ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP)
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၀ ခုနှစ်မှာ ပါတီပြန်ပြီး မှတ်ပုံမတင်တဲ့အတွက် ပါတီ အမှုဆောင်အဖွဲ့ဝင်တစ်ဦးက ဦးဆောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာပါဝင်ဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကို တည်ထောင်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်အတွက် တစ်နေရာ အနိုင်ရခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိပါတီဥက္ကဋ္ဌက စိုင်းအိုက်ပေါင်း ဖြစ်ပါတယ်။