ဧရာဝတီမြစ်ရေ မြင့်တက်မှု စိုးရိမ်ရေမှတ် ကျော်လွန်

2015-08-05
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဧရာဝတီမြစ်ရေ မြင့်တက်မှုဟာ စိုးရိမ်ရေမှတ်ကို ကျော်နေပြီဖြစ်တာကြောင့် ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတခရိုင်နဲ့ မအူပင်ခရိုင်တို့မှာ မကြာခင် ရက်ပိုင်း အတွင်း ရေလွှမ်းမိုးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြေညာထားပါတယ်။

လူဦးရေ ၃ သိန်းကျော်ရှိတဲ့ ဟင်္သာတမြို့ပေါ်မှာ လတ်တလော ကယ်ဆယ်ရေးစခန်း ၂၀ လောက် ဖွင့်ထားပြီး လူဦးရေ ၃ ထောင်လောက် ရောက်ရှိနေပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်ဖို့ ပြင်ဆင်ထားတဲ့အခြေအနေနဲ့ပတ်သက်ပြီး ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ကိုဝင်းဇော်ဦး ကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားပါတယ်။

 

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့