KNPP တပ်ဖွဲ့ဝင် ၄ ဦးကို ဥပဒေမဲ့ သတ်ဖြတ်တာ မဟုတ်ကြောင်း ဒကစ (လွိုင်ကော်) စာထုတ်

2017-12-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၀ ရက်နေ့က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တာဟာ နှစ်ဖက်တိုက်ပွဲတွေကြောင့် သေဆုံး ခဲ့တာဖြစ်ပြီး တပ်မတော်က ဖမ်းဆီးခေါ်ဆောင်ပြီး ဥပဒေမဲ့ သတ်ဖြတ်ခဲ့တာမရှိကြောင်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) က ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ဘက်က ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး KNPP ပါတီအတွင်းရေးမှူး (၂) ခူးဒယ်နီယယ် ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့