လက်ပံတောင်းတောင် ဒေသခံတွေကို ဆေးအဖွဲ့လွှတ်ပြီး ကူညီမယ့်အကြောင်း မေးမြန်းချက်

2014-12-23
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့ ဒေသခံလယ်သမားတွေကို ကူညီဖို့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဆေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်သွားမယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

အဲဒီ့ဆေးအဖွဲ့က ဒဏ်ရာရရှိသူတွေကို ကုသပေးဖို့အပြင် ဖြစ်စဉ်အသေးစိတ်ကို အမှန်အတိုင်းသိရဖို့ အတွက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့