ကချင်ဘာသာ ဗီဒီယိုအစီအစဉ်

KIA စခန်းနှစ်ခု ဖယ်ရှားပေးဖို့ ကချင် နယ်လုံဝန်ကြီး သတိပေး

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး မြန်မာနယ်စပ်ကို တရုတ်သံဆူးကာ၊ KIA စခန်းနှစ်ခု ဖယ်ရှားပေးဖို့ ကချင်ပြည်နယ် နယ်လုံဝန်ကြီး သတိပေး၊ ရွေးကောက်ပွဲနီးချိန် ဆွမ်ပရာဘွမ်ကို တပ်လူဦးရေ ထပ်တိုးပို့ စတဲ့သတင်းတွေကို တင်ပြထားပါတယ်။

ကရင်နီဘာသာ ဗီဒီယိုအစီအစဉ်

ရန်ကုန်ကို စေတနာ့ဝန်ထမ်းအဖြစ်သွားတဲ့ ကယားကျန်းမာရေးဝန်ထမ်းများ

"ငြိမ်းချမ်းရေးအတွက် လူငယ်အမျိုးသမီး ကိုယ်စားလှယ်လောင်း" ဆိုတဲ့ သတင်းဆောင်းပါးနဲ့အတူ ရန်ကုန်တိုင်းက ကိုဗစ်လူနာထားတဲ့ ဆေးရုံတွေကို ကူညီအားဖြည့်ဖို့အတွက် ကယားပြည်နယ်က ကျန်းမာရေးဝန်ထမ်း အယောက် ၂၀ က စေတနာ့ဝန်ထမ်းအဖြစ် သွားရောက်ခဲ့တဲ့သတင်းကို တင်ပြထားပါတယ်။

ကရင်ဘာသာ ဗီဒီယိုအစီအစဉ်

ပြန်လည်ရွှေ့ပြောင်းနေထိုင်တဲ့ ကရင်ဒုက္ခသည်တွေရဲ့အခက်အခဲ

ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာသူ နော်မူနော်အတွက် ကုသိုလ်ပြုပွဲ ဦးဆောင်ခဲ့သူတွေကို ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ခေါ်ယူ သတိပေးခဲ့တဲ့ သတင်းနဲ့အတူ ကရင်ပြည်နယ်ကို ပြန်လည် ရွှေ့ပြောင်းနေထိုင်တဲ့ ကရင်ဒုက္ခသည်တွေမှာ အခက်အခဲတွေ ရှိနေတဲ့အကြောင်း သတင်းဆောင်းပါးကို တင်ဆက်ထားပါတယ်။

ချင်းဘာသာ ဗီဒီယိုအစီအစဉ်

ရွေးကောက်ပွဲအတွက် စစ်ပွဲတွေ ရပ်တန့်ပေးဖို့ KACC တောင်းဆို

ရွေးကောက်ပွဲ အတွက် စစ်ပွဲတွေ ရပ်တန့်ပေးဖို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ KACC က တောင်းဆိုလိုက်တဲ့ သတင်း၊ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ယှဉ်ပြိုင်သူပေါင်း ၁၁ ဦး ရှိနေတယ် ဆိုတဲ့ သတင်းနဲ့အတူ NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ပါမောက္ခ ဒေါက်တာအေးအေးငွန်နဲ့ တွေ့ဆုံမေးမြန်းခန်းကို တင်ဆက် ထားပါတယ်။

ရှမ်းဘာသာ ဗီဒီယိုအစီအစဉ်

မူဆယ်မှာ KIA နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်

ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားတွေ မတ်လကတည်းက လူအဝင်အထွက် ပိတ်ထားတဲ့သတင်း၊ ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ စာရင်းကို စက်တင်ဘာလ ၂၀ ရက်နေ့ နောက်ပိုင်း ဒုတိယအကြိမ် ကြေညာပေးသွားမယ့် သတင်း၊ မူဆယ်မှာ KIA နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်လို့ ဒေသခံ ၂၈၀ ကျော် စစ်ဘေးရှောင်နေရတဲ့သတင်း၊ ကပ်ရောဂါကာလ ရှမ်းပြည်မြောက်ပိုင်းက ဒေသခံတွေ စားဝတ်နေရေးအတွက် မီးသွေးဖုတ်၊ မီးသွေးသယ်တဲ့ လုပ်ငန်း လုပ်ကိုင်လာကြတဲ့ သတင်း နဲ့အတူ RCSS/SSA ထိန်းချုပ်လှုပ်ရှားရာ ဒေသအတွင်း ဂိတ်စခန်းချ စစ်ဆေးမှုကို လျှော့ပေါ့ပေးဖို့ တအာင်းအမျိုးသားပါတီက တောင်းဆိုလိုက်တဲ့ အကြောင်း သတင်းဆောင်းပါးကို တင်ဆက် ထားပါတယ်။

မွန်ဘာသာ ဗီဒီယိုအစီအစဉ်

ကိုဗစ်ဒုတိယလှိုင်းနဲ့ ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ

မွန်ညီညွတ်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုး လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့ သတင်းနဲ့အတူ ကိုဗစ် ဒုတိယလှိုင်း ကာလမှာ ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်ဖို့ မသင့်သေးတဲ့ အကြောင်း တင်ပြထားပါတယ်။

ရခိုင်ဘာသာ ဗီဒီယိုအစီအစဉ်

စစ်တွေမြို့မရဲစခန်းကို Lock down ချ

စစ်တွေမြို့မရဲစခန်းကို Lock down ချတဲ့သတင်း၊ အာဏာရ NLD ပါတီ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်တွေ ရခိုင်မှာ ဖျက်ဆီးခံနေရတဲ့သတင်း၊ ရေတပ်ကပစ်လို့ ကျောက်တော်နှင့် ရသေ့တောင်မှာ အရပ်သားတွေ သေဆုံးဒဏ်ရာရမှုရှိတဲ့သတင်းတွေကို တင်ပြထားပါတယ်။ ဆောင်းပါးကဏ္ဍမှာတော့ ရိုဟင်ဂျာတွေရဲ့ ထုတ်ပြန်ချက် ရခိုင်အမတ်တချို့ အကောင်းမြင်တဲ့အကြောင်းကို မြန်မာစာတမ်းထိုးနဲ့ တင်ပြထားပါတယ်။

ဆိုက်တခုလုံးသို့