သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-05-24
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ ဖွ့ဲစည်းပုံ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှု၊ ကုလသမဂ္ဂလက်အောက်ခံ ယူနီဆက်အဖွဲ့က ဗိုလ်ချုပ်ဟောင်းတဦးအိမ်ကို တလကို ဒေါ်လာ ၉ သောင်းနီးပါးပေးပြီး ရန်ကုန်မှာ ရုံခန်းဖွင့်ထားမှုစတဲ့အကြောင်းအရာတွေနဲ့အတူ အိမ်နီးချင်း နိုင်ငံတချို့ က နောက်ဆုံးအခြေအနေတွေကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက တင်ဆက်ထားပါတယ်။
2014-05-16
အခုတစ်ပတ် စကားဝိုင်း အစီအစဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး တစ်လျှောက် ယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်ပွါးပြီး လူသေဆုံးမှုတွေ၊ ထိခိုက်ကျိုးပဲ့မှုတွေ ဖြစ်နေကြရတဲ့ အခြေအနေကို ကာကွယ်ဟန့်တားနိုင်ဘို့ ဘယ်လို လုပ်ဆောင်နိုင်မလဲ ဆိုတာကို ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးလုပ်ငန်း၊ အင်ဂျင်နီယာမှူး (မြို့ပြ) ဦိးထင်ကျော် နဲ့ ၁၁၅-မိုင် ကြက်ခြေနီစခန်း တာဝန်ခံ ဒေါ်သန်းသန်းမြင့် တို့ နဲ့အတူ ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြ ထားပါတယ်။
2014-05-12
မြန်မာနိုင်ငံမှာ မျိုးစောင့် ဥပဒေမူကြမ်းနဲ့ သားသမီးမွေးဖွားမှု ထိမ်းချုပ်ရေး ဥပဒေကြမ်း တို့ကိုရေးဆွဲနေတာနဲ့ ပတ်သက်ပြီး ပြောဆိုဝေဖန်မှုတွေအကြောင်းကို အခြေခံဆွေးနွေးထားပြီး၊ ဧည့်သည်တော်တွေအဖြစ် NCGUB ညွန့်ပေါင်းအစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဒေါက်တာတင့်ဆွေနဲ့ မြန်မာသတင်းသမဂ္ဂ ဥက္ကဌ ဒေါက်တာ မောင်မောင်မြင့်တို့ ပါဝင်ဆွေးနွေးထားပါတယ်။
2014-05-04
အခုတစ်ပတ် စကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံ အတွင်း လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေကို တားဆီးနိုင်ဖို့ အမုန်းစကား ပြောဆိုမှုတွေ ဆိတ်သုဉ်းသွားဖို့ လိုအပ်နေကြောင်း စာရေးဆရာ ဘလော့ဂါ ကိုနေဘုန်းလတ် ၊ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုဂျင်မီနဲ့ ဗေဒါသင်တန်းကျောင်း အုပ်ကြီး ကိုမျိုးရန်နောင်သိန်းတို့ရဲ့ ရှုမြင်သုံးသပ် ချက်တွေနဲ့အတူ ဦးခင်မောင်ညိန်းက စီစဉ် တင်ပြထားပါတယ်။