သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-26
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ် အတွင်း မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံရေးအစီ အစဉ် လွဲချော်ခဲ့ရပုံနဲ့ မြန်မာသံရုံးမှာ ရွှေ့ပြောင်း အလုပ်သမား ကူညီသူများ တွေ့ဆုံဆွေးနွေးခဲ့ပုံတွေ အကြောင်းကို ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား ကူညီရေးအဖွဲ့က ကိုရဲမင်းနဲ့ Burma Association Thailand အဖွဲ့က အလုပ်သမား အရေးလှုပ်ရှားသူ မဦးတို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2016-06-19
အများပြည်သူပိုင် ပန်းခြံ၊ အားကစားကွင်း စတဲ့နေရာတွေကို ပြန်လည်ဖော်ဆောင်ပေးဖို့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တွေ က ထောက်ခံဆုံးဖြတ်ခဲ့ကြတာနဲ့ ပတ်သက်ပြီး ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ ပုလဲမြို့နယ် ကိုယ်စားလှယ် ဒေါက်တာ တင့်ဆွေ၊ အမေရိ ကန်နိုင်ငံ BADA မြန်မာ အမေရိကန် ဒီမိုကရက် တစ် မဟာမိတ်အဖွဲ့က ဒါရိုက်တာ ဦးညွန့်သန်းနဲ့ Indiana ပြည်နယ် ဖို့ဝိန်းမြို့ ပြည်သူ့ကျောင်းဆရာ ဦးကျော်သိန်းစိုးတို့ကို ဆက်သွယ်ပြီး ဦးခင်မောင် ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2016-06-11
မြန်မာနိုင်ငံမှာ လူအများစုဟာ စည်းကမ်း တကျ နေထိုင်ပြုမူတာ မရှိတဲ့အတွက် ဆိုးကျိုးတွေ နေရာမလတ် တွေ့နေရပါတယ်။
2016-06-04
၂၁ ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေး ပွဲ ပြင်ဆင်မှု၊ အစိုးရသစ်ရဲ့ လတ်တလော လုပ်ဆောင်မှုတွေနဲ့ ယူရိုငွေ ၈၆ သန်း အရှုပ်တော်ပုံတွေကို နားဆင်ရမှာဖြစ်ပါတယ်။