သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-07-20
မြန်မာပြည်အနှံ့ကျင်းပခဲ့တဲ့ ယခင်နှစ်များထက် လွတ်လပ်တဲ့ အာဇာနည်နေ့ အခမ်းအနားတွေ၊ ပြည်သူ့လွတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းတက်ရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်က ဆွမ်းကျွေးပွဲနဲ့ မျိုးစောင့်ဥပဒေဆိုင်ရာ သဘောထားအမြင်တွေကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုး က စီစဉ်တင်ဆက်ထားပါတယ်။
2013-07-14
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ အာဇာနည်နေ့ကို ထိုက်ထိုက်တန်တန်ဂုဏ်ပြုရေး၊ မြို့တော်ခန်းမရှေ့က ဆန္ဒပြပွဲခွင့်ပြုမိန့်နဲ့ ထိုင်း စစ်တပ်ခေါင်းဆောင်တွေရဲ့ မြန်မာနိုင်ငံအပေါ်သဘောထားတွေကို တင်ပြထားပါတယ်။
2013-07-07
အခုတစ်ပတ် ဦးခင်မောင်ညိန်းက စီစဉ်တင်ဆက်တဲ့ ဆွေးနွေးပွဲစကားဝိုင်း အစီအစဉ်မှာ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ တချိန်က အနှစ် ၃ဝ ကျော် ရပ်တည်ခဲ့ပြီးနောက် ၁၉၆၂ ခုနှစ် ၇ ရက် ဇူလိုင်အရေးအခင်းမှာ စစ်အာဏာပိုင်တွေရဲ့ မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ သမိုင်းဝင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဆောက်အဦး ပြန်လည်တည်ဆောက်ရေးကိစ္စနဲ့ ပတ်သက်ပြီး တင်ပြထားပါတယ်။
2013-06-29
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ အမေရိကန်ပြည်ထောင်စုကို ဒီရက်ပိုင်းရောက်ရှိလည်ပတ်နေကြတဲ့ ၈၈ အရေးအခင်း ကျောင်းသားခေါင်းဆောင် ၃ ဦးရဲ့ ဖြတ်သန်းမှု ကိုယ်တွေ့အဖြစ်အပျက်တချို့နဲ့ နိုင်ငံရေးအမြင်တွေကို နားဆင်ကြရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
2013-06-23
ဒီအပတ် RFA တနင်္ဂနွေ စကားဝိုင်းမှာ အရှင်ဝီရသူ ဓါတ်ပုံနဲ့ Times မဂ္ဂဇင်းမှာ ဖော်ပြပါရှိတဲ့ မျက်နှာဖုံး ဆောင်းပါး အပါအဝင် မျက်မှောက် မြန်မာ့ နိုင်ငံရေး ပြဿနာ တချို့ကို နားဆင်ရမှာဖြစ်ပြီး ဦးခင်မောင်စိုးက စီစဉ် တင်ဆက်ထားပါတယ်။
2013-06-17
Facebook အပါအဝင် Social Media လို့ ခေါ်ဝေါ်ကြတဲ့ လူမှုကွန်ယက်တွေမှာ မဆင်မခြင် စည်းကမ်းမဲ့ ရေးသားကြတာတွေ၊ မှတ်ချက်ကွန်မင့်ပေးကြတာတွေ ပြုလုပ်တဲ့အခါမှာ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ပေါ်ထွက်လာနိုင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အာအက်ဖ်အေ အဖွဲ့သား ဦးခင်မောင်ညိန်းက တင်ပြ ဆွေးနွေးတင်ပြထားပါတယ်။
2013-06-10
မြန်မာနိုင်ငံမှာ အလုပ်သမား ဥပဒေပေါင်း တစ်ဒါဇင်ကျော် ရှိနေပေမယ့် အလုပ်သမားတွေဟာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရရှိကြသေးလို့၊ အခုအခါ စက်ရုံအများအပြားမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပါတယ်။ အဲဒီ အလုပ်သမားရပိုင်ခွင့်တွေ မှန်မှန်ကန်ကန် ပီပီပြင်ပြင်ပေါ်ထွက်လာပြီး၊ အလုပ်သမားတွေ လူနေမှုဘဝ တိုးတက်မြင့်မားလာရေးကို RFA အဖွဲ့သား ဦးခင်မောင်ညိန်းက စီစဉ်တင်ဆက်ထားပါတယ်။
2013-06-03
အခုတစ်ပတ် ဆွေးနွေးပွဲ စကားဝိုင်းမှာ ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့အတွက် ထုတ်ပြန်ထားတဲ့ ရိုဟင်ဂျာ မွတ်စလင်မိသားစုတွေ တစ်မိသားစုကို ကလေးနှစ်ဦးထက် ပိုမယူရဘူးဆိုတဲ့ ဒေသန္တရ အမိန့်နဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြထားပါတယ်။
2013-05-26
သမ္မတ ဦးသိန်းစိန်နဲ့ ၈၈ ခေါင်းဆောင်တွေရဲ့ အမေရိကန်ခရီးစဉ်နဲ့ ဂျပန်ဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်တွေအပေါ် အမေရိကန်ပြည်ထောင်စုရှိ မြန်မာ့အရေးလှုပ်ရှားသူတွေရဲ့ အမြင်ကို ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုး ကတင်ဆက်ထားပါတယ်။
2013-05-11
နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးနဲ့ မြန်မာ့ဒီမိုကရေစီပြောင်းလဲရေး ဆက်စပ်နေပုံကို ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုး ကတင်ဆက်ထားပါတယ်။
2013-05-04
မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတ အိုဘားမားတို့ လာမယ့် မေလ ၂ဝ ရက်နေ့ အိမ်ဖြူတော်မှာ တွေ့ဆုံကြတဲ့အခါ ပြောဆိုဆွေးနွေးဖွယ်ရှိတဲ့ အချက်တွေကို ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ နားဆင်ရမှာဖြစ်ပါတယ်။
2013-04-27
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ လက်ပံတောင်းတောင်ပြဿနာ၊ ၂ဝ၁၅ ရွေးကောက်ပွဲ စတဲ့ မျက်မှောက်ရေးရာတွေကို နားဆင်ရမှာဖြစ်ပြီး ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
2013-04-21
ဒီအပတ် RFA တနင်္ဂနွေစကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်၊ ဥရောပရဲ့ပိတ်ဆို့မှုရုပ်သိမ်းရေးနဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လူ့အခွင့်အရေးအစီရင်ခံစာစသဖြင့် ဒီရက်ပိုင်းအတွင်းပေါ်ပေါက်ခဲ့တဲ့ မြန်မာပြည်ရေးရာတွေကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက် ထားပါတယ်။
2013-04-14
ဒီအပတ် တနင်္ဂနွေ စကားဝိုင်းမှာ မန္တလေးမြို့မ တီးဝိုင်းနဲ့ လူရွှင်တော် ပါပါလေးတို့အဖွဲ့တွေရဲ့ မဟာသြင်္ကန် ပါဝင်ဆင်နွဲနေကြပုံတွေကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
2013-04-07
ဒီအပတ် တနင်္ဂနွေ စကားဝိုင်းမှာ ဧပြီလ ၁ ရက်နေ့ စတင်ထုတ်ဝေခဲ့တဲ့ ပြည်ထောင်စုနေ့စဉ် သတင်းစာ အယ်ဒီတာ ဒေါ်ခင်ပန်နှင်းနဲ့ The Voice နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေတို့ရဲ့ အတွေ့အကြုံနဲ့ ခံယူချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။