ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ကျူးကျော် ၅ဝဝဝ လောက် ရှင်းလင်းပြီး


2017.06.19

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ၊ စခမ်းကြီးကျေးရွာအုပ်စု အမြန်လမ်းက ကျူးကျော် တဲတွေကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ရှင်းလင်းနေရာမှာ ဒီနေ့အထိ ကျူးကျော်တဲ အလုံးရေ ၅၀၀၀ ခန့် ရှင်းလင်းပြီး ဖြစ်ပါတယ်။

ကျူးကျော်တဲတွေကို ငွေပေးချေပြီး ဝယ်ယူခဲ့သူ ၃ ဦးက ရောင်းချခဲ့သူတွေကို လှည်ကူးရဲစခန်းမှာ လိမ်လည်မှု လာရောက် အမှုဖွင့်ထားတာရှိတယ်လို့ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်း ညွန်ကြားရေးမှူး ဦးယုခိုင် ကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးယုခိုင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။