လက်ရှိမြန်မာ ပြည်တွင်း နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ အသိဥာဏ်ယဉ်ကျေးမှုဆိုင်ရာ အခြေအနေ သုံးသပ်ချက်တွေကို ဒီကနေ့ RFA စကားဝိုင်းမှာ နားဆင်ပါ။
NLD ပါတီအနေနဲ့ အစိုးရ အာဏာရယူလာတာ ရက် ၁ဝဝ ပြည့်မြောက်လာချိန်မှာ လုပ်ဆောင်နိုင် မှုတွေနဲ့ ပြည်သူ့မျှော်မှန်းချက်တွေအကြောင်းကို သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၊ တရားရုံးချုပ် ရှေ့နေကြီး ဦိးကိုန်ီနဲ့ စာရေးဆရာ ဦးစိန်မျိုးမြင့်တို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်း က ဆွေးနွေးတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ တန်းတူအခွင့်အရေး ရရှိဖို့အတွက် ကုလသမဂ္ဂ စည်းဝေးပွဲမှာ အဆိုပြုချက်တွေ တင်သွင်းမယ်ဆိုတဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာ ညိုညိုသင်း နဲု့ အမျိုးသမီးအဖွဲ့ချုပ် မြန်မာနိုင်ငံ WLB အဖွဲ့ အတွင်းရေးမှူး ဂျူလီမာရစ် တို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်း က ဆွေးနွေးတင်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ် အတွင်း မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံရေးအစီ အစဉ် လွဲချော်ခဲ့ရပုံနဲ့ မြန်မာသံရုံးမှာ ရွှေ့ပြောင်း အလုပ်သမား ကူညီသူများ တွေ့ဆုံဆွေးနွေးခဲ့ပုံတွေ အကြောင်းကို ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား ကူညီရေးအဖွဲ့က ကိုရဲမင်းနဲ့ Burma Association Thailand အဖွဲ့က အလုပ်သမား အရေးလှုပ်ရှားသူ မဦးတို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
အများပြည်သူပိုင် ပန်းခြံ၊ အားကစားကွင်း စတဲ့နေရာတွေကို ပြန်လည်ဖော်ဆောင်ပေးဖို့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တွေ က ထောက်ခံဆုံးဖြတ်ခဲ့ကြတာနဲ့ ပတ်သက်ပြီး ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ ပုလဲမြို့နယ် ကိုယ်စားလှယ် ဒေါက်တာ တင့်ဆွေ၊ အမေရိ ကန်နိုင်ငံ BADA မြန်မာ အမေရိကန် ဒီမိုကရက် တစ် မဟာမိတ်အဖွဲ့က ဒါရိုက်တာ ဦးညွန့်သန်းနဲ့ Indiana ပြည်နယ် ဖို့ဝိန်းမြို့ ပြည်သူ့ကျောင်းဆရာ ဦးကျော်သိန်းစိုးတို့ကို ဆက်သွယ်ပြီး ဦးခင်မောင် ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လူအများစုဟာ စည်းကမ်း တကျ နေထိုင်ပြုမူတာ မရှိတဲ့အတွက် ဆိုးကျိုးတွေ နေရာမလတ် တွေ့နေရပါတယ်။