ဗကသ အဖွဲ့ဝင် ကိုအောင်မှိုင်းဆန်းနဲ့ တွေ့ဆုံမေးမြန်းချက်

2015-11-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

အစာအငတ်ခံဆန္ဒပြနေတဲ့ ဗကသကျောင်းသားတွေအနေနဲ့ အစာအငတ်ခံဆန္ဒပြနေတာကို စဉ်းစားသုံးသပ်သွားမယ်လို့ အစာငတ်ခံဆန္ဒပြပြီး အားနည်းတာကြောင့် ဆေးကုသမှုခံယူနေတဲ့ ဗကသ အဖွဲ့ဝင် ကိုအောင်မှိုင်းဆန်းက ပြောပါတယ်။

ကျန်းမာရေး အခြေအနေစိုးရိမ်ရတဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ရောက်နေတဲ့ ဗကသ ကျောင်းသားတွေအနေနဲ့ အစာအငတ်ခံဆန္ဒပြတာကိုရပ်တန့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်ကို မနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က လာရောက်ပြောကြားသွားတာဖြစ်ပါတယ်။

အာအက်ဖ်အေ သတင်းထောက် ကိုအောင်သိင်္ခက တွေ့ဆုံမေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့