အောင်စိုးမိုးကျော် ရေယာဉ် တိမ်းမှောက်မှု မေးမြန်းချက်

2016-10-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်၊ မိကျောင်းတွင်းကျေးရွာမှာ ဒီနေ့မနက် ၅ နာရီခန့်က အောင်စိုးမိုးကျော် အမြန်ရေယာဉ် တိမ်းမှောက်ခဲ့တာကြောင့် ပျောက်ဆုံးသူ ၁၅ဝ ကျော်ရှိနေပြီး ညနေပိုင်းအထိ သေဆုံးသူ ၄ ဦးကို ရှာဖွေတွေ့ရှိထားပါတယ်။

တိမ်းမှောက်ခဲ့တဲ့ အမြန်ယာဉ်မှာ စီးနင်းလိုက်ပါလာသူ ၃ဝဝ ကျော်ရှိပြီး ပျောက်ဆုံးနေသူ ၁၅ဝ ကျော်ကို ရှာဖွေနေဆဲဖြစ်ပါတယ်။ ကယ်ဆယ်ရေးဆောင်ရွက်မှုမှာ ပါဝင်နေတဲ့ ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့