ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP)

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကို ကရင်တိုင်းရင်းသားအခြေပြု လေးပါတီပေါင်းစည်းပြီး ၂၀၁၈ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ရလဒ် မကောင်းခဲ့တဲ့အတွက် ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ တို့က ပါတီတွေဖျက်သိမ်းပြီး ပူးပေါင်းခဲ့သလို၊ ဖလုံ-စဝေါ်ပါတီ ကတော့ ပါတီမဖျက်ဘဲ ခေါင်းဆောင်တွေပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ပါတီရဲ့နိုင်ငံရေးရည်မှန်းချက်က ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမ,ခံတဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ် ထူထောင်ရေး ဖြစ်ပါတယ်။ လက်ရှိဥက္ကဋ္ဌက မန်းအောင်ပြည်စိုး ဖြစ်ပါတယ်။