၂၀၂၀ ရွေးကောက်ပွဲ


မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးအဆုံးသတ်ဖို့ အကြမ်းမဖက် လှုပ်ရှားမှုနဲ့ နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ပြီးနောက်၊ လွန်ခဲ့တဲ့ငါးနှစ်မှာတော့ သမိုင်းဝင်ရွေးကောက်ပွဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အာဏာရဖို့ ဖြစ်လာခဲ့ပါတယ်။ အခုတခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရ အုပ်ချုပ်မှုအပေါ် လူကြိုက်များ၊ မများ စမ်းသပ်ဦးမယ့် နိုင်ငံတဝန်း ရွေးကောက်ပွဲတွေကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခရီးလမ်းဟာ တကယ်တော့ ကြမ်းတမ်းတဲ့ ခရီးရှည်တစ်ခုပါ။ စစ်တပ်က နိုင်ငံရေး အာဏာကို ဆက်လက် ဆုပ်ကိုင်ထားပြီး ပြုပြင်ပြောင်းလဲရေးကလည်း ကြန့်ကြာနေဆဲပါပဲ။ တိုင်းရင်းသားတွေနဲ့ ပဋိပက္ခတွေကြောင့် တိုင်းပြည်ကို ထိခိုက်ပျက်စီးနေပါတယ်။ တခါ၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်နေသလို၊ လူအများစု ဆင်းရဲနွမ်းပါးမှု ပြဿနာနဲ့ နပန်းလုံး နေကြရတဲ့အတွက် အတိုက်အခံ နိုင်ငံရေးပါတီတချို့က ‌ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းဖို့ တောင်းဆိုနေကြပါတယ်။

ဒီလိုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ NLD ပါတီ နောက်တစ်ကြိမ် အနိုင်ရအောင် စွမ်းဆောင်နိုင်ပါ့မလား။ ဒါမှမဟုတ် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ရှုံးနိမ့်ခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က ပြန်ပြီး အနိုင်ရလာမှာလား။ ဒါမှမဟုတ်၊ အသစ်ပေါ်လာတဲ့ နိုင်ငံရေးပါတီတွေ၊ အထူးသဖြင့် ပြည်နယ်တွေမှာ အခြေစိုက်တဲ့ တိုင်းရင်းသားပါတီတွေက ရွေးကောက်ပွဲမှာ အနိုင်ရလာပြီး ညွန့်ပေါင်းအစိုးရသစ် ပေါ်ပေါက်လာမလား။ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့က အဖြေပေးမှာ ဖြစ်သလို၊ မြန်မာ့ဒီမိုကရေစီ ခရီးရှည်အတွက် နောက်ထပ် သမိုင်းစာမျက်နှာသစ် တစ်ခုလည်း ရုပ်လုံးပေါ်လာမှာ ဖြစ်ပါတယ်။


myanmar election logo pinky

ပြည်သူ့လွှတ်တော်


အမျိုးသားလွှတ်တော်



(မှတ်ချက်။ အချို့မြို့နယ်များတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီး အောက်ပါ မဲဆန္ဒနယ်များအတွက် ရွေးကောက်တင်မြှောက်မည့် လွှတ်တော်ကိုယ်စားလှယ် ရှိမည်မဟုတ်ပါ။)
ပြည်သူ့လွှတ်တော်- ကိုယ်စားလှယ်နေရာ ၃၃၀ အနက် ၁၅ နေရာ (ရခိုင်ပြည်နယ် ၉ နေရာ၊ ရှမ်းပြည်နယ် ၆ နေရာ)
အမျိုးသားလွှတ်တော်- ကိုယ်စားလှယ် ၁၆၈ နေရာအနက် ၇ နေရာ (ရခိုင်ပြည်နယ်)။
ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်များ- ကိုယ်စားလှယ် ၆၇၃ နေရာအနက် နေရာ ၃၀ (ရခိုင်ပြည်နယ် ၂၇ နေရာ၊ ရှမ်းပြည်နယ် ၃ နေရာ)။


လူဦး‌ရေအချက်အလက်ပြ မြေပုံ


ပြည်နယ်/တိုင်း လူဦးရေ မဲပေးခွင့်ရှိသူ ကိုယ်စားလှယ်လောင်း
ကချင်ပြည်နယ် ၁,၆၀၀,၀၀၀ ၈၀၀,၀၀၀ ၅၀၃
ကယားပြည်နယ် ၃၀၀,၀၀၀ ၁၇၀,၀၀၀ ၂၂၅
ကရင်ပြည်နယ် ၁,၄၀၀,၀၀၀ ၈၇၀,၀၀၀ ၂၅၆
ချင်းပြည်နယ် ၅၀၀,၀၀၀ ၂၇၀,၀၀၀ ၂၀၂
မွန်ပြည်နယ် ၂,၀၀၀,၀၀၀ ၁,၄၀၀,၀၀၀ ၂၈၀
ရခိုင်ပြည်နယ် ၃,၀၀၀,၀၀၀ ၁,၀၀၀,၀၀၀ ၃၅၄
ရှမ်းပြည်နယ် ၆,၀၀၀,၀၀၀ ၃,၀၀၀,၀၀၀ ၈၆၆
စစ်ကိုင်းတိုင်း ၅,၂၀၀,၀၀၀ ၃,၈၀၀,၀၀၀ ၅၀၃
ပဲခူးတိုင်း ၆,၀၀၀,၀၀၀ ၃,၄၀၀,၀၀၀ ၅၄၆
မန္တလေးတိုင်း ၆,၁၀၀,၀၀၀ ၄,၁၀၀,၀၀၀ ၃၉၉
တနင်္သာရီတိုင်း ၁,၄၀၀,၀၀၀ ၉၀၀,၀၀၀ ၁၇၈
ဧရာဝတီတိုင်း ၆,၁၀၀,၀၀၀ ၄,၃၀၀,၀၀၀ ၅၀၃
ရန်ကုန်တိုင်း ၇,၀၀၀,၀၀၀ ၅,၀၀၀,၀၀၀ ၇၉၉
မကွေးတိုင်း ၄,၀၀၀,၀၀၀ ၃,၀၀၀,၀၀၀ ၄၀၇
နေပြည်တော် ၁,၀၀၀,၀၀၀ ၆၀၀,၀၀၀ ၄၃



ထင်ရှားသည့် နိုင်ငံရေးပါတီများ





တိုင်းရင်းသားပါတီများ







အပြင်အဆင် - Minh-Ha Le
-------------
ဂရပ်ဖစ် - Vince Meadows
-------------
ဓာတ်ပုံ - AP, AFP, RFA, Reuters
-------------
သတင်းအချက်အလက် - နေရိန်ကျော်၊ သိန်းအောင်
-------------
လွတ်လပ်တဲ့အာရှအသံ RFA က စီစဉ်ထုတ်လုပ်သည်

© 2020 RFA All Rights Reserved.