သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-04-25
မြန်မာနိုင်ငံမှာ ကျေးလက်ပြည်သူတွေရဲ့ လူနေမှုဘဝ မြင့်မားရေး၊ ကလေးသူငယ်တွေ ပညာတတ်မြောက်ရေးအတွက် သံဃာတော်တွေ က ဆောင်ရွက်နေကြပုံတွေကို အမေရိကန် ပြည်ထောင်စုကို ခေတ္တအလည် အပတ်ရောက်ရှိနေတဲ့ ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့ ရွှေကျင်ဂျားပရိယတ္တိစာသင်တိုက်က ဆရာတော် ဦးပညာဝရ၊ မစိုးရိမ်စာသင်တိုက်က တိုက်အုပ် ဆရာတော် ဦးဥတ္တမသာရနဲ့ ဦးစန္ဒာဇောတိ တို့ကို RFA ရုံးချုပ်မှာ ဦးခင်မောင်ညိန်းက လျှောက် ထားဆွေးနွေးထားပါတယ်။
2015-04-18
ပြီးဆုံးသွားတဲ့ သင်္ကြန်ပွဲတော်နဲ့ ပတ်သက် ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ ဝတ်စား ဆင်ယင်မှုတွေ အရက်သေစာ သောက်စားရမ်းကား မူတွေအကြောင်း ဝေဖန်ရေးသားချက်တွေကို ၁၉၉ဝ ရွေးကောက်ပွဲက အင်္ဂပူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြဝင်းနဲ့ Burma Democratic Concern အဖွဲ့ ဒါရိုက်တာ ဦးမျိုးသိန်းတို့နဲ့အတု ဦးခင်မောင်ညိန်းက တင်ပြဆွေးနွေးထားပါတယ်။
2015-04-12
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးလော ကခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ ကို ဖိတ်ကြားတွေ့ဆုံခဲ့တဲ့ ကိစ္စတွေနဲ့ မြန်မာ နိုင်ငံရေး နောက်ဆုံးအခြေအနေတွေကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီနဲ့ စာရေးဆရာ ဘလော့ဂါ ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်ဟောင်း ဒေါက်တာတင့်ဆွေ တို့နဲ့အတူ ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2015-04-05
အခုတစ်ပတ်အစီအစဉ်မှာ နိုင်ငံတော်မှာ လိုငွေပြမှု ကြီးမားနေတဲ့အတွက်ဆိုပြီး ပြည်ထောင်စု လွှတ်တော်က အစိုးရဝန်ကြီးဌာန အားလုံးရဲ့ သာမန် အသုံးစရိတ်ကို နှစ်ရာခိုင်နှုန်းလျော့ချဖို့ အတည်ပြု လိုက်တဲ့အကြောင်းနဲ့ ပတ်သက်လို့ ပုလဲမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ် ခင်စန်းလှိုင်၊ ယခင်စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယ ညွှန်ကြားရေး မှူးဟောင်း ဦးစိန်ဌေး တို့နဲ့အတူ ဦးခင်မောင်ညိန်း က ဆွေးနွေးတင်ပြ ထားပါတယ်။
2015-03-28
ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသားလွှတ်တော်က ပညာရေးအသုံးစရိတ် ရာခိုင်နှုန်းသတ်မှတ်ချက် မထားဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ကိစ္စနဲ့ ဆရာ ဆရာမတွေ ရဲ့ အခန်းကဏ္ဍအရေးပါပုံကို အသိအမှတ်ပြု သင့်ကြောင်းတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဆရာ ဦးသန်းထိုက်အောင်နဲ့ ဟင်္သာတတက္ကသိုလ် ဆရာများသမဂ္ဂ အတွင်းရေးမှူး ဒေါ်လှယဉ်မိုးတို့ နဲ့အတူ ဆွေးနွေးတင်ပြထားပါတယ်။
2015-03-22
မြန်မာနိုင်ငံတလွှားက ဆန္ဒပြပွဲတွေမှာ အကြမ်းဖက် ဖြိုခွဲမှုတွေကြောင့် ပြည်သူတွေနဲ့ အဖွဲ့အစည်းပေါင်း စုံက ဝေဖန်ရှုတ်ချနေကြတဲ့ ရဲတပ်ဖွဲ့အနေနဲ့ ဂုဏ် သိက္ခာ ပြန်ဆယ်နိုင်ဖို့ ဘယ်လိုလုပ်ကြမလဲဆိုတာ ကို စာရေးဆရာ သတင်းစာဆရာ ဦးစည် သူအောင်မြင့်၊ တရားရုံးချုပ်ရှေ့နေ ဦးရောဘတ် စန်းအောင်နဲ့ စာရေးဆရာ ဘလော့ဂါ ညွန့်ပေါင်း အစိုးရ အဖွဲ့ဝင်ဟောင်း ဒေါက်တာတင့်ဆွေတို့ ပါဝင်ဆွေးနွေးထားပါတယ်
2015-03-16
လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းမှုမှာ ရဲတပ်ဖွဲ့ဝင်တွေက လိုအပ်တာထက် အလွန်အကျူးပိုပြီး အကြမ်းဖက်ခဲ့ကြတယ်ဆိုတဲ့ ပြစ်တင်ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၊ တရားရုံးချုပ်ရှေ့နေ ဦးကိုနီနဲ့ အာရှလူ့အခွင့်အရေးကောင်စီက ရှေ့နေ ဦးမင်းလွင်ဦး တို့ကို ဆက်သွယ်ပြီး RFA အဖွဲ့သား ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2015-03-08
ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြကျောင်းသားတွေအပေါ် အကြမ်းမဖက် ဖို့ တောင်းဆို ဆန္ဒပြနေကြတဲ့ လူငယ်တွေ ကျောင်း သားတွေကို အရပ်ဝတ်နဲ့ လူအုပ်နဲ့  ရဲတပ်ဖွဲ့က ကြမ်းကြမ်းတမ်းတမ်း လူစုခွဲဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်၊ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းနဲ့ တရားရုံးချုပ် ရှေ့နေကြီး ဦးအောင်သိန်းတို့ကို ဆက်သွယ်ပြီး ဆွေးနွေးတင်ပြထားပါတယ်။
2015-02-28
ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုန်က စက်ရုံ သုံးရုံမှာ တစ်လနီးပါးဆန္ဒပြနေကြတဲ့ အလုပ် သမားတွေထဲက တချို့ကလိုက်လျောမှု တချို့ တဝက်ရလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အလုပ်ပြန်ဝင် သွားပြီး တချို့ က ဆက်လက် ဆန္ဒပြနေကြတာနဲ့ ပတ်သက် လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမားသမဂ္ဂများ အဖွဲ့ချုပ် အကြံပေး ပုဂ္ဂိုလ် ဒေါ်မျိုးမျိုးအေး နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ဘောင်အဖွဲ့က အလုပ်သမားရေးရာ ဒု-တာဝန်ခံ ဒေါ်မာမာဦးတို့နဲ့ အတူ ဆွေးနွေးတင်ပြ ထားပါတယ်။
2015-02-21
ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း တရုတ်နယ်စပ်အနီး ကိုးကန့်အထူးနယ်မြေမှာ MNDAA ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲကြီးတွေ ဖြစ်ပွားပြီး စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ခဲ့ရတာနဲ့  ပတ်သက် ပြီး နောက်ကြောင်းရာဇဝင်နဲ့ ရှေ့အလားအလာတွေ အကြောင်းကို တပ်မတော် ထောက်လှမ်းရေ အရာရှိဟောင်း ဦးအောင်လင်းထွဋ်နဲ့ သတင်းစာ ဆရာ ဦးစည်သူအောင်မြင့်တို့နဲ့အတူ ဆွေးနွေး တင်ပြထားပါတယ်။
2015-02-16
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးဆွဲရေး လေးပွင့် ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ ကျောင်းသားတွေရဲ့ တောင်း ဆိုချက်တွေကို အစိုးရဘက်က လက်ခံသဘောတူ လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး NNER အဖွဲ့က ဒေါ်သူသူ မာနဲ့ ဆန္ဒပြကျောင်းသားသပိတ်ခေါင်းဆောင် နှစ်ဦးတို့ နဲ့  ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြ ထားပါတယ်။
2015-02-07
မြန်မာနိုင်ငံတလွှား လယ်မြေအဓမ္မသိမ်းယူ မှုတွေကြောင့် ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေ၊ ဖမ်းဆီးထောင်ချမှုတွေ ဖြစ်ပွားနေတဲ့ အခြေ အနေနဲ့ လွှတ်တော်အပိုင်းက ဆောင်ရွက်နေ တဲ့ကိစ္စတွေ လိုအပ်ချက်တွေအကြောင်းတို့ကို လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူနဲ့ တရားရုံးချုပ် ရှေ့နေကြီး ဦးအောင်သိန်းတို့ကို ဆက်သွယ်ပြီး ဆွေးနွေးတင်ပြထားပါတယ်။
2015-02-01
အစိုးရနဲ့ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက် ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေ ဒီနေ့ ဖေဖေါ် ဝါရီလ ၁ ရက်နေ့မှာ လေးပွင့်ဆိုင် ဆွေးနွေးပွဲပြု လုပ်သွားဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက သဘောတူညီခဲ့ကြတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအသင်းက ဦးသန်းထိုက်အောင်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြ ထားပါတယ်။
2015-01-25
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြဖို့ အတွက် သပိတ်မှောက်ကျောင်းသား ၁၀၀ ကျော် ဟာ မန္တလေးကနေ ရန်ကုန်မြို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက စတင်ပြီး ခရီးရှည်ချီတက်လာကြပါတယ်။
2015-01-18
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့က နိုင်ငံတော် သမ္မတ နေအိမ်မှာ ကျင်းပခဲ့တဲ့ ၄၈-ဦး တွေ့ဆုံဆွေးနွေးပွဲကိစ္စ အပေါ် ဝေဖန် မှုတွေ အမျိုးမျိုး ပေါ်ပေါက်နေတာနဲ့ ပတ်သက်ပြီး ဒီမိုကရေစီပါတီ ဥက္ကဌ ဦးသုဝေ၊ SNLD ပါတီ အထွေထွေ အတွင်းရေးမှူးး စိုင်းညွန့်လွင် နဲ့ သတင်းစာဆရာ စည်သူအောင်မြင့် တို့ကို ဆက်သွယ်ပြီး ဆွေးနွေးတင်ပြထားပါတယ်။
2015-01-12
နိုင်ငံတကာက အာရုံစိုက်နေကြတဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု ဆုတ်ယုတ်မှု စတာတွေကို မြန်မာ့အရေး လေ့လာ သူတွေဖြစ်တဲ့ AHRC အာရှလူ့အခွင့်အရေး ကော် မရှင်က ဦးမင်းလွင်ဦး၊ တရားရုံးချုပ် ရှေ့နေဟောင်း ဒေါ်မော်လီနဲ့ စီးပွားရေး ပညာရှင် ဦးစိန်ဌေးတို့နဲ့အတူ ဦးခင်မောင်ညိန်း က ဆွေးနွေးတင်ပြထားပါတယ်။
2015-01-03
အခုတစ်ပတ် ဆွေးနွေးပွဲစကားဝိုင်း အစီအစဉ်မှာ ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်တွေနဲ့ အစိုးရနဲ့ လွှတ်တော်တို့ရဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေကို အခြေပြုပြီး ရန်ကုန်မြို့က လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်နဲ့ တရားရုံးချုပ် ရှေ့နေကြီး ဦးစန်းမောင်တို့ကို ဆက်သွယ်ပြီး RFA ဝိုင်းတော်သား ဦးခင်မောင်ညိန်းက ဆွေးနွေး တင်ပြထားပါတယ်။