ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးခရီးစဉ်အကြောင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကောမှူးမြို့နယ်အတွင်းက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားတဲ့ ဟိုတယ်အတတ်သင် ပညာရေးကျောင်းတွေကို ဒီနေ့ သွားရောက်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကောမှူးမြို့နယ်အတွင်းက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားတဲ့ ဟိုတယ်အတတ်သင် ပညာရေးကျောင်းတွေကို ဒီနေ့ သွားရောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကောမှူးမြို့နယ်ကို မရောက်တာ ၂ နှစ် ကြာမြင့်နေပြီ ဖြစ်တာကြောင့် လာရောက်တာဖြစ်တယ်လို့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းက ပြောပါတယ်။

ဦးကျော်ဆွေဝင်းကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။