အံဒင်ကျောက်မီးသွေးသုံးစက်ရုံ ခွင့်မပြုကြောင်း မွန်ဝန်ကြီးချုပ်ပြောဆို

2016-09-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာမှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို ကန့်ကွက်နေတဲ့ ဒေသခံတွေ ဆရာတော်တွေနဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး တို့ မနေ့က တွေ့ဆုံခဲ့ပါတယ်။

အံဒင်ကျောက်မီးသွေးစက်ရုံစီမံကိန်းကို ဒီအစိုးရသက်တမ်းအတွင်း ခွင့်ပြုမှာမဟုတ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး က ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ကတိပေးခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ ရေးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်း ကို RFA သတင်းထောက် ကိုကျော်လွင်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့