ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဘဝအတွေ့အကြုံနဲ့ အတွေးအခေါ်တွေကို အမေး အဖြေကဏ္ဍအဖြစ် နားဆင်နိုင်အောင် “ဒီမိုကရေစီခရီး ကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ် ကို နှစ်ပတ်တစ်ကြိမ် တင်ဆက် ခဲ့ပါတယ်။ RFA အဖွဲ့ သား ဦးခင်မောင်စိုးက တင်ဆက်တာဖြစ်ပြီး စိတ်ဝင်စားသူများ နားဆင်နိုင်ဖို့ မှတ်တမ်းအဖြစ် ဖေါ်ပြထားပါတယ်။
dassk-622.jpg ဒေါ်အောင်ဆန်းစုကြည်နှင့် အမေးအဖြေကဏ္ဍ
Photo: RFA

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဘဝအတွေ့အကြုံ နဲ့ အတွေးအခေါ်တွေကို အမေး အဖြေကဏ္ဍအဖြစ် နားဆင်နိုင်အောင် “ဒီမိုကရေစီခရီး ကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ် ကို နှစ်ပတ်တစ်ကြိမ်  တင်ဆက် ခဲ့ပါတယ်။  RFA အဖွဲ့ သား ဦးခင်မောင်စိုးက တင်ဆက်တာ ဖြစ်ပြီး စိတ်ဝင်စားသူများနားဆင်နိုင်ဖို့ မှတ်တမ်းအဖြစ် ဖေါ်ပြထားပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က လက်ရှိကျင်းပနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို အသိအမှတ်ပြုတဲ့ ညီလာခံမျှသာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ဦးခင်မောင်စိုး တင်ဆက်တဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာနားဆင်ပါ။

ဇန်နဝါရီလ ၁၄ ရက်
အသံဖိုင်ယူရန်


ဒီအပတ် အစီအစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူတို့ပါတီဝင် လွှတ်တော်အမတ်တွေအနေနဲ့ တလုံးတခဲတည်း နိုင်ငံရေးပင်စင်ချီးမြှင့်ငွေတွေကို နိုင်ငံ့အကျိုးအတွက် လှူဒါန်းမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ဦးခင်မောင်စိုး တင်ဆက်တဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

ဒီဇင်ဘာလ ၃၁ ရက်
အသံဖိုင်ယူရန်


ဒီအပတ် အစီအစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က တွေ့ဆုံပွဲဟာ တိုင်းပြည်အတွက် အကျိုးရလဒ်ကြီးမားတဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာလ ၁ဝ ရက်
အသံဖိုင်ယူရန်


ဒီအပတ် အစီအစဉ်မှာ အစိုးရအဖွဲ့သစ် ဖွဲ့တဲ့အခါကျရင် NLD ပါတီဝင် မဟုတ်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေလည်း ပါဝင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ တခြားကိစ္စရပ်တွေအပေါ် အမြင်တွေကို ဒေါ်အောင်ဆန်းစုကြည် က ပြောကြားထားပါတယ်။

နိုဝင်ဘာလ ၂၆ ရက်
အသံဖိုင်ယူရန်


ဦးခင်မောင်စိုး စီစဉ်တင်ဆက်တဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ ရွေးကောက်ပွဲမှာ ၇ဝ% အနိုင်ရနေပြီဖြစ်ပြီး အစိုးရဖွဲ့ရေးကို အရင်ဆုံးဆောင်ရွက်မယ့်အကြောင်း နားဆင်ရမှာဖြစ်ပါတယ်။ အစီအစဉ်ကို နားဆင်ပါ။

နိုဝင်ဘာလ ၁၂ ရက်
အသံဖိုင်ယူရန်


ဦးခင်မောင်စိုး စီစဉ်တင်ဆက်တဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ လာမယ့်ရွေးကောက်ပွဲနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် သဘောထားတွေကို နားဆင်ရမှာဖြစ်ပါတယ်။ အစီအစဉ်ကို နားဆင်ပါ။

အောက်တိုဘာလ ၂၉ ရက်
အသံဖိုင်ယူရန်


ဦးခင်မောင်စိုး စီစဉ်တင်ဆက်တဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို နားဆင်ပါ။

အောက်တိုဘာလ ၈ ရက်
အသံဖိုင်ယူရန်


ဦးခင်မောင်စိုး စီစဉ်တင်ဆက်တဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို နားဆင်ပါ။

စက်တင်ဘာလ ၂၄ ရက်
အသံဖိုင်ယူရန်


ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ ရွေးကောက်ပွဲ၊ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ Failed Law တွေနဲ့ပတ်သက်ပြီး နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုး ကစီစဉ်တင်ဆက်ထားပါတယ်။

စက်တင်ဘာလ ၁ဝ ရက်
အသံဖိုင်ယူရန်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အကြား အပစ်အခတ်ရပ်စဲရေးစာချုပ်ကို အမြန်ဆုံးလက်မှတ် ရေးထိုးကြစေချင်တယ်လို့ RFA ကိုပြောကြားလိုက်ပါတယ်။

သြဂုတ်လ ၂၇ ရက်
အသံဖိုင်ယူရန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရေဘေးကယ်ဆယ်ရေး၊ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ ကိုယ်စား လှယ်လောင်းအဖြစ် မပါဝင်တဲ့ကိစ္စနဲ့ တပ်မတော်အရာရှိတွေ အရပ်ဖက်တာဝန်ပေးတဲ့ ပြဿနာစတာတွေကို နားဆင်ရမှာဖြစ်ပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုး က စီစဉ်တင်ဆက်ထားပါတယ်။

သြဂုတ်လ ၁၃ ရက်
အသံဖိုင်ယူရန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က မြန်မာပြည်သူလူထုအနေနဲ့ ပြောင်းလဲမှုတွေကို မြင်တွေ့လိုနေကြပြီလို့ ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။ ဦးခင်မောင်စိုး က စီစဉ်တင်ဆက်ထားပါတယ်။

ဇူလိုင်လ ၃ဝ ရက်
အသံဖိုင်ယူရန်


ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့်ရွေးကောက်ပွဲမှာ သူတို့ပါတီအနေနဲ့ နေရာတိုင်းမှာအနိုင်ရအောင် ကြိုးစားမှာဖြစ်ပြီး အဲဒီလို အနိုင်ရတဲ့အခါ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဦးစားပေးကိစ္စတစ်ရပ်အဖြစ် ဆက်လက်လုပ်ဆောင်မယ်လို့ ပြောကြားလိုက်ပါတယ်။

ဇူလိုင်လ ၁၆ ရက်
အသံဖိုင်ယူရန်


ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ ရခိုင်ပြည်နယ် ပြဿနာ အဖြေရှာရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး ကိစ္စတွေကို နားဆင်ရမှာဖြစ်ပါတယ်။

ဇူလိုင်လ ၂ ရက်
အသံဖိုင်ယူရန်


ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ တရုတ်ပြည်ခရီးစဉ်နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားတွေကို နားဆင်ရမှာဖြစ်ပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

ဇွန်လ ၁၈ ရက်
အသံဖိုင်ယူရန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ခြောက်ပွင့် ဆိုင်တွေ့ဆုံပွဲနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် စိတ်အားထက်သန်ပုံမရဘူးလို့ ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

မေလ ၂၁ ရက်
အသံဖိုင်ယူရန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်မှာ လာဘ်ပေးလဘ်ယူမှုတွေ ကြီးမားနေတာနဲ့ ပတ်သက်ပြီး ဘယ်လိုနည်းနဲ့ ပေးသည်ဖြစ်စေ အကျင့်ပျက်ခြစားမှုမှန်သမျှ လက်မခံနိုင်ဘူးလို့ မနေ့က ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

မေလ ၇ ရက်
အသံဖိုင်ယူရန်


မြန်မာအစိုးရအနေနဲ့ တိုင်းပြည်အကျိုး တကယ်လုပ်ဆောင်နေတယ်ဆိုရင် Podesta Group လို့ခေါ်တဲ့ အမေရိကန် စည်းရုံးရေးလုပ်ငန်းတစ်ခုကို ငှားရမ်းဖို့မလိုဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

ဧပြီလ ၂၃ ရက်
အသံဖိုင်ယူရန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန် ဦးဆောင်ပြီး မနက်ဖန်ကျင်းပမယ့် နိုင်ငံရေးခေါင်းဆောင် ခြောက်ဦးဆွေးနွေးပွဲကို ကြိုဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဦးခင်မောင်စိုး တင်ဆက်တဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

ဧပြီလ ၉ ရက်
အသံဖိုင်ယူရန်


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲကို အမြန်ဆုံးပြုလုပ်ဖို့ စီစဉ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင်က ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

မတ်လ ၂၆ ရက်
အသံဖိုင်ယူရန်


မြန်မာအစိုးရ ဖွဲ့စည်းခဲ့တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေဟာ အကျိုးထိရောက်မှုမရှိဘူးလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

မတ်လ ၁၂ ရက်
အသံဖိုင်ယူရန်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအတွက် ကောင်းမွန်သင့်တော်ပြီး လက်တွေ့ကျတဲ့ ပညာရေးဥပဒေတစ်ခုပေါ်ပေါက်အောင် ပါဝင်ကြိုးစားမယ်လို့ ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

ဖေဖော်ဝါရီလ ၂၆ ရက်
အသံဖိုင်ယူရန်


ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့အခမ်းအနားဟာ မိမိဖခင်ကို ထိုက်တန်စွာ ဂုဏ်ပြုတာဖြစ်တဲ့အတွက် ဝမ်းသာပီတိဖြစ်ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ဦးခင်မောင်စိုး စီစဉ်တင်ဆက်တဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

ဖေဖော်ဝါရီလ ၁၂ ရက်
အသံဖိုင်ယူရန်


ကျောင်းသားတွေရဲ့ ပညာရေးဥပဒေဆန့်ကျင် ချီတက်ပွဲနဲ့ လောကမှာ မိတ်ဆွေကောင်းရှိခြင်းရဲ့ အကျိုးရလာဒ်စတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်တွေကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

ဇန်နဝါရီလ ၂၉ ရက်
အသံဖိုင်ယူရန်


လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့ သမ္မတအိမ်တော်မှာကျင်းပမယ့် နိုင်ငံရေးပါတီပေါင်းစုံဆွေနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာဖြစ်ပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

ဇန်နဝါရီလ ၉ ရက်
အသံဖိုင်ယူရန်


မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်း သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး အမျိုးသမီးတစ်ဦးကို ဘယ်လိုအခြေအနေမျိုးမှာမှ အခုလိုပစ်ခတ်ရန် အကြောင်းတစုံတရာ မရှိပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

ဒီဇင်ဘာလ ၂၅ ရက်
အသံဖိုင်ယူရန်


ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ၁၂ ပွင့်ဆိုင်ဆွေးနွေးဖို့ ဆုံးဖြတ်တောင်းဆိုလိုက်တာဟာ ဆွေးနွေးပွဲအစစ်အမှန်တွေ ပေါ်ထွန်းရေးကို အနှောင့်ယှက်ပြုတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်
အသံဖိုင်ယူရန်


ခြောက်ပွင့်ဆိုင်ဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်တောင်းဆိုခဲ့တာကို ထောက်ခံတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၂၇ ရက်
အသံဖိုင်ယူရန်


လာမယ့်ရွေးကောက်ပွဲတွေမှာ မဲအများဆုံးရသူ အနိုင်ယူစနစ် ဆက်လက်ကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့တာဟာ ပြည်သူ့လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို တိုးတက်မြင့်မားစေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၁၅ ရက်
အသံဖိုင်ယူရန်


တချို့သောလူပုဂ္ဂိုလ်များဟာ အမြဲတမ်းလုပ်နေတဲ့ အမှားကို အမှန်လို့သာ ယုံကြည်နေကြတဲ့အတွက် ဘယ်တော့မှ ပြင်မှာမဟုတ်တော့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာလ ၃၁ ရက်
အသံဖိုင်ယူရန်


၂ဝ၁၅ ရွေးကောက်ပွဲတွေကို မူလသတ်မှတ်ကြေညာထားတဲ့အတိုင်း ကျင်းပပေးခြင်းမရှိဘူးဆိုရင် မြန်မာအစိုးရရဲ့ ဒီမိုကရေစီပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ အမှန်တကယ်တိုးတက်မှုမရှိဘူးလို့ မှတ်ချက်ချရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာလ ၉ ရက်
အသံဖိုင်ယူရန်


လယ်သိမ်း ယာသိမ်းကိစ္စရပ်တွေမှာ ပြေလည်မှု မရရှိပဲ မြေယာသိမ်းခံရတဲ့ လယ်သမားတွေသာ ထောင်ဒဏ် ကျခံနေရတာတွေဟာ အုပ်ချုုပ်ရေးပိုင်းက စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

စက်တင်ဘာလ ၁၁ ရက်
အသံဖိုင်ယူရန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တစ်ဦးနဲ့ တစ်ဦး ရည်ရွယ်ချက်တူမယ်ဆိုရင် အမြင်မတူတာကို ညှိလို့ရတယ်လို့ ပြောကြားလိုက်ပါတယ်။

သြဂုတ်လ ၂၈ ရက်
အသံဖိုင်ယူရန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အပစ်အခတ်ရပ်စဲရေး အပါအဝင် လက်ရှိ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သူ့အနေနဲ့ ပါဝင်ဆောင်ရွက်ဖို့ အဆင်သင့်ရှိကြောင်း ထပ်မံပြောကြားလိုက်ပါတယ်။

သြဂုတ်လ ၁၄ ရက်
အသံဖိုင်ယူရန်


ရန်ကုန်မြို့က ဟိုတယ်တစ်ခုမှာ လာရောက်တည်းခိုသူတွေကို ဝန်ထမ်းတွေ ဒူးထောက် ကြိုဆိုဖို့ သင်ကြားပို့ချခဲ့တာဟာ မြန်မာ့ယဉ်ကျေးမှှုနဲ့ လုံးဝဆန့်ကျင်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။

ဇူလိုင်လ ၃၁ ရက်
အသံဖိုင်ယူရန်


လျှပ်စစ်ကြိုးပြတ်ကျတဲ့အတွက် ဓါတ်လိုက်သေဆုံးမှှုတွေ ဆက်တိုက်ပေါ်ပေါက်နေတာနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးကို ထိထိရောက်ရောက် အရေးတကြီး ဆောင်ရွက်ဖို့လိုနေပြီလို့ ဒေါ်အောင်ဆန်းစုကြည် ကပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

ဇူလိုင်လ ၁၇ ရက်
အသံဖိုင်ယူရန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးမှာ ဖြစ်ပွားနေတဲ့ဆူပူမှှုတွေနဲ့ ပတ်သက်ပြီး ကွန်ပြူတာအင်တာနက် သုံးစွဲသူတွေနဲ့ ကောလာဟလဖြန့်ချိသူတွေရဲ့ တာဝန်မဲ့မှှုအပေါ် ပြစ်တင် ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် အစိုးရက ဒေသခံလူထု လုံခြုံရေးအတွက် အချိန်မီ ထိထိရောက်ရောက် အရေးယူဖို့လိုကြောင်းလည်း ပြောပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

ဇူလိုင်လ ၃ ရက်
အသံဖိုင်ယူရန်


“ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်”

အစီအစဉ် ၅၇  ( ဇွန်လ  ၁၈ ရက် ၂ဝ၁၄)

ဒေါ်အောင်ဆန်းစုကြည်။ ဟယ်လို။

ခမစ။ အမရေ- ကျနော် ခင်မောင်စိုးပါ။ မင်္ဂလာမွေးနေ့ပါ အမ။

ဒေါ်စု။ ကျေးဇူးတင်ပါတယ်ကိုခင်မောင်စိုး။

ခမစ။ ဒီမွေးနေ့မှာ အမ စိတ်ထဲပေါ်ပေါက်နေတဲ့ အတွေးတခုလောက် ကျနော်တို့ပြောပါလား အမရေ။

ဒေါ်စု။ သြော်- မွေးနေ့တွေကိုလေ အမှန်ပြောလို့ရှိရင်သိပ်ပြီးထူးထူးခြားခြားလို့ မမြင်တော့ဘူး။ မွေးနေ့တွေက များခဲ့ပြီကိုး။ ဒီနေ့ပြောရမယ်ဆိုရင် မွေးနေ့အနေနဲ့သိပ်မစဉ်းစားပါဖူး။ ဒါပေမဲ့ ဒီနှစ်အနေနဲ့ကတော့ နိုင်ငံရေးအရ အရေးကြီးတယ်ဆိုတာတော့ အစထဲက ကိုခင်မောင်စိုးကို အမပြောထားဘူးတယ်လေ၊ ၂၀၁၄ ခုနှစ်က အရေးကြီးတာ။ အမတို့ကတော့ ကိုယ်ချထားတဲ့ လုပ်ငန်းစဉ်တွေကို တခုပြီးတခု စနစ်တကျလုပ်သွားမှာဘဲ။ အခု လုပ်စရာတွေကလဲ အများကြီးဘဲပေါ့နော်။ တကယ်တော့ NLD ကို စပြီးထူထောင်တာဟာ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးအတွက်ဆိုပြီး ထူထောင်ခဲ့တာပဲ။ အဲဒီတော့ ခု စစ်မှန်တဲ့ဒီမိုကရေစီရရှိရေးအတွက် ပြုပြင်ပြောင်းလဲသင့်တဲ့ ကိစ္စတွေ လုပ်သင့်တာတွေ ဖယ်သင့်တာတွေ၊ ဒါတွေက အမတို့ ကြိုးစားပြီး လုပ်ရမှာ ဖယ်ရမှာပေါ့။

ခမစ။ ဟုတ်ကဲ့- အမရေ။ ပီနန်ဆရာတော်ကို အရင်အစိုးရလက်ထက်မှာ တရားဝင်လှူဒါန်းခဲ့တဲ့ သန္တိသုခ ကျောင်းတိုက်ကို ဇွန် ၁ဝ ရက်နေ့ည သန်းကောင်ယံမှာ အာဏာပိုင်တွေ ဝင်စီးတယ်။ သံဃာနဲ့ လူတွေကို ဖမ်းဆီးသွားခဲ့တယ်။ အဲဒီလို ဖမ်းဆီးရာမှာ မဟန က တခြားမြိုနယ်တွေက သံဃာအမြောက်အများကို ခေါ်ယူပြီး အသုံးချတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ သံဃာတွေထဲက ၅ ပါးကို လူဝတ်လဲပြီး အင်းစိန်ထောင်ပို့တယ်။ နောက် အဲဒီဆရာတော်တွေကို သာသနာ ညိုးနွမ်းစေမှုနဲ့ တရားစွဲထားတယ်။ အခုလို ကိုင်တွယ်ဖြေရှင်းပုံကို အမ ဘယ်လိုမြင်ပါသလဲခင်ဗျ။

ဒေါ်စု။ အရင်တုန်းကလုပ်တဲ့ပုံစံမျိုး ပြန်ပြီးတော့ သတိရစေတာပဲ။ ဒါဟာ အခု ဒီမိုကရေစီဖက်သွားနေပါတယ် ဆိုတဲ့အချိန်မှာ ဒီလိုမလုပ်သင့်ဘူးလေ။ နောက်ပြီးတော့ အဲဒီလို အထူးသဖြင့် ညကြီးသန်းခေါင် ဝင်၊ ဝင်စီးတာဟာ မလုပ်သင့်တဲ့ကိစ္စပဲ။ မှန်ကန်တဲ့အလုပ် လုပ်တယ်ဆိုလို့ရှိရင် လူမြင်ကွင်းမှာ လုပ်ရဲရမှာပေါ့။

ခမစ။ ဒီလိုပြသနာမျိုးမှာ အမတို့ တရားဥပဒေစိုးမိုးရေးကော်မတီ အနေနဲ့ တစုံတရာ ဝင်ရောက်ဆောင်ရွက် နိုင်တဲ့ အနေအထားမရှိဖူးလား ခင်ဗျ။

ဒေါ်စု။ တရားဥပဒေစိုးမိုးရေးကော်မတီက အစိုးရမဟုတ်ဘူးလေ- သင့်တော်တာ မသင့်တော်တာ၊ လုပ်သင့်တာ မလုပ်သင့်တာ ဒါတွေသာ ပြောနိုင်တာပဲ။ တကယ်တော့ တရားဥပဒေစိုးမိုးရေးအတွက် တကယ်ဆောင်ရွက်ရမှာက အစိုးရက ဆောင်ရွက်ရမှာ။ တရားဥပဒေစိုးမိုးရေးကော်မတီရဲ့ တွေ့ရှိချက်တွေအရ အစိုးရက တကယ်ပဲ တရားဥပဒေစိုးမိုးရေး လိုချင်တယ်ဆိုရင် ဆောင်ရွက်ရမှာပေါ့။ မဆောင်ရွက်ရင်တော့ ဒါ မလိုချင်လို့ဘဲလို့ ဒီလိုဘဲစဉ်းစားရမှာပေါ့။

ခမစ။ ဟုတ်ကဲ့ ဒီကိစ္စမျိုးမှာ တရားဥပဒေစိုးမိုးရေးဖက်ကနေကြည့်ရင် ဘယ်လိုရှိတယ်ဆိုတာမျိုးကို အမတို့ အဖွဲ့က ကိုင်တွယ်စုံစမ်းတာမျိုးကော မဖြစ်နိုင်ဖူးလား ခင်ဗျ။

ဒေါ်စု။ ဒါကတော့ ဒီအဖွဲ့က ဒီလိုလုပ်လေ့လုပ်ထမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရားစီရင်ရေးနဲ့ ပတ်သက်လို့ပေါ့နော် အမှားတွေဘာတွေ ဖြစ်လို့ရှိရင် ဒီ အသနားခံစာတို့ တိုင်စာတို့ ဘာတို့ လက်ခံတဲ့ကော်မတီတခုက သပ်သပ်ရှိတယ်လေ။ ဒါပေမဲ့ တရားဥပဒေ စိုးမိုးဖို့အတွက် တတိုင်းပြည်လုံးမှာ အခြေအနေနဲ့ပတ်သက်လို့ကတော့ အမတို့ရဲ့ကော်မတီက ကိုင်တွယ်ရမဲ့ကိစ္စပေါ့။ ဒီဟာက တရားဥပဒေ စိုးမိုးရေးနဲ့ ကိုက်ညီလား မကိုက်ညီဘူးလားဆိုတာ ပထမဦးဆုံး ဥပဒေပညာရှင်တွေက သုံးသပ်ရမှာဖြစ်ပါတယ်။

ခမစ။ ဒီကိစ္စအတွက် အစိုးရကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်သမ္မတရုံး အကြံပေး ဦအံံ့မောင် က သတင်းထောက်တွေကို ခင်ဗျားတို့မကြေနပ်ရင် ကြိုက်တဲ့နေရာ သွားတိုင်လို့ ပြောတယ် အမ ရဲ့။ မိမိရဲ့ ရာထူး ဂုဏ်သိက္ခာနဲ့ မကိုက်ညီတဲ့ ဒီလို စကားမျိုးတွေပြောကြတာကိုကော အမ ဘယ်လိုယူဆပါသလဲ ခင်ဗျ။

ဒေါ်စု။ ဒါ အရင်တုန်းကအလေ့အကျင့်တွေ မပျောက်သေးလို့ဘဲလို့ ဒီလိုဘဲ စဉ်းစားရမှာပေါ့။

ခမစ။ ပြည်ထောင်စုလွတ်တော် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီက ပုဒ်မ ၅၉ (စ) ကိုမပြင်ဖူးလို့ ဇွန်လ ၆ ရက်နေ့ကဆုံးဖြတ်ခဲ့တယ်လို့ကြားရပါတယ်။ အဲဒီလို ဆုံးဖြတ်ချက်ကို အမ ဘယ်လိုမြင်သလဲ ခင်ဗျ။

ဒေါ်စု။ ဒါကလဲ သိပ်ပြီးတော့ ထူးဆန်းတာမဟုတ်ပါဘူး။ ကော်မတီမှာပါတဲ့ အဖွဲ့ဝင်တွေက ဘယ်ပါတီတွေ ဘယ်အဖွဲ့တွေကလဲဆိုတာ ကိုခင်မောင်စိုးတို့ သိပြီးသားပဲဟာ။

ခမစ။ အဲဒီတော့ အရေးကြီးတဲ့ကိစ္စတခုကို ဒီလူ ၃၁ ဦးပါတဲ့အဖွဲ့တခုက ဆုံးဖြတ်တယ်ဆိုတာကျတော့ကော- ဘယ်လောက်။

ဒေါ်စု။ သူတို့ဆုံးဖြတ်မှာမဟုတ်ပါဘူး။ ဒီဟာက လွှတ်တော်ကိုတင်မယ်လေ။ သူတို့ရဲ့အစီရင်ခံစာကိုတင်မယ်၊ နောက်ဆုံးကျတော့ လွှတ်တော်ကဘဲ ဆုံးဖြတ်ရမှာပေါ့။

ခမစ။ လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ရာမှာ PR ခေါ် အချိုးကျကိုယ်စားပြုစံနစ်ကို ကျင့်သုံးဖို့ အမျိုးသားလွတ်တော်က ဇွန်လ ၁၁ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တာကိုကော အမ ဘယ်လိုသုံးသပ်ပါသလဲ ခင်ဗျ။

ဒေါ်စု။ အဲဒါကတော့ တော်တော်ပဲ၊ ဒါမသင့်တော်ဘူးလို့တော့ အမတို့ NLD က သုံးသပ်တယ်လေ။ NLD ကလည်း ဒါကို ကန့်ကွက်တယ် လက်မခံဘူး။ ဒီလို PR စနစ်ကိုပြောင်းချင်တဲ့အကြောင်းကလည်း ဘာမှခိုင်ခိုင်မာမာ မရှိဘူး။ အမှန်ပြောရလို့ရှိရင် ဒီ ကြားဖြတ်ရွေးကောက်ပွဲပြီးမှဘဲ ဒီ PR အကြောင်း ပြောကြတာပါ။ အရင်တုန်းက လုံးဝတောင်မှမပြောဘူး။

ခမစ။ အဲဒီတော့ ဒီစံနစ်က အမရာ- အလွယ်တကူ အင်္ဂလိပ်စကားလုံး တိုက်ရိုက်ပြန်လိုက်တာကတော့ အချိူးကျ ကိုယ်စားပြု စံနစ်ဆိုတော့ ခေါင်းစဉ်ကြည့်ရတာကတော့ လှသလိုပဲ။ ဒါပေမယ့် တကယ်တန်းပြောမယ်ဆို သူက အမျိုးအစား ကလည်း တခုတည်းမဟုတ်ဖူးဆိုတော့ အဲဒါ အတော်ရှုပ်ထွေးတယ် အမ။

ဒေါ်စု။ ဟုတ်တယ် အဲဒါသိတယ်။ ဒီဟာက Proportional Representation ဆိုတာ အမျိုးမျိုးရှိတယ်။ နောက်ပြီးတော့ ဒီဟာတွေကလဲ ရှုတ်ထွေးတယ်။ ဟို အမတို့နိုင်ငံမှာဆိုရင် ရိုးရိုးရွေးကောက်ပွဲပေါ့နော်- မဲအများစုရတဲ့သူ မဲအများဆုံးရတဲ့ကိုယ်စားလှယ် နိုင်တဲ့ ရွေးကောက်ပွဲမျိုးတောင် ဘယ်နှစ်ခါလုပ်ဖြစ်လို့လဲ- မှန်မှန်ကန်ကန် နဲ့ လွတ်လွတ်လပ်လပ် နဲ့ မျှမျှတတ ဘယ်နှစ်ခါလုပ်ဖူးလို့လဲ။ နောက်ပြီးတော့လည်း ဒီလို စနစ်တခုကို ပြောင်းတယ်ဆိုရင် လက်ရှိစနစ်က အလုပ်မဖြစ်ဘူးဆိုတာပေါ်လွင်မှ ပြောင်းဖို့လိုပါတယ်။ မလိုဘဲနဲ့ အလကားသက်သက် ပြောင်းချင်တိုင်း ပြောင်းနေလို့ ဘယ်ဖြစ်မလဲ။ အမတို့ ပညာရေးစမ်းသပ်မှုစနစ်ကြောင့် မို့လို့ ဒီ မြန်မာနိုင်ငံက ပညာရေး အဆင့်အတန်း ဘယ်လောက် ကျဆင်းသွားလဲ။ အဲလို စမ်းသပ်ပြီးတော့ ပြောင်းချင်တိုင်းပြောင်း၊ ဒါမှမဟုတ် တခြားရည်ရွယ်ချက်ကြောင့်မို့လို့ ပြောင်းချင်တိုင်းပြောင်း၊ မလိုအပ်ဘဲနဲ့ ပြောင်းတဲ့ဟာတွေက ဘယ်လိုမှ ဒီနိုင်ငံကို အကျိုးမပြုနိုင်ဖူး။ ဒီမိုကရေစီကိုလည်း အကျိုးမပြုနိုင်ပါဖူး။

ခမစ။ ဟုတ်တယ် အမ။ အမ ပညာရေးစံနစ်အကြောင်းပြောတော့ အမှတ်အနည်းအများပေါ်မူတည်ပြီး အများဆုံးရတဲ့သူတွေ ဆေးတက္ကသိုလ်သွား၊ ဒုတိယအများဆုံးတွေ စက်မှုတက္ကသိုလ်သွား၊ နောက်ပညာရေး တက္ကသိုလ်၊ စီးပါွးရေး အဲဒီလိုလုပ်လိုက်တဲ့အခါကျတော့ လူတွေမိမိဝါသနာပါတဲ့နေရာ မိမိမရောက်၊ သူနဲ့သင့်တော်တဲ့ကျောင်းမဟုတ်ပဲ သွားတက်၊ အဲဒါမျိုးတွေ တိုင်းပြည်အတွက်လည်း ကျနော်မြင်တာ အကျိုးမရှိဖူး။ ကျန်တဲ့သူတွေမှာလည်း အင်မတန် သိမ်ငယ်စိတ်ဝင်စေတယ် အမရယ်။ ဒါလည်း အခုအဲလိုပဲ ထပ်ပြီးစမ်းသပ်တယ်ဆိုတာမျိုး ဖြစ်နေတာပေါ့နော်။

ဒေါ်စု။ အင်း စမ်းသပ်ရုံတင်မကဘူး အမကတော့ မှန်မှန်ပြောရလို့ရှိရင် ဒါ နိုင်ငံရေး ရည်ရွယ်ချက်တခုနဲ့ လုပ်တယ်လို့ဘဲ ထင်တာဘဲ- ဒါ ဒီမိုကရေစီအတွက်လုပ်တာတော့ မဟုတ်ပါဘူး။

ခမစ။ ဟုတ်ကဲ့။ ဒီလ ၁ဝ ရက်နေ့ကထွက်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Mrs. Hillary Clinton ရဲ့ Hard Choices ခက်ခဲတဲ့ ရွေးချယ်မှုများ ဆိုတဲ့ စာအုပ်ထဲမှာ ဟီလာရီ က သူ့ရဲ့စံပြဖြစ်တဲ့ အမအကြောင်းကို သူ နှစ်ပေါင်းများစွာ ဖတ်ရှုခဲ့ရ၊ တွေးတောခဲ့ရပြီးတဲ့နောက် ၂ဝ၁၁ ခုနှစ်မှာ ပထမဆုံးတွေ့ကြတဲ့အခါ တမဟုတ်ချင်း ငယ်ပေါင်းကြီးဖော်တွေလို စကားလက်ဆုံ ပြောမကုန်ဖြစ်ခဲ့ရတယ်လို့ ဆိုတယ် ခင်ဗျ။ ပြီးတော့ မြန်မာအစိုးရ နဲ့ဆက်ဆံရေး တိုးမြှင့်ဖို့ သူက သမ္မတအိုဘားမားကို တိုက်တွန်းခဲ့ပုံတွေ၊ အချိန်မတန်ခင် ဖိအားပေးမှုတွေ လျော့ချလိုက်မိမှာကို စိုးရိမ်တဲ့သမ္မတ အိုဘားမားက အဲဒီလိုတိုးတက်ဆက်ဆံဖို့ အချိန်သင့်ပြီလားဆိုတာ အမရဲ့ သဘောထားကို သိပြီးမှ ဆောင်ရွက်လိုတဲ့အတွက် အာဆီယံညီလာခံတက်ဖို့ အသွားပေါ့နော်။ ဘာလီကျွန်းအသွား Ari Force One ပေါ်ကနေ အမကိုလှမ်းပြီး သဘောထား တောင်းခံခဲ့ပုံတွေ၊ အမက မြန်မာပြည် ဒီမိုကရေစီပြောင်းလဲရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ အရေးပါတဲ့ကဏ္ဏကနေ ပါဝင်နိုင်ကြောင်း တုံ့ပြန်ပြောကြားခဲ့ပြီး နောက်မှာမှ သမ္မတအိုဘားမားက မြန်မာပြည်နဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ သဘောတူညီခဲ့တယ်လို့ ရေးထားတယ် ခင်ဗျ။ အဲဒီတော့ အမေရိကန်အစိုးရဟာ အမ သဘောတူလို့ မြန်မာပြည်နဲ့ဆက်ဆံရေးတိုးမြှင့်ခဲ့တယ်လို့ အနက်ရတယ်။ အဲဒါ ဟုတ်ပါသလား ခင်ဗျ။

ဒေါ်စု။ အဲဒီလိုပြောလို့ဆိုရင်တော့ နဲနဲလေး စကားလွန်မယ်လို့ ထင်ပါတယ်။ ဟို အမကိုလည်း မေးတာတော့ ရှိတာပေါ့နော် အမဘယ်လိုသဘောရလဲ စသဖြင့် ၊ အထူးသဖြင့် ကွန်ဂရက်စ်က ဆိုလို့ရှိရင် ဒီ sanctions တွေနဲ့ပတ်သက်လို့ ဖယ်ရှားရေး မဖယ်ရှားရေးတော့ အမတို့နဲ့ဆွေးနွေး တိုင်ပင်ပြီးတော့လုပ်တာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အမကနေပြီးတော့ ဆုံးဖြတ်လို့ အမေရိကန်ပြည်ထောင်စုက လိုက်ပြီးဆုံးဖြတ်တယ် ဆိုတာ ဒါကတော့ စကား လွန်ပါလိမ့်မယ် ဒီလိုမြင်လို့ရှိလို့ရှိရင်တော့။

ခမစ။ ဟုတ်ကဲ့ ဒါပေမဲ့ အမသဘောထားကို ရယူခဲ့တယ်လို့တော့ ပြောလို့ရတာပေါ့၊

ဒေါ်စု။ သြော်- တိုင်တိုင်ပင်ပင်တော့ လုပ်ပါတယ်။ အစထဲက အမေရိကန်ကွန်ဂရက်စ် က မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးကို အင်မတန်မှလိုလားတယ် အင်မတန် ထောက်ခံတယ်ဆိုတော့ အမတို့နဲ့ တိုင်တိုင်ပင်ပင် လုပ်ပါတယ်။

ခမစ။ ဟုတ်ကဲ့ခင်ဗျ။ သူ့စာအုပ်ထဲမှာတော့ Mr. Mitch McConnell နဲ့ သူနဲ့တွေ့တဲ့အကြောင်းတွေ အတော်လေး ပြည့်ပြည့်စုံစုံရေးထားတယ်။ Mitch McConnell ကတော့ အမကိုထောက်ခံမှု အမြဲ အပြည့် ရှိတယ်ပေါ့လေ။ ဟုတ်ကဲ့- အမရေ။ စာအုပ်တနေရာမှာ ဟီလာရီက မြန်မာ ဗိုလ်ချုပ်ကြီးတွေဟာ ပြုပြင် ပြောင်းလဲရေးကို တကယ်ထိထိ ရောက်ရောက် မလုပ်ပဲ အနည်းငယ်ဟန်ပြလုပ်ပြယုံနဲ့ နိုင်ငံတကာ ရဲ့ ဝိုင်းပယ်မှုကနေ သူတို့လွှတ်ကင်းနိုင်တယ်လို့ ယူဆကောင်း ယူဆနိုင်တယ်။ အမေရိကန်အစိုးရကို မြန်မာ ဗိုလ်ချုပ်ကြီးတွေက နိုင်ငံရေးကစားနေတာလည်း ဖြစ်နိုင်တယ်။ အဲ ဒါပေမယ့် သူကတော့ အခွင့်ရေးကောင်း တခုအဖြစ် ရှုမြင်ပြီးစွန့်စားရယူခဲ့တယ်လို့ ဆိုပါတယ် ခင်ဗျ။ နိုင်ငံရေးမှာ အခုလိုစွန့်စားလုပ်ကိုင်မှုဟာ ဘယ်လောက် အန္ဒရယ်ကြီးသလဲ အမ။

ဒေါ်စု။ နိုင်ငံရေးမှာဆိုတာကတော့ တခါတလေတော့ ဒီလိုဘဲ စွန့်စားပြီးလုပ်ကိုင်ရတာဘဲ။ ဒါပေမဲ့လဲ ပြောင်းသင့်ရင်လဲ ပြောင်းရတာပေါ့။ လမ်းတလမ်းကို ရွေးရတာဘဲ။ အမ ခဏခဏပြောပါတယ် နိုင်ငံရေးမှာ တခါတလေ လမ်းဆိုတာ တလမ်းထဲရှိတာမဟုတ်ဘူးပေါ့နော်။ အဖြေဆိုတာ တခုထဲရှိတာမဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်က ရွေးလိုက်ရတာပေါ့ ။ ရွေးပြီးတဲ့အခါကျလို့ရှိရင် ကိုယ်ရွေးတဲ့လမ်းကို အောင်မြင်အောင်လို့ လျှောက်ရမှာဘဲ။ ဒါပေမဲ့ ကိုယ်ရွေးတဲ့လမ်းက မဟုတ်တော့ဘူး မဟန်တော့ဘူးဆိုလို့ရှိရင်လဲ လမ်းပြောင်းရဲတဲ့သတ္တိတော့ ရှိရမှာပေါ့။

ခမစ။ ဟုတ်ကဲ့။ နောက်ပြီးတော့ ဟီလာရီက အမေရိကန်နဲ့ တရုတ်နိုင်ငံ ၂ ခုလုံးက အရှေ့တောင်အာရှမှာအရေးပါတဲ့ မြန်မာနိုင်ငံအပေါ် ပိုမိုလွှမ်းမိုးနိုင်ရေးအတွက် အပြိုင်အဆိုင်ကြိုးစားနေကြတယ်လို့လည်း ရေးထားတယ်။ သမ္မတကြီးဦသိန်းစိန်က တရုတ်ပြည်နဲ့ ဆက်ဆံရေးမပျက်ပြားအောင် ထိန်းသိမ်းလိုကြောင်း သူ့ကိုပြောတယ် လို့လည်း ဆိုတယ်ခင်ဗျာ။ ဦးသိန်းစိန်ဟာ သူ့နိုင်ငံရဲ့ အနာဂတ်ဘယ်လိုရှိသင့်တယ်၊ သူ့အနေနဲ့ ဘယ်လိုအကောင် အထည် ဖေါ်နိုင်မလဲဆိုတာတွေကို နက်နက်နဲနဲ တိတိကျကျတွေးခေါ်ထားပုံရတယ် လို့လည်း ဟီလာရီက ရေးထားတယ် ခင်ဗျ။ ကျနော်မှတ်သားမိသလောက်ဆိုရင် အမရေ- မြန်မာခေါင်းဆောင်တွေဟာ တရုတ်ပြည်ကို သိပ်ပြီး သတိထား ကြတယ် ခင်ဗျ။ ဟိုတုံးကလည်း ဗိုလ်ချုပ်ကြီးခင်ညွှန့် က တရုတ်ပြည်နဲ့ အခင်မင်ပျက်လို့မဖြစ်ဖူးဆိုပြီး ကေအင်ယူ ဗိုလ်ချုပ်ကြီး စောဘိုမြ ကိုပြောဖူးတယ် အမ။ အမေရိကန်နဲ့ ဆက်ဆံရေးတိုးမြှင့်ရင် မြန်မာနိုင်ငံကို တရုတ်ပြည်က အန္ဒရယ်ပေးနိုင်သလား ခင်ဗျ။

ဒေါ်စု။ အမတို့လေ- လွတ်လပ်ရေးရပြီးထဲက တရုတ်ပြည်နဲ့ရော အိန္ဒိယနိုင်ငံနဲ့ရော ခင်ခင်မင်မင် ကောင်းကောင်းမွန်မွန် ဆက်ဆံရေး ရှိခဲ့တယ်။ နောက်- တရုတ်သမ္မတပြည်ထောင်စုနိုင်ငံက ကွန်မြူနစ် ဖြစ်လာပြီးမှပေါ့နော် ပထမဦးဆုံး အသိအမှတ်ပြုတဲ့နိုင်ငံထဲမှာ ဗမာပြည်ပါပါတယ်။ ဒါပေမဲ့ အဲဒီတလျှောက်လုံးမှာလဲ အနောက်နိုင်ငံတွေနဲ့ အဆင်ပြေတဲ့ဆက်ဆံမှု ရှိခဲ့တယ်။ အဲဒီတော့ ဒီလိုဘဲ နိုင်ငံခြားရေးဝါဒက ဒီတိုင်းဘဲ ဖြစ်သွားသင့်တာဘဲ- အိမ်နီးချင်းနိုင်ငံတွေနဲ့ အဆင်ပြေရမယ်- အထူးသဖြင့် အိမ်နီးချင်းပေါ့နော် အင်အားကြီးတဲ့ နိုင်ငံတွေနဲ့ အဆင်ပြေရမယ်။ ဒါပေမဲ့ အဲဒီလိုအဆင်ပြေလို့ တခြားနိုင်ငံတွေနဲ့ အဆင်မပြေရဘူးဆိုတာလဲ မဟုတ်ပါဘူး။ ဒီ လွတ်လပ်ရေး ရပြီးထဲက ဖဆပလ အစိုးရကနေပြီးတော့ ကျင့်သုံးခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒဟာ ကိုယ့်ရဲ့ အိမ်နီးနားချင်းနိုင်ငံတွှေအပြင် တခြား ဒီမိုကရေစီနိုင်ငံတွေ အနောက်နိုင်ငံတွေနဲ့လဲ ဆက်ဆံမှုကောင်းတယ် ဆိုတဲ့ မူဝါဒပါဘဲ။

ခမစ။ ဟုတ်ကဲ့ ခင်ဗျ။ ဒီစာအုပ်ထဲမှာကော မေလ ၂၈ ရက် West Point စစ်တက္ကသိုလ်မှာ သမ္မတအိုဘားမား ပြောတဲ့မိန့်ခွန်းမှာပါ တူညီတဲ့အချက်တခုကတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေဟာ ရှေ့တိုးနိုင်သလို နောက်ကိုလည်း ပြန်လည့်သွားနိုင်တယ် ဆိုတာပါပဲခင်ဗျာ ။ ဟီလာရီက လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာ မြန်မာပြည်ရဲ့ အခြေတည်စ ဒီမိုကရေစီစံနစ်ကို အထင်ကရ စစ်ဆေးတဲ့ပွဲတခု ဖြစ်လိမ့်မယ် လို့လည်း ပြောတယ် ခင်ဗျ။ အဲဒီ သဘောထားတွေကိုကော အမ ဘယ်လိုမြင်ပါသလဲ ခင်ဗျာ။

ဒေါ်စု။ စမ်းသပ်မှုကြီးဖြစ်မယ်ပေါ့နော် အဲဒါကတော့ သဘောတူပါတယ်- ဘာဖြစ်လို့လဲဆိုတော့ ဒီ ၂ဝ၁၅ ရွေးကောက်ပွဲဆိုတာ ရွေးကောက်ပွဲတင်မကဘူး ၊ ရွေးကောက်ပွဲမတိုင်မီ အစိုးရရဲ့အပြုအမူတွေ၊ အလုပ်အကိုင်တွေ တကယ်ဘဲ ဒီရွေးကောက်ပွဲဟာ တရားမျှပြီးတော့ လွတ်လပ်မဲ့ရွေးကောက်ပွဲ ဖြစ်ဖို့က ဦးတည်လား ဦးမတည်ဘူးလား- ဒါတွေကိုကြည့်ပြီးတော့ တကယ့်ဒီမိုကရေစီလမ်းကြောင်းမှာ ရောက်ပြီလား မရောက်သေးဘူးလားဆိုတာ အဲဒီ စာမေးပွဲကို အောင် မအောင် ဆိုတာကို ဆုံးဖြတ်လို့ရမှာပေါ့။

ခမစ။ ဟုတ်ကဲ့ ခင်ဗျ။ အမရေ- ကျေးဇူးပါခင်ဗျ။ လာမယ့်နှစ်အတွင်း အောင်မြင်မှုတွေ ရပါစေ ခင်ဗျာ။

ဒေါ်စု။ ပေးတဲ့ဆုနဲ့ပြည့်ပါစေ။ ကျေးဇူးတင်ပါတယ်။ ကိုခင်မောင်စိုးလဲ ကျန်းမာချမ်းသာပါစေ။ (ပြီးဆုံး)။

ဇွန်လ ၁၈ ရက်
အသံဖိုင်ယူရန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူတို့ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတော်သမ္မတထံတင်ပြထားတဲ့ မြေကွက်နဲ့ ကားသွင်းခွင့်ပါမစ်တွေကို လက်ခံရယူမှာမဟုတ်ဖူးလို့ ပြောကြားလိုက်ပါတယ်။ ဒ့ါအပြင် ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF က အမေရိကန် ဒေါ်လာ ၉ သောင်း နီးပါးနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒေါ်လာ ၈ သောင်းနီးပါး ရုံးခန်းဌားရန်းခအဖြစ် လစဉ်သုံးစွဲနေတာဟာ အင်မတန်များပြားတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။

ဇွန်လ ၅ ရက်
အသံဖိုင်ယူရန်


လယ်သမား အလုပ်သမားပြသနာတွေကို လက်ရှိအစိုးရက ကိုင်တွယ်ဖြေရှင်းနေပုံတွေဟာ ကျေနပ်အားရဖွယ် မရှိကြောင်းနဲ့ ပြည်သူတွေ ဆင်းရဲတွင်းက လွတ်မြောက်ရေးအတွက် စီမံကိန်းတွေ အသေအချာချမှတ်ဖို့ လိုအပ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားလိုက်ပါတယ်။

မေလ ၂၂ ရက်
အသံဖိုင်ယူရန်


ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြည်သူတွေ ပိုမိုနားလည်နိုင်ရေးနဲ့ အဓိကထားပြင်ဆင်ဖို့လိုတဲ့အချက်ကို မီးမောင်းထိုးပြနိုင်ရေးအတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ဟောပြောပွဲတွေကျင်းပဖို့ စီစဉ်တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အခုလှုပ်ရှားမှုမှာ တခြားအဖွ့ဲအစည်းတွေ ပါဝင်ပူးပေါင်းမယ်ဆိုရင် ပိုပြီးအားကောင်းမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

မေလ ၈ ရက်
အသံဖိုင်ယူရန်


လာမယ့်ကြားဖြတ်ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းကိုပဲ မဲဆွယ်စည်းရုံးခွင့်ပြုမယ့် အကြောင်း ညွှန်ကြားချက်မယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး အတည်ပြုဖို့ မေးမြန်းထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က RFA ကို ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

ဧပြီလ ၂၄ ရက်
အသံဖိုင်ယူရန်



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီရက်ပိုင်းအတွင်း ပြောဆိုခဲ့တဲ့စကားတွေကို ထောက်ရှုရင် အဲဒီပုဂ္ဂိုလ်နှစ်ဦးအနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်လိုခြင်းမရှိဘူးလို့ သုံးသပ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဧပြီလ ၄ ရက်
အသံဖိုင်ယူရန်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နဲ့ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ တွေ့ဆုံခဲ့တဲ့ပွဲမှာ မိမိအနေနဲ့ ပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း၊ တိုးတက်မှုများစွာရှိတယ်လို့တော့ မဆိုနိုင်ကြောင်း RFA ကို ပြောကြားလိုက်ပါတယ်။

မတ်လ ၂ဝ ရက်
အသံဖိုင်ယူရန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူတို့ပါတီမှာ သူကလွဲပြီးကျန်တဲ့သူတွေ အရည်အချင်းမရှိဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဝေဖန်ခဲ့တာနဲ့ ပတ်သက်ပြီး ပါတီတစ်ခုနဲ့တစ်ခု အခုလို တိုက်ခိုက်ဖို့ မသင့်ကြောင်း ပြောကြားလိုက်ပါတယ်။

မတ်လ ၆ ရက်
အသံဖိုင်ယူရန်


အမျုးိသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေစတင်ရန် များစွာအရေးကြီးတယ်လို့ ပြောဆိုလိုက်ပါတယ်။

တဆက်တည်းမှာပဲ မြန်မာနိုင်ငံမှာ သံဃာတော်တွေကို လူထုကကြည်ညိုအားကိုးမှု ကြီးမားစွာရှိတာကို လွဲမှားစွာအသုံးချပြီး တိုင်းပြည်ကိုလမ်းကြောင်းမှားပေါ် တွန်းပို့နိုင်တဲ့ အန္တရာယ်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒီလိုအဖြစ်မျိုးကို သံဃာတော်တွေနဲ့ လူထုတစ်ရပ်လုံး သတိထားပြီး ရှောင်ရှားကြရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဇန်နဝါရီလ ၃ဝ ရက်
အသံဖိုင်ယူရန်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-10-01 11:50

Not enough for ethnic's rights.
You are working for your Burmer ethnic.

Anonymous
2014-07-03 01:11

Dear Ko Khin Maung Soe,
Please ask Aunty Su... Is there any plan or program like youth leadership training as for NLD to produce new generation leader? Simply, what's NLD doing to gain new generation leader, and party members development?

Anonymous
2015-05-20 13:53

အမေစုကိုအသက်ရှည်စေချင်ပါတယ်

Anonymous
2013-06-23 07:27

excellent questions and answers. Ashamed not many years left to help regenerate our country.

Anonymous
2012-01-09 06:14

g

Anonymous
2012-02-02 01:53

လွတ်ရေးရပါစေ။

Anonymous
2013-01-19 23:45

ပုံနှိပ်စာလုံးများရှိရင်လိုချင်ပါသည်။

Anonymous
2015-02-02 12:34

အန်တီစုရဲ.စေတနာနဲ.ယုံကြည်ချက်ကိုလေးစားပါတယ်။ကျွန်တော်.လိုပဲအန်တီစုကိုလေးစားယုံကြည်ပြီး
အသက်ပေါင်းများစွာဆုံးရှုံးနေတာကိုအန်တီအနေနဲ.သိလိမ်.မယ်လို.ထင်ပါတယ်။ နောင်လဲအန်တီစုရဲ.
ယုံကြည်ချက်လမ်းစဉ်ကြောင်.လူငယ်ပေါင်းများစွာရဲ.အသက်များစွာဆုံးရံှုးရလိမ်.ဦးမယ်ဆိုတာကို
သိပြီးသားဖြစ်နေလိမ်.မယ်လို.ထင်ပါတယ်။ဒီ.အတွက်အန်တီစုဘယ်လိုတာဝန်ယူမလဲ။ခုထိအန်တီစုရဲ.
ယုံကြည်ချက်လမ်းစဉ်ကိုမှန်နေတယ်လို.ထင်နေတုန်းပဲလား။

Anonymous
2015-05-31 21:49

အောက်မှာလူတစ်ယောက်ရဲ့ဝေဖန်တာကို ဖတ်လိုက်ရပါတယ် ညာဏ်မျက်စိအလင်းကွယ်တဲ့ လူရဲ့ အရေးအသားဖြစ်ပါတယ် လောကမှာ လူမထိုက်ဘဲ ဘယ်ရိုးရာနတ်က လူတင်လိုက်သလဲဆိုတာ သိကြားအဖွဲ့ကိုငါတိုင်ကြားလိုက်ပါဦးမယ်

Anonymous
2012-02-02 01:55

ဒီမုိဂေရစီအျမန္ရပါေစ

Anonymous
2012-02-09 21:54

Very Good

Anonymous
2013-07-29 08:24

Dear U Khin Maung Soe,
There are still many expat hoping to return home but not able to do so because of the restriction to the people in the black list. Could you ask Aunty Suu on the issue of black list and her view on the Burmese people abroad.
Thank you for your consideration
Dr Tun Tun
USA