မွန်ညီညွတ်ရေးပါတီ (MUP)
မွန်ညီညွတ်ရေးပါတီကို မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနဲ့ မွန်အမျိုးသားပါတီတို့ ပူးပေါင်းပြီး ၂၀၁၉ မှာ တည်ထောင်လိုက်တာဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်စစ်အာဏာသိမ်းပြီး နောက်ပေါ်ပေါက်လာပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ (၅) နေရာအနိုင်ရခဲ့တဲ့ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ကို ၁၉၉၂ ခုနှစ်မှာ စစ်အစိုးရက ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၂ ခုနှစ်မှာ မွန်ဒီမိုကရေစီပါတီ အမည်နဲ့ မှတ်ပုံပြန်တင်ခဲ့ပါတယ်။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကို ၂၀၁၀ ခုနှစ်မှာ တည်ထောင်ထားတဲ့အတွက် ဒေသတွင်းမှာ နှစ်ပါတီဖြစ်နေပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ လေးနေရာသာ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ပိုပြီး အင်အားကြီးတဲ့ မွန်တိုင်းရင်းသားပါတီ တစ်ခုတည်းဖြစ်လာဖို့ ရည်ရွယ်ပြီး မွန်ညီညွတ်ရေးပါတီ အမည်နဲ့ ပူးပေါင်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ပါတီရဲ့ နိုင်ငံရေးရည်မှန်းချက်က အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမ,ခံတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ် ထူထောင်ရေး ဖြစ်ပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း ယှဉ်ပြိုင်ဖို့ပြင် ဆင်နေပါတယ်။ လက်ရှိပါတီ ဥက္ကဋ္ဌက နိုင်တင်အောင် ဖြစ်ပါတယ်။