၁၉၈၈ အရေးတော်ပုံနဲ့ ညီပုလေး

မန္တလေးမြို့မှာ နေထိုင်တဲ့ စာရေးဆရာ ညီပုလေးက ၈၈ အရေးတော်ပုံ ကာလအတွင်းမှာ မိခင် လူထုဒေါ်အမာ အပါအ၀င် အဒေါ်တွေနဲ့အတူ လမ်းလျှောက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သလို စာရေးဆရာ ၀င်းစည်သူနဲ့အတူ လူထု သတင်းစာတိုက်ကို အခြေခံပြီး "၈ လေးလုံး"ဆိုတဲ့ သတင်းစာတစ်စောင် ထုတ်ဝေခဲ့တယ်လို့ ဆိုပါတယ်။
2012-08-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

၈ လေးလုံး သတင်းစာရဲ့ ခေါင်းကြီးတွေကို စာရေးဆရာမကြီး လူထုဒေါ်အမာက နာမည်မခံပဲ ရေးပေးခဲ့တယ်လို့ သူကပြောပါတယ်။

သပိတ်မှောက်ရက်တွေ ကြာလာတဲ့အခါ လုပ်ငန်းတွေ ရပ်ဆိုင်းပြီး စားဝတ်နေရေးတွေ ခက်ခဲလာတဲ့အတွက် စာရေးဆရာတွေနဲ့ အနုပညာ အသိုင်းအ၀ိုင်းက လူတွေကို သတင်းစာ ကိုယ်စားလှယ် အဖြစ် ဖြန့်ချိခွင့် ပေးခဲ့ကြောင်း၊ တချို့စာရေးဆရာတွေက ကိုယ်တိုင် သတင်းစာ ထွက်ရောင်းခြင်းအားဖြင့် စားဝတ်နေရေး ဖြေရှင်းနိုင်ခဲ့တယ်လို့ ၈၈ အရေးတော်ပုံ အမှတ်တရအဖြစ် ဆရာ ညီပုလေးက ပြောပြပါတယ်။

ပြောပြချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့