သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-08-30
ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးရဲ့ ဘဝဖြတ်သန်း မှု အတွေ့အကြုံတွေကို “ပြည်သူ့ ဘက်က ဗိုလ်ချုပ်ကြီး တစ်ယောက်” အစီအစဉ်အဖြစ် အပတ်စဉ် တင်ဆက်ခဲ့ပါတယ်။ နားဆင်လိုသူများအတွက် မှတ်တမ်းအဖြစ် ဆက်လက် တင်ဆက်ထားပါတယ်။
2012-08-30
၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲ အပြီး မြန်မာနိုင်ငံမှာ စစ်အစိုးရကနေ အရပ်သားအစိုးရအဖြစ် အသွင် ကူးပြောင်းလဲလာခဲ့တာဟာ အခု ၂ဝ၁၅ မေလဆိုရင် ၄ နှစ် တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။ အစိုးရသစ်နဲ့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေက နိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းရှိတဲ့ ကျေးလက်နေပြည်သူတွေအပေါ် ဘယ်လိုကောင်းကျိုးဆိုးကျိုးတွေ အပြောင်း လဲတွေ ဖြစ်ပေါ်စေပါသလဲ။ ဒီအကြောင်းတွေ ကို ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ တစိတ်တပိုင်း တင်ပြနိုင်ဖို့ ၂၀၁၅ မတ်လနဲ့ ဧပြီလဆန်းမှာ မြန်မာကျေး လက်ဒေသတချို့ကို RFA က လေ့လာခဲ့ပါတယ်။
2012-08-30
ဒီအစီအစဉ်ကနေ ကချင်ပြည်နယ် က ရွှေတူးဖေါ်ရေးလုပ်ငန်းတွေ အကြောင်း အဲဒီလုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးတာ၊ ရွှေလုပ်သားတွေ ရဲ့ဘ၀ စတဲ့အကြောင်းတွေကို RFA သတင်းထောက်တွေက လေ့လာမှတ်တမ်းတင်ထားတာကို အပိုင်းလိုက် အပတ်စဉ် တင်ဆက်ခဲ့ပါတယ်။ နားဆင်လိုသူများအတွက် မှတ်တမ်းအဖြစ် ဆက်လက် တင်ဆက်ထားပါတယ်။
2012-08-30
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စာပေ၊ အနုပညာ စတဲ့ နယ်ပယ်အသီးသီးမှာ အထင်ကရ ကြိုးပမ်း ဆောင်ရွက်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်တွေထဲက သောတရှင်တွေအတွက် အတုယူ အားကျစရာ၊ စိတ်ဝင်စားစရာ အချက်တွေကို ကောက်နုတ်ပြီး ကိုကျော်ကျော်အောင်က တင်ဆက်နေပါတယ်။