သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-27
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ ၂ဝ၁၅ ခုနှစ် မြန်မာပြည်ရဲ့ထူးခြားလှတဲ့ အခြေအနေတွေ ကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုး က စီစဉ်တင်ဆက် ထားပါတယ်။
2015-12-13
အခုနားဆင်ရမယ့် တနင်္ဂနွေစကားဝိုင်း မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ အဖြစ် ရွေးချယ်နိုင်မယ့်နည်းလမ်းနဲ့ ပြန်ကြားရေး ဝန်ကြီးရဲ့ စာနယ်ဇင်းသမားတွေရင်ဆိုင်ရမယ့် စိန်ခေါ်မှုဆိုင်ရာ ပြောကြားချက်အပေါ်ဝေဖန် သုံးသပ်ချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။ ဒီအပတ်အစီအစဉ်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က စီစဉ်တင်ဆက်ထားပါတယ်။
2015-11-29
အခုတစ်ပတ် အစီအစဉ်မှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည် နယ်တို့က စစ်ပွဲတွေ အရှိန်မြင့်လာတဲ့ အကြောင်းနဲ့ ဖားကန့်ဒေသက စွန်ပစ်မြေစာပုံတွေ အကြိမ်ကြိမ် ပြိုကျတဲ့အကြောင်းတွေကို အခြေခံပြီး ကချင်ပြည်နယ် စည်းလုံးရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အင်ဂျန်းယန်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူနဲ့ ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင်ရ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက် တာတင့်ဆွေ တို့နဲ့ဆက်သွယ်ပြီး RFA ဦးခင်မောင် ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2015-11-15
မြန်မာနိုင်ငံမှာ ကျင်းပပြီးင်္စီးသွားတဲ့ ရွေးကောက်ပွဲနဲ့ အနိုင်ရ NLD ပါတီအနေနဲ့ နောက်ဆက်တွဲ ရင်ဆိုင် သွားရမယ့် လုပ်ငန်းကိစ္စရပ်တွေအကြောင်းကို ရန်ကုန်မြို့က နိုင်ငံရေး အကဲခတ် ပုဂ္ဂိုလ်တွေဖြစ်တဲ့ စာရေးဆရာ ကျော်ဝင်း၊ စာရေးဆရာ ဖေမြင့်နဲ့ သတင်းစာဆရာ စည်သူအောင်မြင့်တို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြ ထားပါတယ်။
2015-11-08
မြန်မာနိုင်ငံမှာ ဒီနေ့ ကျင်းပတဲ့ သမိုင်းဝင်ပါတီစုံဒီမို ကရေစီ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နောက်ဆုံး အခြေအနေတွေ၊ ဂရုပြုသတိထားစရာတွေကို ရန်ကုန် မြို့က နိုင်ငံရေးအကဲခတ်ပုဂ္ဂိုလ် ဒေါက်တာ ရန်မျိုးသိန်း နဲ့ ၁၉၉၀ပြည့် ရွေးကောက်ပွဲ အနိုင်ရ ပုလဲမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာ တင့်ဆွေတို့နဲ့ ဆက်သွယ်ပြီး ဦးခင်မောင်ညိန်း က ဆွေးနွေးထားပါတယ်။
2015-11-01
ရွေးကောက်ပွဲ ကျင်းပဖို့ တစ်ပတ်သာ လိုတော့တဲ့ အချိန်မှာ ပေါ်ထွက်နေတဲ့ သတင်းတွေ အမျိုးမျိုးကို အခြေခံပြီး ငြိမ်းအေးရှေ့ဆောင် ရွေးကောက်ပွဲ ပညာပေးအဖွဲ့ ဒါရိုက်တာ ဦးရဲအောင် ၊ FDB မြန်မာ နိုင်ငံဒီမိုကရက်တစ် အဖွဲ့ နိုင်ငံခြားရေးကော်မတီ ဝင် ဒေါ်ခင်ဥမ္မာနဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်တို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2015-10-18
ရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ ပေါ် ထွက်လာတဲ့ သတင်းတွေအမျိုးမျိုးကို အခြေခံ ပြီး မြန်မာနိုင်ငံရှေ့နေများကောင်စီ တွဲဖက် အတွင်းရေးမှူး ဦးသိန်းသန်းဦး၊ တရားရုံးချုပ် ရှေ့နေ ကြီး ဦးစန်းမောင်နဲ့ စာရေးဆရာ ဦးစိန်မျိုးမြင့် တို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြ ထားပါတယ်။
2015-10-03
နိုဝင်ဘာလ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ မလိုလားတဲ့ပါတီကို ပုတ်ခတ်ပြောဆိုမှုတွေ၊ မဲမပေး ဖို့ လှုံ့ဆော်စာဖြန့်ဝေတာတွေ၊ ဆိုင်းဘုတ်ဖျက်ဆီး တာတွေ ရှိလာတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက် ပြီး Triangle အမျိုးသမီးအဖွဲ့ ဒါရိုက်တာ ဒေါ်ခင်တင့် ( မခင်လေး ) နဲ့ စာရေးဆရာ ဆူးငှက်တို့နဲ့အတူ ဦးခင်မောင်ညိန်း က ဆွေးနွေးတင်ပြထားပါတယ်။
2015-09-27
အခုအခါ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေပြုလုပ်နေ ကြချိန်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလူငယ်တွေ ရဲ့ စိတ်ဝင်စားမှု၊ ပါဝင်ကြိုးပမ်းမှုတွေ အကြောင်းကို အင်အယ်လ်ဒီပါတီ မဲစာရင်းစိစစ်ရေး အဖွဲ့ ဒု-ဥက္ကဌ ကိုမျိုးရန်နောင်သိန်း၊ အမျိုးသား လူငယ်ကွန်ဂရက်စ် အဖွဲ့က မသဉ္ဇာရွှန်းလဲ့ရည်နဲ့ ရန်ကုန်တိုင်းစ် သတင်း စာလူငယ်မီဒီယာသမား စိုင်းထွန်းအောင်လွင်တို့နဲ့ အတူ ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထား ပါတယ်။
2015-09-19
အခုတစ်ပတ် RFA တနင်္ဂနွေ စကားဝိုင်းအစီအစဉ် မှာ လာမယ့် ရွေးကောက်ပွဲဆိုင်ရာ အခြေအနေတွေ နဲ့ ပတ်သက်တဲ့ သုံးသပ်ဝေဖန်ချက်တွေကို ကြားရ မှာပါ။
2015-09-12
အခုတစ်ပတ် အစီအစဉ်မှာ လာမယ့် နိုဝင်ဘာ လ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပေါ်ထွက်နေ တဲ့ ပြင်ဆင်မှုသတင်းတွေ စည်းရုံးဟောပြောမှု သတင်းတွေနဲ့ ပတ်သက်ပြီး ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ တင့်ဆွေနဲ့ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြဝင်းတို့နဲ့ အတူဆက်သွယ်ပြီး ဦးခင်မောင်ညိန်း က ဆွေးနွေးတင်ပြထားပါတယ်။
2015-09-06
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ နိုင်ငံရေးအကျဉ်း သားတွေနဲ့ ရဲဝန်ထမ်းတွေရဲ့ မတူညီတဲ့ဘဝတွေနဲ့ အဲ့ဒီလူတန်းစား နှစ်ရပ်အကြားက ဆက်ဆံရေးတွေ ကို တစေ့တစောင်း နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုး ကစီစဉ်တင်ဆက်ထားပါတယ်။
2015-08-29
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ မကြာခင်ပေါ်ပေါက်လာတော့မယ့် အပစ်ရပ်စဲရေး ၊ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအပေါ် ဦးလှမောင်ရွှေ၊ ဦးဉာဏ်ဝင်းနဲ့ ဦးခွန်ဥက္ကာတို့ရဲ့ ရှုမြင်သုံးသပ်ချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုး ကစီစဉ်တင်ဆက်ထားပါတယ်။
2015-08-22
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ ရေဘေးကယ် ဆယ်ရေးနဲ့ အပစ်အခတ်ရပ်စဲရေး လက်ရှိနိုင်ငံရေး အခြေအနေတွေကို နားဆင်ရမှာဖြစ်ပါတယ်။
2015-08-15
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ ကြံခိုင်ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ သူရဦးရွှေမန်း ထုတ်ပယ်ခံရမှုနဲ့ နောက် ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ အချက်တွေကို နားဆင် ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုး က စီစဉ်တင်ဆက် ထားပါတယ်။