ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြကျောင်းသားတွေအပေါ် အကြမ်းမဖက်ဖို့ တောင်းဆို ဆန္ဒပြနေကြတဲ့ လူငယ်တွေ ကျောင်းသားတွေကို အရပ်ဝတ်နဲ့ လူအုပ်နဲ့ ရဲတပ်ဖွဲ့က ကြမ်းကြမ်းတမ်းတမ်း လူစုခွဲဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်၊ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းနဲ့ တရားရုံးချုပ် ရှေ့နေကြီး ဦးအောင်သိန်းတို့ကို ဆက်သွယ်ပြီး ဆွေးနွေးတင်ပြထားပါတယ်။