ANP ရွေးကောက်ပွဲ မဲဆွယ်ဟောပြောချက်ကိစ္စ ဆက်သွယ်မေးမြန်းချက်

အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်မယ့် ရခိုင်အမျိုးသားပါတီ ANP ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ဟောပြောချက်စာတမ်းကို ပြန်လည်ပြင်ဆင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားပေမယ့် ပါတီအနေနဲ့ ပြန်လည်ပြင်ဆင်ပေးမှာမဟုတ်ဘူးလို့ ANP ပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ဦးထွန်းအောင်ကျော်ကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။