အမေရိကန် လူ့အခွင့်ရေးအဖွဲ့ နဲ့ ၈၈ မျိုးဆက်တွေ့ဆုံ
2012.05.26
ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ မြစ်ကြီးနားမြို့ခံများနှင့် တွေ့ဆုံစဉ်။
ကိုမင်းကိုနိုင် ဦးဆောင်တဲ့အဖွဲ့က HRW ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး အီလီယန် တီရက်ဆန် ကို လက်ခံတွေ့ဆုံခဲ့တာပါ။
ဒီတွေ့ဆုံမှုမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ ပြောဆိုကြတယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုပြုံးချိုက ပြောပါတယ်။
လက်ရှိပြုပြင်ပြောင်းလဲရေး ဖော်ဆာင်နေတဲ့ မြန်မာနိုငံမှာ အားလုံးပါဝင်နိုင်ရေး အတွက် အကျဉ်းထောင်ထဲမှာ မလွတ်ဘဲ ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လည် လွတ်မြောက်ရေးဟာ အရေးကြီးတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကလူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပပျောက်ရေးနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို အာမခံတဲ့ အခြေအနေဖြစ်မှ အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ပြန်ရုပ်သိမ်းပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ခွင့်ပြုသင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောဆိုထားပါတယ်။









