သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-01-26
အခုတပတ် တနင်္ဂနွေ စကားဝိုင်းအစီအစဉ်မှာ ကျောင်းသားကျောင်းသူတွေ ပညာရှာဖွေကြတဲ့အခါ ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့ ဘယ်လိုလိုအပ်ချက်တွေ ရှိသင့်တယ်။ ဒီနိုင်ငံတွေမှာ ဘယ်လိုကျင့်သုံး လုပ်ကိုင်နေတယ်ဆိုတာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ RFA ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တာဖြစ်ပါတယ်။
2013-01-20
အခုတပတ် အာအက်ဖ်အေ အဖွဲ့သား ဦးခင်မောင်ညိန်း စီစဉ် ထုတ်လွှင့်တဲ့ တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ စစ်အစိုးရလက်ထက်က ကြီးပွါးချမ်းသာခဲ့သူ ခရိုနီသူဌေးတွေရဲ့ လှူဒါန်းငွေကို ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ ယူသင့် - မသင့် ဆိုတဲ့ကိစ္စနဲ့ စည်းကမ်းနဲ့ မညီတဲ့ ဆန္ဒပြပွဲတွေအကြောင်းကို အခြေပြု ဆွေးနွေး တင်ပြထားပါတယ်။
2013-01-13
အခုတပတ် တနင်္ဂနွေဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ချမှတ်လုပ်ဆောင်နေပြီလို့ ပြောနေ ဆိုနေကြချိန်မှာ မြန်မာအမျိုးသမီးတွေရဲ့ အခွင့်အလမ်းတွေ ရပိုင်ခွင့်တွေ တိုးတက်ရရှိ လာပြီလားဆိုတဲ့ မေးခွန်းကို အခြေပြုဆွေးနွေးတင်ပြထားပါတယ်။
2013-01-08
အခုတပတ် တနင်္ဂနွေဆွေးနွေးပွဲ စကားဝိုင်းအစီအစဉ်မှာ မြန်မာ့တပ်မတော်က ကချင်ပြည်နယ်က KIA တပ်ဖွဲ့တွေကို လေကြောင်း အကူအညီနဲ့စစ်ဆင်ခဲ့တဲ့ကိစ္စနဲ့ နှစ်ဖက် အပစ်အခတ်ရပ်စဲဖို့ အများက တိုက်တွန်းတောင်းဆိုနေတဲ့ ကိစ္စတွေကို အခြေပြုပြီးဆွေးနွေးထားပါတယ်။