အစိုးရဝန်ကြီးဌာနအားလုံး အသုံး စရိတ် နှစ်ရာခိုင်နှုန်းလျော့ချ မှု ဆွေးနွေးချက်
2015.04.05
အခုတစ်ပတ်အစီအစဉ်မှာ နိုင်ငံတော်မှာ လိုငွေပြမှု ကြီးမားနေတဲ့အတွက်ဆိုပြီး ပြည်ထောင်စုလွှတ်တော်က အစိုးရဝန်ကြီးဌာန အားလုံးရဲ့ သာမန်အသုံးစရိတ်ကို နှစ်ရာခိုင်နှုန်းလျော့ချဖို့ အတည်ပြုလိုက်တဲ့အကြောင်း နဲ့ ပတ်သက်လို့ ပုလဲမြို့နယ်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ ယခင်စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးဟောင်း ဦးစိန်ဌေးတို့နဲ့အတူ ဦးခင်မောင်ညိန်း က ဆွေးနွေးတင်ပြထားပါတယ်။









