ကျွန်တော်တို့ဘဝ ကျွန်တော်တို့ကမ္ဘာ

ခင်မောင်စိုး
2021.06.21

အခက်အခဲကြားက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့

အကျဉ်းချခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်မြောက်မွေးနေ့ကို ဇွန်လ ၁၉ ရက်နေ့က အခက်အခဲမျိုးစုံ ကြားကနေ ပြည်တွင်းပြည်ပ နေရာအနှံ့ ပုံသဏ္ဍန်မျိုးစုံနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခဲ့ကြပါတယ်။ သူမကို ဘာကြောင့် ဒီလောက်ထောက်ခံကြတာလဲ၊ အဲဒီမွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေရဲ့ နောက်ကွယ်မှာ ဘယ်လို အဓိပ္ပာယ်တွေ ရှိနေပါသလဲ...။ RFA အဖွဲ့သား ဦးခင်မောင်စိုး က ကျနော်တို့ဘဝ ကျနော်တို့ ကမ္ဘာအစီအစဉ်မှာ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"စစ်အာဏာရှင်ဖြုတ်ချရေးနဲ့ CDM လှုပ်ရှားမှု"

ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ...အာဏာသိမ်းစစ်ကောင်စီ ရပ်တည်ရှင်သန်ရေးဟာ CDM ဝန်ထမ်းတွေရဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုအပေါ် အများကြီး မူတည်နေတယ်လို့ ဝေဖန်သူတွေကပြောပါတယ်။ လက်ရှိမှာ ဝန်ကြီးဌာနတွေက ဝန်ထမ်းအများစု အလုပ်မဆင်းတဲ့အတွက် စစ်ကောင်စီဟာ အကြပ်ရိုက်နေတယ်လို့ ဆိုပါတယ်။ CDM မှာပါဝင်နေတဲ့ ဝန်ထမ်းတွေကို အားပေးကူညီပေးဖို့ ဘယ်လောက် အရေးကြီးပါသလဲ။ ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ဥပဒေနဲ့အညီခုခံပိုင်ခွင့်ဟာ ပြစ်မှုမမြောက်"

ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ...ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပွဲနောက်ပိုင်းမှာ ရဲနဲ့စစ်တပ်က လက်နက်မဲ့ဆန္ဒပြပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ် နှိမ်နင်းနေတာနဲ့ ပတ်သက်ပြီး မိမိကိုယ်ခုခံခွင့်ရှိကြောင်းCRPH ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီက ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်ပြီး ပြည်သူတချို့ရဲ့ သဘောထားတွေကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့ မိခင်တွေရဲ့သောက"

ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ... မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပွဲကြောင့် ပေါ်ပေါက်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူတနေ့တခြားများပြားလာနေပြီး သေဆုံးသူ အများစုဟာ လူငယ်တွေဖြစ်ကြတဲ့အတွက် မိခင်တွေက သူတို့အနေနဲ့ နေ့စဉ်သောကရောက် ပူဆွေးနေကြရတယ်လို့ ထုတ်ဖော်ပြောဆိုကြတဲ့အကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ဆန္ဒပြလူထုကို KNU က ကာကွယ်ပေးမည်"

ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ... စစ်တပ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်း တိုင်းရင်းသားအဖွဲ့တွေအချင်းချင်း ချိတ်ဆက်ပြောဆိုမှုတွေ ရှိနေပါတယ်။ ဒီလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့မှာ ထွက်ပေါ်လာခဲ့တဲ့ တိုင်းရင်းသားအဖွဲ့ နှစ်ခုရဲ့ စာ နှစ်စောင်အကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"မြန်မာ့စီးပွားရေး တိုးတက်ဖို့ ဘာတွေလိုအပ်နေလဲ"

ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ... မြန်မာပြည်ရဲ့ စီးပွားရေးကဏ္ဍတိုးတက်ရေးအတွက် ဘာတွေလိုအပ်ပါသလဲ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေကို ဘယ်လို အားပေးဖိတ်ခေါ်မလဲဆိုတာ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ရွေးကောက်ပွဲ မသမာမှုလို့ပြောတဲ့ တပ်မတော် ရှေ့ဆက်ဘယ်လိုဆောင်ရွက်မလဲ"

ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ... ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တဲ့အတွက် ဥပဒေအရ ဆက်လက် လုပ်ဆောင်မယ်လို့ ဒီဇင်ဘာ ၃ဝ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ဘက်က ပြောကြားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်က ဘယ်လို လုပ်ဆောင်မှာလဲဆိုတာကို လူထုအတွင်း စိုးရိမ်မှုတချို့ ပေါ်ထွက်နေတဲ့အကြောင်းကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"အမျိုးဘာသာစောင့်ရှောက်ရေးအကြောင်း ဆရာတော်တွေရဲ့ မိန့်ကြားချက်"

ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ... ပြီးခဲ့တဲ့ရက်ပိုင်းက ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တဲ့ ဦးဝီရသူနဲ့ ဆက်နွယ်ပြီး အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရေးအတွက် ဘားအံမြို့ ဝိမုတ္တိသုခဝိဟာရ ကျောင်းတိုက်က ဆရာတော် အရှင်မင်းသုည နဲ့ မန္တလေး ရန်ကင်းတောင်က အရှင် ပညိဿရာလင်္ကာရတို့ရဲ့ မိန့်ကြားချက်တွေကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ရွေးကောက်ပွဲကထွက်မယ့် ရလဒ်အပေါ် ပါတီတွေက ဘယ်လိုမြင်သလဲ"

ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ... မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ နှစ်ပတ်ပဲလိုပါတော့တယ်။ ဒီလို နီးကပ်လာချိန်မှာ ရွေးကောက်ပွဲဝင်တော့မယ့် နိုင်ငံရေးပါတီတွေက ဘယ်လိုမျှော်လင့်ချက်နဲ့ သဘောထားတွေရှိနေလဲ ဆိုတဲ့အကြောင်းကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ကိုဗစ်လူနာအားလုံး ဆေးရုံတင်ဖို့ လိုသလား"

ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ... မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့သူတွေ ပိုမိုများပြားလာနေတာနဲ့အမျှ ကူးစက်သူအားလုံးကို သီးသန့်ထားစောင့်ကြည့်တဲ့ဌာနတွေမှာ နေရာအခက်အခဲ ရှိလာနေပါတယ်။ တခြားနိုင်ငံတချို့မှာတော့ ဒီဗိုင်းရပ်စ်ကူးစက်သူတွေထဲက အရေးပေါ်အခြေအနေ ရောက်ရှိသူတွေကလွဲပြီး ကျန်သူတွေကို မိမိတို့ နေအိမ်တွေမှာပဲ နေထိုင်စေတဲ့အကြောင်းကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"နိုင်ငံခြားရောက် မြန်မာနိုင်ငံသားတွေနဲ့ ကိုဗစ်ကာလ"

ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ... ကိုရိုနာဗိုင်းရပ်စ်ကူးစက် ဖြစ်ပွားနေစဉ်ကာလအတွင်း နိုင်ငံခြားရောက် မြန်မာနိုင်ငံသားတွေ ရင်ဆိုင်ဖြတ်သန်းနေပုံတွေကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ဗကသ၊ ပြည်ခိုင်ဖြိုးနဲ့ ရွေးကောက်ပွဲ"

ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ... အထက်မြန်မာပြည်မှာရှိတဲ့ ဗကသ အဖွဲ့ဝင်တွေက ရွေးကောက်ပွဲမှာ USDP ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရေးအတွက် ငွေကြေးရယူ လှုပ်ရှားခဲ့တယ်ဆိုပြီး လူမှုကွန်ရက်မှာ ပေါ်ထွက်နေတဲ့ သတင်းနဲ့ပတ်သက်တဲ့ ဝေဖန်ပြောကြားချက်တွေကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ကာချုပ်နဲ့ နိုင်ငံရေးပါတီတချို့ တွေ့ဆုံမှုအပေါ် သဘောထားအမြင်များ"

ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ... တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံရေးပါတီတွေ ပြီးခဲ့တဲ့ သောကြာနေ့က တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"လွှတ်တော်အမတ်တွေ လူထုနဲ့ အထိအတွေ့နည်းနေသလား"

ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ... လွှတ်တော်ကိုယ်စားလှယ်တွေ လူထုနဲ့ ထိတွေ့မှုနည်းပါးတယ်လို့ လူထုကြားမှာ ပြောဆိုနေတာနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တဦး၊ ပါတီပြောရေးဆိုခွင့်ရှိသူတဦးနဲ့ တောင်သူလယ်သမားအရေးလှုပ်ရှားသူတဦးရဲ့ အမြင်တွေကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ရွေးကောက်ပွဲအတွက် စင်္ကာပူရောက် မြန်မာနည်းပညာရှင်တွေရဲ့ ကူညီမှု"

ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ... လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ မဲပေးလိုတဲ့ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မဲပေးခွင့်လျှောက်လွှာ ပုံစံ(၁၅) ကိုဖြည့်စွက်ပြီး သက်ဆိုင်ရာမြန်မာသံရုံးတွေကို ပို့ပေးဖို့လိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း အဲဒီ ပုံစံ ၁၅ ကို အန္တရာယ်ကင်းရှင်းစွာ အင်တာနက်အွန်လိုင်းကနေ ပို့ပေးလို့ရအောင် ကူညီပေးနေတဲ့ စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား ပညာရှင်အဖွဲ့တခု အကြောင်းကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"နိုဝင်ဘာရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများ"

ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ... လာမယ့် နိုဝင်ဘာရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေနဲ့အတူ နောက်ဆုံးရ ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုနဲ့ ဝေဖန်ချက်တချို့ကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"နိုဝင်ဘာရွေးကောက်ပွဲကနေ ပေါ်ထွက်လာနိုင်တဲ့ အခြေအနေ"

ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ... လာမယ့် နိုဝင်ဘာရွေးကောက်ပွဲကနေ ပေါ်ထွက်လာနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"လိင်မှုဆိုင်ရာသင်ခန်းစာ သင်ကြားမယ့်အပေါ်အမြင်များ"

ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ... မြန်မာနိုင်ငံမှာ အထက်တန်းကျောင်းသားတွေကို တခြား ခေတ်မီနိုင်ငံတွေနည်းတူ ကျန်းမာရေးဆိုင်ရာ လိင်ကိစ္စနဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေ သင်ကြားဖို့ အစိုးရက စီစဉ်နေတဲ့အပေါ် ရန်ကုန်မြို့က ဆေးပညာရှင် ၂ ဦးနဲ့ မန္တလေး ရန်ကင်းတောင်က ပိဋကတ် ၂ ပုံအာဂုံဆောင်တဲ့ ဆရာတော်တပါးရဲ့ ရှုမြင်ပုံတွေကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"နိုင်ငံခြားပြန်နဲ့ ကိုရိုနာဗိုင်းရပ်စ် ပြဿနာ"

ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ...ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် နိုင်ငံခြားက ပြန်လာတဲ့ နိုင်ငံသားတွေနဲ့ ဒေသခံတွေအကြား ပေါ်ပေါက်နေတဲ့ အခက်အခဲတချို့ကို RFA အဖွဲ့သား ခင်မောင်စိုး က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ကိုရိုနာဗိုင်းရပ်စ်ဟာ သေရေးရှင်ရေးပြဿနာ"

ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ...ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့လူသားအားလုံးရဲ့ အသက်ရှင်သန်မှုကို ခြိမ်းခြောက်နေပြီ ဖြစ်ကြောင်း RFA အဖွဲ့သား ဦးခင်မောင်စိုးက အသိပေးတင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


“ဗိုင်းရပ်စ်ကာကွယ်ရေး လက်ကို မကြာခဏဆေး”

ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ...ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အကောင်းဆုံးနည်းလမ်းတခုက လက်ကို ဆပ်ပြာနဲ့ မကြာမကြာ ဆေးကြောခြင်းပါပဲလို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက သတိပေးနေတဲ့အကြောင်း RFA အဖွဲ့သား ဦးခင်မောင်စိုးက တင်ပြထားပါတယ်။။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ကမ္ဘာ့နိုင်ငံအားလုံး စိုးရိမ်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်"

ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ... ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ရုတ်တရက် မမျှော်လင့်ဘဲ အများအပြား ပြန့်ပွားကူးစက်လာမှာကို ကမ္ဘာ့နိုင်ငံအားလုံး စိုးရိမ်နေရတဲ့အကြောင်း RFA အဖွဲ့သား ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"သူတို့ ဘယ်တော့ အိမ်ပြန်ရမှာလဲ"

ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ... နိုင်ငံခြားရောက် မြန်မာ အလုပ်သမားတွေရဲ့ ဘဝ တစေ့တစောင်းကို RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ယဉ်ကျေးမှုနဲ့ လွန်ကဲတဲ့ရိုကျိုးမှု

ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ... ကြည်နူးစရာ မြန်မာ့ယဉ်ကျေးမှုနဲ့ လွန်ကဲတဲ့ရိုကျိုးမှုတွေ ရောထွေးနေပုံကို RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ကိုရိုနာဗိုင်းရပ်စ် သို့မဟုတ် မြန်မာပြည်အတွက် လတ်တလော အန္တရာယ်

ဒီအပတ် ကျနော်တို့ ဘဝ ကျနော်တို့ ကမ္ဘာ အစီအစဉ်မှာ ...ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွက် စိုးရိမ်နေရတဲ့ အခြေအနေတွေကို ဆရာဝန်တွေရဲ့ သတိပေးချက်တွေနဲ့အတူ RFA အဖွဲ့သား ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ပုဂ္ဂလိက သတင်းစာတွေရဲ့အခက်အခဲ

ဒီအပတ် ကျနော်တို့ ဘဝ ကျနော်တို့ ကမ္ဘာ အစီအစဉ်မှာ ... မြန်မာပြည်မှာထုတ်ဝေနေတဲ့ ပုဂ္ဂလိက သတင်းစာတွေ ဒီကနေ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး သတင်းစာ အယ်ဒီတာတွေရဲ့ အမြင်တွေကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ် ကျနော်တို့ ဘဝ ကျနော်တို့ ကမ္ဘာ အစီအစဉ်မှာ ... အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံရေးအရ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိပါသလဲ။ ကရင်တိုင်းရင်းသားခေါင်းဆောင် ဦးမန်းအော်လန်ဒို၊ ဗမာပြည် ကွန်မြူနစ်ပါတီ ပြောခွင့်ရ ဦးဖိုးသံချောင်းနဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်တို့ရဲ့ သဘောထားတွေကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ် ကျနော်တို့ ဘဝ ကျနော်တို့ ကမ္ဘာ အစီအစဉ်မှာ တရုတ် သမ္မတရဲ့ မြန်မာပြည်ခရီးစဉ်က ရလဒ်နဲ့ ပတ်သက်ပြီး ဦးခိုင်ကောင်းဇံ၊ ဒေါ်အမာနီနဲ့ ဦးမျိုးရန်နောင်သိန်းတို့ရဲ့ ဝေဖန်ပြောကြားချက်တွေကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ကျနော်တို့ ဘဝ ကျနော်တို့ ကမ္ဘာ အစီအစဉ်မှာ တရုတ်သမ္မတ ရှီကျင်းဖျင် မြန်မာပြည်လာမယ့် ခရီးစဉ်နဲ့ ပတ်သက်ပြီး စာရေးဆရာ ဟိန်းလတ်နဲ့ ဒေါက်တာ တင့်ဆွေတို့ရဲ့ ကွဲလွဲတဲ့ ဝေဖန်သုံးသပ်ချက်တွေကို RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာအစီအစဉ်မှာ အခုနှစ် နောက်ဆုံးသတင်းတွေရဲ့ ရိုက်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ရန်ကင်းတောင် ဆရာတော် အရှင် ပညိသရာလင်္ကာရ၊ ဒေါက်တာ လှကျော်ဇော၊ ဦးဟောက်ဒိုစွမ်းနဲ့ ကိုနေဆန်းလွင်တို့ရဲ့ သဘောထားတွေကို ဦးခင်မောင်စိုး က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ် ကျနော်တို့ ဘဝ ကျနော်တို့ ကမ္ဘာ အစီအစဉ်မှာ လက်ရှိ မြန်မာပြည်အတွင်း အမျိုးဘာသာ မကွယ်ပျောက်ပဲ ဘာသာပေါင်းစုံ ညီညွတ်နေပုံအကြောင်း မြဝတီမင်းကြီးဆရာတော် အရှင်အရိယဝံသာ ဘိဝံသ နဲ့ ရန်ကင်းတောင်ဆရာတော် အရှင်ဇောတိက တို့ရဲ့ မိန့်ကြားချက်တွေကို ဦးခင်မောင်စိုး က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲမှုအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံးကို မြန်မာနိုင်ငံက သွားရောက်ထွက်ဆိုခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် ဂုဏ်ထူးဆောင် သံအမတ်ကြီးဟောင်း ရှေ့နေတစ်ဦးနဲ့ မြန်မာ ရှေ့နေကြီး နှစ်ဦးတို့ရဲ့ ဝေဖန်သုံးသပ်ချက်တွေကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ် ကျနော်တို့ ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကွဲလွဲအမြင်တချို့ကို ဦးခင်မောင်စိုး ကတင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ် ကျနော်တို့ ဘဝ ကျနော်တို့ ကမ္ဘာ အစီအစဉ်မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံထွက် ရှားပါးသတ္တုတွေကို တရားမဝင် ဝယ်ယူမှုအပါအဝင် စွက်ဖက်လွှမ်းမိုးမှုတွေအကြောင်း ဦးခင်မောင်စိုး က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ် ကျနော်တို့ ဘဝ ကျနော်တို့ ကမ္ဘာ အစီအစဉ်မှာ ဘာသာရေးအစွန်းရောက်မှုနဲ့ ပတ်သက်ပြီး မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော် အရှင် အရိယဝံသာ ဘိဝံသ၊ အယ်ဘန်နီ ဆရာတော် အရှင် ဇဝနနဲ့ ဒေါက်တာ တင့်ဆွေတို့ရဲ့ မိန့်ကြားပြောဆိုချက်တွေကို RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ ရဟန်းသံဃာတွေကို ကျန်းမာရေးနဲ့ လျှော်ညီတဲ့ ဆွမ်းကွမ်းတွေ ကပ်လှူဒါန်းနိုင်ကြရေးအတွက် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင် အရိယဝံသာ ဘိဝံသနဲ့ ဒေါက်တာ တင့်ဆွေ တို့ရဲ့ မိန့်ကြားသုံးသပ်ချက်တွေကို RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ မြန်မာလူငယ်တွေ အင်တာနက်နဲ့ လူမှုမီဒီယာကို ဘယ်လို သုံးစွဲနေကြပါသလဲ။ ဘယ်လို နှောင့်ယှက်မှုတွေကို ကြုံတွေ့နေကြရသလဲ။ မြောင်းမြက ဆရာမ ဒေါ်ချိုချိုလွင်၊ သိမ်ဇရပ်က အထည်ချုပ်လုပ်ငန်းရှင် မရွှေစင် နဲ့ ရန်ကုန်မြို့က ကျောင်းသူ မအေးအိန္ဒြာမောင် တို့ရဲ့ တွေ့ကြုံရှုမြင်ချက်တွေကို RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ မြန်မာတောင်သူလယ်သမားတွေ သုံးစွဲနေတဲ့ ပိုးသတ်ဆေးတွေ၊ သီးနှံအားဆေးတွေနဲ့ ပတ်သက်ပြီး သိကောင်းစရာ တချို့ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ် ကျနော်တို့ ဘဝ ကျနော်တို့ ကမ္ဘာ အစီအစဉ်မှာ မြန်မာနိုင်ငံတဝန်း စိုက်ပျိုးရေးလုပ်ငန်းမှာ ပိုးသတ်ဆေးတွေ သုံးစွဲနေပုံကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ မြန်မာနိုင်ငံအပေါ် တရုတ်ပြည်ရဲ့သြဇာလွှမ်းမိုးမှု တနေ့တခြား ပိုမိုများပြားလာနေပုံကို နားဆင်ရမှာ ဖြစ်ပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ လူတဦးတယောက် သေဆုံးကွယ်လွန်ချိန်မှာ ပြုမူပြောဆိုကြတာတွေနဲ့ ပတ်သက်ပြီး မန္တလေး ဝေယံဘုံသာတိုက်၊ ပါဋိတက္ကသိုလ်က အရှင် သုမင်္ဂလနဲ့ စာရေးဆရာ သိုက်ထွန်းသက်တို့ရဲ့ အတွေးအခေါ်တွေကို RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ် ကျနော်တို့ဘဝ ကျနော်တို့ကမ္ဘာ အစီအစဉ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၂ဝ၁၇ ခုနှစ်က ထွက်ပြေးသွားခဲ့ကြတဲ့ ဟိန္ဒူတွေ မြန်မာပြည်ပြန်ခွင့် မရသေးလို့ အခက်တွေ့နေပုံကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ် ကျနော်တို့ ဘဝ ကျနော်တို့ ကမ္ဘာ အစီအစဉ်မှာ အမေရိကန်ပြည်ထောင်စုရောက် ဆရာ ညီပုလေး၊ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)နဲ့ ဆရာချစ်ဦးညို တို့ရဲ့ ခံစားမှုတွေကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ် ကျနော်တို့ ဘဝ ကျနော်တို့ ကမ္ဘာ အစီအစဉ်မှာ ဖွဲ့စည်းပုံဥပဒေပြင်ဆင်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင် ရှေ့နေကြီး ဦးအောင်သိန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်နဲ့ ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းဇံတို့ရဲ့ သဘောထားတွေကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ် ကျနော်တို့ ဘဝ ကျနော်တို့ ကမ္ဘာ အစီအစဉ်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ရှေ့နေ ဦးသိန်းသန်းဦး၊ အရှင် ဣဿရိယ ခေါ် စာရေးဆရာ မင်းသုည( ဗုဒ္ဓတက္ကသိုလ်) နဲ့ အထက်မြန်မာပြည်က  နာမည်ကျော် နိုင်ငံရေးသမား ဦးတင်အေးကြူ တို့ရဲ့ သဘောထားတွေကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ် ကျနော်တို့ ဘဝ ကျနော်တို့ ကမ္ဘာ အစီအစဉ်မှာ မြန်မာစာနယ်ဇင်းလောကရဲ့ ပစ္စုပ္ပန် အခြေအနေအကြောင်း တစေ့တစောင်း ဒုတိယပိုင်းကို ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်း၊ စာရေးဆရာမ နုနုရည် (အင်းဝ)၊ The First Weekly News Journal အယ်ဒီတာချုပ် ဦးအောင်စိုးသူနဲ့ ကဗျာဆရာ ကိုစောဝေတို့ရဲ့ ပြောစကားတွေနဲ့အတူ RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ် ကျနော်တို့ ဘဝ ကျနော်တို့ ကမ္ဘာ အစီအစဉ်မှာ မြန်မာ့စာနယ်ဇင်းလောကရဲ့ ပစ္စုပ္ပန်အခြေအနေအကြောင်း တစေ့တစောင်းကို စာရေးဆရာမ နုနုရည် (အင်းဝ)၊ စာရေးဆရာ ညီပုလေး နဲ့ စာရေးဆရာ နေဝင်းမြင့် တို့ရဲ့ ပြောစကားတွေနဲ့အတူ RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ် ကျနော်တို့ ဘဝ ကျနော်တို့ ကမ္ဘာ အစီအစဉ်မှာ ရေနံချောင်းမြို့နယ်မှာ ဇူလိုင် ၂၃ ရက်က ကျေးရွာသား ၄ဝ နီးပါးအသက်ဆုံးခဲ့ရတဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ဖရဲကျွန်းရွာသား ဦးသန်းဦး၊ ကံသာရွာသား ဦးဝင်းဦး၊ မကွေး ကွန်ပြူတာ တက္ကသိုလ် သုတေသနနဲ့ တီထွင်ဖွံ့ဖြိုးရေးဌာန ကထိက ဒေါက်တာ မျိုးခိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေး တို့ရဲ့ အတွေ့အကြုံနဲ့ သုံးသပ်ချက်တွေကို RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ် ကျနော်တို့ ဘဝ ကျနော်တို့ ကမ္ဘာ အစီအစဉ်မှာ အနိုင်ကျင့်ခံခဲ့ရတဲ့ အင်ဒိုနီးရှား အမျိုးသမီးတစ်ဦး လူမှုမီဒီယာတွေ အကူအညီနဲ့ တရားမျှတမှုရရှိခဲ့ပုံနဲ့ မြန်မာပြည်က အခြေအနေတွေနဲ့ပတ်သက်ပြီး Triangle အမျိုးသမီးအဖွဲ့ ဒါရိုက်တာ ဒေါ်ခင်လေး၊ NLD ဗဟိုကော်မတီဝင် ဒေါ်နီလာဝင်းနဲ့ အင်ကြင်းမေ ဟိန္ဒူအမျိုးသမီးအဖွဲ့ ခေါင်းဆောင် ဒေါ်ကက်သလင်းသိန်းတို့ ရဲ့ ပြောစကားတွေကို ဦးခင်မောင်စိုး က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ် ကျနော်တို့ ဘဝ ကျနော်တို့ ကမ္ဘာ အစီအစဉ်မှာ လတ်တလောပေါ်ပေါက်နေတဲ့ ဆန္ဒပြပွဲတွေမှာ လူမှုမီဒီယာတွေကို အသုံးပြုနေမှုတွေနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာ လေ့လာသူတွေဖြစ်ကြတဲ့ ကိုမြတ်သူနဲ့ မမွန်မွန်မြတ်၊ စံတော်ချိန် သတင်းဌာနက ကိုကျော်သက်အောင် နဲ့ စာရေးဆရာ ရီနေနိုင်တို့ရဲ့ ဝေဖန်ပြောကြားချက်တွေကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ် ကျနော်တို့ ဘဝ ကျနော်တို့ ကမ္ဘာ အစီအစဉ်မှာ စနေနေ့ကပြုလုပ်ခဲ့တဲ့ ဗစ်တိုးရီယားအတွက် တရားမျှတမှုဆိုတဲ့ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ သတင်းသမားများ ကာကွယ်ရေးကော်မတီက ဒေါ်လှလှဝင်း၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ က နော်အုန်းလှ၊ ရှေ့နေ ဦးရောဘတ်စန်းအောင်နဲ့ နယူးယောက်မြို့က ယူနီဆက်ဖ် အငြိမ်းစားအရာရှိ ဦးခင်ဇော်တို့ရဲ့ တွေ့ကြုံခံစားမှုတွေကို RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ဘယ်လို ပြန်လည်ခေါ်ယူ နေရာချထားမလဲ။ ဘယ်လို နိုင်ငံသားအဖြစ် အသိအမှတ်ပြုမလဲ။ အတူယှဉ်တွဲနေထိုင်ဖို့ ဘယ်လိုဆောင်ရွက်ကြမလဲ ဆိုတဲ့ အချက်တွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ်မှာတော့ တရုတ်နိုင်ငံကို ဇနီးမယားအဖြစ် ရောင်းစားခံနေရတဲ့ မြန်မာ မိန်းကလေးတွေရဲ့ ဘဝ တစေ့တစောင်း နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ်မှာတော့ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ တိုင်းရင်းသားတွေရဲ့ ခံစားမှုကို တစ်စေ့တစ်စောင်း နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ်မှာတော့ မြန်မာနိုင်ငံက ရှားပါးသတ္တုတွေကို တရုတ်ပြည်က တရားမဝင်ရယူပြီး နိုင်ငံခြားတိုင်းပြည်တွေ ပြန်လည်တင်ပို့ရောင်းချနေတာနဲ့ ပတ်သက်ပြီး တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ်မှာတော့ ပါကစ္စတန်က မြို့တစ်မြို့မှာ ကလေးငယ်အမြောက်အမြား HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုနဲ့ လက်ရှိမြန်မာပြည်ရဲ့ HIV ဖြစ်ပွားမှုအခြေအနေကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ်မှာတော့ အာဏာကြောင့် အကျိုးဆက်ကြီးမားပုံကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ်မှာတော့ ကမ္ဘာ့ဘဏ်က ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဒေါ်လာ သန်း ၁ဝဝ အကူအညီပေးမယ့် ကိစ္စနဲ့ပတ်သက်ပြီး ကွဲလွဲအမြင်တွေကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ်မှာတော့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူနဲ့ ပတ်သက်တဲ့ တွေ့ကြုံသုံးသပ်ချက်တချို့ကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ်မှာတော့ မှားယွင်းမှုတွေရဲ့ နောက်ကွယ်က ကြေကွဲစရာတွေကို ဝမ်းနည်းစကားတွေ ငွေကြေးတွေနဲ့ အစားထိုးနေတဲ့ လောကအကြောင်း တစေ့တစောင်း နားဆင်ရမှာဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ်မှာတော့ ဧပြီလ ၃ ရက်နေ့ CNN မှာ ဖော်ပြခဲ့တဲ့ အဟာရဆိုင်ရာ ဆောင်းပါးတပုဒ်ကို ကိုးကား တင်ပြထားပါတယ်

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ်မှာတော့ အဂတိလိုက်စားမှုနဲ့ လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေအကြောင်း တစေ့တစောင်း နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီအပတ်မှာတော့ လူတွေရဲ့ ရင်ကိုစွဲငြိစေတဲ့ သီချင်းဂီတတွေ အကြောင်းကို အဆိုတော် ၂ ဦးရဲ့ ပြောစကားတွေနဲ့ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတပတ်အစီအစဉ်မှာ ဖေ့စ်ဘွတ်၊ တွစ်တာ… စတဲ့ လူမှုမီဒီယာတွေရဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး လတ်တလောအဖြစ်အပျက် တချို့အကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတပတ်အစီအစဉ်မှာ ကွယ်လွန်သူအဆိုတော် လားရှိုးသိန်းအောင် ခေါ် ဂျင်မီဂျက်နဲ့ ပတ်သက်ပြီး သီချင်းနဲ့ ခံစားမှုတွေကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတပတ်အစီအစဉ်မှာ ပြင်ဦးလွင်မြို့က ဒေါက်တာစိုးသူရဇော် ရဲ့ ဇီးပင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်စာတမ်းနဲ့ ပတ်သက်ပြီး ခံစားမှုတွေကိုတင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတပတ်အစီအစဉ်မှာ သတင်းမီဒီယာကောင်စီနဲ့တွေ့ဆုံပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့စကားတွေနဲ့ ပတ်သက်ပြီး ခံစားမှုတွေကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတပတ်အစီအစဉ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ပတ်သက်တဲ့ ခံစားမှုအမြင်တွေကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတပတ်အစီအစဉ်မှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ခံစားမှုအမြင်တွေကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတပတ်အစီအစဉ်မှာ ဘာသာရေးနဲ့ လူမျိုးရေးအစွန်းရောက်မှုတွေအကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတပတ်အစီအစဉ်မှာ ထွက်ပြေးဒုက္ခသည်တွေ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေ၊ ပြဿနာရဲ့နောက်ကွယ်က ဝေဖန်ချက်တွေကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။