ရခိုင့်ဦးဆောင်ပါတီ (AFP)
ရခိုင့်ဦးဆောင်ပါတီကို ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဒေါက်တာအေးမောင်က မူလပါတီကနေ နှုတ်ထွက်ပြီး တည်ထောင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒေါက်တာအေးမောင် အဖမ်းခံထားရပြီ ဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေတဲ့ သားဖြစ်သူနဲ့အတူ အယူအဆတူ မိတ်ဆွေတွေက ပါတီဦးဆောင်သူတွေအဖြစ် မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။