၃ရက်ကြာ ကျင်းပမယ့် ရှစ်လေးလုံးလူထုအရေးတော်ပုံ နှစ် ၃ဝပြည့် အခမ်းအနားအတွက် နိုင်ငံရေး ဆွေးနွေးပွဲတွေကို သြဂုတ်လ ၆ ရက်နေ့ကစပြီး ရန်ကုန်တက္ကသိုလ်ထဲမှာ ကျင်းပနေပါတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းမှာ ပါဝင်ခဲ့သလို ညီမျှခြင်းမြန်မာအဖွဲ့ကို ဦးဆောင်နေတဲ့ ဦးအောင်မျိုးမင်းကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။