သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-12-31
အခုတပတ် အစီအစဉ်မှာ ကုန်လွန်တော့မယ့် ၂ဝ၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲတွေနဲ့ လာမည့် ၂ဝ၁၃ နှစ်မှာ မျှော်မှန်းစရာ ကိစ္စရပ်တွေကို ဆွေးနွေးတင်ပြထားပါတယ်။
2012-12-24
အခုတပတ် RFA အဖွဲ့သား ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ ဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံအတွင်း တရားဝင်ရော၊ တရားမဝင်ပါ သွားရောက်အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် မှတ်ပုံတင်ကာလ ပြည့်မြောက်ချိန် နီးလာချိန်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲတွေကို ဆွေးနွေးတင်ပြထားပါတယ်။
2012-12-17
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ဆောင်ရွက်နေကြတဲ့ သံဃာတော်များအနက် မုံရွာ လက်ပန်းတောင်းတောင်မှာ သပိတ်စခန်းပြန်ဖွင့်ခဲ့တဲ့ အရှင် အာလောကနဲ့ ပခုက္ကူမြို့က အရှင်လက္ခဏ တို့က ပါဝင်ဆွေးနွေးထားကြပါတယ်။ ဦးခင်မောင်စိုးက ဆက်လက်တင်ပြပါလိမ့်မယ်။
2012-12-08
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ စတင်ခဲ့တဲ့ ဦးသန့်အရေးအခင်း ကာလအတွင်း ပါဝင်လှုပ်ရှားခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်းတချို့ရဲ့ အတွေ့အကြုံတွေကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက ဆက်လက်တင်ပြပါလိမ့်မယ်။
2012-11-25
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ သမ္မတအိုဘားမားရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ သူပြောကြားခဲ့တဲ့ မိန့်ခွန်းအကြောင်း မြန်မာ့အရေးလှုပ်ရှားသူတွေက ပါဝင်ဆွေးနွေးထားကြပါတယ်။ ဦးခင်မောင်စိုး က စီစဉ်တင်ဆက်ထားပါတယ်
2012-11-20
အခုတပတ် ဦးခင်မောင်ညိန်း တင်ဆက်တဲ့ တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်းအစီအစဉ်မှာ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၉ ရက်နေ့မှာ အမေရိကန်သမ္မတ မစ္စတာ ဘားရက် အိုဘားမား သွားရောက် လည်ပတ်မယ့်ကိစ္စနဲ့ မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး အခြေအနေတို့ကို အခြေပြုဆွေးနွေးထားပါတယ်။
2012-11-04
အခု တပတ် ဦးခင်မောင်ညိန်း စီစဉ်ထုတ်လွှင့်တဲ့ စကားဝိုင်းမှာ သမ္မတ ဦးသိန်းစိန်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ အတည်ပြု ပြဌာန်းလိုက်ပြီး ကမ္ဘာ့ဘဏ်လို အဖွဲ့ကြီးတွေက ချေးငွေ အကူအညီတွေ ပြန်ပေးတော့မယ်ဆိုတာနဲ့ ပတ်သက်ပြီး အခြေပြု ဆွေးနွေး တင်ပြထားပါတယ်။
2012-10-15
မြန်မာနိုင်ငံရဲ့ အနာဂတ် သတင်းမီဒီယာလောက အပေါ် ငွေနဲ့အာဏာရှိသူတွေက သြဇာလွှမ်းမိုးပြီး ချယ်လှယ်ချုပ်ကိုင် နိုင်တဲ့ အလားအလာတွေကို နားဆင်ရမှာဖြစ်ပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
2012-10-08
မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးအတွက် ပကတိ အခြေအနေတွေနဲ့ ဖြေရှင်း အကောင်အထည် ဖေါ်နိုင်မယ့် နည်းလမ်း တချို့ကို နားဆင်ရမှာ ဖြစ်ပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
2012-09-02
အခု တစ်ပတ် တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်းအစီအစဉ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံမှာ ပေါ်ထွက်ခဲ့တဲ့ ဖြစ်ပေါ်ပြောင်းလဲမှု သတင်းတွေနဲ့ ပတ်သက်ပြီး အာအက်ဖ်အေ အဖွဲ့သား ဦးခင်မောင်ညိန်းနဲ့ ဝါရင့် မြန်မာ့အရေး လေ့လာသူ နှစ်ဦးရဲ့ ဆွေးနွေးချက်တွေကို ကြားကြရမှာ ဖြစ်ပါတယ်။
2012-08-25
အခုတပတ် ဦးခင်မောင်ညိန်း တင်ဆက်တဲ့ တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ မြန်မာအာဏာပိုင်တွေက စာပေစိစစ်ရေးလုပ်ငန်း မထားတော့ဘူးဆိုပေမယ့် ကန့်သတ် ချွင်းချက်မှုတွေ ရှိနေသေးတာကြောင့် စာနယ်ဇင်းသမားတွေ လွတ်လပ်စွာ ရေးသား ထုတ်ဝေခွင့်ရရှိဖို့ လှုပ်ရှားနေကြတဲ့ အခြေအနေတွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။
2012-08-18
ပြည်သူ့လွှတ်တော်က တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီသစ်ကို သြဂုတ်လ ၇ ရက်နေ့က ဖွဲ့စည်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရှေ့အလားအလာတွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။
2012-08-11
အခုတပတ် အာအက်ဖ်အေ အဖွဲ့သား ဦးခင်မောင်ညိန်း တင်ဆက်တဲ့ တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လက်ရှိ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှု အခြေအနေတွေနဲ့ ရခိုင်ပြည်နယ် အကြမ်းဖက်မှု အရေးမှာ ပြည်ပ မီဒီယာတွေ အဖွဲ့အစည်း တချို့ရဲ့ အသုံးချခံရမှု အကြောင်းတွေကို အခြေပြု ဆွေးနွေးထားပါတယ်။
2012-08-04
အခု တစ်ပတ် ဦးခင်မောင်ညိန်း တင်ဆက်တဲ့ တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်းမှာ The Voice နဲ့ Envoy ဂျာနယ်တွေ အပိတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိ သတင်း မီဒီယာ လောကအပေါ် အစိုးရရဲ့ ဖိနှိပ်မှုတွေကို ရပ်စဲဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေကို မြန်မာ သတင်းသမားတွေက ရန်ကုန်မြို့မှာ စနေနေ့က ပြုလုပ်ခဲ့ကြပါတယ်။
2012-07-28
အခုတပတ် ဦးခင်မောင်ညိန်း တင်ဆက်တဲ့ တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံအတွင်း မြို့နယ် အနှံ့အပြားမှာ စစ်တပ်နဲ့ စီးပွားရေး ကုမ္မဏီတချို့က လယ်ယာမြေ သိမ်းယူတာခံခဲ့ရပြီး လယ်သမားတွေ အနေနဲ့ ထွန်ယက် စိုက်ပျိုးစရာ မြေမရှိ၊ အလုပ်အကိုင်မရှိနဲ့ စားဝတ်နေရေး အကျပ်တွေ့နေကြရတဲ့ အခြေအနေတွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။