ရေကြီးနေတဲ့ ဘီးလင်းမြို့ အခြေအနေ မေးမြန်းချက်

2018-07-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့ကတည်းက ဘီးလင်းမြစ်ရေလျှံတက် လာပြီး တောင်ကျချောင်းရေတွေလည်း တရဟောစီးဆင်းနေတာကြောင့် မြို့ပေါ်ရပ်ကွက်အုပ်စုကြီး ၁၂ ခုလောက်မှာ ဒီကနေ့အချိန်အထိ ရေကြီးနေလို့ လူ တစ်သောင်းနီးပါးလောက်အတွက် ကယ်ဆယ်ရေးစခန်း ၃၇ ခု ဖွင့်ထားရပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် ရေဘေးဒဏ်ခံနေရသူတွေဆီ စားနပ်ရိက္ခာတွေ အချိန်မီ ပို့ဆောင်နိုင်ဖို့ သွားလာရေးအခက်အခဲရှိနေတယ်လို့ ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး က ပြောပါတယ်။

ဘီးလင်းမြို့နယ်ရဲ့ ဒီကနေ့ အခြေအနေကို RFA သတင်းထောက် ကိုကျော်သူ က ဒေါက်တာခင်နိုင်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့