သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-12-25
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ- ၂ဝ၁၁ ခုနှစ်အတွင်း မြန်မာနဲ့ ကမ္ဘာတလွှားမှာ ပေါ်ထွက်ခဲ့တဲ့ ထူးထူးခြားခြား အပြောင်းအလဲတွေ အကြောင်းကို အခြေပြု ဆွေးနွေးထားကြပါတယ်။
2011-12-18
အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုပရိယတ္တိ စာသင်တိုက် ကျောင်းထိုင်နာယက ရွှေညဝါဆရာတော်ကို နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့က အရေးယူမှုနဲ့ ပတ်သက်ပြီးဆွေးနွေးထားကြပါတယ်။
2011-12-11
အခုတပတ် ဦးကျော်မင်းထွန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှုနဲ့ ပြည်တွင်း လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်းတွေက သုံးသပ်ကြတဲ့ နိုင်ငံရေး အပြောင်းအလဲ အကြောင်းကို ဆွေးနွေးထားကြပါတယ်။
2011-12-04
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ- မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန် သွားရောက်ပြီး ဆွေးနွေးခဲ့တာတွေနဲ့ ပေါ်ထွက်လာတဲ့ ရလဒ်တွေအကြောင်း အခြေပြု ဆွေးနွေးထားကြပါတယ်။
2011-11-27
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ- မြန်မာနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့ ဆက်ဆံရေး တိုးတက်လာတဲ့ ကိစ္စနဲ့ နောက်ဆုံး ပေါ်ထွက်လာတဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေ အကြောင်းကို အခြေပြု ဆွေးနွေးထားကြပါတယ်။
2011-11-20
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်မှုတွေ ဝေဖန်မှုတွေ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး ဆွေးနွေးထားကြပါတယ်။
2011-11-13
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ- မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေ အပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေ တိုးပွားလာနေတယ် ဆိုတဲ့သတင်းနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို တက်လှမ်းမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေး ဖို့ လိုအပ်တဲ့အကြောင်း ဆွေးနွေးထားကြပါတယ်။
2011-11-06
အခုတပတ် ဦးကျော်မင်းထွန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ အာစီယံ စတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံကို ပိုမို ချဉ်းကပ်ဆက်ဆံလာတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ထားတဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး အခြေအနေအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲဆိုတာကို ဆွေးနွေးထားကြပါတယ်။
2011-10-30
အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ အစိုးရက ရွေးကောက်ပွဲ ဥပဒေပြင်ဆင်ချက် ထုတ်ပြန်တာနဲ့ တပြိုင်နက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပါတီ အသစ်တခုအဖြစ် မှတ်ပုံတင်ဖို့ ဆုံးဖြတ်မှာနဲ့ ပတ်သက်ပြီးဆွေးနွေးထားကြပါတယ်။
2011-10-23
အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေဆဲ နိုင်ငံရေးအကျဉ်းသားတွေ ရဲ့ မိသားစုဝင်တချို့ရဲ့ ခံစားမှုနဲ့ အတွေ့အကြုံတွေကို ဆွေးနွေးထားကြပါတယ်။
2011-10-16
အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ လတ်တလော နိုင်ငံရေး အကျဉ်းသားတချို့ လွတ်မြောက်လာတဲ့ကိစ္စနဲ့ မြစ်ဆုံ ရေကာတာကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးထားကြပါတယ်။
2011-10-09
အပြောင်းအလဲတွေ တွေ့လာနေရတယ် လို့ ပြောဆိုနေကြတဲ့ မြန်မာနိုင်ငံမှာ ပညာရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာတွေမှာတော့ ပြောသံဆိုသံ သိပ်မကြားရသေးဘဲ ရှိနေပါတယ်။ မြန်မာပြည် ပြောင်းလဲချင်တယ်ဆိုရင် ပညာရေး ပြောင်းလဲမှုကို လည်း ဦးစားပေးအဆင့်မှာ ထားရှိသင့်တဲ့အကြောင်း အခုတပတ် တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ဦးသစ်ဆင်းက စီစဉ်ဆွေးနွေး တင်ပြထားပါတယ်။
2011-10-02
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ- လက်ရှိ မြန်မာနိုင်ငံမှာ အကောင်းဘက်ကို ဦးတည်တဲ့ တိုးတက်မှုလမ်းစတွေ ပေါ်ထွက်နေပြီ ဆိုတဲ့ သတင်းတွေကို အခြေပြုပြီး ဆွေးနွေးထားကြပါတယ်။
2011-09-25
အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်၊ NLD ခေါင်းဆောင် ဦးဝင်းတင် နဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာတို့ရဲ့ လက်ရှိ မြန်မာ့နိုင်ငံရေးဆိုင်ရာ ပြောကြားချက်တွေကို နားဆင်ရမှာ ဖြစ်ပါတယ်။
2011-09-18
အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်အဝ ရပြီလားဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားကြပါတယ်။