NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံ ဒုတိယနေ့

ငြိမ်းချမ်းရေးဖြစ်စဉ် ခရီးမရောက်သေးတာကို ကျော်လွှားနိုင်ဖို့ တာဝန်ရှိတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ကြားထဲမှာ အလွတ်သဘောဆွေးနွေးပွဲတွေ၊ တရားဝင်နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့လိုတယ်လို့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံ ဒုတိယနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။

ချင်းမိုင်မြို့မှာ ဒီနေ့ ဒုတိယနေ့မြောက်နေ့အဖြစ် ဆက်လက်ပြုလုပ်တဲ့ ဆွေးနွေးပွဲအကြောင်း ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။