အလွဲအမှားများနဲ့ တိုးမိတိုက်မိ

ပြင်ပဆောင်းပါးရှင် ကိုစံနီဦးရဲ့ "အလွဲအမှားများနဲ့ တိုးမိတိုက်မိ" အစီအစဉ်သစ် ဖြစ်ပါတယ်။

အခုတစ်ပတ်မှာတော့ အသံချဲ့စက်တွေကို မဆင်မခြင် ကျယ်ကျယ်လောင်လောင်ဖွင့်နေသူတွေကို ထိရောက်တဲ့အရေးယူမှုတွေ လုပ်ဆောင်ဖို့ လိုအပ်တဲ့အကြောင်း ဆောင်းပါးရှင်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာနိုင်ငံအနေနဲ့ လက်မှု လယ်ယာကနေ စက်မှုလယ်ယာကို ပြောင်းလဲနေချိန်မှာ တောင်သူတွေ အသုံးပြုနေတဲ့ ခိုင်းကျွဲ၊ ခိုင်းနွားတွေကို တစ်ဖက်နိုင်ငံ တင်ပို့မှုတွေမှာ တရားမဝင် တင်ပို့မှုတွေ ရှိနေတာကြောင့် တောင်သူတွေအနေနဲ့ စိုက်ပျိုးရေး စက်ကိရိယာတွေ အပြည့်အဝ အသုံးမပြုနိုင်ခင်မှာ ခိုင်းနွား၊ ခိုင်းကျွဲတွေကို ပြည်ပတင်ပို့မှု လျှော့ချပေးဖို့ တရားမဝင် ရောင်းဝယ်မှုတွေကိုလည်း ထိထိရောက်ရောက် အရေးယူပေးဖို့ လိုအပ်တဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာနိုင်ငံက သိန်းတစ်သောင်းတန် ထီဟာ မြန်မာပြည်သူတွေအတွက် ဆင်းရဲတွင်း လွတ်ကင်းနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုဖြစ်ပေမယ့် လက်ရှိ အောင်ဘာလေထီတစ်စောင်ရဲ့ ဈေးနှုန်းကို မထိန်းချုပ်နိုင်တဲ့အတွက် ထီကိုယ်စားလှယ်တွေ တဆင့်ရောင်းချနေသူတွေ ချမ်းသာဖို့အတွက်သာ ဖြစ်နေတဲ့ အတွက် ပြည်သူတွေရဲ့ မျှော်လင့်ချက်ဆုတောင်းဟာ လစဉ်မပြည့်ဘဲဖြစ်နေသလို အစိုးရအနေနဲ့ ပြည်သူတွေကို အမှန်တကယ် ချမ်းသာစေချင်တယ်ဆိုရင်တော့ အောင်ဘာလေထီ ဥပဒေကြမ်းကို အမြန်ဆုံးပြဋ္ဌာန်းပေးဖို့ လိုအပ်တဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အသစ်ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ရန်ကုန် စည်ပင်သာယာရေးဥပဒေမှာ ပြစ်ဒဏ်တွေ တိုးမြှင့်လိုက်ပြီဖြစ်တဲ့အတွက် အများပြည်သူတွေ စည်းကမ်းလိုက်နာဖို့ လိုအပ်သလို ဒဏ်ငွေတွေကို စည်ပင်ဝန်ထမ်းတွေအနေနဲ့ အဂတိလိုက်စားမှု မကျူးလွန်မိအောင် ထိန်းသိမ်းဖို့ လိုအပ်တဲ့အကြောင်း ဆောင်းပါးရှင်းတင်ပြထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လုပ်ငန်းရှင် အလုပ်သမား ပြဿနာတွေ၊ အာဏာပိုင်တွေနဲ့ ပြည်သူတွေရဲ့ ပြဿနာတွေမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ပြည်သူတွေဘက်က ကာကွယ်ပေးတာမျိုးမဟုတ်ဘဲ လုပ်ငန်းရှင်၊ အာဏာပိုင်တွေအတွက် အကာအကွယ်ပေးနေတဲ့ အခြေအနေမျိုးတွေ အမြောက်အမြား တွေ့မြင်နေရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဆောင်းပါးရှင် ထောက်ပြဝေဖန်ထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာနိုင်ငံက ဆက်သွယ်ရေး ကုမ္ပဏီတွေအနေနဲ့ သုံးစွဲသူတွေကို စိတ်အနှောင့်အယှက် ဖြစ်လောက်အောင် ဖုန်းခေါ်ဆိုမှုတစ်မျိုး message နဲ့တစ်မျိုး ပို့နေတာတွေ၊ ပရိုမိုးရှင်း အစီအစဉ်တွေကို ပေးတဲ့နေရာမှာလည်း ပြည်သူတွေကို အမှန်တကယ် စေတနာမရှိဘဲ အဆင့်ပေါင်းမြောက်မြားစွာ ဝင်ရောက် ခိုင်းတာတွေ လုပ်နေတာဟာ ဆက်သွယ်ရေး ကုမ္ပဏီတွေအနေနဲ့ သုံးစွဲသူပြည်သူတွေကို စေတနာ မထားဘဲ လှည့်စားထားတာသာ ဖြစ်တဲ့အကြောင်းကို ဆောင်းပါးရှင်တင်ပြထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ပြည်သူတွေရဲ့စားဝတ်နေရေး အခက်အခဲကို သိဖို့အတွက် တိုင်းပြည်ခေါင်းဆောင်တွေ ပြည်သူတွေနဲ့ တစ်သားတည်းရှိဖို့ လိုအပ်ကြောင်း ဆောင်းပါးရှင် တင်ပြထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လက်ရှိမြန်မာနိုင်ငံက တရားစီရင်ရေးနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ပေါ့ဆမှုတွေကြောင့် လူတွေဟာ ကိုယ့်တရားကို ကိုယ်တိုင် စီရင်နေကြကြောင်း ပြုပြင်ပေးဖို့ လိုအပ်နေသလို ရဲတပ်ဖွဲ့အတွက် အသုံးအဆောင်နဲ့ အမှုလိုက်တဲ့နေရာမှာ လုံလောက်တဲ့ငွေကြေးထောက်ပံ့ပေးဖို့ လိုအပ်နေတဲ့ အကြောင်းတွေကို ဆောင်းပါးရှင် တင်ပြထားတာ နားဆင်ရမှာဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာနိုင်ငံက လွဲမှားနေတဲ့ တရားစိုးမိုးရေးနဲ့ တရားရေးက ဘက်လိုက်မှုတွေ ဖြစ်ပေါ်နေတာတွေ ရာဇဝတ်မှု ကျူးလွန်းခဲ့တဲ့သူတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကိုင်တွယ်ပုံတွေဟာ ဘက်လိုက်မှု၊ မမျှတမှုတွေ ဖြစ်ပေါ်နေတာကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတပတ်မှာတော့ မတော်တဆမှုတွေ၊ ဘေးအန္တရာယ်ဖြစ်ပွားမှုတွေမှာ နိုင်ငံတကာက အရေးတယူပြုပြီး ပြည်သူတွေကို ဝန်ချတောင်းပန်တာတွေ၊ ရာထူးက နုတ်ထွက်တာတွေ လုပ်ဆောင်နေပေမယ့် မြန်မာနိုင်ငံအစိုးရနဲ့ အစိုးရအဖွဲ့ဝင် ဌာနဆိုင်ရာတွေဟာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ ပြည်သူကို အရေးတယူ ပြုမူဆောင်ရွက်တာမျိုးတွေ မရှိတာနဲ့ ပတ်သက်ပြီး ဆောင်းပါးရှင် တင်ပြထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ပြည်တွင်းသတင်းဌာနတွေ သတင်းစာတွေမှာ ဖော်ပြထားတဲ့ လူသတ်မှု၊ ယာဉ်တိုက်မှု အခြားပြစ်မှုတွေနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေကို လူတွေမမြင်ဝံ့စရာဖြစ်အောင် ပုံကိုဘာမှ မကွယ်ဝှက်ဘဲ ပြည်သူကို တင်ပြနေတာတွေနဲ့ ပတ်သက်ပြီး ပြန်ကြားဝန်ကြီးဌာန အပါအဝင် ဖြန့်ဝေနေတဲ့ နာမည်ကြီး သတင်းတိုက်တွေ အနေနဲ့ ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်ကြဖို့ တိုက်တွန်းထားတာကို ဆောင်းပါးရှင်က တင်ပြထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ၂၀၁၇ ခုနှစ် ဇန်နဝါရီမှာ ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ YBS ဟာ အရင် မထသ ထက်စာရင် ကောင်းမွန်တာ မှန်ပေမယ့် တစ်နှစ်ကျော် သွားချိန်ထိ အထိုင်မကျနိုင်သေးဘဲ လိုအပ်ချက်တွေဖြစ်တဲ့ မှတ်တိုင်လိုအပ်ချက်၊ ကားတွေခရီးလမ်းဆုံထိ မပြေးဆွဲပေးတာတွေ၊ ခရီးစဉ်ပိတ်သိမ်းချိန်တွေမှာ ငွေကို အရင်လို ကိုယ်ရကိုယ်ယူ စနစ်တွေ ရှိနေသေးတာကြောင့် တိုင်းအစိုးရ အနေနဲ့ ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်နေသေးတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြပေးထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြို့နယ်အသီးသီးမှာ ခွေးလေ ခွေးလွင့်တွေ ပေါများလာတဲ့အတွက် လူတွေကို ဒုက္ခရောက်စေသလို ခွေးရူးပြန်ရောဂါကြောင့် သေဆုံးရသူတွေလည်း ရှိနေတဲ့အတွက် ခွေးမွေးချင်သူတွေအနေနဲ့ လူတွေကို ဒုက္ခမဖြစ်အောင် မွေးမြူကြဖို့ ဆောင်းပါးရှင် တိုက်တွန်းထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မူးယစ်ဆေးဝါးမှုတွေ၊ လုယက်မှုတွေအနေနဲ့ ပြစ်မှုကျူးလွန်တဲ့ နေရာ တုတ်၊ ဓားအပြင် သေနတ်၊ လက်ပစ်ဗုံးတွေကို အသုံးပြုပြီး ပြစ်မှုကျူးလွန်လာကြတာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ မလုံခြုံဆုံးမြို့တော်အဖြစ် စာရင်းသွင်းခံထားရတာ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရာဇဝတ်သားတွေကို ဖမ်းဆီးရာမှာ အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေဟာ ခေတ်မမှီတော့တာတွေကို ဆောင်းပါးရှင် ထောက်ပြဝေဖန် ထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုမှာ တရားခံတွေကို ပြန်လွှတ်ပေးလိုက်တာဟာ တရားဥပဒေအရ နည်းလမ်းကျတယ်ဆိုတာမျိုး ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ နိုင်ငံပိုင်သတင်းစာ နှစ်စောင်ဖြစ်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံကို ပြည်သူတွေအနေနဲ့ အဆင်မပြေမှုတွေ ဖြစ်ခဲ့တာကြောင့် ဆောင်းပါးတွေကို သတင်းစာမှာ ရိုက်နှိပ်ဖော်ပြခွင့်ပေးခဲ့တဲ့ တာဝန်ရှိ သူတွေကို ပြန်ကြားဝန်ကြီးဌာနအနေနဲ့ စိစစ်ကြပ်မတ်ပေးဖို့ လိုအပ်တဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထား တာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုမှာ တရားခံတွေ ပြန်လွှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး ယိမ်းယိုင်နေသလို နိုင်ငံတော်သမ္မတ ပြောမှသာ ပြန်လည်စစ်ဆေးမှုတွေ ပြုလုပ်နေတာတွေ ရှိတဲ့အတွက် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး ယိမ်းယိုင်နေတဲ့အကြောင်း ဆောင်းပါးရှင်း တင်ပြထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ဒီနေ့ခေတ်မှာ စာပေဟောပြောပွဲ ကျင်းပတဲ့နေရာမှာ စာပေတကယ်ချစ်မြတ်နိုးတဲ့ စာရေးဆရာတွေသာမကဘဲ စာပေဟောပြောတတ်ရုံလေးနဲ့ စင်ပေါ်တက် စာပေဟောပြောမှုတွေရှိနေတဲ့အတွက် အမြင်မတော်ဖြစ်နေကြောင်း စာပေဟောပြောပွဲ ကျင်းပတဲ့သူတွေအနေနဲ့ စာပေတကယ်ချစ်မြတ်နိုးတဲ့ စာရေးဆရာတွေကိုသာ ဖိတ်ကြားကြဖို့ တိုက်တွန်းထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်ဥက္ကလာပ မြို့နယ်မှာ ၁၃ နှစ်အရွယ်ကလေးငယ် တစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ရတာဟာ ဌာနဆိုင်ရာတွေအနေနဲ့ တာဝန်ခံမှု တာဝန်ယူမှု နည်းပါးမှုကြောင့် သေဆုံးရတာဖြစ်ပြီး မြန်မာနိုင်ငံမှာ လူ့အသက်ကို တန်ဖိုးထားမှု နည်းပါးနေသလို အစိုးရအနေနဲ့ ပြည်သူတွေရဲ့အသက်ကို တန်ဖိုးထားလေးစားဖို့ ဆောင်းပါးရှင်က တိုက်တွန်းထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာနိုင်ငံက တရားမဝင် ဖွင့်လှစ်ထားတဲ့ ဆေးရုံး၊ ဆေးခန်းတွေနဲ့ မသမာသူဆရာဝန်တွေကို ထိရောက်တဲ့ အရေးယူမှုတွေကို အစိုးရ အနေနဲ့ ဆောင်ရွက်ပေးဖို့ လူနာရှင်ပြည်သူတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ဆေးကောင်စီတို့က အကာအကွယ်ပေးဖို့ လိုအပ်တဲ့အကြောင်း ဆောင်းပါးရှင်က တင်ပြထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနိုင်ငံ ထမ့်လုံဂူမှာ ပိတ်မိပျောက်ဆုံးသွားတဲ့ ထိုင်းဘောလုံးသမားလေး ၁၃ ရက်ကို ထိုင်းအစိုးရက လူသားချင်းစာနာမှုနဲ့ ကူညီကယ်ဆယ်နေတာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ နိုင်ငံသူ နိုင်ငံသားတွေအပေါ် လူသားချင်းစာနာထောက်ထားပြီး ကယ်တင်ဖို့ လိုအပ်တဲ့အကြောင်း ဆောင်းပါးရှင် ဝေဖန်ထောက်ပြထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ရန်ကုန်တိုင်း အစိုးရအနေနဲ့ လမ်းဖောက်လုပ်တဲ့နေရာမှာ မလိုအပ်ဘဲ လမ်းတွေကိုမြင့်မားစွာ တည်ဆောက်တဲ့အတွက် နေအိမ်တွေ အဆင်မပြေဖြစ်နေသလို လမ်းတွေသာ ဆောက်လုပ်နေပြီးပလက်ဖောင်း မပါဝင်တဲ့ လမ်းတွေဖြစ်နေတဲ့အတွက် လမ်းသွားလမ်းလာတွေ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဆောင်းပါးရှင်က တင်ပြထားတာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာနိုင်ငံအတွင်းမှာ အစိုးရရဲ့ လုပ်ဆောင်မှု လွဲမှားနေတာတွေ အကျင့်ပျက်ဝန်ထမ်းတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှု လွဲချော်နေတာတွေကို ကာတွန်းဆရာတွေရေးဆွဲတဲ့ တစ်ကွက်ကောင်းကာတွန်းတွေဟာ မီဒီယာ လက်နက်ကောင်း တစ်ခုဖြစ်တယ်ဆိုတာကို ဆောင်းပါးရှင်က ထောက်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လက်ရှိအစိုးရအနေနဲ့ ကုန်ဈေးနှုန်းကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေသေးကြောင်း မသမာသူ စီးပွားရေးလုပ်ငန်းရှင်တွေကို ထိန်းချုပ်ဖို့ လိုအပ်နေသေးတဲ့အကြောင်း ဆောင်းပါးရှင် တိုက်တွန်းထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေအတွက် ကားအကောင်းစားတွေ ဝယ်ဖို့ဘတ်ဂျတ် ထည့်သွင်းထားတာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးနဲ့ အခြေအတင် ဖြစ်ခဲ့ကြပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေအနေနဲ့ နိုင်ငံတိုးတက်ဖို့ကို ဦးစားပေး လုပ်ဆောင်သင့်တဲ့အကြောင်း တိုက်တွန်းထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လူမှုကွန်ယက် Facebook နဲ့ အင်တာနက်တွေပေါ်မှာ လိမ်လည်မှုတွေ ပေါများလာတာဟာ SIM Card တွေ ပေါများလာသလို ဖုန်းလိုင်း ကုမ္ပဏီတွေအနေနဲ့ တာဝန်ခံမှု တာဝန်ယူမှု နည်းပါးတဲ့အတွက် SIM Card ကုမ္ပဏီတွေကို အစိုးရအနေနဲ့ စိစစ်ပေးဖို့ တိုက်တွန်းထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


NLD အစိုးရလက်ထက်မှာ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်လို့ အရေးယူမှုတွေ စစ်ဆေးမှုတွေကို ပွင့်လင်းမြင်သာစွာဆောင်ရွက်ဖို့ လိုအပ်တဲ့အကြောင်း စစ်ဆေးမှု အပြီးမှာလည်း ပြည်သူကို ပွင့်လင်းမြင်သာစွာချပြဖို့ လိုအပ်တဲ့အကြောင်း ဆောင်းပါးရှင်က တိုက်တွန်းထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ကို တအန်းလွတ်မြောက်ရေး တပ်မတော် TNLA က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားသေဆုံးမှု ရှိခဲ့တာနဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး နှစ်ဖက်တပ်တွေအနေနဲ့ ကိုယ်ကျိုးစီးပွားကိုလျှော့ချဖို့ တိုက်တွန်းထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


Forever Group ကုမ္မဏီကနေ 4TV ရုပ်သံလိုင်းကနေ Canal+ ဆိုပြီးပြောင်းလဲလိုက်ချိန်မှာ ကြည့်ရှုသူ ပြည်သူတွေကို အလေးမထားဘဲ အကြောင်းကြားတာမျိုး မရှိတဲ့အပြင် တိုင်ကြားမှုတွေ ပြုလုပ်ချိန်မှာလည်း ကတိကဝတ်ဖောက်ဖျက်သလို စားသုံးသူရေးရာ ဦးစီးဌာနအနေနဲ့လည်း သေချာကိုင်တွယ်မဖြေရှင်းပုံကို ဆောင်းပါးရှင်တင်ပြထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


တိုင်းပြည်ရဲ့ လယ်ယာကဏ္ဍအတွက် အရေးကြီးတဲ့ သက်ရှိအရင်းအမြစ်တွေဖြစ်တဲ့ ကျွဲနွားတွေကိုပြည်တွင်းမှာသာ ထိန်းသိမ်းမွေးမြူထားသင့်ပြီး ပိုလျှံမှသာ အကောင်ရေအကန့်အသတ်နဲ့ နိုင်ငံခြားကို တင်ပို့ရောင်းချခွင့်ပြုသင့်ကြောင်း ဆောင်းပါးရှင် တင်ပြထားတာနားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့ နိုင်ငံခြားသားတွေကို ဦးစားပေးလေးစားလွန်းအားကြီးတာတွေ နိုင်ငံခြားသားဆိုရင် အဆင့်အတန်းမြင့်တယ်လို့ထင်နေတာ ကိုယ့်နိုင်ငံသူ နိုင်ငံသားထက် နိုင်ငံခြားသားကို အထင်ကြီးတဲ့ စိတ်တွေလျှော့ကြဖို့နဲ့ အတုယူစရာရှိတာကိုသာ လေးစားအတုယူကြပါလို့ တင်ပြထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ တရားဝင်ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးဝါးကုသနေတဲ့သူတွေကို အရေးယူပေးဖို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ အဆိုရှုံးနိမ့်ခဲ့တာဟာ ပြည်သူကတင်မြှောက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ မဲပေးခဲ့တဲ့ ပြည်သူတွေကို စေတနာမထားကြတော့ဘဲ ကိုယ်ကျိုးစီးပွားလုပ်နေတဲ့ ဒေါက်တာ ရမ်းကုတွေရဲ့ အကျိုးစီးပွားကို ကာကွယ်သွားကြတာလားဆိုတာ ဆောင်းပါးရှင်း တင်ပြထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာနိုင်ငံက တရားဝင် ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးဝါးကုသနေသူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ တရားဝင်ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးဝါးကုသနေတဲ့သူတွေကို အရေးယူပေးဖို့ အဆိုရှုံးနိမ့်ခဲ့တာနဲ့ ပတ်သက်ပြီး ဆောင်းပါးရှင်း တင်ပြထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုမှာ အဓိကဖြစ်တဲ့ စည်းကမ်းမဲ့ ကားတွေ၊ ဒရိုင်ဘာတွေကြောင့်ဖြစ်ပြီး လက်ရှိအဆိုးဆုံး စည်းကမ်းချိုးဖောက်နေတဲ့ ကိုယ်ပိုင်ကားတွေ၊ အငှားကားတွေကို ထိထိရောက်ရောက်အရေးယူဖို့ လိုအပ်နေတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာကို နားဆင်ရမှာဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ယနေ့ခေတ်လူငယ်နဲ့ လူမှုအသိုင်းအဝိုင်းမှာ လူမှုကွန်ယက်ဖေ့(စ်)ဘွတ်ကို စွဲမက်စွာ သုံးစွဲနေကြပြီး ဗဟုသုတထက် ဘဝတစ်ခုလို သုံးစွဲနေကြတဲ့ အကြောင်းနဲ့ စာအုပ်စာပေကို ဖတ်ရှုမှုအားနည်းသွားတဲ့အကြောင်း ဆောင်းပါးရှင်က တင်ပြထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာရုပ်ရှင်လောက တိုးတက်မှု မရှိနေတာတွေ ရုပ်ရှင်သရုပ်ဆောင်၊ ထုတ်လုပ်သူတွေ ရုပ်ရှင်လောကသားတွေ အနေနဲ့ မြန်မာရုပ်ရှင်လောကကိုမြှင့်တင်ဖို့ လိုအပ်နေတဲ့အကြောင်း ငွေကြေးတစ်ခုတည်းကိုကြည့်ပြီး လုပ်ဆောင်နေတာကို ဆောင်းပါးရှင်က တင်ပြထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာနိုင်ငံမှာ အိမ်အကူ အလုပ်သမားတွေကို ညှဉ်းပန်းနှိပ်စက်တာတွေ ရှိနေတဲ့အတွက် အိမ်အကူဥပဒေကို ရေးဆွဲပြဌာန်းပေးဖို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကနေ တရားဝင်မှတ်ပုံတင်ပေးဖို့ အိမ်ရှင် အိမ်အကူ တစ်ဖက်ဖက်နစ်နာရင် တိုင်ကြားလို့ရမယ့် ဖုန်းနံပါတ်တွေ ပေးထားဖို့လိုအပ်နေတဲ့အကြောင်း ဆောင်းပါးရှင်က တင်ပြထားတာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာနိုင်ငံမှာ အရက်ချက်စက်ရုံတွေ များပြားလာတာ၊ နိုင်ငံခြားအရက်တွေ ဝင်ရောက်မှုများပြားလာတဲ့အတွက် အရက်သောက်သုံးသူများလာပြီး မဖြစ်သင့်တဲ့ ဒုစရိုက်မှုတွေ ဖြစ်ပွားလာတဲ့အတွက် ယစ်မျိုးနည်းဥပဒေနဲ့ အရေးယူဖို့ အရက်၊ ဘီယာတွေကို သွင်းကုန်ဥပဒေနဲ့ ထိထိရောက်ရောက် တားမြစ်အရေးယူဖို့ လိုအပ်နေတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ အစိုးရက သတ်မှတ်ထားတဲ့ ဥပဒေစည်းကမ်းတွေ ချိုးဖောက်နေသူတွေကို တည်ဆဲဥပဒေတွေနဲ့အညီ ဆက်လက်အရေးယူနိုင်ဖို့ အစိုးရအနေနဲ့ အရေးယူဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားတာဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ မြန်မာနိုင်ငံမှာ လိင်ဖျော်ဖြေရေး လုပ်ငန်းတွေကို တရားဝင်ခွင့်ပြုပေးလိုက်ရင် သက်မုဒိန်းမှုတွေ လျော့နည်းသွားမယ့်အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး ထိထိရောက်ရောက်အရေးယူဖို့ လိုအပ်နေတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ရန်ကုန်မြို့တွင်းပြေးဆွေးနေတဲ့ YBS ယာဉ်လိုင်းတွေဟာ အခုဆိုရင် တစ်နှစ်ကျော်ကာလကို ရောက်ရှိလာပေမယ့် လိုအပ်ချက်တွေ၊ အားနည်းချက်တွေ ရှိနေသေးတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ နိုင်ငံပိုင်ရုပ်သံမီဒီယာတွေက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ကုန်ပစ္စည်းတွေကို စားသုံးသူကာကွယ်ရေးဥပဒေနဲ့ ကိုက်ညီမှုမရှိဘဲ ကြော်ငြာနေတာနဲ့ပတ်သက်ပြီး ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ အရင်အာဏာရှင်လက်ထက်က ပြည်သူတွေနဲ့အတူ ဖိနှိပ်ခံခဲ့ရတဲ့ နိုင်ငံရေးသမားတချို့ လက်ရှိအစိုးရလက်ထက်မှာ အာဏာရလာတဲ့အခါ ဘဝမေ့တတ်ကြပုံ၊ တရားရုံးတွေရဲ့ တရားစီရင်ရေးမှာ မျှမျှတတမရှိဘဲ တစ်ဖက်သတ်ဖိနှိပ်ထားတာတွေ၊ ဥပဒေကို လက်တစ်လုံးခြားလုပ်ထားတာတွေ စတဲ့အဖြစ်အပျက်တွေကို လှောင်ပြောင်သရော်ထားတဲ့ ကာတွန်းတွေအကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကလိုပဲ လက်ရှိ အစိုးရလက်ထက်မှာလည်း ဝန်ကြီးတချို့ စကားကို မဆင်မခြင်ပြောဆိုနေတာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ရန်ကုန်မြို့တွင်း မြို့နယ် ၆ ခုမှာရှိတဲ့ ကလေးကစားကွင်းတွေ၊ ပြည်သူတွေ အနားယူအပန်းဖြေတဲ့နေရာတွေမှာ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်နေကြသလို ပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ ကမ်းခြေတွေမှာလည်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်တာတွေကြောင့် သဘာဝအလှတွေကို ထိခိုက်ပျက်စီးမှု ရှိနေတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ လွှတ်တော်အမတ်တချို့က ပြည်သူ့အကျိုး ဘာတစ်ခုမှ မဆောင်ရွက်တဲ့အကြောင်းတွေ၊ ရာဇ၀တ်မှုကျူးလွန်တဲ့တရားခံကို တာဝန်ရှိပုဂ္ဂိုလ်တွေက ဖမ်းဆီးရမိပေမယ့် နောက်ကွယ်က ကြိုးကိုင်တဲ့တရားခံကို မဖေါ်ထုတ်နိုင်တာ၊ ပြည်သူတွေမှာလည်း ဆင်းရဲတွင်းထဲမှာ မဖြစ်အပျက်မျိုးစုံနဲ့ ကြုံနေရတာကို ဝေဖန်ထောက်ပြထားတဲ့ ကာတွန်းတွေအကြောင်း ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ အစိုးရက စားသောက်ဆိုင်တွေမှာ အစိုးရကိုပေးဆောင်ရတဲ့ စားသောက်ခွန် ( Commercial Tax )ကိုသာကောက်ခံနေပြီး ( service Tax )ကို ကောက်ခံဖို့ ထုတ်ပြန်ထားတာမရှိပေမယ့် စားသောက်ဆိုင်တချို့က စားသုံးသူပြည်သူတွေဆီကနေ ( service Tax ) ကောက်ခံနေတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ ဆေးဝါးလာရောက်ကုသတဲ့သူတွေဟာ ပိုက်ဆံတနင့်တပိုးပေးပြီး ကုသနေရပေမယ့် လူနာတွေအပေါ် ဆရာဝန်တွေရဲ့ဆက်ဆံရေးမကောင်းတာတွေ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေရဲ့ဝန်ဆောင်မှုညံ့ဖျင်းတာတွေနဲ့ ကြုံနေရတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ နေပူကြီးထဲဌာနတစ်ခုရှေ့မှာ တန်းစီနေတဲ့လူအုပ်ကြီးကို တာဝန်ရှိတဲ့သူပြောလိုက်တာက လာဘ်ပေးအောင်ဒုက္ခအရင်ပေးထားလိုက်တဲ့။ နောက်ပြီး ဘယ်အစိုးရတက်လာတက်လာ ခရိုနီတွေ၊ လုပ်ငန်းရှင်ကြီးတွေက စီးပွားရေးမှာ အစိုးရနဲ့ အဆင်ပြေအောင်ပေါင်းပြီး စားနေကြတုန်းပါပဲ၊ အခြေခံလူတန်းစားတွေမှာတော့ ဒုက္ခရောက်မြဲရောက်ဆဲဆိုပြီး လှောင်ပြောင်သရော်ထားတဲ့ ကာတွန်းတွေအကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ တရုတ်ပြည်က ချည်ထည်ပုဆိုးတွေ မန္တလေးဈေးကွက်ထဲရောက်တဲ့အတွက် ရက်ကန်းလုပ်ငန်းရှင်တွေ ပြည်တွင်းချည်ထည်ပုဆိုးဈေးကွက် ထိခိုက်မှုရှိလာမှာကို စိုးရိမ်နေတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ အမတ်မင်းကပြောလိုက်တယ် ကျုပ်တို့နိုင်ငံဖွံ့ ဖြိုးတိုးတက်ဖို့ ပြည်သူ့အားလိုတယ်တဲ့။ ပြည်သူတွေမှာလည်း အား သေပါပြီဗျ၊ အား ကြောက်ပါပြီဗျ၊ အား မလုပ်တော့ပါဘူးဗျနဲ့ နောက်ပြီး လွှတ်တော်မှာ ကန့်ကွက်လိုက်ကြတာ ယိမ်းတိုက်ထားသလို စည်းချက်ညီညီနဲ့တဲ့ စတဲ့လှောင်ပြောင်သရော်ထားတဲ့ ကာတွန်းတွေအကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထင်ရှားကျော်ကြားသူတွေရဲ့ဓါတ်ပုံတွေ၊ အဆိုအမိန့်တွေကို အသုံးပြုပြီး သရော်လှောင်ပြောင်ကြတဲ့ လုပ်ရပ်တွေဟာ အပြုသဘောမဆောင်ဘဲ အပျက်တွေဖြစ်လာတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ မြို့ပြရဲ့ရပ်ကွက်တွေမှာ ဘာသာရေးကိုအကြောင်းပြ၊ ပွဲလမ်းသဘင်အလှုမင်္ဂလာတွေမှာ အသံချဲ့စက်၊ ဆောင်းဘောက်စ် အသံကုန်ဖွင့်နေတဲ့အတွက် ဆူညံသံတွေကြောင့် ကျန်းမာရေးနဲ့ ပညာရေးထိခိုက်တာ၊ စိတ်ပိုင်းဆိုင်ရာ အနှောက်အယှက်ဖြစ်ရပါတယ်။ အခုလို စိတ်အနှောက်အယှက်ဖြစ်တာတွေကို အရေးယူဆောင်ရွက်တဲ့အပိုင်းမှာ အားနည်းနေတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ တယ်လီဖုန်းကုမ္ပဏီတွေအနေနဲ့ ဖုန်းဘေလ်နဲ့ဆိုင်တဲ့ ပရိုမိုးရှင်းပလန်တွေကို ဖုန်းမက်ဆေ့ခ်ျထဲအကြိမ်ပေါင်းများစွာ ကြော်ငြာနေတာကနေ အခုနောက်ပိုင်း လုပ်ငန်းရှင်စီးပွားရေးသမားတွေရဲ့ကုန်ပစ္စည်းနဲ့သက်ဆိုင်တဲ့ ကြော်ငြာတွေကိုပါ ဖုန်းခေါ်ဆိုပြီး ကြော်ငြာနေတဲ့အတွက် စားသုံးသူအကာကွယ်ပေးရေးဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အချက်အလက်တွေနဲ့ ငြိစွန်းနေတာကြောင့် သက်ဆိုင်ရာက အရေးယူဟန့်တားပေးဖို့ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ငြိမ်းချမ်းရေး၊ ဟိုပြည်နယ် ဒီပြည်နယ်က စစ်ပြေးဒုက္ခသည်ဆိုလား၊ ဟိုရဲအရာရှိမင်းက နေပြည်တော်လေဆိပ်မှာ လက်နက်တွေ ဖမ်းမိတာကိုလည်း လက်နက်တွေက အတိုလေးတွေပါ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖိုပါနဲ့ စုံလို့ပါပဲ လှောင်ပြောင်သရော်ထားတဲ့ ကာတွန်းတွေအကြောင်း ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ အွန်လိုင်းကနေတဆင့် လူသုံးကုန်ပစ္စည်းတွေရောင်းချရာမှာ မှန်မှန်ကန်ကန်ဖြစ်လာအောင် အစိုးရအနေနဲ့ အခွန်ကောက်ခံပြီး ထိန်းကျောင်းလမ်းညွန်မယ်ဆိုရင် လုပ်ငန်းလိုင်စင်နဲ့ ဒီဂျစ်တယ်နည်းဥပဒေရေးဆွဲပြဌာန်းပေးဖို့ ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ နေပြည်တော်လေဆိပ်မှာ လက်နက်တွေမိတဲ့ကိစ္စအပါအဝင် ဥပဒေနဲ့မကင်းတဲ့လုပ်ရပ်တိုင်း ပြစ်မှုကျူးလွန်သူတွေကို သက်ဆိုင်ရာက ထိရောက်တဲ့ပြစ်ဒဏ်နဲ့ အရေးယူဆောင်ရွက်မှု အားနည်းနေတဲ့အတွက် တရားဥပဒေစိုးမိုးရေးဟာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားတွေ ည ၉ နာရီကျော်တဲ့အထိ ဆွဲပေးရမယ်လို့ YRTA က စည်းကမ်းသတ်မှတ်ထားပေမယ့် ဘတ်စ်ကားလိုင်းတချို့ ပြေးဆွဲမှုမရှိတဲ့အတွက် ခရီးသည်တွေက အောက်ဆိုဒ်ကားတွေကို ရွေးချယ်စီးနင်းနေရပြီး ဒီပြဿနာကို သက်ဆိုင်ရာက ဖြေရှင်းပေးဖို့ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ရခိုင်ပြည်နယ်က ပြဿနာကိုအခြေခံပြီး မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်တာတွေ၊ ဟိုစားပွဲတော်၊ ဒီစားပွဲတော်နဲ့ စတဲ့စတဲ့ အဖြစ်အပျက်တွေကို တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ရခိုင်ပြည်နယ်က ပဋိပက္ခသတင်းတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရပိုင် သတင်းမီဒီယာတွေက နိုင်ငံတကာသတင်းမီဒီယာတွေနဲ့ နှိုင်းယှဉ်ရင် သတင်းထုန်ပြန်တဲ့အပိုင်းမှာ အများကြီးအားနည်းချက် ရှိတဲ့အပြင် နိုင်ငံတကာသတင်းမီဒီယာတွေက ရေးသားတင်ပြမှုကို အချိန်နဲ့တပြေညီတုံ့ပြန်နိုင်ခြင်း မရှိဘူးလို့ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့( WHO ) ရဲ့စစ်တမ်းအရ မြန်မာနိုင်ငံဟာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမူရေးပြဿနာ၊ အရက်သေစာနဲ့  မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲခြင်း အရာရာအားလုံး အလဲလဲအပြိုပြိုဖြစ်လာတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တဲ့နိုင်ငံတွေထဲမှာ ပါဝင်နေတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လက်တလောဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းတွေ၊ တရားမဝင်သစ်ကိစ္စ၊ လူမှုကွန်ယက်စာမျက်နှာတွေက အဖြစ်အပျက်တွေကို ဝေဖန်ထောက်ပြသရော်ထားတဲ့ ကာတွန်းတွေအကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ အခြေခံလူတန်းစားတွေ သာမန်ဖျားတာနာတာဖြစ်တဲ့အခါ နီးစပ်ရာစပ်ဆေးရောင်းချတဲ့ဆိုင်တွေမှာ ဝယ်ယူကုသနေတဲ့အတွက် ဘေးထွက်ဆိုးကျိုးမဖြစ်ရအောင် သက်ဆိုင်ရာက ထိရောက်တဲ့ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်ပြီး အရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်ဖို့ လိုအပ်တဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ရခိုင်ပြည်နယ်က အကြမ်းဖက်ပြဿနာ၊ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ဝိုင်ဘီအက်စ် ( YBS ) ဘတ်စ်ကားတချို့ရဲ့ အဖြစ်အပျက်တွေနဲ့ ပြည်သူတွေ ဒုက္ခမျိုးစုံနဲ့ ကြုံနေရတဲ့အခြေအနေတွေကို ဝေဖန်ထောက်ပြနေတဲ့ ကာတွန်းတွေအကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ဆက်သွယ်ရေးကုမ္ပဏီတွေက တယ်လီဖုန်းခေါ်ဆိုခနဲ့ အင်တာနက်အသုံးပြုရာမှာ သတ်မှတ်ထားတဲ့ငွေကြေးနှုန်းထားထက် အဆမတန်ဖြတ်တောက်နေသလို တခြားဝန်းဆောင်မှုတွေမှာလည်း ပြည်သူတွေဆီကနေ ရသလောက်ခေါင်းပုံဖြတ် အမြတ်ထုတ်နေကြတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ( FDA ) အနေနဲ့ အစားအသောက်၊ ဆေးဝါး၊ ရေသန့်တွေကို စစ်ဆေးရာမှာ ကျန်းမာရေးနဲ့မညီညွတ်တာတွေကို အရေးယူမှုတွေရှိပေမဲ့လည်း ထိရောက်တဲ့အရေးယူဆောင်ရွက်တဲ့အပိုင်းမှာ အားနည်းနေသေးတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ယနေ့ခေတ်လူငယ်တွေ စာပေနဲ့ကင်းကွာလာတဲ့အတွက် အသိဥာဏ်ပညာနဲ့ အတွေးအခေါ်တွေ နိမ့်ကျနေပြီး စာသင်ကျောင်းတွေမှာလည်း ကျောင်းစာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတတ်လာဖို့ဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာနက ပံ့ပိုးကူညီပေးဖို့ ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ တရားရုံးတွေရဲ့အဖြစ်အပျက်တွေ၊ ရဲတွေက အမှုအခင်းတွေမှာ ကိုင်တွယ်ဆောင်ရွက်ပုံ၊ FDA က အစားအသောက်တွေကို စစ်ဆေးအရေးယူမှု စတဲ့နယ်ပယ်အသီးသီးက အဖြစ်အပျက်တွေ ကို ဝေဖန်ထောက်ပြနေတဲ့ ကာတွန်းတွေအကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားစနစ်မှာ တာဝန်ရှိသူတွေအနေနဲ့ စနစ်တစ်ခုချမှတ်ပြီးရင် ချမှတ်ထားတဲ့ပုံစံအတိုင်း တိတိကျကျဆောင်ရွက်ဖို့နဲ့ ယာဉ်အကူနဲ့ စပယ်ယာတွေရဲ့ပြဿနာတွေအကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ရန်ကုန်မြို့နေပြည်သူတွေ အမှိုက်စွန့်ပစ်တဲ့နေရာမှာ ဖြစ်သလိုစွန့်ပစ်နေတဲ့အကြောင်း မြန်မာနိုင်ငံနဲ့ စင်္ကာပူနိုင်ငံ အမှိုက်စွန့်ပစ်တဲ့စနစ်ကို နှိုင်းယှဉ်ပြီး ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ရန်ကုန်မြို့ပေါ်ပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားတွေဟာ စည်းမျဉ်းစည်းကမ်းပိုင်းမှာ အားနည်းချက်ရှိနေတဲ့အတွက် မဖြစ်သင့်တဲ့အရာတွေ ဖြစ်နေရတဲ့အကြောင်း ဒါ့အပြင် မြန်မာနိုင်ငံဟာ ယာဉ်မတော်တဆမှုကြောင့်လူသေဆုံးမှုမှာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဒုတိယအများဆုံးနိုင်ငံဖြစ်တဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာနိုင်ငံမှာ လူတစ်ဦးချင်းစီရဲ့ဝင်ငွေနိမ့်ကျနေသလို ကုန်ဈေးနှုန်းအဆမတန် ကြီးမြင့်နေတဲ့အတွက် ကျန်မာရေးနဲ့ ညီညွတ်ပြီး သန့်ရှင်းလက်ဆက်အဟာရပြည့်ဝတဲ့ အစားအစာကို ရွေးချယ် စားသုံးနိုင်ခြင်းမရှိတဲ့အတွက် မျိုးဆက်တွေဟာ တဖြေးဖြေးနဲ့ ကိုယ်အင်္ဂါအစိပ်အပိုင်းကြံ့ခိုင်ဖွံ့ဖြိုးမှုမရှိဘဲ ကြုံလှီသေးကွေးလာတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ တရားရုံးတွေကို အာဏာပိုင်တွေက ဝင်ရောက်စွက်ဖက်မှု၊ တရားရုံးတွေကြုံနေရတဲ့ အဖြစ်အပျက်တွေ၊ အစိုးရဝန်ကြီးတချို့က စိတ်ထင်တိုင်းပြောဆိုတာတွေ စတဲ့ကဏ္ဍအသီးသီးက အခြေအနေတွေကို ထောက်ပြဝေဖန်နေတဲ့ ကာတွန်းတွေအကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ခေါင်းဆောင်ဖြစ်ထိုက်သူတွေဟာ တာဝန်ယူလိုစိတ်နဲ့ တာဝန်ယူတတ်ခြင်း ရှိဖို့လိုသလို နိုင်ငံရဲ့အရေးတကြီးလုပ်ငန်းတွေမှာ ပြဿနာဖြစ်မှ အရေးယူမယ့်စည်းမျဉ်းစည်းကမ်းထုတ်ပြန်တာထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုအပ်တဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာနိုင်ငံမှာ ၂ဝ၁၂ ခုနှစ်ကစပြီး မူလတန်းကနေ ၁ဝ တန်းအထိ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေကို ဖွင့်ခွင့်ပြုလိုက်ပြီးနောက် ကလေးငယ်တွေပညာသင်ကြားရေးမှာ တန်းတူအခွင့်အရေးမဟုတ်တော့ဘဲ ခွဲခြားမှုတွေလည်း ရှိလာပါတယ်။ ဒါ့အပြင် စည်းကမ်းချိုးဖောက်တဲ့ ကိုယ်ပိုင်ကျောင်းတချို့လည်း ရှိလာနေတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာနိုင်ငံရဲ့တရားစီရင်းရေးမှာ သမာသမတ်ကျတဲ့ ဆုံးဖြတ်ချက်မရှိတာကြောင့် ပြည် သူတွေက တရားရေးမဏ္ဍိုင်ကို ယုံကြည်မှုကင်းမဲ့လာတဲ့အကြောင်း ဒါ့အပြင် ပုဒ်မ ၆၆ ( ဃ ) နဲ့ တရားစွဲဆိုတဲ့ အမှုတွေမှာ မမျှမတဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ ခွေးရူးပြန်ရောဂါအဖြစ် အများဆုံးနိုင်ငံစာရင်းထဲပါဝင်နေပြီး ခွေးလေခွေးလွင့်ပြဿနဲ့ ခွေးရူးပြန်ရောဂါကို ဘယ်လိုကာကွယ် တားဆီးမလဲ ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လက်ရှိအစိုးရကြုံနေရတဲ့ အရင်အစိုးရလက်ထက်က ကျပ်ငွေဘီလီယံနဲ့ချီတဲ့ကိစ္စ၊ အစိုးရဝန်ကြီး၊ ဝန်ကလေးတွေ ဖြစ်ပျက်နေတဲ့ကိစ္စ၊ အခြားကဏ္ဍအသီးသီးက အဖြစ်အပျက်တွေကို ပြောပြနေတဲ့ကာတွန်းတွေအကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ရန်ကုန်မြို့အပါအဝင် တခြားမြို့ပြတွေမှာလည်း လူဦးရေထူထပ်များပြားလာတာနဲ့အမျှ သာမန်ပြည်သူတွေအတွက် အိမ်ယာလိုအပ်ချက်ပြဿနာနဲ့ ရင်ဆိုင်နေရသလို မြေဈေးနှုန်းအဆမတန်ကြီးမြင့်မှုနဲ့ အလုပ်မဖြစ်တဲ့ စက်မှုဇုန်မြေကွက်လပ်တွေကို ဘယ်လိုဖြေရှင်းမလဲ ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ပြည်သူ့ရေးရာနဲ့ဆိုင်တဲ့ အစိုးရဌာနပိုင်ရုံး အတော်များများဟာ ပြောင်းလဲမှုတချို့ ရှိလာပေမယ့် မပြောင်းလဲနိုင်သေးတဲ့ အစိုးရဘဏ်၊ ဝန်ထမ်းတွေရဲ့လိုအပ်ချက်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာပြောင်းလဲဖို့ လိုအပ်နေတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ တရားစီရင်ရေးမှာ ကြုံနေရတဲ့အဖြစ်အပျက်တွေ၊ မကွေးတိုင်းက ငွေကြေးအရှုပ်တော်ပုံ၊ ရန်ကုန်က YBS ဘတ်စ်ကား စတဲ့ကဏ္ဍအသီးသီးမှာ ဖြစ်ပျက်နေတာကို ဝေဖန်ထောက်ပြထားတဲ့ ကာတွန်းတွေအကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လူငယ်တွေအနေနဲ့ ဖေ့စ်ဘွတ်ခ်ကို အချိန်ပြည့်အသုံးပြုနေတာကြောင့် မလိုလားအပ်တဲ့ ဆိုးကျိုးတွေရှိလာနေတဲ့အကြောင်း ဒါ့အပြင် ဖေ့စ်ဘွတ်ခ်စာမျက်နှာဟာ မသာမာသူတွေအတွက် အစာရေစာပေါများတဲ့ သားကောင်ပေါများတဲ့ စားကျက်ကွင်းပြင်ကြီးတစ်ခုလို ဖြစ်နေတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ စည်းကမ်း၊ စာရိတ္တနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာတွေမှာ ယိုယွင်းပျက်စီးနေတဲ့အတွက် စိတ်ဓါတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လူငယ်တွေ စာဖတ်အားနည်းလာတဲ့အတွက် အတွေးအခေါ်ဗဟုသုတ နိမ့်ကျလာသလို စာနယ်ဇင်းလောကမှာလည်း သတိထားရမယ့် အရေးအသားတချို့နဲ့ ပတ်သက်ပြီး ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာနိုင်ငံအနေနဲ့ အလုပ်လက်မဲ့ပြဿနာနဲ့ ကြုံနေရသလို လူငယ်လူရွယ်တွေလည်း ပြည်ပထွက်ပြီး အလုပ်လုပ်နေရတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ နိုင်ငံရေးမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ပြောပြနေတဲ့ ကာတွန်းတွေ အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဟာ အရင်ကထက် ပိုပြီးကောင်းမွန်လာပေမယ့် ရန်ကုန်အပါအဝင် အနယ်နယ်အရပ်ရပ်က ဆေးဝါးလာရောက် ကုသနေသူတွေများနေတာကြောင့် လူနာအရေအတွက်နဲ့ ဆရာဝန်၊ သူနာပြု အချိုးအစား မမျှမတ ဖြစ်နေတာ၊ ဆေးဝါးမလုံလောက်တာ တခြားပြုပြင်စရာတွေလည်း လိုအပ်နေသေးတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ သင်္ကြန်နားနီးလာတာကြောင့် ကုန်းဈေးနှုန်းတွေကြီးလာသလို မြန်မာနိုင်ငံအနေနဲ့လည်း အစစ၊ အရာရာ ဈေးကြီးနေတဲ့အတွက် ပြည်သူကိုကိုယ်စားပြုတဲ့ လွှတ်တော်တွေအနေနဲ့ ဒါတွေကို ဖြေရှင်းပေးဖို့ လိုအပ်နေတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာ ရန်ကုန်မြို့နေ ပြည်သူအချို့ ဘတ်စ်ကားစီးရတာ အဆင်မပြေတဲ့အတွက် မြို့ပတ်ရထားပြောင်းစီးတဲ့အခါ ရထားတွေက အချိန်မမှန်တာ စတဲ့စတဲ့အခက်အခဲတွေ၊ ဒါ့အပြင် မြို့ပတ်ရထားတွေနဲ့ လမ်းတွေကိုပါ ပြုပြင်ဖို့ လိုအပ်နေတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာ မြန်မာနိုင်ငံရဲ့ လူဦးရေအများဆုံးနေထိုင်တဲ့ ရန်ကုန်မြို့မှာ မြို့တော်သူ၊ မြို့တော်သားတွေက ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်အိမ်ကို ကိုင်တိုင်ဖန်တီးခွင့် မရရှိကြသေးသလို တရားဥပဒေစိုးမိုးရေးမှာလည်း အားနည်းနေတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ JobNet.com က ကောက်ယူထားတဲ့ ကိန်းဂဏန်းစစ်တမ်းအရ မြန်မာနိုင်ငံနိုင်ငံရဲ့ ပုဂ္ဂလိကကုမ္ပဏီအလုပ်တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်းထမ်းအတော်များများမှာ လုပ်ငန်းခွင်စိတ်ဖိစီးမှု များနေတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာနိုင်ငံရဲ့ ကဏ္ဍအသီးသီးမှာ ပြုပြင်ပြောင်းလဲစရာတွေ၊ လိုအပ်ချက်တွေ၊ အားသာချက်၊ အားနည်းချက်တွေကို အဘက်ဘက်ကနေ ထောက်ပြဝေဖန်ထားတဲ့ ကာတွန်းတွေအကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ တရားမဝင်လိုင်စင်မရှိတဲ့ အကြွေစေ့ဂိမ်းဆိုင်တွေနဲ့ တရားဝင်လိုင်စင်ရှိပေမယ့် ဥပဒေမဲ့ငွေကြေးအလောင်းအစားလုပ်တဲ့ အကြွေစေ့ဂိမ်းဆိုင်တွေကို သက်ဆိုင်ရာက အရေးယူမယ်ဆိုရင် တပြေညီထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုတယ် ဆိုတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားလိုင်းတွေဟာ မကြာသေးခင်က ဖျက်သိမ်းလိုက်တဲ့ မထသ ယာဉ်လိုင်းစနစ်မျိုး မဖြစ်ရအောင် ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်နေသေးတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ အရက်သေစာသောက်စားမှုများလာတာဟာ လူမှုပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှု ရှိနေတဲ့အကြောင်း၊ ပြည်တွင်းထုတ် အရက်တွေဟာ အရည်အသွေးနဲ့ စံချိန်စံညွှန်း ပြည့်၊ မပြည့် သက်ဆိုင်ရာက စစ်ဆေးဖို့ လိုသလို တရုတ်ပြည်ကနေ တရားမဝင်တင်သွင်းလာတဲ့ အန္တရာယ်ရှိတဲ့အရက်တွေကို ထိန်းချုပ်ဖို့ လိုအပ်တဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာလူမျိုးတွေကိုယ်တိုင်က မြန်မာစာနဲ့ မြန်မာစကားကို တန်ဖိုးထားမှု လျော့ကျနေတဲ့အတွက် မြန်မာစာကို ပြန်ပြီးတန်ဖိုးထားသင်ယူကြဖို့ လိုအပ်တဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ အင်တာနက် လူမှုစာမျက်နှာကို အသုံးပြုတဲ့သူတွေဟာ အကြောင်းအရာတစ်ခု ဒါမှမဟုတ် တခြားသူ တစ်ယောက်ယောက်ရဲ့ ဓာတ်ပုံတွေကို အသုံးပြုမယ်ဆိုရင် သူရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှုရှိ၊ မရှိ စဉ်းစားဖို့ လိုအပ်တဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ရန်ကုန်မြို့တွင်း နေ့စဉ်ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေက စည်းကမ်းချိုးဖောက်တဲ့ ဒရိုင်ဘာတွေနဲ့ စပယ်ယာတွေကို မထသ နဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေက ဥပဒေအရ အရေးယူဆောင်ရွက်တာ၊ တာဝန်ယူဖြေရှင်းပေးတာ မရှိတဲ့အတွက် ဒါကို လက်တုံ့ပြန်မယ့် အဖွဲတွေပေါ်လာခဲ့ရတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ဆေးရုံဆေးခန်းတွေရဲ့ ဝန်ဆောင်မှုညံ့ဖျင်းတာ၊ ဆရာဝန်တွေက လူနာတွေအပေါ် တာဝန်ယူမှုအားနည်းတာ၊ လစ်လျူရှုတာ၊ မတရားဖိနှိပ်ဆက်ဆံတာတွေ လူနာတွေမှာလည်း ငွေကြေးအကုန်အကျများတာကြောင့် ဝန်ထုတ်ဝန်ပိုးဖြစ်ရတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ တရားသောစစ်အောင်မြင်စေကြောင်း ထောက်ခံပွဲလုပ်တဲ့လူတစ်စုဟာ အောင်ပွဲရလာတဲ့တပ်မတော်ကို ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်နေမယ့်အစား တိုင်းပြည်ငြိမ်းချမ်းသာယာတိုးတတ်စေဖို့ စေတနာထားပြီး အပြုသဘောနဲ့ ပူးပေါင်းပါဝင်ရင် ပိုပြီးအကျိုးရှိမယ် ဆိုတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့နယ်ပယ်အသီးသီးက အဖြစ်အပျက်တွေကို ထောက်ပြဝေဖန်သရော်ထားတဲ့ ကာတွန်းတွေအကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာနိုင်ငံမှာ ကျောင်းမနေနိုင်တဲ့ ကလေးငယ် ၄ သန်းကျော် ရှိနေပါတယ်။ အဲဒီထဲက ကလေးငယ်တချို့ဟာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိဘဲ ချိုးဖောက်ခံနေရတဲ့အတွက် အစိုးရအနေနဲ့ ဒါကို အကာအကွယ်ပေးဖို့ လိုအပ်တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာလူမျိုးတွေဟာ အဖြစ်အပျက်တွေနဲ့ အမှုကိစ္စတွေအပေါ်မှာ ဘယ်လိုသဘောထားပြီး ဘယ်လိုတုန့်ပြန်ကြသလဲ ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ကုန်ဈေးနှုန်းကြီးတဲ့ဒဏ်ကြောင့် အောက်ခြေလူတန်းစားတွေရဲ့ လူနေမှုဘဝတွေ ထိခိုက်မှုရှိလာနေတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ သက်ငယ်မုဒိန်းမှု နဲ့ ရာဇဝတ်မှုကျူးလွန်သူတွေကို လက်ရှိအစိုးရက ထိရောက်တဲ့ဥပဒေနဲ့ အရေးယူဟန့်တားဖို့ လိုအပ်တဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ရန်ကုန်မြို့ပေါ် လမ်းမကြီးတချို့မှာ အများပြည်သူသွားလာတဲ့ပလက်ဖောင်းလမ်းတွေ မရှိတာ၊ ဒါ့အပြင် ယာဉ်တိုက်မှုများလာတဲ့အတွက်လည်း လူအသေအပျောက် များလာတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ပြည်သူတွေဆီကနေ အခကြေးငွေယူပြီး လက်ဝါးကြီးအုပ်လုပ်ကိုင်နေတဲ့ ရုပ်သံမီဒီယာတွေအကြာင်း၊ အရင်အစိုးရအဆက်ဆက်ခေတ်မှာ ပြဌာန်းခဲ့တဲ့ ရုပ်သံဥပဒေဟာ မျှတမှု မရှိခဲ့တာကြောင့် လက်ရှိအစိုးရအနေနဲ့ ရုပ်သံမီဒီယာဥပဒေကို မျှမျှတတဖြစ်အောင် ဆောင်ရွက်ပေးဖို့ လိုအပ်တဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ အင်တာနက် လူမှုစာမျက်နှာပေါ်က တိုင်းပြည် ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်တွေအတွက် ထိထိမိမိရေးသားပုံဖော်ထားတဲ့ ကာတွန်းတွေအကြာင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ မြန်မာနိုင်ငံအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ကနေ ဈေးကွက်ထဲမှာ ဖြန့်ဖြူးရောင်းချနေတဲ့သောက်ရေသန့်တချို့ ထုတ်လုပ်ခွင့်လိုင်စင်နဲ့ ကျန်းမာရေးအတွက်သန့်ရှင်းမှု ရှိ၊မရှိ စစ်ဆေးဖို့ လိုအပ်တဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ မြန်မာ့ရုပ်ရှင်လောက အားကောင်းလာဖို့ဆိုရင် နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေကို ပိတ်ပင်တာထက် မြန်မာ့ရုပ်ရှင်ဖန်တီးမှု အရည်အသွေးနိမ့်ကျနေတာကို မြင့်တင်ဖို့ လိုအပ်တဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ရန်ကုန်မြို့ပေါ် နေ့စဉ်ပြေးဆွဲနေတဲ့ လိုင်းကားတွေမှာ စပယ်ယာတွေက ခရီးသည်တွေကို ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတာ၊ ယာဉ်စီးခကို သက်မှတ်တာထက် ပိုတောင်းတာ၊ စည်းကမ်းချိုးဖောက်တဲ့ကားတွေကို သက်ဆိုင်ရာအနေနဲ့ ထိထိရောက်ရောက်အရေးယူဖို့ လိုအပ်တဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာနိုင်ငံမှာ ရာဇဝတ်မှုတွေလျော့ကျလာဖို့ဆိုရင် အစိုးရအနေနဲ့ တရားရေးမဏ္ဍိုင်ကို ပြန်လည်တည့်မတ်ဖို့ လိုအပ်တဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ အင်တာနက်မှာ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ ဖတ်လို့ရလာတာနဲ့အမျှ လူငယ်တွေအကြား ရသစာပေ စိတ်ဝင်စားမှုနဲ့ စာဖတ်အား ကျဆင်းလာတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ အခုအစိုးရလက်ထက်မှာလည်း ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် စတဲ့မြို့ကြီးတွေမှာ တရားမဝင်ဆေးခန်းတွေကို သက်ဆိုင်ရာက အရေးယူတားဆီးမှုတွေ မလုပ်နိုင်သေးတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ပုဂံဆိုတာ မြန်မာတို့ရဲ့ ရှေးဟောင်းစေတီပုထိုးတွေနဲ့ ယဉ်ကျေးမှုအနုပညာလက်ရာ အဆောက်အဦတွေ တည်ရှိတဲ့နယ်မြေဖြစ်တာကြောင့် ထိန်းသိမ်းဖို့လိုအပ်တဲ့ အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ပြည်ပမှာ အလုပ်လုပ်နေရတဲ့ မြန်မာအလုပ်သမားတွေ ကြုံတွေ့နေရတဲ့ ပြဿနာနဲ့ အခက်အခဲတွေ အကြောင်း နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ရန်ကုန်မြို့ပေါ် အိမ်ငှားနေထိုင်သူတွေ ကြုံနေရတဲ့ အခက်အခဲ၊ အိမ်ငှားတဲ့အခါ အကျိုးဆောင်လုပ်သူတွေက အိမ်းငှားခစရိတ်ငွေကြေးယူရာမှာ အငှားနေထိုင်သူတွေ နစ်နာမှုမရှိရအောင် အစိုးရအနေနဲ့ ဥပဒေပြဌာန်းပေးဖို့ လိုအပ်တဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ မြန်မာစာပေ အရေးအသားပိုင်းတွေမှာ အားနည်းချက်ရှိနေတဲ့အကြောင်းနဲ့ စာပေကို အသစ်တီထွင်တာနဲ့ ဖျက်ဆီးပစ်တာဟာ မတူဘူးဆိုတဲ့အကြောင်း ဆောင်းပါးရှင်ကိုယ်တိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ကုန်ဈေးနှုန်းကြီးမြင့်လာတာကြောင့် ဝမ်းရေးပြဿနာကို နည်းမျိုးစုံနဲ့ ဖြေရှင်းနေရသူတွေနဲ့ ပြည်သူတွေနေ့စဉ်ဝင်ငွေ နိမ့်ကျနေဆဲဖြစ်တာကြောင့် သူတို့ရဲ့ဘဝတွေဟာ တဖြေးဖြေးနိမ့်ကျလာနေတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ကလေးသူငယ်တွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေ အားနည်းနေသေးတာ၊ သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေကို ထိရောက်တဲ့ပြစ်ဒဏ်ပေးဖို့ လိုအပ်နေတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ရန်ကုန်မြို့ပေါ်မှာ ဘတ်စ်ကားစီးရတဲ့ ပြည်သူတွေရဲ့ဒုက္ခနဲ့ ကားတွေ စည်းမဲ့ကမ်းမဲ့ဖြစ်နေတဲ့ အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တဲ့ ဓါတုဆေးဝါးတွေပါနေတာကို အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဋ္ဌာန FDA က အရေးယူမှု အားနည်းနေသေးတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ရန်ကုန်မြို့ပေါ် နေ့စဉ်ပြေးဆွဲနေတဲ့ ဘတ်စ်ကား လုံလောက်မှုမရှိတာ၊ ကားမောင်းသူနဲ့ စပယ်ယာတွေက ခရီးသည်တွေကို မလေမစားဆက်ဆံတာ၊ ယာဉ်စည်းကမ်းချိုဖောက်မှုတွေကို သက်ဆိုင်ရာက ထိထိရောက်ရောက် အရေယူမှု အားနည်းနေတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ အခုအစိုးရလက်ထက်မှာ ဝန်ကြီးတွေဟာ အရင်အစိုးရလက်ထက်က ဝန်ကြီးအချို့လို ပြည်သူတွေကို ကတိတွေအမျိုးမျိုးပေး အပြောတစ်မျိုး၊ အလုပ်တစ်မျိုးမဖြစ်ရအောင် စကားကို ထိန်းထိန်းသိမ်းသိမ်း ပြောသင့်တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ အလုပ်ရှင်က အလုပ်သမားကို နှိမ့်ချဆက်ဆံတာ၊ ရာထူးကြီးသူက ရာထူးငယ်သူကို နိုင်ထက်စီးနင်းလုပ်တာတွေဟာ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်တဲ့အတွက် ဒီမိုကရေစီနိုင်ငံတော်နဲ လားလားမှမစပ်အပ်တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်တူးဖော်မှု၊ သဘာဝပတ်ဝန်းကျင်ပျက်ဆီမှု၊ ရာဇ၀တ်မှုများလာတာ၊ ရုပ်သံမီဒီယာ ၂ ခုက အခွန်ငွေရှောင်နေတာကို ပြန်ကြားရေးဝန်ကြီးဌာနက ထိထိရောက်ရောက် အရေးယူဖြေရှင်းဖို့ လိုအပ်တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ မြန်မာ့စာပေ၊ မြန်မာစကား နဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးလမ်းအစဉ်အလာတွေ ကျဆင်းနေတာကြောင့် မြင့်တင်ပေးဖို့ လိုအပ်နေတဲ့ အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ ကျောက်မျက်လုပ်ငန်းရှင်အသင်းရဲ့ ရန်ပုံငွေ ယူရို ၈၆ သန်း ပြဿနာ၊  မကွေးတိုင်း ပုဂ္ဂလိကရေနံတူးဖော်သူတွေဆီက ကောက်ယူထားတဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၂ ဒသမ ၈ ဘီလီယံ စတဲ့ ငွေကြေးအလွဲသုံးစား ပြဿနာတွေ အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ အင်တာနက်ဖေ့စ်ဘွတ်ခ် လူမှုစာမျက်နှာပေါ်မှာ တွေ့ရမြင်ရတဲ့ ကာတွန်းတွေ နဲ့ ပညာသင်ကြားဖို့ အခွင့်အရေး ဆုံးရှုံးနေတဲ့ ကလေးငယ်တွေ အကြောင်း ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာ အင်တာနက်ဖေ့စ်ဘွတ်ခ် လူမှုစာမျက်နှာပေါ်မှာ ဘာသာရေး၊ လူမူရေးနဲ့ နိုင်ငံရေးအတွက် သွေးထိုးလှုံ့ဆော်ရေးသားနေတာတွေဟာ ဆိုးကျိုးတွေကို ဖြစ်စေတာကြောင့် အကျိုးမရှိဘူး ဆိုတဲ့အကြောင်း ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ အင်တာနက် လူမှုစာမျက်နှာပေါ်မှာ နိုင်ငံရေးနဲ့ ဘာသာရေး အမြင်မတူသူတချို့ အပြန်အလှန်ဆဲဆို၊ ချောက်တွန်း ရေးသားနေတာတွေဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး ဆိုတဲ့အကြောင်း ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ အခုခေတ် စာပေဟောပြောပွဲတွေဟာ စာအကြောင်းပေအကြောင်းကို ဟောပြောတာတွေ သိပ်မတွေ့ရသလို ဟောပြောပွဲတွေမှာ စာရေးဆရာမဟုတ်ကြသူတွေတချို့ ရှိနေတဲ့အကြောင်း ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ အမှုအခင်းတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အားနည်းချက်တွေ ရှိနေတဲ့ အကြောင်း ဆောင်းပါးရှင် ကိုစံနီဦး ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ မီဒီယာလောကမှာ လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်ရနေတဲ့ မီဒီယာကြီးတွေအကြောင်း ဆောင်းပါးရှင် ကိုစံနီဦး ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ အရပ်သားအစိုးရ (NLD) တတ်လာပြီးနောက် ပြည်သူတချို့ပြောနေကြတဲ့ “စောင့်ကြည့်ရဦးမယ်” ဆိုတဲ့ စကားနဲ့ပတ်သက်ပြီး ဆောင်းပါးရှင် ကိုစံနီဦး ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာ အစိုးရသစ်အပြောင်းအလဲကာလ ဝန်ကြီးတွေ ရွေးချယ်ခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီး ဆောင်းပါးရှင် ဦးစံနီဦး ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဆူညံသံတွေအကြောင်း ဆောင်းပါးရှင် ဦးစံနီဦး ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ အတွေ့အကြုံဘယ်လောက်ရှိရှိ တိုင်းပြည်အပေါ်ချစ်တဲ့စိတ် စေတနာထားတဲ့စိတ်မရှိဘဲ လူတစ်စုနဲ့ ကိုယ်ကျိုးစီးပွားအတွက် အုပ်ချုပ်သူတွေဖြစ်နေရင် တိုင်းပြည်ဘယ်တော့မှ တိုးတက်ကြီးပွားမှာမဟုတ်ကြောင်း ဆောင်းပါးရှင် ဦးစံနီဦး ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ အစိုးရအပြောင်းအလဲကာလမှာ ဝန်ကြီးဌာနတချို့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ အရှက်အကြောက်တရား နည်းပါးတဲ့အကြောင်း ဆောင်းပါးရှင် ဦးစံနီဦး ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ နိုင်ငံ့စွမ်းဆောင်ရည်ဆုအကြောင်း ဆောင်းပါးရှင် ကိုစံနီဦး ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆေးရုံဆေးခန်းတွေမှာ လူနာတွေ ကြုံနေရတဲ့ အဖြစ်အပျက်တွေအကြောင်း ဆောင်းပါးရှင် ကိုစံနီဦး ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ သတင်းမီဒီယာတွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ဆက်နွယ်မှုအကြောင်း ဆောင်းပါးရှင် ဦးစံနီဦး ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အရိုးစွဲနေတဲ့ လာဘ်ပေးလာဘ်ယူမှုအကြောင်း ဆောင်းပါးရှင် ဦးစံနီဦး ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ အလုပ်သမားအငြင်းပွားမှု ဥပဒေမှာ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လက်မခံပါက ငွေဒဏ် ထောင်ဒဏ် သတ်မှတ်ပေးဖို့ အလုပ်သမားတွေ တောင်းဆိုဆန္ဒပြနေကြတဲ့အကြောင်း ဆောင်းပါးရှင် ကိုစံနီဦး ဆွေးနွေးတင်ပြထားတာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ မြန်မာနိုင်ငံရဲ့ နိမ့်ကျနေတဲ့ ပညာရေးစနစ်အကြောင်း ဆောင်းပါးရှင် ကိုစံနီဦး ဆွေးနွေးတင်ပြထားတာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ ၂ဝ၁၅ ခုနှစ် ထူးခြားတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ဆောင်းပါးရှင် ကိုစံနီဦး ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


 

ဒီတစ်ပတ် အမှုအခင်းတွေမှာ တရားဥပဒေစိုးမိုးမှု မရှိဘဲ အလွဲလွဲအမှားမှား ဖြစ်နေတာနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


 

ဒီတစ်ပတ်မှာတော့ အိမ်နီးချင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် အလွဲလွဲအမှားမှား လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


 

ဒီတစ်ပတ်မှာတော့ သစ်တောဦးစီးဌာနရဲ့ လွဲချော်မှားယွင်းမှုတွေအကြောင်း ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


 

ဒီတစ်ပတ်မှာတော့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ လွဲချော်မှာယွင်းမှုတွေအကြောင်း ဆောင်းပါးရှင် ဦးစံနီဦး ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


 

ဒီတစ်ပတ်မှာတော့ ရွေးကောက်ပွဲကော်မရှင်ကနေ ထုတ်ပြန်ခဲ့တဲ့ မဲစာရင်းမှာ မဲပေးမယ့်သူတွေရဲ့စာရင်း လွဲချော်မှာယွင်းမှုတွေအကြောင်း ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


 

ဒီတစ်ပတ်မှာတော့ တစ်နေ့ လုပ်ခ ၃၆ဝဝ ကျပ် သတ်မှတ်ထားပေမယ့် အလုပ်သမားတွေဟာ လွဲချော်နေတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံနေရသလို အစိုးရဝန်ကြီးတချို့ရဲ့ လွဲချော်မှာယွင်းမှုတွေ အကြောင်း ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ မော်တော်ယာဉ်ကိစ္စ လွဲချော်မှားယွင်းမှုတွေ အကြောင်း ဆွေးနွေးတင်ပြထားတာ နားဆင်နိုင် ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ ယာဉ်စီးခတိုးမြင့်သတ်မှတ်ဖို့ မထသ ဗဟိုအဖွဲ့ရဲ့ လုပ်ဆောင်မှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သဘောတူညီခဲ့ပြီးနောက် ရိုက်ခတ်လာနိုင်တဲ့ ဆိုးကျိုးတွေအကြောင်း ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်