သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-27
အခုတစ်ပတ် ဆွေးနွေးပွဲစကားဝိုင်းအစီအစဉ်မှာ ပြီးခဲ့တဲ့သီတင်းပတ်က လက်ပံတောင်းတောင်ဒေသ မှာ ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းတွေက ခြံစည်းရိုး အတင်းခတ်တာကို ကန့်ကွက်ဆန္ဒပြကြတဲ့ ဒေသ ခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခဖြစ်ပြီး အမျိုးသမီး တစ်ဦး သေဆုံးခဲ့ရတဲ့ အဖြစ်ကို ရန်ကုန်မြို့က တရားရုံးချုပ် ရှေ့နေကြီး ဦးအောင်သိန်းနဲ့ ဦးရောဘတ် စန်းအောင်တို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2014-12-20
ပြီးခဲ့တဲ့ရက်ပိုင်းက မိကျောင်းကန် ပြည်သူတွေရဲ့ သပိတ်စခန်းမှာ အကူအညီပေးနေတဲ့ ကိုဝေဠုကို ဖမ်းဆီးသွားတာနဲ့ တခြာဒေသတွေမှာ အသိမ်းခံ ရတဲ့ လယ်မြေတွေ ပြန်ရရေးအတွက် ဆန္ဒပြလို့ ဖမ်းဆီးထောင်ချခံနေရသူတွေကိစ္စတွေနဲ့ ပတ်သက် ပြီး၊ ၁၉၉ဝ ရွေးကောက်ပွဲက အင်္ဂပူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြဝင်း ၊ ကနေဒါနိုင်ငံ တိုရွန်တိုမြို့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ ဦးညွှန့်လှနဲ့ အမေရိကန်ပြည်ထောင်စု၊ ဖို့ဝိန်းမြို့ က မြန်မာနိုင်ငံ တရားမျှတရေးနဲ့ လူ့အခွင့်အရေး အဖွဲ့က ဦးမြတ်စိုးတို့အတူ ဆွေးနွေးတင်ပြထား ပါတယ်။
2014-12-15
နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေကို ၆ ပွင့်ဆိုင်အစား အဓိက တိုင်းရင်းသား လူမျိုးစုတွေ ပါဝင်နိုင်မယ့် ၁၂ ပွင့်ဆိုင်အဖြစ် ကျင်းပဖို့ ရန်ကုန်တိုင်းနဲ့ စစ်ကိုင်း တိုင်း လွှတ်တော်တို့က တောင်းဆိုထားတဲ့ ကိစ္စကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၊ ၈၈ မျိုးဆက်ပွင့်လင်းလူ့ဘောင် အဖွဲ့က ဦးမြအေးနဲ့ နိုင်ငံရေးလေ့လာသူ စာရေး ဆရာ ဦးစည်သူအောင်မြင့်တို့နဲ့အတူ ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2014-12-06
ဘာသာကူးပြောင်းခြင်း၊ မြန်မာအမျိုးသမီးများ ဘာသာခြားနဲ့ လက်ထပ်ထိမ်းမြားခြင်း စတဲ့အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအတွက် ဥပဒေကြမ်း လေးခု ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ ကန့်ကွက်သူ ထောက် ခံသူ အများအပြားရဲ့ ဝေဖန်ပြောဆိုမှုတွေ ပေါ် ထွက်နေတာနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် NLD ပါတီ ဥက္ကဌ၊ တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်မိုးမိုး နဲ့ ကချင် ငြိမ်းချမ်းရေး ကွန်ရက်က ဒေါ်ခွန်ဂျာတို့ကို ဆက်သွယ်ပြီး RFA အဖွဲ့သား ဦးခင်မောင်ညိန်း က ဆွေးနွေးတင်ပြထားပါတယ်။
2014-11-30
၂၀၁၆ ခုနှစ် လွှတ်တော်မှာ ဆွေးနွေးမယ့် ဖွဲစည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်း အတည်ပြုရေးအတွက် ၂၀၁၅ ခု အတွင်း ပြည်သူ ဆန္ဒခံယူပွဲ ဥပဒေမူကြမ်းကို ရေးဆွဲရေးကိစ္စအပေါ် နားရှုတ်စရာ အခြေအနေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး တရားရုံးချုပ် ရှေ့နေဦးကိုနီ၊ မြန်မာ နိုင်ငံ ရှေ့နေများကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးသိန်းသန်းဦးနဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင့်ဆွေတို့ နဲ့ ဆက်သွယ်ပြီး RFA အဖွဲ့သား ဦးခင်မောင်ညိန်း က ဆွေးနွေးတင်ပြထားပါတယ်။
2014-11-22
ဒီတစ်ပတ် တနင်္ဂနွေစကားဝိုင်း ကျောင်းသားတွေ ရဲ့အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်ပွဲ၊ ဖွဲ့စည်းပုံပြင်ရေးအတွက် လွှတ်တော်ဥက္ကဌနဲ့ သမ္မတတို့အကြား အပြန်အလှန်ပြောဆိုချက်တွေနဲ့ လိုင်ဇာမြို့က ကချင်သင်တန်းကျောင်း တိုက်ခိုက်ခံရ မှှုတွေအပေါ် ဆွေးနွေးပြောဆိုကြတာကို နားဆင် ရမှာပါ။ ဦးခင်မောင်စိုးက တင်ဆက်ထားပါတယ်။
2014-11-16
အမေရိကန်သမ္မတ အိုဘားမားရဲ့ မြန်မာပြည် ခရီးစဉ်အကြောင်း၊ ပြည်သူ့လွှတ်တော်မှာ မဲအများဆုံးရသူ အနိုင်ရစနစ် ဆက်လက်ကျင့်သုံးဖို့ ဆုံးဖြတ်ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ရေး နောက် ဆုံးအခြေအနေနဲ့ အမျိုးသား ပညာရေး ဥပဒေအပေါ် လူငယ်တွေ ကန့်ကွက်ဆန္ဒပြနေကြတဲ့ အကြောင်းတွေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါ်ခင်စန်းလှိုင်၊ ဦးဖြိုးမင်းသိန်း၊ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်အေး တို့ကို ဆက်သွယ်ပြီး ဦးခင်မောင်စိုး က ဆွေးနွေးတင်ပြထားပါတယ်။
2014-11-10
ပြီးခဲ့တဲ့သီတင်းပတ်က သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်တို့ ပြောကြားသွားကြတဲ့စကားတွေနဲ့ ပတ်သက်ပြီး ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှ ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင့်ဆွေနဲ့ မြန်မာ-အမေရိကန် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ BADA ဥက္ကဌ ဦးမောင်မောင်လတ် တို့နဲ့ ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက တင်ပြဆွေးနွေးထားပါတယ်။
2014-11-02
မြန်မာနိုင်ငံမှာ အစိုးရက ဘာပဲလုပ်လုပ် ပြည်သူ လူထုက အယုံအကြည်မရှိ ဖြစ်နေကြတဲ့ အခြေ အနေတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က တရားရုံး ချုပ် ရှေ့နေကြီး ဦးစန်းမောင်နဲ့ ဦးရောဘတ် စန်းအောင်တို့နဲ့ အာရှ လူ့အခွင့်အရေးကော်မရှင် က ရှေ့နေ ဦးမင်းလွင်ဦးတို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2014-10-26
အခြေခံဥပဒေ ပြင်ဆင်နိုင်မယ့် ပုဒ်မ ၄၃၆ ကို မပြင်လိုဘူးလို့ တပ်မတော် လွှတ်တော် ကိုယ်စားလှယ်တွေက ပြောထားကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး တဲ့နောက် မြန်မာ့နိုင်ငံရေးလောကမှာ ဂယက်ရိုက်ခတ်လာပုံတွေနဲ့ ပတ်သက်Nပီး၊ ၁၉၉ဝ ရွေးကောက်ပွဲက NLD လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေ၊ ကနေဒါနိုင်ငံ တိုရွန်တိုမြို့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ ဦးညွှန့်လှနဲ့ အမေရိကန်ပြည်ထောင်စု၊ ဖို့ဝိန်းမြို့က မြန်မာနိုင်ငံ တရားမျှတရေးနဲ့ လူ့အခွင့်အရေးအဖွဲ့က ဦးမြတ်စိုးတို့ ပါဝင်ဆွေးနွေးထားပါတယ်။
2014-10-18
အခုတစ်ပတ်မှာ မြန်မာနိုင်ငံရဲ့ အဓိကမြို့တော် ရန်ကုန်မြို့ကြီးမှာ လူသတ်မှု၊ လူယက်မှု၊ ရမ်းကားမှု စတဲ့ ဒုစရိုက်မှုတွေ တနေ့တခြား များပြားလာနေ တာတွေကို ရဲတပ်ဖွဲ့အနေနဲ့ ထိထိရောက်ရောက် ဟန့်တားဖို့ လိုအပ်နေပုံအကြောင်း တရားရုံး ချုပ်ရှေ့နေကြီး နှစ်ဦးဖြစ်တဲ့ ဦးအောင်သိန်းနဲ့ ဦးကိုနီ တို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက စီစဉ်တင်ပြထားပါတယ်။
2014-10-12
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ပပျောက်ရေးအတွက် မြန်မာနိုင်ငံမှာ ဥပဒေသစ် တစ်ရပ် အမြန်ဆုံးလိုအပ်နေပုံနဲ့ ပတ်သက်ပြီး ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်း အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်နဲ့ ကနေဒါနိုင်ငံ တိုရွန်တိုမြို့က မြန်မာအမျိုးသမီးအရေး လှုပ်ရှားသူ ဒေါ်မော်လီတို့ရဲ့ ရှုမြင်သုံးသပ်ဆွေးနွေး ချက်တွေနဲ့ တင်ပြထားပါတယ်။
2014-10-05
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်ကို လက်မှတ်ထိုးနိုင်မှ ၂ဝ၁၅ ခုနှစ်ရွေးကောက် ပွဲ အောင်မြင်ရေးအတွက် ရေရာသေချာမယ်ဆိုတဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကပြောခဲ့တဲ့ စကားတွေနဲ့ ပတ်သက်ပြီး NLD ပါတီပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နဲ့ NNDP ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်တို့နှစ်ဦးနဲ့ ဆက်သွယ် ပြီး ဆွေးနွေးတင်ပြထားပါတယ်။
2014-09-27
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ရန်ကုန်မြို့မှာ ငါးရက်ကြာ ကျင်းပခဲ့ပြီးတဲ့နောက် အပြီးသတ် လက်မှတ်ရေးထိုးဖို့ လက်လှမ်းမမီသေး တဲ့အကြောင်းနဲ့ ပတ်သက်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် နဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်တို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြ ထားပါတယ်။
2014-09-21
မြန်မာနိုင်ငံက နိုင်ငံခြားသားပိုင် စက်ရုံအလုပ် ရုံတွေမှာ အလုပ်သမားတွေကို အကာအကွယ်ပေး မယ့် စည်းမျဉ်းစည်းကမ်းတွေ ကင်းမဲ့နေလို့ ဆန္ဒပြပွဲတွေ မကြာခဏ ဖြစ်နေရပုံအကြောင်း တရားလွှတ်တော် ဝါရင့်ရှေ့နေကြီး ဦးအောင်သိန်း နဲ့ အာရှလူ့အခွင့်အရေးကော်မရှင် မြန်မာနိင်ငံ တာဝန်ခံ ဦးမင်းလွင်ဦးတို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။