ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခွင့်မရတဲ့ ပညာရေးနှီးနှောဖလှယ်ပွဲ

နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ “၂ဝ၁၈ ခုနှစ် ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ” မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မိန့်ခွန်းအပြီးမှာ လတ်တလော ပညာရေးကဏ္ဍမှာ ဖြစ်နေတဲ့ ပြဿနာတွေကို တက္ကသိုလ်ဆရာ၊ ဆရာမသမဂ္ဂများ ကိုယ်စားပြုကော်မတီက ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြဖို့ ကြိုးစားခဲ့ပေမယ့် အခမ်းအနားအစီအစဉ်မှာ မပါတာကြောင့် တင်ပြချက်တွေကို လက်မခံခဲ့ဘူးလို့ သိရပါတယ်။

နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့၂ဝ၁၈ ခုနှစ် ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မိန့်ခွန်းအပြီးမှာ လတ်တလော ပညာရေးကဏ္ဍမှာ ဖြစ်နေတဲ့ ပြဿနာတွေကို တက္ကသိုလ်ဆရာ၊ ဆရာမသမဂ္ဂများ ကိုယ်စားပြုကော်မတီက ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြဖို့ ကြိုးစားခဲ့ပေမယ့် အခမ်းအနားအစီအစဉ်မှာ မပါတာကြောင့် တင်ပြချက်တွေကို လက်မခံခဲ့ဘူးလို့ သိရပါတယ်။

ပညာရေးကဏ္ဍမှာ လတ်တလောဖြစ်နေတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး တင်ပြဖို့ ကြိုးစားခဲ့တဲ့ တက္ကသိုလ်ဆရာဆရာမသမဂ္ဂများ ကိုယ်စားပြုကော်မတီက ဒေါက်တာကျော်သန်းမိုးကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။