကို ပြောပါတယ်။
ဆွေးနွေးပွဲကို မူလက နှစ်ရက်ကြာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ တစ်ရက်တည်းနဲ့ ပြီးသွားခဲ့ပြီး နှစ်ဖက် ဆက်တွေ့ဖို့ သဘောတူခဲ့ကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ MNDAA နဲ့ နီးစပ်သူက ပြောပါတယ်။
“ဆွေးနွေးပွဲမှာ MNDAA ဘက်က အထူးဒေသ ရရှိရေးတောင်းဆိုတယ်။ ဒါပေမဲ့ NSPNC က အခြေခံ ဥပဒေနဲ့ အညီ ဆောင်ရွက်ဖို့ပဲတုန့်ပြန်တယ်။ ဆွေးနွေးပွဲမှာတော့ တိတိကျကျပြောဆိုကြတာ မရှိကြဘူး။ သူ့သဘောထား၊ ကိုယ့်သဘောထားကို ပြောကြတယ်။ ဆက်ပြီးတွေ့ဆုံဆွေးနွေးဖို့တော့ သဘောတူခဲ့တယ်”
နောက်ထပ် တွေ့ဆုံဆွေးနွေးမယ့်အချိန်ကာလအတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သူက ပြောပါတယ်။ စစ်တပ်ခန့်အစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့အဖွဲ့နဲ့ MNDAA ပေါ်လစ်ဗျူရို အထွေထွေအတွင်းရေးမှူး (၂) နဲ့ ပြင်ပဆက်ဆံရေးဌာနမှူး ဦးဖုန်ဝင်းနိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့တာပါ။
စစ်တပ်ခန့်အစိုးရဘက်က ထုတ်ပြန်ချက်မှာတော့ ဦးဖုန်ဝင်းနိုင်က “စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသထူထောင်ရေး” ကို ဆက်လက်ကိုင်စွဲထားကြောင်း ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးနဲ့ ဒေသတည်ငြိမ်ရေးကို ထိန်းသိမ်းဖို့၊ တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းနဲ့ အမြင်ကွဲလွဲမှုတွေကို ဖြေရှင်းဖို့နဲ့ နိုင်ငံတစ်ဝန်း ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အခွင့်အလမ်းတွေ ရှာဖွေဖို့ကိုလည်း MNDAA ကိုယ်စားလှယ်တွေက ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။
ဆွေးနွေးပွဲမှာ နှစ်ဖက်စလုံးက ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နဲ့ MNDAA ရဲ့ နိုင်ငံရေးတရားဝင်ရပ်တည်မှုဖြစ်ရေး၊ တိုင်းရင်းသားတန်းတူရေးနဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်နိုင်ရေး စတဲ့အကြောင်းအရာတွေကို နှစ်ဖက် ဆွေးနွေးခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကို သတ်မှတ်ထားပေမဲ့ “အထူးဒေသ” ဆိုတဲ့ အုပ်ချုပ်ရေးဆိုတာကိုတော့ သီးခြားပြဋ္ဌာန်းထားတာ မရှိပါဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ လောက်ကိုင်မြို့နယ်နဲ့ ကုန်းကြမ်းမြို့နယ်တွေကို ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ထားပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA ဟာ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ သိန္နီ၊ တာမိုးညဲနဲ့ ပန်ဆိုင်း အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်မြေအများအပြားကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အဓိကမြို့ဖြစ်တဲ့ လားရှိုးကိုလည်း MNDAA က ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ သိမ်းယူခဲ့ပေမဲ့ တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုနောက်ပိုင်း ၂၀၂၅ ခုနှစ် ဧပြီလမှာ စစ်တပ်ဘက်ကို ပြန်လွှဲပေးခဲ့ပါတယ်။
ဒါ့အပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို MNDAA က ၂၀၂၆ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက်တစ်ရက်မှာ မြို့ကို ထိန်းချုပ်ခဲ့ပါတယ်။
ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး MNDAA ပေါ်လစ်ဗျူရို အထွေထွေအတွင်းရေးမှူး (၂) နဲ့ ပြင်ပဆက်ဆံရေး ဌာနမှူး ဦးဖုန်ဝင်းနိုင်ကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
လက်ရှိ MNDAA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်နဲ့ သိန္နီ အပါအဝင် နယ်မြေတချို့နဲ့ ပတ်သက်ပြီး စစ်တပ်နဲ့ MNDAA ကြား သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။
နေပြည်တော်ဆွေးနွေးပွဲအတွင်းမှာတော့ ဒီနယ်မြေတွေကိစ္စ ဆွေးနွေးပြောဆိုတာမရှိဘူးလို့ ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့ MNDAA သတင်းအရင်းအမြစ်က RFA ကို ပြောပါတယ်။
စစ်တပ်ခန့်အစိုးရက ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်မှာ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားပါတယ်။
NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပြင် NCA လက်မှတ်မထိုးထားတဲ့ UWSP “ဝ” အဖွဲ့၊ NDAA မိုင်းလားအဖွဲ့နဲ့ SSPP ရှမ်းပြည်တိုးတက်ရေးပါတီတို့လို အဖွဲ့တွေနဲ့လည်း ငြိမ်းချမ်းရေးဆွေးနွေးတာတွေ ရှိနေပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တွေထဲကို စစ်တပ်က စက်တင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်မှာ လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပြီး တိုက်ခိုက်တာကြောင့် ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၃ ဦး သေဆုံးပြီး နောက်ထပ် ၇ ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက စက်တင်ဘာ ၂၄ ရက်နေ့မှာ RFA ကို ပြောပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့က မြင်းခြံမြို့အခြေစိုက် အမှတ် (၁၅) ခြေမြန်တပ်ရင်း (ခမရ-၁၅) ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးနှစ်လုံး ဒါးကျွန်းရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် KG တန်းက အသက် ခြောက်နှစ်အရွယ် မောင်ဖြိုးပြည့်စုံ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဒုတိယတန်းက အသက် ရှစ်နှစ်အရွယ် မောင်ဟိန်းထက်နိုင်နဲ့ အသက် ၁၄ နှစ်အရွယ် မအိခိုင်သင်းတို့လည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ကျောင်းဆင်းခါနီးအချိန်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီလောက်မှာ ဘကကျောင်းကို စစ်တပ်က လက်နက်ကြီးနှစ်လုံး ပစ်တယ်။ ကျောင်းဆင်းခါနီး ကလေးတွေ အမှိုက်ကောက်နေချိန် လက်နက်ကြီးကျတော့ KG တန်းက ကလေးလေးက ပွဲချင်းပြီး ဆုံးသွားတယ်။ ဒဏ်ရာပြင်းတဲ့ ကလေးမက အခုမနက် ၅ နာရီမှာ မန္တလေးဆေးရုံကို အရေးပေါ် ပို့လိုက်ရတယ်ဗျ”
အဲဒီဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ ၇၀၀ လောက် ပညာသင်ကြားနေတယ်လို့လည်း သူက ပြောပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းမှာလည်း နွားထိုးကြီးမြို့နယ် မာန်လည်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၇၀ကျော် အမျိုးသမီးကြီးနှစ်ဦး သေဆုံးခဲ့ပြီး အသက် ၂ဝကနေ ၆ဝ ကြား အရပ်သား ၅ ဦးဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ စစ်တပ်ဘက်ကတော့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ မရှိဘူးလို့ အရင်က အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။
မြင်းခြံမြို့ပတ်ဝန်းကျင်က ကျေးရွာတွေကို ခမရ-၁၅ ကနေ လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်နေသလို နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တွေကိုလည်း လေကြောင်းကနေ မကြာခဏတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့ကလည်း စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေ မြင်းခြံမြို့နယ် ပျိုးကန်ရွာထဲ ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး နောက်ထပ် အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက်နေကလည်း မြင်းခြံမြို့နယ် ပျိုးကန်ရွာထဲကို စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အသက် ၃၀ကျော် အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ် အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Volker Türk က မြန်မာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားသေဆုံးမှုရဲ့ အဓိကအကြောင်းရင်းဖြစ်နေတယ်လို့ စက်တင်ဘာ ၇ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အကြီးအကဲ Nicholas Koumjian ကလည်း စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုအားထားလာပြီး အရပ်သားတွေက အဓိကထိခိုက်ခံနေရသူတွေ ဖြစ်သလို စာသင်ကျောင်းနဲ့ ဆေးရုံတွေပါ မကြာခဏ ထိမှန်နေတယ်လို့ အဲဒီအစည်းအဝေးမှာပဲ ပြောခဲ့ပါတယ်။
မြန်မာပြည်က မြို့ပြတွေမှာ အခုနောက်ပိုင်း ခိုးဆိုးလုယက် ခါးပိုက်နှိုက်တာတွေများလာသလို၊ လူငယ် တချို့ ကိုယ်နှုတ် နှလုံး အပြောအဆိုကြမ်းလာကြပြီး၊ အုပ်စုဖွဲ့ ရန်ဖြစ်တာ၊ အနိုင်ကျင့်တာတွေလည်း လူမှု ကွန်ယက် စာမျက်နှာတွေမှာတွေ့လာရပါတယ်။
ဒါဟာ နိုင်ငံရေးစနစ်ကြောင့်ဖြစ်လာတဲ့ရလာဒ်လို့ ၈၈ မျိုးဆက်နိုင်ငံရေးအကျဥ်းသားဟောင်း ဦးကျော်ကျော် ထွေးက RFA ကိုပြောပါတယ်။
“နိုင်ငံရေးအခင်းအကျင်းရဲ့ ဓားစာခံတွေပေါ့။ လူငယ်တွေ မှန်သမျှက သူတို့ဘဝကို သူတို့ရှေ့ မျှော်ကြည့်တဲ့အခါမှာ ဘာမှသူတို့မျှော်မှန်းလို့မရနိုင်ဘူး။ နိုင်ငံရေးကြောင့် ဒီ စီးပွားရေး၊ လူမှုရေး အစစအရာရာမှာ ချွတ်ခြုံ ကျလာတဲ့အခါမှာ လူငယ်တွေမှာပိုပြီးထိခိုက်ခံစားရတာပေါ့”
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်မှာ လူငယ်တစ်စုက လူငယ်နှစ်ယောက် ကို အုပ်စုဖွဲ့ထိုးကြိတ်ပြီး ဓားနဲ့ထိုးတဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့ ဆိုရှယ်မီဒီယာမှာပျံ့နှံ့ခဲ့သလို လူပြောများတဲ့ကိစ္စ ဖြစ်ခဲ့ပါတယ်။ အုပ်စုဖွဲ့တိုက်ခိုက်ခဲ့တဲ့သူတွေထဲက လူငယ်တစ်ယောက်ရဲ့ ရည်းစားမိန်းကလေးကို၊ တိုက်ခိုက်ခံ ရတဲ့ လူငယ်တစ်ယောက်က အွန်လိုင်းကနေ စနောက်ရာကနေ ဖြစ်ခဲ့တာလို့သိရပါတယ်။ ကျူးလွန်တဲ့သူ ရှစ်ဦး ဟာ အသက် ၁၆ နှစ်ကနေ ၂၀ ကြားဖြစ်ပြီး သူတို့ကို ဥပဒေအရအရေးယူဖို့ဆောင်ရွက်နေတယ်လို့ စစ်တပ်ခန့် အစိုးရ ထိန်းချုပ်ထားတဲ့ သတင်းစာတွေက စက်တင်ဘာ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိတဲ့ လူငယ်နှစ်ဦးကတော့ အသက် ၁၈ နှစ်နဲ့ ၂၃ နှစ်ဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးမှာကုပေးနေသလို တစ်ဦးက စိုးရိမ်ရတယ်လို့သိရပါတယ်။ ဖမ်းမမိပဲ ထွက်ပြေးလွတ်မြောက်နေတဲ့သူလည်းရှိသေးတယ်လို့ ပရဟိတသမားတစ်ဦးက RFA ကိုပြောပါတယ်။
“ ခံရတဲ့ကောင်တွေက ကျောင်းသားတဲ့။ ဟိုကောင်တွေကတော့ မပြောတတ်ဘူး။ ကျောင်းသားလည်းပါတယ် ပြောတယ်။ အပြင်လည်းပါတာပေါ့။ အခြေအနေကတော့ နည်းနည်း စိုးရိမ်ရတယ်လို့ ပြောတယ် တစ်ယောက် ကတော့။ တစ်ယောက်ကတော့ သိပ်မစိုးရိမ်ရဘူး ပြောတယ်။ တစ်ယောက် ကတော့ ကျွန်တော်တို့ ကြားတာ ကတော့ ငါးဆယ် ငါးဆယ်လို့ ပြောတယ်”
လူငယ်တွေဒီလိုဖြစ်လာတာ အလားအလာမကောင်းဘူးလို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က သုံးသပ်ပါတယ်။
“မိသားစုရဲ့ ကွပ်ကဲဆုံးမမှုကလည်း အားနည်းလာတာပါတယ်။ နောက်တစ်ခုက ဒီလုံခြုံရေး။ နောက်တခါ တရားဥပဒေစိုးမိုး‌ရေးကိုကိုင်တဲ့အပိုင်းကလည်း ပညာပေးဆုံးမတာတို့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာတို့ နည်းလာတဲ့အခါကြတော့ ဒီပြဿနာတွေ ပေါ်လာတာပေါ့။ ကျွန်တော်တို့ဒါမျိုးက ဟိုးတုန်းကလည်းကြုံခဲ့ဖူးပါတယ်။ ဆိုရှယ်လစ်ခေတ်မှာလည်း လမ်းသရဲဆိုပြီးတော့ပေါ်ပါတယ်။ တကယ်ပြောရရင်တော့ ဒီလိုဖြစ်စဉ်တွေက အလားအလာမကောင်းဘူး”
လူငယ်တွေအရိုင်းဆန်လာတာဟာ တိုင်းပြည်အနာဂတ်အတွက်စိုးရိမ်ရတယ်လို့လည်း ၈၈ မျိုးဆက် နိုင်ငံရေး အကျဥ်းသားဟောင်း ဦးကျော်ကျော်ထွေးက ထောက်ပြပါတယ်။
“နိုင်ငံအတွက်ကို တော်တော်ကိုအန္တရာယ်ရှိပါတယ်။ ဘာလို့လည်းဆိုတော့ အနာဂတ်မှာ ဒီလူငယ်လေးတွေကြီးလာလို့ရှိရင် ဒီလိုစိတ်ရိုင်းတွေနဲ့ကြီးပြင်းလာတဲ့ လူငယ်လေးတွေလက်ထဲကို တိုင်းပြည်က တချိန်ချိန်ကျရင်ရောက်သွားရမှာပဲလေ။ မဖြစ်မနေ သူတို့ကို လက်လွှဲပြီး သူတို့တိုင်းပြည်အာဏာယူကြမယ်။ တိုင်းပြည်ရဲ့လုပ်ငန်းခွင်တွေ သူတို့ဝင်ကြမယ်။ အဲဒီလိုအခြေအနေမျိုးမှာ ဒီလိုစိတ်ပိုင်းဆိုင်ရာကြမ်းတမ်းမှု၊ ရိုင်းစိုင်းမှုတွေနဲ့ ဆက်ပြီးသွားနေမယ်ဆိုရင် ဒါဟာ တိုင်းပြည်ရဲ့အနာဂတ်က တော်တော်လေးကိုဆိုးရွားတယ်လို့ပြောလို့ရတယ်”
ဒါကြောင့် လူငယ်တွေကို မိဘ၊ဆရာ ညှိနှိုင်းပြီးယဉ်ကျေးသိမ်မွေ့လာအောင်ပညာပေးတာ ၊ ကျောင်းတွေမှာ ပြည်သူ့နီတိသင်ခန်းစာတွေသင်ပေးတာတွေလည်းလိုအပ်တယ်လို့လည်း အကြံပြုကြပါတယ်။
မြန်မာနိုင်ငံက အမျိုးသမီး နိုင်ငံရေးအကျဥ်းသူတွေဟာ ထောင်ထဲမှာ ညှဥ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ ‌နှောင့်ယှက်စော်ကားမှု၊ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်ကုသခွင့် ငြင်းဆိုခံရမှုတွေနဲ့ ရင်ဆိုင်နေရပြီး သူတို့ကို အမြန်လွှတ်ပေးဖို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က စက်တင်ဘာ ၂၃ ရက်နေ့မှာ အစီအရင်ခံစာထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
ဒီအမျိုးသမီးတွေဟာ ထောင်ထဲမှာ ဆိုးဝါးတဲ့အတွေ့အကြုံတွေခံစားရသလို လွတ်လာတော့လည်း စိတ်ဒဏ်ရာတွေနဲ့ နေထိုင်ကြရတယ်လို့ HRW ရဲ့ အာရှရေးရာ ဒုတိယညွှန်ကြားရေးမှုး ဘရိုင်ယိုနီ လော (Bryony Lau) က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဥ်းသားအဖြစ် အကျဥ်းကျခံခဲ့ရသူတွေဟာ စနစ်တကျချမှတ်ထားတဲ့ ထောင်အခြေအနေတွေနဲ့ အကျဥ်းသားတွေအပေါ် လျစ်လျူရှုခံထားရတဲ့ အခြေအနေ နှစ်ခုစလုံးအပါဝင် ထောင်တွေရဲ့ အထူးစိတ်ပျက်စရာ စနစ်စရိုက်တွေကို အသေးစိတ် ပြန်ပြောကြပါတယ်။ ဒီအမျိုးသမီးတွေဟာ ဥပဒေမဲ့ လက်လွတ်စပယ် အဖမ်းခံရတာကအစ ထောင်ထဲမှာ နှိပ်စက်ညှဥ်းပန်းမှုနဲ့ မသင့်မလျှော် ဆက်ဆံခံရတာ အပါအဝင် မတရားမှု အဆင့်ဆင့်ကို တွေ့ကြုံခံစားခဲ့ရသူတွေဖြစ်ပြီး ထောင်ကလွတ်လာပေမဲ့ အမြဲမပြတ် စိုးရိမ်ကြောက်ရွံ့မှုနဲ့ စိတ်ဒဏ်ရာတွေပါလာခဲ့ကြပါတယ်။”
နယူးယောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ကြီးအနေနဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး ပုဒ်မတွေနဲ့ စစ်တပ်က ဖမ်းဆီးပြီး ထောင်နဲ့စစ်ကြောရေးစခန်း ၁၁ ခုမှာ ထိန်းသိမ်းအကျဥ်းကျခဲ့ရသူ အမျိုးသမီး ၁၇ ဦး၊ မိသားစုဝင် သုံးဦး၊ ရှေ့နေနဲ့ အကျိုးဆောင် လေးဦးတို့ကို ၂၀၂၅ ခုနှစ်နဲ့ ၂၀၂၆ ခုနှစ်တွေအတွင်း ဆက်သွယ်မေးမြန်းခဲ့ပြီး အခုလို တွေ့ရှိတာလို့ ဆိုပါတယ်။ အမျိုးသမီး အကျဥ်းသူ ၁၇ ဦးထဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ သတင်းထောက်၊ ကျန်းမာရေးဝန်ထမ်းနဲ့ ကယ်ဆယ်ရေး ဆောင်ရွက်သူတွေပါတယ်လို့ သိရပါတယ်။
မြန်မာစစ်အာဏာပိုင်တွေလက်အောက်မှာရှိတဲ့ အကျဥ်းထောင်နဲ့စစ်ကြော‌‌ရေးစခန်းတွေမှာ အမျိုးသမီးတွေဟာ တုတ်၊ သံချိန်းကြိုး၊ သံပိုက်လုံး နဲ့ ရိုက်ခံရတာ၊ လေးခွနဲ့ပစ်ခံရတာတွေကြုံခဲ့ရသလို လျှပ်စစ် ကျင်စက်နဲ့တို့တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ မီးလောင်နေတဲ့ ဆေးလိပ်နဲ့အထိုးခံရတာ၊ မခံမရပ်နိုင်အောင် အချိန်အကြာကြီး ပုံစံပေး ထိုင်ခိုင်းတာ၊ ရက်သတ္တပတ်ပေါင်းများစွာ တစ်ယောက်ထဲ တိုက်ပိတ်အပြစ်ပေးခံရတာတွေလည်း ကြုံကြရတယ်လို့ HRW ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက အမျိုးသမီး ၆,၆၀၀ ကျော်နဲ့ ကလေးသူငယ် ၆၄၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံရေးအကျဥ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေကို ကိုးကားဖော်ပြထားသလို ၂၀၂၁ နဲ့ ၂၀၂၆ အတွင်း နိုင်ငံရေးအကျဥ်းသား ၂၉၀ ကျော်သေဆုံးတဲ့အထဲမှာ အမျိုးသမီး နိုင်ငံရေးအကျဥ်းသူ ၄၃ ဦးပါဝင်ခဲ့ကြောင်း မြန်မာအကျဥ်းထောင်စောင့်ကြည့်ရေးကွန်ရက်တစ်ခုဖြစ်တဲ့ Myanmar Prison Witness ရဲ့ ထုတ်ပြန်ချက်တွေကိုလည်း ကိုးကားထားပါတယ်။
တချို့အကျဥ်းသူတွေဟာ ဆေးဝါးနဲ့ တခြားလိုအပ်တဲ့ပစ္စည်းတွေ ထောင်ထဲမှာ ရချင်ရင် လိင်ကိစ္စနဲ့ အလဲအထပ် လုပ်ရမယ်လို့ ထောင်ဝန်ထမ်း အစောင့်တွေက အတင်းအကြပ် တောင်းဆိုတာမျိုးတောင်ကြုံရတယ်လို့လည်း ကြုံခဲ့ရသူတွေကို မေးမြန်းပြီး အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာစစ်အာဏာပိုင်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသမီး နိုင်ငံရေးအကျဥ်းသူ အားလုံး ချက်ချင်းပြန်လွှတ်ပေးဖို့လည်း ဒီအစီအရင်ခံစာမှာ တောင်းဆိုထားပါတယ်။
နေပြည်တော်က နေရာအတိအကျ မသိရတဲ့ အကျဥ်းထောင်နေအိမ်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ မိခင်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်၊ စကားပြောခွင့်ပေးဖို့နဲ့ ပြန်လည်လွှတ်ပေးဖို့ စစ်အာဏာသိမ်းခေါင်းဆောင်နဲ့ စစ်တပ်ခန့်အစိုးရ အကြီးအကဲ ဦးမင်းအောင်လှိုင်ကို ဦးတည် တောင်းဆိုထားတဲ့ စာတစ်စောင်ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့က မြန်မာသံရုံးကို သွားရောက် ပေးအပ်ခဲ့တယ်လို့ ကင်အဲရစ် (Kim Aris) ခေါ် ကိုထိန်လင်းက စက်တင်ဘာ ၂၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ICRC ကိုယ်စားလှယ်တွေ့ခွင့်ရခဲ့လို့ မိခင်ဖြစ်သူ အသက်ရှင်ရက် ရှိနေသေးတယ်ဆိုတာသိ ရကြောင်း၊ ဒါပေမယ့် အခုအချိန်အထိ သူ့နဲ့ တွေ့ခွင့် စကားပြောခွင့်မရခဲ့သေးကြောင်း၊ သူကလေးဘဝက တည်းက မိခင်ဖြစ်သူ လွတ်မြောက်ဖို့ တောင်းဆိုခဲ့ရတာ အခု ဆယ်စုနှစ်တွေများစွာ ကြာအပြီးမှာလည်း ထပ်ပြီး တောင်းဆိုနေရကြောင်း၊ အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ မိခင်အနေနဲ့ ဘဝရဲ့နှစ်ပေါင်းများစွာ အကျဥ်းကျ ဆုံးရှုံးခဲ့ရတဲ့အတွက် လွှတ်ပေးဖို့အချိန်တန်နေပါပြီလို့လည်း သူရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ကိုထိန်လင်းဟာ စစ်အာဏာသိမ်းစဥ် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးချုပ်နှောင်ထားပြီး အဂတိလိုက်စားမှု အပါအဝင် ပုဒ်မမျိုးစုံတပ် ထောင်ချခံထားရတဲ့ မိခင်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို ပြန်လွှတ်ပေးဖို့ အသက်ရှင်လျက်ရှိတယ်ဆိုတာ သက်သေအထောက်အထားပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုကို စဥ်ဆက်မပြတ်ပြုလုပ်နေသူလည်းဖြစ်ပါတယ်။
၂၀၂၆ စက်တင်ဘာ ၂၂ ရက်နေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ပြန်လွှတ်ပေးဖို့ တောင်းဆိုစကားပြောနေသည့် ကိုထိန်လင်း ခေါ် ကင်အဲရစ်အား တွေ့ရပုံ။
(Kim Aris - Htein Lin)
ပြီးခဲ့တဲ့ ဇူလိုင်လကလည်း မိခင်ဖြစ်သူ သက်ရှိထင်ရှားရှိတယ်ဆိုတာ ထုတ်ဖော်မပြသဘဲ နိုင်ငံတကာ သံတမန်တွေနဲ့ တွေ့တဲ့အချိန်မှာ အစ်မရင်းတစ်ယောက်လို စောင့်ရှောက်ထားတယ်လို့ ပြောဆိုခဲ့တာကို အံ့သြတုန်လှုပ်မိတယ်လို့ ဇူလိုင်လ ၂၀ ရက်နေ့က RFA က ဆက်သွယ်မေးမြန်းရာမှာ ပြောကြားခဲ့ဖူးပါတယ်၊
ထောင်ဒဏ်ကျခံနေရသူမို့ ပြင်ပလူတွေနဲ့ တွေ့ခွင့်မပေးဘူးဆိုရင် မိခင်ဖြစ်သူဟာ နောက်ထပ် ထောင်သက် အနှစ် နှစ်ဆယ်ကျော် သုံးဆယ် ကျခံရဖို့ရှိနေတဲ့အတွက် အသက် ၁၀၀ ကျော်မှ အပြင်လူနဲ့တွေ့ခွင့်ရတော့မဲ့ အနေအထားဖြစ်နေကြောင်း၊ မိခင်ကို ဖမ်းဆီး တရားစွဲ ထောင်ဒဏ်ပေးထားတဲ့ စွဲချက်တွေဟာ မမှန်မကန် လုပ်ကြံစွပ်စွဲချက်တွေသာဖြစ်ပြီး အစကတည်းက ထောင်ဒဏ် အပြစ်ပေးမခံရသင့်သူဖြစ်ကြောင်း၊ သက်ရှိထင်ရှားရှိတယ်ဆိုရင် သက်သေပြဖို့တောင်းဆိုကြောင်းလည်း ကိုထိန်လင်းက ပြောခဲ့ပါတယ်။
သြဂုတ်လဆန်းက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Arnaude de Baecque တို့ တွေ့ဆုံတဲ့အကြောင်း သတင်းထွက်ပေါ်လာတုန်းကလည်း ဒါဟာ ငါးနှစ်အတွင်း ပထမဆုံး မျှော်လင့်ချက်ထားစရာတစ်ခုပါပဲလို့ ပြောကြားခဲ့ဖူးပါတယ်။
ဒီအိတ်ဖွင့်ပေးစာ ပေးပို့တာနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြား တာမရှိသေးပါဘူး။
စက်တင်ဘာ ၂၃ ရက်နေ့က ထုတ်လွှင့်တဲ့ တိုင်းမ် Time မဂ္ဂဇင်းနဲ့တွေ့ဆုံမေးမြန်းချက်မှာ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် အလွန်သက်ညှာခဲ့ကြောင်း၊ ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ၃၀ ရာခိုင်နှုန်းအထိ အနိုင်ရအောင် မဲမသမာမှုတွေကျူးလွန်ခဲ့ကြောင်း၊ ဒါ့အပြင် အဂတိလိုက်စားမှုတွေ သက်သေအထောက်အထားနဲ့ ကျူးလွန်ခဲ့ကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးနဲ့ပတ်သက်လို့ သူ့အပေါ်မှာပဲ တည်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ စစ်တပ်ခန့်အစိုးရအကြီးအကဲ ဦးမင်းအောင်လှိုင်က ဖြေကြားထားပါတယ်။
မြန်မာစစ်တပ်က လေကြောင်းကနေ လက်လွတ်စပယ် ဗုံးကြဲတိုက်ခိုက်တာနဲ့ အကြိမ်ကြိမ် အိုးအိမ်စွန့် ထွက်ပြေးနေကြရတာတွေ လျော့နည်းသွားဖို့အတွက် အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရေးဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ လတ်တလော အရေးတကြီး အလိုအပ်ဆုံး ကိစ္စရပ်ဖြစ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အသစ်ဖြစ်တဲ့ ကယ်လီ ကာရီ (Kelly Currie) က ပြောကြားလိုက်ပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့က ထုတ်လွှင့်တဲ့ ဒီဗီဘီ (DVB) သတင်းဌာနနဲ့ သီးသန့်ဆက်သွယ်မေးမြန်းချက်မှာ အခုလို ပြောလိုက်တာဖြစ်ပါတယ်။ မစ္စကယ်ရီဟာ အခုနှစ် ဧပြီလက တာဝန်ပြီးဆုံးသွားတဲ့ မစ္စတာတွမ်အင်ဒရူး (Tom Andrews) နေရာမှာ အစားထိုးခန့်အပ်ခံထားသူဖြစ်ပါတယ်။
စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က သူ့ကိုယ်သူ ပြည်ထောင်စုသမ္မတအဖြစ် အာဏာရယူအပြီး လက်နက်ကိုင်ပဋိပက္ခ အရှိန်မြင့်တက်လာတာနဲ့အမျှ မြန်မာစစ်တပ်ဟာ အရပ်သားတွေအပေါ် လေကြောင်း တိုက်ခိုက်တာတွေ အပါအဝင် အရပ်ဘက်ပစ်မှတ်တွေကို အဆောက်အဦတွေကို အရှိန်မြှင့် တိုက်ခိုက်လာကြောင်း၊ နောက်တစ်ခုက စစ်အာဏာရှင်နဲ့ သူ့လက်ပါးစေတွေကို ဘဏ္ဍာရေးနဲ့ သံတမန်ရေးအရ ထောက်ပံ့ပေးပြီး အာဏာတည်မြဲရေးအတွက် ကူညီပေးနေတဲ့ အိမ်နီးချင်းနိုင်ငံ တချို့နဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံတချို့ရဲ့ ပါဝင်ပတ်သက်မှုတွေကို အဓိကထား လေ့လာနေကြောင်းလည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောထားပါတယ်။
မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ အိန္ဒိယ၊ တရုတ်နဲ့ ရုရှားနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေဟာ မြန်မာစစ်အာဏာပိုင်တွေနဲ့ ဆက်ဆံရေးထူထောင်ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေရပြီး မြန်မာပြည်သူတွေ အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအပေါ် ယုံကြည်ကိုးစားမှု ပျောက်နေတာကိုလည်း တွေ့ရှိရတယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ်ဟာ လာမယ့် အောက်တိုဘာမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်သွင်းမယ့် အစီအရင်ခံစာအတွက် အဖွဲ့အစည်း ၅၀ ခန့်နဲ့ ဆွေးနွေးပြီး အချက်အလက်ရယူနေတယ်လို့လည်း သိရပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုသူအဖြစ် ဆက်လက်ထားရှိပေးဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ အရည်အချင်းစိစစ်ရေးကော်မတီ (Credentials Committee) ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က စက်တင်ဘာ ၂၃ ရက်မှာ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။
ဦးကျော်မိုးထွန်းကို ဆက်လက်ကိုယ်စားပြုခွင့်ပြုရေး ဆုံးဖြတ်ရာမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်နဲ့ ပြည်သူတွေရဲ့ ဆန္ဒ၊ ကုလသမဂ္ဂဆိုင်ရာ မှတ်တမ်းတွေအပြင် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အရပ်သားအစိုးရခေါင်းဆောင်တွေနဲ့ ပြည်သူတွေ ဖမ်းဆီးခံရတာ၊ အရပ်သားတွေနဲ့ ဘာသာရေးအဆောက်အအုံတွေ လေကြောင်းတိုက်ခိုက်ခံနေရတာအပါအဝင် လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကိုပါ ထည့်သွင်းစဉ်းစားပေးဖို့ NLD က တောင်းဆိုထားပါတယ်။
ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုရေးဟာ လူတစ်ဦးရဲ့ ရာထူးတည်မြဲရေးသက်သက် မဟုတ်ဘဲ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒနဲ့ ဆက်စပ်နေတယ်လို့ NLD ပါတီဝင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက RFA ကို ပြောပါတယ်။
“၂၀၁၆ မှာ ပေါ်လာခဲ့တဲ့ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို စစ်တပ်က အာဏာသိမ်းခဲ့တာကို ပေါ်လွင်စေခဲ့ပါတယ်။ ၂၀၂၁ မြန်မာပြည်အာဏာသိမ်းမှုဟာ ပြည်သူ့ဆင့်လွှဲအာဏာ (People’s mandate) ကို စစ်ခေါင်းဆောင်က စော်ကားခဲ့တာ၊ ပြည်သူကို စော်ကားခဲ့တာပါ။ ကမ္ဘာက မြန်မာပြည်သူတွေရဲ့ ဆန္ဒအမှန်ကို လေးစားစွာနဲ့ ယနေ့ထိ ပြည်သူ့အစိုးရကို ကိုယ်စားပြုခဲ့တဲ့ ဦးကျော်မိုးထွန်းကို အသိအမှတ်ပြုထားတာပါ။ ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုဖို့ မြန်မာပြည်နဲ့ မြန်မာပြည်သူတွေအတွက် အရေးကြီးပါတယ်”
အဲဒီရွေးကောက်ပွဲမှာ အတိုက်အခံပါဝင်မှု ကန့်သတ်ခံရတာ၊ အဓိကနိုင်ငံရေးပါတီတွေ ဖယ်ထုတ်ခံရတာ၊ မဲပေးသူနည်းပါးတာနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြား မဲပေးရတာတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishop က ဇွန်လ ၁၉ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောခဲ့ပါတယ်။ ကုလသမဂ္ဂကလည်း ဒီရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ထောက်ခံတာ၊ စောင့်ကြည့်လေ့လာတာ မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။ ဒီအချက်တွေကိုလည်း NLD ရဲ့ အိတ်ဖွင့်ပေးစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
စစ်တပ်ခန့် အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဦးကျော်မိုးထွန်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်ကတည်းက နိုင်ငံ့ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ခဲ့တာကြောင့် သူ့ရဲ့ ကုလသမဂ္ဂကိုယ်စားပြုမှုကို အသိအမှတ်မပြုဘူးလို့ စက်တင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဦးကျော်မိုးထွန်းကို ပုဒ်မမျိုးစုံနဲ့ အမှုဖွင့်ထားပြီး ဖမ်းဆီးနိုင်ဖို့လည်း သံတမန်လမ်းကြောင်းကနေ ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ထားတာပါ။
ဦးကျော်မိုးထွန်းဟာ ၂၀၁၈ ခုနှစ်ကစပြီး ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတကာအဖွဲ့အစည်းတွေမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၀ အောက်တိုဘာ ၂၀ ရက်မှာတော့ နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။
သူဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ မြန်မာ့အရေးဆိုင်ရာ အလွတ်သဘောအစည်းအဝေးမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ပြီး ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက် နိုင်ငံတကာက အရေးယူဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပါတယ်။
၂၀၂၁ ခုနှစ်ကစပြီး ၇၆ ကြိမ်မြောက်ကနေ ၈၀ ကြိမ်မြောက် အထွေထွေညီလာခံအထိ Credentials Committee က မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို ဆက်တိုက်ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို စက်တင်ဘာ ၈ ရက်နေ့မှာ စတင်ခဲ့ပြီး အထွေထွေမိန့်ခွန်းပြောတဲ့ အစီအစဉ်ကိုတော့ စက်တင်ဘာ ၂၂ ရက်နေ့က စတင်ကျင်းပနေပါတယ်။
ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိဖို့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ မြန်မာပြည်သူတွေက ပြည်တွင်း၊ ပြည်ပမှာ ထောက်ခံလှုပ်ရှားပွဲတွေ ဆက်လက်ပြုလုပ်နေကြပါတယ်။
လူမှုကွန်ရက်ပေါ်မှာ စစ်အာဏာသိမ်းမှုကို ဝေဖန်တာနဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ထောက်ခံရေးသား၊ ပြောဆိုတာတွေကြောင့် ဖမ်းဆီးခံရသူ နှစ်ထောင်ကျော် (၂,၀၂၉ ဦး) ရှိလာပြီလို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ Data For Myanmar က စက်တင်ဘာ ၂၃ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့် ဆုံးရှုံးခဲ့ရတယ်လို့ ဘုတလင်မြို့နယ် သပိတ်အင်အားစုမှာ ဦးဆောင်ပါဝင်သူ ကိုရှင်းသန့်က RFA ကို ပြောပါတယ်။
“လွတ်လပ်စွာ ရေးသားဖော်ထုတ်ပြောဆိုခွင့်ကတော့ အာဏာသိမ်းကတည်းက မြန်မာနိုင်ငံမှာ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာလည်း သူတို့ အုပ်ချုပ်နေသရွေ့၊ မတရားသဖြင့် အာဏာသိမ်းထားနေသရွေ့ကတော့ လွတ်လပ်စွာ ရေးသားဖော်ထုတ်ပြောဆိုခွင့် ရမှာမဟုတ်ဘူးလို့ မြင်ပါတယ်”
Data For Myanmar က မှတ်တမ်းတင်ထားတဲ့ စာရင်းအရ မြန်မာနိုင်ငံက မြို့နယ် ၂၂၇ မြို့နယ်မှာ ဖမ်းဆီးအရေးယူတာတွေ ရှိခဲ့ပြီး ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်းတို့မှာ အများဆုံးဖြစ်ခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၁,၃၁၅ ဦးနဲ့ အမျိုးသမီး ၇၁၄ ဦး ပါဝင်ပါတယ်။
Facebook၊ TikTok၊ Telegram၊ Viber နဲ့ YouTube စတဲ့ လူမှုကွန်ရက်တွေကနေ စစ်အာဏာသိမ်းမှုကို ဝေဖန်တာ၊ အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ အဖွဲ့အစည်းတွေကို ထောက်ခံရေးသားပြောဆိုတာတွေကြောင့် ဖမ်းဆီးခံရတာလို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၂၆ ခုနှစ်အတွင်းမှာတော့ လုံခြုံရေးကို ထိခိုက်စေတဲ့ အကြောင်းအရာတွေတင်မကဘဲ နိုင်ငံရေးအမြင်သဘောထား မတူတဲ့ မှတ်ချက်ပေးတာနဲ့ မျှဝေတာတွေကြောင့်ပါ ဖမ်းဆီးအရေးယူတာတွေ ရှိလာတယ်လို့ Data For Myanmar က ဆိုပါတယ်။
အဲဒီထဲမှာ စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင် ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်က ရေဘေးသင့်ဒေသတွေကို လေကြောင်းကနေ သွားရောက်ကြည့်ရှုတဲ့ ရုပ်သံနဲ့ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ပဲခူးတိုင်းက ရေဘေးသင့်ပြည်သူတွေကို လှေစီးပြီး သွားရောက်တွေ့ဆုံခဲ့တဲ့ ရုပ်သံတွေကို နှိုင်းယှဉ်ဖော်ပြထားတဲ့ ဗီဒီယိုကို TikTok မှာ တင်ခဲ့သူတစ်ဦး ဖမ်းဆီးအရေးယူခံရတဲ့အခြေအနေလည်း ပါဝင်ပါတယ်။ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ နေထိုင်တဲ့ ကိုသန်းစိုးဦး (ခ) ကိုနေမင်းဟာ အဲဒီဗီဒီယိုကြောင့် ဩဂုတ် ၂၀ ရက်မှာ ဖမ်းဆီးခံခဲ့ရပြီး ရဲစခန်းမှာ အမှုဖွင့်ခံထားရတယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် ဦးမင်းအောင်လှိုင်ကို ဂုဏ်ပြုရေးဖွဲ့ထားတဲ့ “လရောင်အောက်က ကုမုဒြာ” သီချင်းနဲ့ပတ်သက်တဲ့ Facebook ပို့စ်တစ်ခုအောက်မှာ ဝေဖန်မှတ်ချက် ရေးသားခဲ့တဲ့ တောင်ကြီးမြို့က မဧကရီကျော် (ခ) မနန်းဧကရီကျော်ကိုလည်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့်ဖမ်းဆီးခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် လူမှုကွန်ရက်ပလက်ဖောင်းတွေကို ထိန်းချုပ်ဖို့ အင်တာနက်ဖြတ်တောက်တာ၊ ဝက်ဘ်ဆိုက်တွေကို ပိတ်ဆို့တာနဲ့ Facebook အပါအဝင် လူသုံးများတဲ့ လူမှုကွန်ရက်တွေကို ကန့်သတ်ပိတ်ပင်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ Data For Myanmar အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က သီးခြားတုံ့ပြန်ချက် မတွေ့ရသေးပါဘူး။
စစ်တပ်ခန့်အစိုးရကတော့ လူမှုကွန်ရက်ကနေ လှုံ့ဆော်ဝါဒဖြန့်တာ၊ ခြိမ်းခြောက်တာတွေ ပြုလုပ်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄-ကနဲ့ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(က) အပြင် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ သူတို့ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေကနေ မကြာခဏ ထုတ်ပြန်ထားပါတယ်။
Data For Myanmar ရဲ့ စာရင်းထဲမှာတော့ ၂၀၂၅ ရွေးကောက်ပွဲနဲ့ဆက်စပ်ပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေနဲ့ ဖမ်းဆီးအရေးယူခံခဲ့ရသူတွေကို ထည့်သွင်းရေတွက်မထားဘူးလို့ အဖွဲ့က ဆိုပါတယ်။
စစ်တပ်က ကျင်းပခဲ့တဲ့ ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲကာလ ပြင်ဆင်ချိန်နဲ့ မဲပေးပွဲကာလအတွင်းမှာလည်း အွန်လိုင်းက ထုတ်ဖော်ရေးသားမှုတွေနဲ့ဆက်စပ်ပြီး ဖမ်းဆီးအရေးယူတာတွေ ရှိခဲ့ပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ သုံးလအတွင်း အွန်လိုင်းပေါ်ကနေ ဝေဖန်ထုတ်ဖော်ရေးသားတာတွေကြောင့် အနည်းဆုံး ၄၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာအင်တာနက်ပရောဂျက် (MIP) ရဲ့ စာရင်းတွေအရ သိရပါတယ်။ အဲဒီထဲက တချို့ကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ အရေးယူခဲ့ပါတယ်။
လူမှုကွန်ရက်အသုံးပြုသူတွေအနေနဲ့ မိမိတို့ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ လုံခြုံမှုရှိအောင် သတိထားအသုံးပြုသင့်သလို ခရီးမသွားခင်မှာလည်း ကိုယ်ရေးအချက်အလက်နဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးအတွက် လိုအပ်တဲ့ အစီအမံတွေကို ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ Data For Myanmar က အကြံပြုထားပါတယ်။
အမေရိကန်ပြည်ထောင်စုအခြေစိုက် ကမ္ဘာကျော် တိုင်းမ် (Time) မဂ္ဂဇင်းကြီးရဲ့ “အနောက်နိုင်ငံများနဲ့ ဆက်ဆံရေး ပြန်ထူထောင်လိုသည့် မြန်မာအာဏာရှင်” လို့ တိုက်ရိုက်အဓိပ္ပာယ်ရတဲ့ ခေါင်းစဥ်နဲ့ စက်တင်ဘာ ၂၃ ရက်နေ့က အွန်လိုင်းကနေ ဖြန့်ဝေတဲ့ အထူးသီးသန့် သတင်း‌ဆောင်းပါးဟာ ဦးမင်းအောင်လှိုင်ရဲ့ အမှန်တကယ်ဖြေကြားခဲ့မှုတွေကို မထင်ဟပ်သလို မူလတောင်းဆိုထားတဲ့ အင်တာဗျူးအဆိုပြုချက်နဲ့ ကွဲလွဲနေတဲ့အတွက် ပြင်းထန်စွာ ရှုတ်ချတယ်လို့ မြန်မာစစ်တပ်ခန့်အစိုးရက နေ့ချင်း တုံ့ပြန်ပြောကြားလိုက်ပါတယ်။
စင်္ကာပူအခြေစိုက် တိုင်းမ်မဂ္ဂဇင်းရဲ့ အာရှဗျူရိုအကြီးအကဲ ချာလီကမ့်ဘဲလ် (Charlie Campbell) က နေပြည်တော်လာရောက်ပြီး စစ်အာဏာသိမ်းခေါင်းဆောင်နဲ့ လက်ရှိစစ်တပ်ခန့်အစိုးရသမ္မတအဖြစ် အာဏာရယူထားတဲ့ ဦးမင်းအောင်လှိုင်နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခွင့်ရရှိပြီး သုံးသပ်ရေးသားထားတဲ့ သတင်းဆောင်းပါးဟာ ကနဦးအဆိုပြုချက်မှာ ပြောထားတဲ့ “မြန်မာနိုင်ငံအနာဂတ်အကြောင်း”ဆိုတဲ့ ဦးတည်ချက်နဲ့လွဲနေကြောင်း၊ စစ်ခေါင်းဆောင်ဟောင်းရဲ့ အမှန်တကယ်ဖြေကြားခဲ့တဲ့ အချက်အလက်တွေကို အမှန်တကယ်ထင်ဟပ်ခြင်းမရှိသလို “မလိုလားအပ်တဲ့ ရေးသားချက်တွေ၊ အခြားပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမေးမြန်းတာတွေနဲ့ သုံးသပ်ချက်တွေကိုသာ ဦးစားပေး ထည့်သွင်းဖော်ပြခဲ့ကြောင်း”လည်း နိုင်ငံပိုင်သတင်းမီဒီယာတွေကနေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ စွပ်စွဲထားပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးကတည်းက အနောက်တိုင်း သတင်းဌာနတစ်ခုနဲ့ ပထမဆုံး တွေ့ဆုံ မေးမြန်းခွင့်ပေးပြီးနောက် ထွက်ပေါ်လာတဲ့ ဒီဆောင်းပါး အစမှာ အင်တာဗျူးလုပ်ဖို့ အခန်းထဲကို ဝင်မလာခင် မှန်တစ်ချပ်ကို တပည့်တွေက ယူလာကြောင်း၊ စကားမပြောခင် မျက်မှန်ကို ကိုင်ပြီး ဟန်ချက်ပေးကြောင်း၊ ပြီးသူ့ပုံကို ဓာတ်ပုံရိုက်ဖို့၊ ဆံပင်ပါးလာနေတဲ့ ခေါင်းကို လူမသိအောင် ဘယ်ဘက်အခြမ်းကနေ မီးအလင်းရောင်ကို ထိုးပြီး ရိုက်ဖို့ ပြောကြောင်း ဖော်ပြထားပါတယ်။
ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဖြေကြားရာမှာ “အလွန်အမင်းသက်ညှာခဲ့ကြောင်း၊ ဒီလိုအဆင့်ထိ ရောက်မလာအောင် အခြေအနေ နည်းမျိုးစုံနဲ့ တားဆီးဖို့ ကြိုးစားခဲ့ကြောင်း”၊ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးနဲ့ပတ်သက်လို့ “သူ့အပေါ်မှာပဲ တည်ကြောင်း၊ ဒါဟာလည်း မိမိတို့ဘက်က ပြန်သုံးသပ်ဖို့ အခြေအနေရှိလာရင် ပြောင်းလဲသွားနိုင်ကြောင်း” ပြောကြားခဲ့တယ်လို့ ပါရှိပါတယ်။
ဒီဆောင်းပါးမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယာယီသမ္မတ ဒူဝါလရှီးလ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ရှောင်တာနဲလ် (Sean Turnell)၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုများဆိုင်ရာရုံး (UNODC) က ဂျာရမီ ဒေါက်ကလတ်စ် (Jeremy Douglas)၊ အမေရိကန်သံအမတ်ကြီးဟောင်း စကော့မာစီရယ် (Scot Marciel) ၊ သတင်းစာဆရာ ဦးအောင်ဇော်၊ ‌ဒေါ်မွန်မွန်မြတ်၊ ရွှေဝါရောင်သံဃာ့ အရေးအခင်း ဦးဆောင်ဆရာတော်တစ်ပါးဖြစ်ခဲ့တဲ့ ဦးဂမ္ဘီရ စတဲ့ လေ့လာသုံးသပ်သူတွေရဲ့ အမြင်တွေကိုလည်း ထည့်သွင်းရေးသားထားပါတယ်။
တိုင်းမဂ္ဂဇင်းရဲ့ ရေးသားဖော်ပြချက်မှာ ဆွေးနွေးထားတဲ့ အကြောင်းအရာတွေကို ကျော်လွန်ပြီး တခြားပုဂ္ဂိုလ်တွေနဲ့ မေးမြန်းထားတာတွေ၊ သုံးသပ်ချက်တွေနဲ့ မလိုလားအပ်တဲ့ အပြုသဘောမဆောင်တဲ့ ရေးသားချက်တွေပါဝင်ကြောင်း၊ ဒီအကြောင်းတွေဟာ စစ်တပ်ခန့်အစိုးရနဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက အထင်အမြင်လွဲမှားစေနိုင်တဲ့ အသုံးအနှုန်းတွေပါကြောင်း၊ ဒါ့ကြောင့် ဒီတွေ့ဆုံမေးမြန်းချက်အပြည့်အစုံကို သတင်းမီဒီယာတွေကနေ ဆက်ပြီး ထုတ်လွှင့်ဖော်ပြသွားမှာဖြစ်ကြောင်း စစ်တပ်ခန့်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ တရုတ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမေရိကန် နိုင်ငံသားတွေ ဖြစ်တဲ့ မြေငလျင်ဆိုင်ရာ သုတေသန ပညာရှင် ဒေါက်တာ ယိုလင်ချန်း (Youlin Chen) နဲ့ မြန်မာ့အရေး သုတေသီ ဦးမင်းဇင် တို့ကို မတရားဖမ်းဆီးထိန်းသိမ်းခံနေရသူများအဖြစ် သတ်မှတ်ထားကြောင်း၊ အခုတစ်ပတ် သမ္မတ ဒေါနယ်ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံတဲ့အခါ သမ္မတထရန့် အနေနဲ့ ဒီနှစ်ဦးရဲ့ အမှုကို ထည့်သွင်းပြောကြားလိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) က စက်တင်ဘာ ၂၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကို ချစ်ကြည်ရေးခရီးလာရောက်မယ့် တရုတ်သမ္မတရဲ့ ခရီးစဥ်မတိုင်ခင် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
“အမေရိကန်အစိုးရအနေနဲ့ မတရားဖမ်းဆီးခံရတဲ့ အမေရိကန်နိုင်ငံသားတွေအရေးကို နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲတွေမှာတင်မက အပြန်အလှန်ဆက်ဆံရေးနဲ့ ဘယ်လိုတွေ့ဆုံမှုမျိုးမှာဖြစ်ဖြစ် အမြဲရှေ့တန်းထားလေ့ရှိပါတယ်။ ဒါဟာ ဒီအစိုးရလက်ထက်မှာ အမြဲမပြတ်လုပ်နေတဲ့ အလုပ်ပါ။”
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် နယူးယောက်မြို့၌ ကျင်းပသည့် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးများအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က သတင်းထောက်များနှင့် ခေတ္တတွေ့ဆုံစကားပြောကြားစဉ်။
(YUKI IWAMURA/AFP)
မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အထူးပြုလေ့လာတဲ့ အကြံပေးအဖွဲ့ (Think Tank) တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ (Institute for Strategy and Policy - Myanmar or ISP Myanmar) ရဲ့ တည်ထောင်သူနဲ့ အမှုဆောင် ဒါရိုက်တာဖြစ်တဲ့ ဦးမင်းဇင် ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က တရုတ်ယူနန်ပြည်နယ် ကူမင်းလေဆိပ်မှာ ဖမ်းဆီးခံခဲ့ရအပြီး ရက်ပိုင်းအတွင်း သြဂုတ်လ ၂၁ ရက်နေ့မှာ “မတရားဖမ်းဆီး ထားခံရသူ”အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက သတ်မှတ်ခဲ့ပါတယ်။
အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတို့ တွေ့ဆုံရင် ဦးမင်းဇင် လွတ်မြောက်ရေးကို ကြိုးပမ်းပေးဖို့ စက်တင်ဘာ ၁၆ ရက်နေ့က အမေရိကန်အောက်လွှတ်တော်ကြားနာပွဲမှာ ဇနီးဖြစ်သူ ‌ဒေါ်ဆယ်ဗီယာဇင်က တောင်းဆိုခဲ့ပါတယ်။
ဒေါက်တာယိုလင်းချန်းနဲ့ ဦးမင်းဇင်တို့ကို မတရားဖမ်းဆီးထားတာကို အမေရိကန်လွှတ်တော်က နှစ်ပါတီ ပေါင်းပြီး ပြန်လွှတ်ပေးရေး ဆုံးဖြတ်ချက်ချတောင်းဆိုထားတာကို တရုတ်အစိုးရအနေနဲ့ သတိထားမိပြီး အမြန်ဆုံးပြန်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်လို့ ဒေါက်တာယိုလင်ချန်းနေထိုင်ရာ မန်ဆာချူးဆက် ပြည်ဆိုင်ရာ အထက်လွှတ်တော်အမတ် အက်ဒါ မာကီ (Ed Markey) က မကြာခင်က ပြောကြားထားပါတယ်။
ဒေါက်တာယိုလင်ချန်းဟာ ၂၀၂၄ အောက်တိုဘာက မိဘဆွေမျိုးတွေနေထိုင်ရာ တရုတ်နိုင်ငံကို အလည်ပတ်သွားအပြီး အိမ်အပြန် ပေကျင်းလေဆိပ်မှာ အဖမ်းခံရတာဖြစ်ပြီး သူလျှိုအမှုနဲ့ တရုတ်အစိုးရက ဖမ်းဆီး စွပ်စွဲထားပါတယ်။
စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင် USDP ပါတီဝင်ဖြစ်လာပြီးနောက် ကျင်းပတဲ့ ပါတီညီလာခံမှာ ဦးခင်ရီက ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်ခံရသလို၊ ပါတီထိပ်ပိုင်းမှာလည်း ခေါင်းဆောင်ဟောင်းတွေ ဆက်လက်နေရာရလာတဲ့အကြောင်း သတင်းသုံးသပ်ချက်နဲ့ ထူးခြားတဲ့သတင်းတွေကို တင်ပြထားပါတယ်။
RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၃၀ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်နေပါတယ်။ ။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ စတုတ္ထအကြိမ် ပါတီညီလာခံကို စက်တင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ နေပြည်တော်က ပါတီဌာနချုပ်မှာကျင်းပခဲ့ပါတယ်။
ဒီညီလာခံမှာ ဦးခင်ရီကို ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်ခဲ့ပြီး ဦးမြတ်ဟိန်းနဲ့ ဦးသောင်းအေးတို့ကို ဒုတိယ ဥက္ကဋ္ဌတွေ၊ ဦးတင်အောင်ချစ်ကို အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခဲ့ပါတယ်။ အဲဒီအပြင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၄၆ ဦးနဲ့ ဗဟိုကော်မတီဝင် ၃၃၆ ဦးကိုလည်း ရွေးချယ်ခဲ့ပါတယ်။
ဒီရလဒ်ဟာ ညီလာခံမတိုင်ခင်ထွက်ပေါ်ခဲ့တဲ့ ဦးမင်းအောင်လှိုင်ဘက်က သူနဲ့နီးစပ်သူတွေကို ပါတီထိပ်ပိုင်းမှာ နေရာပေးလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့တော့ ကွာခြားခဲ့ပါတယ်။ အထူးသဖြင့် ပါတီဥက္ကဋ္ဌနေရာအတွက် ဦးခင်ရီအပြင် ဦးမင်းအောင်လှိုင်နဲ့နီးစပ်တဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးရဲ့ နာမည်လည်း သတင်းတွေထွက်ပေါ်ခဲ့တာပါ။
ညီလာခံကို မူလသတ်မှတ်ထားတဲ့ရက်ကနေ ရွှေ့ဆိုင်းခဲ့ရတာဟာလည်း ပါတီအတွင်း ထိပ်ပိုင်းရာထူးတွေ ခွဲဝေရေးနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိခဲ့တာကြောင့်ဖြစ်တယ်လို့ ပါတီနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။
လက်ရှိရလဒ်ထွက်ပေါ်လာတာကတော့ ပါတီထိပ်ပိုင်းမှာ အပေးအယူတွေရှိနိုင်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးသမားတစ်ဦးက သုံးသပ်ပါတယ်။
“ခင်ရီလည်း သူ့ဟာနဲ့သူ ပုံစံမကျဘူးထင်ရင်တော့ အကြောင်းတစ်ခုခုပြပြီးတော့ ပါတီရာထူးကနေ ထုတ်မှာ ပဲလေ။ အပေးအယူပေါ့၊ ဆိုတော့ ‘မင်းက ဒါမလုပ်နဲ့၊ မင်းက ဒါလုပ်’၊ ‘မင်း လက်ခံသလား၊ လက်မခံဘူးလား’ ဆိုတော့ ‘ဟုတ်ကဲ့ လက်ခံပါတယ်’ ဆိုရင်တော့ ဒါ အဲဒီရာထူးသူ ပြန်ရတဲ့သဘောပါပဲ”
ဒါပေမဲ့ ပါတီအတွင်း အုပ်စုဖွဲ့တာ၊ သဘောထားကွဲတာတွေ မရှိဘူးလို့ USDP ပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း က ပါတီညီလာခံအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
“ကျွန်တော်တို့ ပါတီတွင်းမှာ အုပ်စုဖွဲ့တာတို့၊ တစ်ဦးနဲ့တစ်ဦး ကွဲပြဲတာတို့၊ အစုအဖွဲ့ဖွဲ့တာတို့ အဲဒါတွေကတော့ ဘာမှမရှိပါဘူး။ အောက်ခြေကနေပြီးတော့ ရပ်/ကျေးပါတီကနေပြီးတော့ ပါတီဗဟိုအထိ ပြန်လည်ဖွဲ့စည်းတဲ့ နေရာမှာတောင်မှ ကျွန်တော်တို့က လျှို့ဝှက်မဲဆန္ဒထည့်ပြီးတော့မှ မဲအများဆုံးရတဲ့လူကို ကျွန်တော်တို့ ဥက္ကဋ္ဌ တင်ပေးခဲ့တာ ရှိပါတယ်။ အဲလိုရှိတဲ့အတွက်ကြောင့်မို့လို့ တချို့ နှစ်ရှည်လများ လုပ်ခဲ့တဲ့ ဥက္ကဋ္ဌတွေ အနားယူ သွားပြီးတော့ ကျန်တဲ့လူတွေ New Bloods တွေပေါ့၊ ပညာတတ်လူငယ်တွေ တက်လာတာတွေ ဒါတွေက သာဓကတွေပါ။ အဲဒီအတွက်လည်း ကျန်တဲ့လူတွေက အကုန်လက်ခုပ်တီးပြီးတော့ အကုန်လုံး ကျွန်တော်တို့ ဝမ်းမြောက်ဝမ်းသာကြိုဆိုတာတွေရှိပါတယ်”
ညီလာခံမှာတော့ ဦးခင်ရီက ပါတီကို ခေတ်မီပြီး ပြည်သူကိုအခြေပြုတဲ့ မူဝါဒပါတီအဖြစ် တည်ဆောက်သွားမယ်လို့ပြောခဲ့ပါတယ်။
ဒီညီလာခံအပြီး အာရုံစိုက်ခံရတဲ့ နောက်ထပ်အချက်ကတော့ လက်ရှိ စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင် USDP ပါတီဝင်ဖြစ်လာတာပါ။ ဒါပေမဲ့ ဦးမင်းအောင်လှိုင်ဟာ ပါတီထဲမှာ ဘယ်ရာထူးယူထားတယ်ဆိုတာကိုတော့ ပါတီဘက်ကထုတ်ပြန်ထားတာမရှိသေးပါဘူး။
ဦးမင်းအောင်လှိုင် ပါတီဝင်ဖြစ်လာတာဟာ စစ်တပ်ဗဟိုပြုနိုင်ငံရေးစနစ်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းမှုအဖြစ် ရှုမြင်နိုင်ကြောင်း ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။
“ဗိုလ်ချုပ်မင်းအောင်လှိုင်က သူက ပါတီအခြေခံ (base) ကနေတက်လာတဲ့ သမ္မတ မဟုတ်ဘူး။ သူက စစ်ဘက်ကနေ ရောက်လာတဲ့ဟာပေါ့နော်။ သူကိုယ်တိုင်တောင် ပါတီက အခုမှဝင်တယ်ဆိုတဲ့ဟာမျိုး ကျွန်တော်တို့နားလည်ရတယ်။ အဲဒီအတွက်ကြောင့် ပါတီလိုင်းနဲ့ ပါတီနိုင်ငံရေးလိုင်းကို သီးခြားသမိုင်းတစ်ရပ်အဖြစ် ဖော်ဆောင်ဖို့အတွက်၊ ပြီးသွားရင် ပြုပြင်ပြောင်းလဲရေးမှာ စစ်ဘက်နဲ့အရပ်ဘက်နိုင်ငံရေးမှာ အဲဒီလိုမျှတတဲ့ မျှချေမျိုးရှိဖို့အတွက် ကြိုးစားကြတယ်၊ သူတို့အချင်းချင်းကြားထဲမှာ အဲလိုမျိုးနားလည်မှုရလိုက်တယ်ဆိုတဲ့ သဘောမျိုး ကျွန်တော်တို့နားလည်လို့ရပါတယ်ခင်ဗျ”
ဦးမင်းအောင်လှိုင်တစ်ဦးတည်းက ပါတီကိုပါ ချုပ်ကိုင်ခွင့်ရရင် နိုင်ငံရေး၊ စီးပွားရေးအခြေအနေ ပိုဆိုးလာနိုင်တယ်ဆိုတဲ့စိုးရိမ်ချက်တွေကြောင့် အခုလို အာဏာခွဲဝေထားတဲ့ ပုံစံကို ရွေးချယ်လာတာဖြစ်နိုင်တယ်လို့ သူကဆိုပါတယ်။
ဒါပေမဲ့ ညီလာခံအပြီးပါတီဖွဲ့စည်းပုံမှာ ဦးမင်းအောင်လှိုင်နဲ့ နီးစပ်သူတွေ လုံးဝဖယ်ရှားခံရတာတော့ မဟုတ်ပါဘူး။ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးသက်ပုံနဲ့ ဦးစိုးတင့်နိုင်တို့အပါအဝင် ဦးမင်းအောင်လှိုင်နဲ့နီးစပ်တဲ့ ဗိုလ်ချုပ်ဟောင်းတချို့လည်း ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ၄၆ ဦးထဲမှာ ပါဝင်လာပါတယ်။
ဒါကြောင့် အခုညီလာခံဟာ ခေါင်းဆောင်ရွေးချယ်တဲ့ ညီလာခံတစ်ခုသာမက ဦးမင်းအောင်လှိုင်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍနဲ့ USDP ရဲ့ ရှေ့ဆက်သွားမယ့်ပုံစံကိုပါပြသတဲ့ ညီလာခံတစ်ခုဖြစ်သလို၊ အခုလို အခန်းကဏ္ဍခွဲဝေထားမှုတွေက ဘယ်လောက်အထိ တည်တံ့မလဲဆိုတာ ဆက်စောင့်ကြည့်ရမှာဖြစ်တယ်လို့ လေ့လာသူတွေကပြောကြပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်နဲ့ လန်ပန်းခရိုင်တွေမှာ စက်တင်ဘာ ၂၀ ရက်နဲ့ ၂၁ ရက် နှစ်ရက်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသားအယောက် ၄၀ ဖမ်းဆီးခံရတယ်လို့ အလုပ်သမားအရေးကူညီပေးနေသူတွေနဲ့ ဒေသအာဏာပိုင်တွေရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စက်တင်ဘာ ၂၁ ရက်မှာ မယ်ဟောင်ဆောင်ခရိုင်၊ မဲ့စရီးယန်းမြို့နယ်က မြန်မာနိုင်ငံသား ခြောက်ဦး ဖမ်းဆီးခံခဲ့ရပြီး၊ စက်တင်ဘာ ၂၀ ရက်မှာတော့ လန်ပန်းခရိုင်က ဖျော်ဖြေရေးဆိုင်တစ်ခုကို အာဏာပိုင်တွေ စစ်ဆေးရာကနေ နောက်ထပ် ၃၄ ဦး ဖမ်းဆီးခံခဲ့ရတာပါ။
မဲ့စရီးယန်းမြို့နယ်၊ ဘန်ကတ်အုပ်စု၊ ဖမော်ရွာမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ခြောက်ဦးနဲ့ သူတို့ကို နေထိုင်ခွင့်ပေးထားတဲ့ ထိုင်းနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာသူတွေအပြင် မယ်ဟောင်ဆောင်ခရိုင်၊ ဆော့မိုင်မြို့နယ်က မယ်လမလွမ်နဲ့ မယ်လအွန် ယာယီခိုလှုံရေးစခန်းတွေကနေ ထွက်ခွာလာသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
နောက်ထပ် မြန်မာ ၃၄ ဦးကိုတော့ စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းက လန်ပန်းခရိုင်မှာ ဖျော်ဖြေရေးဆိုင်တစ်ခုကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးရာမှာ အထောက်အထားမပြနိုင်လို့ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။
“ထိုင်းနိုင်ငံမြောက်ပိုင်း လန်ပန်းခရိုင်ထဲမှာရှိတဲ့ အရက်ဆိုင်၊ ဘားဆိုင်၊ ကာရာအိုကေဖျော်ဖြေရေးဆိုင်တွေကို စစ်ဆေးတာ၊ နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သား ၃၄ ဦး။ အမျိုးသား ၂၆ဦးနဲ့ အမျိုးသမီး ၈ဦး ဘာဆို ဘာမှ အထောက် အထား မရှိတာကို စစ်ဆေးတွေ့ရှိတဲ့အတွက် ဖမ်းဆီးလိုက်တယ်။ ပြီးတော့ သက်ဆိုင်ရာ ဆိုင်ရှင်တွေကိုလည်း အထောက်အထားမဲ့လုပ်သားတွေကို လက်ခံထားမှုနဲ့ ဖမ်းလိုက်တယ်ပေါ့လေ။ အဲဒီတော့ ဒီ ၂ရက်အတွင်း မြန်မာ ၄၀ ဖမ်းဆီးခံရတာပေါ့ “
ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီနိုင်ငံခြားသား ၃၄ ဦးကို လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဆီ လွှဲပြောင်းပြီး ပြည်နှင်ရေးလုပ်ငန်းစဉ် ဆက်လုပ်မယ်လို့ ဆိုပါတယ်။ ဆိုင်ဟာ သတ်မှတ်ချိန်ကျော်လွန် ဖွင့်လှစ်ထားတာနဲ့ အသက် ၂၀ မပြည့်သေးသူတွေကို ဝင်ရောက်ခွင့်ပြုထားတာကြောင့် ငါးနှစ်ပိတ်သိမ်းဖို့ ခရိုင်အုပ်ချုပ်ရေးမှူးထံ အဆိုပြုသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးရာမှာ လုပ်ငန်းစဉ် ပိုမြန်ဆန်စေမယ့် စည်းမျဉ်းသစ်တစ်ရပ် ဩဂုတ် ၂၈ ရက်ကစပြီး အသက်ဝင်လာပါတယ်။ အဲဒီစည်းမျဉ်းသစ်မှာ တရားမဝင် ဝင်ရောက်မှုနဲ့ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်မှုတွေပါ အကျုံးဝင်ပါတယ်။
ဒီစည်းမျဉ်း အသက်ဝင်လာပြီးနောက်ပိုင်း ထိုင်းအာဏာပိုင်တွေက နိုင်ငံခြားသားတွေအပေါ် စစ်ဆေးဖမ်းဆီးတာတွေ ပိုတင်းကျပ်လာတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EROs) နဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်တပ်ခန့်အစိုးရက ဖိတ်ခေါ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ မပါဝင်ကြဖို့ လူမျိုးပေါင်းစုံမျိုးဆက်များ သွေးစည်းညီညွတ်သော မဟာမိတ်အင်အားစု (GSCN) နဲ့ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB) တို့က စက်တင်ဘာလ ၂၁ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
စစ်တပ်ခန့်အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ နိုင်ငံရေးအရ တရားဝင်မှုရရှိဖို့နဲ့ စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲဖို့အတွက် လုပ်ဆောင်တဲ့ “အတုအယောင် ငြိမ်းချမ်းရေး” လုပ်ငန်းစဉ်သာဖြစ်ပြီး ပြည်သူတွေရဲ့ လိုလားချက်အပေါ် အခြေခံထားတာမဟုတ်ဘူးလို့ GSCN နဲ့ SYCB တို့က ပူးတွဲထုတ်ပြန်ချက်မှာ ဝေဖန်ထားပါတယ်။
ဒီလို ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ပါဝင်တာဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကို အထောက်အကူဖြစ်စေနိုင်သလို တော်လှန်ရေးအင်အားစုတွေအကြား သွေးစည်းညီညွတ်မှုနဲ့ အပြန်အလှန်ယုံကြည်မှုကိုလည်း ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ EROs နဲ့ တော်လှန်ရေးအင်အားစုတွေအကြား ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ တင်းမာမှုတွေကို ရပ်တန့်ပြီး နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေကို တွေ့ဆုံဆွေးနွေး၊ ညှိနှိုင်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းကြဖို့လည်း အဖွဲ့နှစ်ဖွဲ့က တိုက်တွန်းထားပါတယ်။
အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း စစ်တပ်ခန့်အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အသိအမှတ်ပြုထောက်ခံတာ မလုပ်ဘဲ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ပံ့ပိုးကူညီဖို့ GSCN နဲ့ SYCB တို့က တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် တော်လှန်ရေးအင်အားစုတွေအကြား ယုံကြည်မှုတည်ဆောက်ဖို့ အရေးကြီးတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ရှေးရှေးတော်လှန်မှုတွေဟာ ယုံကြည်မှုအခြေခံ မတူတာ၊ စွဲကိုင်တဲ့အယူဝါဒ မတူညီတာ၊ စုံလင်ကွဲပြားတာတွေကို စစ်အုပ်စုက အခွင့်ကောင်းယူပြီး သပ်လျှိုသွေးခွဲခဲ့တာကိုလည်း ခံခဲ့ရပြီးပြီ”
စစ်တပ်ခန့်အစိုးရဘက်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ အကြိမ်ကြိမ် ပြောဆိုထားပါတယ်။ အခုထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်တပ်ခန့်အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က တစ်စုံတစ်ရာ တုံ့ပြန်လာတာ မတွေ့ရသေးပါဘူး။
ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ စစ်ရေးအင်အားသုံးပြီး အတင်းအကျပ်ချမှတ်ထားတဲ့ အတုအယောင်ငြိမ်းချမ်းရေးမျိုးမဟုတ်ဘဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုသာ လိုလားတယ်လို့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လိုလားသူတွေအားလုံးနဲ့အတူ ဆက်လက်ရပ်တည်သွားမယ်လို့လည်း KNU က ပြောထားပါတယ်။
GSCN အဖွဲ့ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ လူမျိုးပေါင်းစုံအခြေပြု မဟာမိတ်အဖွဲ့ဖြစ်ပြီး အရင်က လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီအဖြစ် ရပ်တည်ခဲ့တာပါ။ လက်ရှိမှာတော့ တော်လှန်ရေးအင်အားစုတွေကြား ပေါင်းကူးညှိနှိုင်းပေးတဲ့ Coordination Body အဖြစ် ရပ်တည်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
SYCB ကတော့ တိုင်းရင်းသားလူမျိုးအသီးသီးက ကျောင်းသားနဲ့ လူငယ်အဖွဲ့အစည်းတွေ စုစည်းထားတဲ့ မဟာမိတ်အဖွဲ့ဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
၂၀၂၆ ဇွန်လအကုန်အထိ မြန်မာနိုင်ငံက ပြည်တွင်းစစ်မှာ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေ ရတဲ့ ပြည်တွင်း စစ်ဘေး ဒုက္ခသည် အရေအတွက်ဟာ လေးသန်းနီးပါးရှိလာခဲ့တယ်လို့ ကုလသမဂ္ဂကလေးသူငယ်များ ရံပုံငွေအဖွဲ့ (UNICEF) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ နှစ်လယ်အစီအရင်ခံစာမှာ ရေးသားဖော်ပြလိုက်ပါတယ်။
ဇွန်လ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံက လူပေါင်း ၃.၇၉ သန်း (၃,၇၉၃,၈၀၀) ဟာ ပြည်တွင်း စစ်ဘေး ဒုက္ခသည်အဖြစ်နဲ့ ကိုယ့်နေအိမ်ကို စွန့်ပြီး ထွက်ပြေးနေကြရပြီး ၂၀၂၅ ဒီဇင်ဘာလကုန်ကထက် တစ်သိန်း ငါးသောင်း ကျော် (၁၅၄,၄၀၀) တိုးလာခဲ့တယ်လို့လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အချက်အလက်တွေကို ကိုးကားပြီး စက်တင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်တဲ့ ဒီအစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
UNHCR ရဲ့ မြန်မာအချက်အလက်စုဆောင်းမှုစာမျက်နှာမှာ ထုတ်ပြန်ထားချက်အရ အခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ကအထိ စစ်မက်တိုက်ပွဲဖြစ်နေတဲ့ စစ်ကိုင်းတိုင်းမှာ လူဦးရေ ၁.၃ သန်းကျော် (၁,၃၄၆,၁၀၀)ဟာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့ အိုးအိမ်စွန့်ထွက်ပြေးနေပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် လူ ၄ သန်း ၃ သောင်းကျော် (၄,၀၃၁,၀၀၀) ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ကလေးသူငယ် ၅ သန်းနီးပါး အပါအဝင် လူပေါင်း ၁၆ သန်းကျော် (၁၆.၂ သန်း) လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ယူနီဆက်အစီအရင်ခံစာက ဆိုပါတယ်။
ဒီအထဲက ကလေးသူငယ် ၃.၄ သန်း (သုံးဆယ့်လေးသိန်း) ဟာ အရေးပေါ် ပညာရေးအကူအညီတွေ လိုအပ်နေတယ်ပြီး မြေမြုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အဖြစ်အပျက်ဟာ ၂၀၂၆ ပထမ နှစ်ဝက်မှာ အကြိမ် ၃၂၇ ကြိမ်ရှိခဲ့တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာထွက်ပြေးရမှုတွေနဲ့ လုံခြုံရေးအန္တရာယ်တွေကြောင့် လူဦးရေ ၁၆ ဒသမ ၂ သန်းကျော်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ဇူလိုင်လ ၁၃ နေ့က ထုတ်ပြန်ထားပါတယ်။
၂၀၂၁ စစ်တပ်က အာဏာသိမ်းအပြီး မြန်မာနိုင်ငံတဝှမ်း လက်နက်ကိုင်ပဋိပက္ခနဲ့ စစ်ဘေးတွေကြောင့် ပထမတစ်နှစ်ခွဲမှာ အိုးအိမ်စွန့်ခွါထွက်ပြေးနေရသူ လူ ရှစ်သိန်းခြောက်သောင်းကျော်သာ ရှိခဲ့ပါတယ်။
အာဏာသိမ်းအပြီး ငါးနှစ်ခွဲကျော် ၂၀၂၆ မှာ လူ ၄ သန်းကျော်(လူဦးရေ သိန်း ၄၀ ကျော်) ပိုတိုးလာတာ ဖြစ်ပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ရေနံမှော်တွေရှိတဲ့ ရေနံချပ်ကျေးရွာနဲ့ အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီး မြေပြင်ကနေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ရေနံမှော်နဲ့ နေအိမ်တချို့ ပျက်စီးပြီး ဒေသခံ နှစ်ထောင်ခန့် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း ရေနံမှော်နဲ့ နေအိမ် စုစုပေါင်း ၁၀၀ ဝန်းကျင် ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဓိက ရေနံမှော်တွေကို PDF တွေက စိုးမိုးထားတော့ အဲဒါကို ပြန်လိုချင်တော့ အပေါ်ကနေ လေကြောင်း ပစ်ကူတွေနဲ့ ဝင်တာပေါ့ဗျာ။ ရွာကို ဝင်ရောက်ပြီး တော်တော်များများ မီးရှို့ဖျက်ဆီးသွားတယ်။ ရေနံမှော်နဲ့ အိမ်တွေကို ၁၀၀ လောက် ရှိမယ်။ စက်တင်ဘာလ ၂၀ မှာ ပါရာမော်တာနဲ့ နှစ်လုံး ချသွားတယ်။”
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပခုက္ကူမြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန တာဝန်ခံ ဦးစိုးထွဋ်ဝင်းကလည်း စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ရေနံချပ်ရွာအပါအဝင် အနီးနားက ရွာသစ်ရွာနဲ့ အုတ်ကျောင်းရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ RFA ကို ပြောပါတယ်။
“ဒေသခံ ၂ ထောင်လောက် ရှောင်နေရတယ်။ စက်တင်ဘာ ၁၇ ၊ ၁၈ ရက်နေ့နောက်ပိုင်းထဲက အခုထိ လွတ်တဲ့နေရာကို ရှောင်နေရတယ်။”
စစ်တပ်က တိုက်ခိုက်ရာမှာ ဂျက်တိုက်လေယာဉ်နဲ့ Mi-35 ရဟတ်ယာဉ်တွေအပြင် စက်တပ်လေထီး (Paramotor) နဲ့ ဂျိုင်ရိုကော်ပတာ (Gyrocopter) တွေကိုပါ အသုံးပြုနေတယ်လို့ သူက ဆိုပါတယ်။
စက်တပ်လေထီး (Paramotor)၊ Mi-35 ရဟတ်ယာဉ်၊ ဂျိုင်ရိုကော်ပတာ (Gyrocopter) နဲ့ ဂျက်တိုက်လေယာဉ်တွေ အသုံးပြုပြီး စစ်တပ်က တိုက်ခိုက်နေတာလို့ သူက ဆက်ပြောပါတယ်။
ထွက်ပြေးနေရတဲ့ရွာတွေထဲမှာ ရေနံချပ်၊ ရွာသစ်၊ အုတ်ကျောင်းနဲ့ အနီးဝန်းကျင်ကျေးရွာတွေပါဝင်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူတွေရှိပြီး ဒဏ်ရာရသူတချို့ကို မြစ်ခြေဘက်က ဆေးခန်းတွေဆီ ပို့ဆောင်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာတွေအနီးမှာ စစ်တပ်စစ်ကြောင်းတွေ ရှိနေသေးတာကြောင့် သေဆုံး၊ ဒဏ်ရာရသူ အရေအတွက်တွေနဲ့ အခြေအနေအသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ပုဂံ-ညောင်ဦးတစ်ဖက်ကမ်း ပခုက္ကူမြို့နယ် တန့်ကြည်တောင်အနီးက ရေနံချပ်ရွာအပြင် မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က ရေနံမှော်တဝိုက်မှာလည်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်ရှိနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့် အစိုးရက သတင်းထုတ်ပြန်ထားတာ မရှိသေးသလို စစ်တပ်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂၀၂၆ ခုနှစ် သြဂုတ် ၁၀ ရက်အထိ စာရင်းတွေအရ မြန်မာနိုင်ငံအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ လေးသန်းကျော်ရှိပြီး၊ အဲဒီထဲမှာ မကွေးတိုင်းက လေးသိန်းခုနစ်သောင်းကျော် ပါဝင်ပါတယ်။
စစ်မှုထမ်းဥပဒေပြဋ္ဌာန်းအပြီး နိုင်ငံတဝှန်းက လူငယ်တွေ အတင်းအကြပ်ဖမ်းဆီးတာ၊ ပြန်ပေးဆွဲတာနဲ့ ငွေတောင်းတာ၊ ငွေမရရင် စစ်တပ်အာဏာပိုင်တွေဆီ ရောင်းစားတာ စတဲ့ ငွေသိန်းပေါင်းများစွာနဲ့ အရောင်းအဝယ်လုပ်နေတဲ့ လူအရောင်းအဝယ်လုပ်ငန်းတွေပေါ်လာတဲ့အကြောင်း သတင်းပေးပို့ချက်နဲ့ ထူးခြားတဲ့သတင်းတွေကို တင်ပြထားပါတယ်။
RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၃၀ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်နေပါတယ်။ ။
စစ်တပ်ကကျင်းပတဲ့ ရွေးကောက်ပွဲကတစ်ဆင့် အာဏာရပါတီဖြစ်လာတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုး ရေးပါတီ (USDP) စတုတ္ထအကြိမ် ညီလာခံကို စက်တင်ဘာ ၁၉ နဲ့ ၂၀ မှာ နှစ်ရက်တာကျင်းပပြီး၊ ဥက္ကဋ္ဌ နေရာအပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်နေရာတွေကို အရင်လူဟောင်းတွေကိုပဲ ပြန်လည်ရွေးချယ် ခဲ့ပါတယ်။
ပါတီဥက္ကဋ္ဌအဖြစ် ဦးခင်ရီ၊ ဒုဥက္ကဋ္ဌ (၁) ဦးမြတ်ဟိန်းတို့က အရင်အတိုင်း ရာထူးတွေ ပြန်ရခဲ့ပြီး အထွေထွေ အတွင်းရေးမှူး ဦးသောင်းအေးက ပါတီရဲ့ ဒုဥက္ကဋ္ဌ (၂) ဖြစ်လာပါတယ်။ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်ချစ်က အထွေထွေအတွင်းရေးမှူးဖြစ်လာပြီး ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်စိုးက တွဲဖက်အထွေထွေအတွင်းရေးမှူး ဖြစ်လာပါတယ်။
ပါတီညီလာခံကျင်းပနေချိန်မှာတော့ လက်ရှိ စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်နဲ့ နီးစပ်တဲ့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးကို ပါတီဥက္ကဋ္ဌအဖြစ်ရွေးချယ်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။
အဲဒီနောက် အကြိတ်အနယ်ညှိနှိုင်းမှုတွေရှိခဲ့ပုံရတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ပါတီဘက်နဲ့ ဦးအောင်လင်းဒွေးနဲ့ ညှိနှိုင်းခဲ့တာတော့ သေချာတယ်။ တော်တော်အကြိတ် အနယ်ညှိနှိုင်းတယ်။ နောက်ပိုင်း ရုပ်ပျက်ဆင်းပျက်ဖြစ်မှာစိုးလို့ ဦးမင်းအောင်လှိုင်က လျှော့ပေးခဲ့ပုံရတယ်။ ပါတီညီလာခံကလည်း အခုက လေးနှစ်တစ်ကြိမ်လုပ်တာဆိုတော့ နောက်ရွေးကောက်ပွဲဖြစ်မယ့် ၂၀၃၀ ဆိုရင် ကျန်းမာရေးအရ အနားပေးတာတွေ ဘာတွေလည်း လုပ်လို့ရတယ်ဆိုတဲ့သဘောပါ”
ဦးမင်းအောင်လှိုင်နဲ့ နီးစပ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတွေဖြစ်တဲ့ ဦးသက်ပုံနဲ့ ဦးစိုးတင့်နိုင်တို့လည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၄၆ ဦးထဲမှာပြန်ပါလာတယ်လို့ သူကပြောပါတယ်။ အဲဒီအပြင် ဗဟိုကော်မတီဝင် ၃၃၆ ဦးနဲ့ အရံဗဟိုကော်မတီဝင်တချို့ကိုလည်း ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။
ပါတီဥက္ကဌအဖြစ် ပြန်ပြီးရွေးချယ်ခံရတဲ့ ဦးခင်ရီကတော့ USDP ပါတီကို အနာဂတ်မှာ ခေတ်မီပြီး ပြည်သူကိုအခြေပြုတဲ့မူဝါဒနဲ့ပါတီ (Policy Party) ဖြစ်အောင် တည်ဆောက်သွားမယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း (USDA) ကနေ ဆက်ခံပေါ်ပေါက်လာတဲ့ ပါတီဖြစ်ပြီး၊ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ စစ်တပ်မှာ အဆင့်မြင့်အရာရှိတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သူတွေ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်ပြီးခန့်အပ်ပေးဖို့ တောင်းဆိုပွဲကို နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့နားမှာ စက်တင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီတောင်းဆိုပွဲကို သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အပါအဝင် အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ မြန်မာနိုင်ငံဖွားတွေ ရာနဲ့ချီပြီးပါဝင်ခဲ့ကြ ပါတယ်။
“ဒီပွဲဟာ ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရရေးအတွက်ပြုလုပ်တယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာ စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းဖို့နဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထွန်းကားဖို့ ဘယ်လောက်အားသန်နေတယ်ဆိုတာ ပြသတာလည်းဖြစ်ပါတယ်” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပရိတ်သတ်ကိုပြောတဲ့မိန့်ခွန်းမှာထည့်သွင်း ပြောဆိုပါတယ်။
“ကျွန်မတို့ ကုလသမဂ္ဂရုံးချုပ်အနီးမှာ စုဝေးရောက်ရှိနေကြတာဟာ လူတစ်ဦးတစ်ယောက်အတွက်ရောက်ရှိ နေကြတာမဟုတ်ဘူး။ မြန်မာနိုင်ငံကိုဘယ်သူကကိုယ်စားပြုသင့်သလဲ၊ မြန်မာနိုင်ငံကို ဘယ်သူကကိုယ်စားပြု ခွင့်ရှိသင့်သလဲ ဆိုတာ ကျွန်မတို့သဘောထားတွေကို ထုတ်ဖော်ပြသဖို့ရောက်ရှိနေတာြဖစ်တယ်” လို့လည်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တက်ရောက်လာတဲ့ပရိသတ်ကိုပြောပါတယ်။
အခုလိုထောက်ခံပွဲကို အမေရိကန်ပြည်ထောင်စု အနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်က ဆန်ဖရန်စစ္စကိုမြို့နဲ့ လော့စ်အိန်ဂျလိစ်မြို့တွေမှာလည်း ပြုလုပ်ကြပါတယ်။
အဲဒီအပြင် တောင်ကိုရီးယားနိုင်ငံနဲ့ သြစတြေးလျနိုင်ငံက ဒီမိုကရေစီလိုလားတဲ့ မြန်မာနိုင်ငံဖွားတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။
နိုင်ငံတွေနဲ့ပတ်သက်လို့ ဘယ်သူကိုယ်စားပြုခွင့်ရမလဲဆိုတာနဲ့ပတ်သက်လို့ဆုံးဖြတ်မယ့် ကုလသမဂ္ဂ Credentials Committee လို့ခေါ်တဲ့ စိစစ်ရေးကော်မတီကို ၉ နိုင်ငံနဲ့ဖွဲ့ထားပြီး နိုဝင်ဘာလလောက်မှာ သိရမှာဖြစ်ပါတယ်။
စစ်တပ်ခန့်အစိုးရဘက်ကလည်း သူတို့ကိုယ်စားလှယ်ကို ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရဖို့ကြိုးစားနေပါတယ်။ တဖက်မှာလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုပုဒ်မ၊ မတရားအသင်း အက်ဥပဒေပုဒ်မ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေပုဒ်မတွေနဲ့ နေပြည်တော်မှာအမှုဖွင့်ထားပြီး တရားခံပြေးအဖြစ်ကြေညာထားသလို အရေးယူဖို့အတွက် အင်တာပိုလ် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့၊ အမေရိကန်ရဲတပ်ဖွဲ့တို့နဲ့ သံတမန်ရေးအရ ချိတ်ဆက်ဆောင် ရွက်နေတယ်လို့ စစ်တပ်ခန်းအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၃ ရက် နေ့မှာ ထုတ်ပြန်ထားပါတယ်။