တရားရုံးတွေနဲ့ ရဲစခန်းတွေကို လေ့လာမည်

2016-12-31
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီအဖွဲ့က ပြီးခဲ့တဲ့ သြဂုတ်လကနေ အောက်တိုဘာလအထိ ရန်ကုန်တိုင်းအတွင်း မြို့နယ် ၃၈ မြို့နယ်က ဥပဒေရုံးတွေနဲ့ ရဲစခန်းတွေကို လေ့လာခဲ့ပြီး ကျန်ရှိနေတဲ့ မြို့နယ် ၆ မြို့နယ်ကို လာမယ့် ၂၀၁၇ ဒုတိယပတ်မှာ ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အဲဒီလို ကွင်းဆင်းလေ့လာလို့ ရရှိတဲ့အချက်တွေကို လွှတ်တော်မှာ အစီရင်ခံစာ တင်ပြသွားမယ်လို့ ကော်မတီအဖွဲ့ဝင် ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်ကျော်ထွန်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့