ရန်ကုန်-နေပြည်တော် အမြန်လမ်းနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်း ရေမြုပ်နေတာကြောင့် ရန်ကုန်ကနေ နေပြည်တော်၊ မန္တလေးအပါအ၀င် မြန်မာနိုင်ငံ အထက်ပိုင်းကို သွားမယ့် ခရီးစဉ်တွေအတွက် ငွေပြန်အမ်းတာ၊ ရက်ရွှေ့ဆိုင်းတာတွေ စီစဉ်ပေးနေတယ်လို့ မြတ်မန္တလာထွန်းကားဂိတ် ဥက္ကဌ ဦးအေးဇင် က ပြောပါတယ်။
အရေးကြီးတဲ့ ခရီးသည်တွေကိုတော့ ရန်ကုန်- ပြည်- မန္တလေးလမ်းကြောင်း ခရီးစဉ်ကို စီစဉ်ပေးထားတယ်လို့ သိရပါတယ်။
မြတ်မန္တလာထွန်းအဝေးပြေးဂိတ် ဥက္ကဌ ဦးအေးဇင်ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။