သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-14
မြန်မာအမျိုးသမီးတွေ နိုင်ငံရေးနိုးကြားမှု တိုးတက်မြင့်မားဖို့၊ နိုင်ငံရေးမှာ ပိုမိုပါဝင်နိုင်ဖို့၊ အမျိုးသားတွေ နဲ့ တန်းတူအခွင့်အရေးရရှိဖို့၊ စတဲ့ အကြောင်းတွေနဲ့ ပတ်သက်ပြီး ပုလဲမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့ဘောင်အဖွဲ့က မမီးမီးတို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက တင်ပြဆွေးနွေး ထားပါတယ်။
2014-09-07
လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုထား ပြီး ကျောင်းသားအဖွဲအစည်းတွေက ပြင်ဆင်ရေး ဆွဲပေးဖို့ ဆန္ဒပြတောင်းဆိုနေကြတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးဥပဒေကြမ်း ကိစ္စနဲ့ပတ်သက်ပြီး မြန်မာ နိုင်ငံဆရာ၊ ဆရာမများ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဒေါက်တာ သန်းထိုက်အောင်နဲ့ ဗကသ ကျောင်းသားသမဂ္ဂဥက္ကဌ ကိုကျော်ကိုကို တို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေး တင်ပြထားပါတယ်။
2014-08-31
ရန်ကုန်မြို့အနောက်ဖက် ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းမှာ မြေဧက သုံးသောင်းကျော် အကျယ်ရှိမယ့် မြို့သစ်စီမံကိန်း အကောင် အထည်ဖော်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက လျှို့ဝှက်ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ ပွင့်လင်းမြင် သာမှု ကင်းမဲ့နေပုံကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းနဲ့ ရန်ကုန်မြို့က သတင်းစာဆရာတစ်ဦးဖြစ်သူ ဦးစည်သူအောင်မြင့် တို့နဲ့အတူ ဦးခင်မောင်ညိန်း က ဆွေးနွေးတင်ပြထားပါတယ်။
2014-08-23
အခုတစ်ပတ် ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ် မှာ မြန်မာနိုင်ငံ တရားရုံးတွေမှာ တစ်ရွာတစ်ပုဒ် ဆန်းဆိုသလို အမိန့်စီရင်ချက်ချမှတ်ပုံတွေ မညီ မညွတ်ဖြစ်ပြီး တရားစီရင်ရေးစနစ်အပေါ် ဝေဖန် မှုတွေ ပေါ်ထွက်နေတဲ့အကြောင်းကို တရားရုံး ချုပ် ရှေ့နေနှစ်ဦးဖြစ်တဲ့ ဦးအောင်သိန်းနဲ့ ဦးစန်းမောင် တို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက စီစဉ်တင်ပြထားပါတယ်။
2014-08-17
မြန်မာဘုရင်တွေ နောက်ဆုံး နန်းစိုက်ရာ မန္တလေးမြို့ မှာ တနေ့တခြား တရုတ်သြဇာ၊ တရုတ်ယဉ်ကျေးမှု လွှမ်းမိုးကြီးထွားလာနေတဲ့ အခြေအနေကို မန္တလေးမြို့ က စာရေးဆရာ ဆူးငှက်၊ ကဗျာဆရာ မင်းထက် ငြိမ်းချမ်းနဲ့ မြန်မာနိုင်ငံ ရှေ့နေများအသင်းက ဦးသိန်းသန်းဦး တို့ကိုဆက်သွယ်ပြီး ဦးခင်မောင်ညိန်း က ဆွေးနွေးတင်ပြထားပါတယ်။
2014-08-10
မြန်မာနိုင်ငံဒေသ အများအပြားမှာ ရေကြီးရေလံျှ မှုတွေ ဖြစ်ပွားနေရာမှာ ဥတုရာသီသဘာ ဝကြောင့် ရေကြီးတာတွေရှိသလို လူတွေ စည်းကမ်းမဲ့လို့ ရေကြီးကြတာလဲရှိတယ်လို့ ဆိုကြပါတယ်။
2014-08-03
မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်တပ်နဲ့ ခရိုနီ ကုမ္ပဏီတွေ သိမ်းယူထားတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက်လို့ လယ်သမားတွေထောင် ကျနေရတဲ့ ဖြစ်ရပ်တွေကိုမြန်မာနိုင်ငံ တောင်သူ လယ်သမားသမဂ္ဂ တာဝန်ခံဒေါ်စုစုနွေးနဲ့ တရားရုံးချုပ်ရှေ့နေကြီး ဦးကိုနီတို့ကို ဆက်သွယ်ပြီး RFA အဖွဲ့သား ဦးခင်မောင်ညိန်းက စီစဉ်ထုတ်လွှင့် ထားပါတယ်။
2014-07-26
အခုတစ်ပတ် စကားဝိုင်း အစီအစဉ် မှာ မေတ္တာတရားအခြေခံတဲ့ ဗုဒ္ဓဘာသာ ရှင်သန် ဖွံ့ဖြိုးရာ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်နှစ်ကာလ အတွင်း ဘာသာရေးအခြေခံတဲ့ အကြမ်းဖက်မှု ကြီးတွေ ဖြစ်ပွါးခဲ့တာဟာ ဘယ်လိုကြောင့်လဲ၊ အနာဂါတ်မှာ ဘယ်လိုဟန့်တားသွားကြမလဲ ဆိုတာကို ရဟန်းတော် နှစ်ပါး၊ မီဒီယာသမားတစ်ဦးတို့နဲ့အတူ RFA အဖွဲ့သား ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2014-07-20
အခုတစ်ပတ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးကြိုးပြတ်ကျလို့ လူသေမှုတွေဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေကို အခြေခံပြီး ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းနဲ့ တရားရုံးချုပ်ရှေ့နေကြီး ဦးစန်းမောင်တို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက စီစဉ်တင်ပြထားပါတယ်။
2014-07-13
ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးမြို့မှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ရတဲ့အထိ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အားနည်းချက်ကြောင့် မလိုလားစရာ အဖြစ်တွေကို အချိန်မီ မတားဆီးနိုင်ခဲ့ဘူး ဆိုတဲ့ ပြစ်တင်ဝေဖန်ချက်တွေကို အခြေခံပြီး မန္တလေးက စာရေးဆရာ ဆူးငှက်နဲ့ မန္တလေးတိုင်း NLD က ဦးမျိုးနိုင်တို့နဲ့ ဆက်သွယ်ဆွေးနွေးထားပါတယ်။
2014-07-07
လူမျိုးရေး ပဋိပက္ခတွေ၊ ဘာသာရေး ပဋိပက္ခတွေ ပေါ်ပေါက်စေနိုင်တဲ့ အမုန်းစကားတွေ၊ ကောလာဟလသတင်းတွေကို Facebook စာမျက်နှာတွေကနေ ရေးသားဖြန့်ဝေမှု ဟန့်တားဖို့ လိုအပ်နေကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန မြန်မာ့ရုပ်ရှင်လုပ်ငန်း ညွှန်ကြားရေးမှူး( ငြိမ်း) ဦးမြင့်သိန်းဖေနဲ့ ဗေဒါသင်တန်းကျောင်းအုပ်ကြီး ဦးမျိုးရန်နောင်သိန်း တို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက စီစဉ်တင်ပြထားပါတယ်။
2014-06-29
ပြီးခဲ့တဲ့ရက်ပိုင်းက သမ္မတ ဦးသိန်းစိန် အတည်ပြုပေး ခဲ့တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေအပေါ် ပြင်ဆင်ချက်ဥပဒေနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေး ကော်မရှင် က ရှေ့နေ ဦးမင်းလွင်ဦးနဲ့ ဗဟိုတရားရုံး ချုပ် ရှေ့နေဟောင်း ဒေါ်မော်လီတို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2014-06-22
သံဃာ့မဟာနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ရန်ကုန်မြို့ မဟာသန္တိသုခကျောင်းတိုက်ကို အာဏာပိုင်တွေ ဝင်ရောက်စီးနင်းပြီး သံဃာတော်တွေကို ဖမ်းဆီးခေါ်ဆောင်သွား ခဲ့တဲ့ကိစ္စကို အခြေခံပြီး ကနေဒါနိုင်ငံ တိုရွန်တိုမြို့က မဟာဓမ္မိကကျောင်းတိုက် ဆရာတော် ဦးကောဝိဒ နဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်က ပါရီမြန်မာကျောင်း တိုက် ဆရာတော် ဦးကုမာရတို့နဲ့ ဦးခင်မောင်ညိန်း က ဆက်သွယ်ဆွေးနွေးထားပါတယ်။
2014-06-13
မြန်မာနိုင်ငံ အမျိုးသားလွှတ်တော် အတွက် ကိုယ်စားလည်တွေ ရွေးကောက်တဲ့အခါမှာ အချိုးကျမဲပေးစနစ် ကျင့်သုံးဖို့ အတည်ပြုလိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ၊ အမျိုးသားလွှတ်တော်မှာ ဒီကိစ္စကို အဆို တင်သွင်းခဲ့တဲ့ လွှတ်တော် ကိုယ်စားလည် ဒေါ်ခင်ဝိုင်းကြည် နဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလ ပုလဲမြို့ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလည် ဒေါက်တာ တင့်ဆွေ တို့ နဲ့ ဆက်သွယ်ြ့ပီး ဦးခင်မောင်ညိန်းက တင်ပြထားပါတယ်။
2014-06-09
အခုတစ်ပတ် စကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံ က လယ်မြေအသိမ်းခံရပြီး စားဝတ်နေရေး အခက်ကြုံနေကြရတဲ့ လယ်သမားတွေ ပြဿနာကို သက်ဆိုင်ရာက ဖြေရှင်းပေးဖို့ လိုအပ်နေပုံကို ရန်ကုန်မြို့က တရားရုံးချုပ် ရှေ့နေကြီးတွေဖြစ်တဲ့ ဦးစန်းမောင်နဲ့ ဦးရောဘတ်စန်းအောင် တို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေး တင်ပြထားကြပါတယ်။